1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
Side Story 1
Side Story 2
Side Story 3
Side Story 4
Side Story 5
Side Story 6
Side Story 7
Side Story 8
Side Story 9
Side Story 10
Side Story 11
Side Story 12
Side Story 13
Side Story 14
Side Story Final
Side Story 9
9.

ကျွန်တော်နဲ့ကျွန်တော့်ချစ်သူ ဘော့စ်ရဲ့မင်္ဂလာဆောင်ကို အတူသွားလိုက်တယ်။


နေရာကလူကုံထံအသိုင်းအဝိုင်းကြားကအဆင့်အတန်းမြင့်ဟော်တယ်တစ်ခုမှာဖြစ်ပြီး အဲ့ဒီဉာဏ်မရှိတဲ့အမှုသည်ရဲ့ပိုက်ဆံပေါတဲ့လူပိန်းအကြိုက်နဲ့အတော််ကိုက်တဲ့ပုံပဲဗျ။

.

တက်ရောက်လာကြတဲ့ဧည်သည်အများစုက ဘော့စ်နှင့် ဉာဏ်မရှိတဲ့အမှုသည်ရဲ့ လုပ်ဖော်ကိုင်ဖက်များနှင့်မိတ်ဆွေရောင်းရင်းတွေဖြစ်ကြတယ်။


ကျွန်တော်နှင့်ရင်းနီးတဲ့ရှေ့နေရုံးမှ လုပ်ဖော်ကိုင်ဖက်အနည်းငယ်လည်းအဲ့ဒီမှာရှိတယ်ဗျ။


သူတို့အားလုံး အရင်ကတည်းကဘော့စ်ကဂေးဖြစ်ကြောင်းနှင့် လက်ထပ်တော့မည့်အကြောင်းကိုလက်ခံကြသည့်ပုံပင်။ အားလုံးက တည်ငြိမ်အေးဆေးပြီး စိတ်အနှောက်အယှက်ဖြစ်သည့်ပုံမရှိကြ။


ကျွန်တော်လည်းရောက်လာသည်နှင့် သူတို့ကကျွန်တော့်ကိုအခန်းထောင့်ကိုဆွဲခေါ်သွားကြတယ်။


ကျွန်တော်လည်းသူတို့ရဲ့နားလည်ရခက်တဲ့မျက်နှာတွေကိုကြည့်လိုက်ပြီး သိချင်စိတ်များစွာဝင်လာတယ်။


မိတ်ဆွေငယ်လေးAက လေးနက်စွာပြောလိုက်တယ် : "ရှေ့နေXမှာ ကောင်မလေးရှိတာသိလား?"


ရှေ့နေXဆိုတာ ကျွန်တော့်ချစ်သူကိုရည်ညွှန်းတာဗျ။


ကျွန်တော်မနေ့ကအတော်လေးပင်ပန်းပြီးအားကုန်နေလို့ဖြစ်မယ်ကျွန်တော့်တုံပြန်မှုတွေကအနည်းငယ်နှေးကွေးနေတယ်ဗျ။ အသိမိတ်ဆွေအငယ်လေးတွေကလည်း မဟုတ်မမှန်တဲ့အတင်းအဖျင်းတွေကို စိတ်အားထက်သန်တဲ့အမှုအရာတွေနဲ့ပြောဆိုနေကြတယ်။


မိတ်ဆွေငယ်လေးB : 'မင်းဘာမှမသိဘူးပေါ့!  ဟင်းး! မင်းတို့နှစ်ယောက်ဒီလောက်ရင်းနီးနေတာကိုမသိဘူးလားကွ!"


ကျွန်တော် : "..."


မိတ်ဆွေငယ်လေးAကကျွန်တော့်ကိုတိုးတိုးလေးကပ်ပြောလိုက်တယ် : "မင်းသိလား! ရှေ့နေXရဲ့ကောင်မလေးက မင်းနဲ့တော်တော်လေးတူတယ်တဲ့ဟ!"


သောက်ကျိုးနည်း!


သိတာပေါ့! သိတာပေါ့ဟ!


အဲ့ဒါငါလေးပဲလေ?!

.

ကျွန်တော်သူတို့ကိုအမှန်အတိုင်းပြောလိုက်သင့်လား? ကျွန်တော်တစ်စုံတစ်ယောက်ကိုနောက်ယောင်ခံလိုက်နေရင်း မတတ်သာလို့လို့ cross-dress ဝတ်လိုက်ရတာပါလို့..။


မိတ်ဆွေငယ်လေးAကကျွန်တော့်လက်ကိုဆွဲကာအလွန်အမင်းစိတ်လှုပ်ရှားစွာဖြင့် : "မင်းပြောကြည့်လေ! သူမင်းကိုတိတ်တခိုးချစ်နေတာလို့ထင်လား?"


ကျွန်တော် : "..."

.

...ကျွန်တော်သူတို့ကိုအမှန်အတိုင်းမပြောသင့်ဘူးပဲ။
© Nancy N,
книга «ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန်».
Коментарі