1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
Side Story 1
Side Story 2
Side Story 3
Side Story 4
Side Story 5
Side Story 6
Side Story 7
Side Story 8
Side Story 9
Side Story 10
Side Story 11
Side Story 12
Side Story 13
Side Story 14
Side Story Final
52
3.

သူက အလွတ်စုံထောက်ဖြစ်ပြီး များသောအားဖြင့် အိမ်ထောင်ရေးဖောက်ပြန်တဲ့အမှုတွေစုံစမ်းတာကိုတာဝန်ယူတယ်။ တစ်ခါတစ်လေ သူက တော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့အမှုတွေကိုလက်ခံပြီး အလုပ်အရမ်းများတဲ့အချိန်တွေဆို တစ်ပတ်လောက် အိမ်ပြန်မလာတာမျိုးတွေရှိတတ်တယ်၊ အဲ့ဒါကြောင့် သူအချိန်အားလို့ပြန်လာရင် အိပ်နေတာများတယ်ဗျ။


အစတုန်းကတော့ သူကျွန်တော့်ကို စ,ပြီးအိပ်ပျော်သွားတာ အလုပ်ကြောင့်ပင်ပန်းပြီးအားကုန်သွားတာလို့ထင်ခဲ့တာဗျ။ အိမ်နဲ့မော်​တော်ယာဥ်ချေး​ငွေတွေလည်းရှိသေးတော့ သေချာပေါက် ငွေရေးကြေးရေးနဲ့ပတ်သတ်ပြီး ဖိအားတွေများတာလည်းပါမှာပေါ့။ သူအဲ့ဒီအပေါ်မှာ ပူပင်နေရတဲ့အတွက် ဘဝနဲ့ရင်းနေရသလို အလုပ်တွေအရမ်းကြိုးစားနေတာဖြစ်နိုင်တယ်ဗျ။


နောက်ပိုင်းတော့ သူလုပ်နေတာတွေပိုဆိုးလာတဲ့အတွက် ကျွန်တော်သာ အခုထက်ပိုပြီးငွေရှာနိုင်ရင် သူလည်းအရမ်းကြီး ကြိုးစားနေစရာမလိုလောက်တော့ဘူးလို့တွေးလိုက်တယ်။


. 

နောက်ပိုင်းတော့ ကျွန်တော်တွေးနေတာ အပိုတွေဆိုတာ သဘောပေါက်သွားတယ်ဗျ။


တစ်နှစ်ကြာသွားပြီး သူအလုပ်နားထားရင်တောင် ကျွန်တော့်ကို စ,ပြီးရင် သူအိပ်ပျော်သွားတုန်းပဲဗျ။


သူကျွန်တော့်အိပ်ရာပေါ်ထိ လာစ,နေလို့ ကျွန်တော်ကွန်ဒုံးသွားယူနေတုန်းမှာ သူအိပ်ပျော်သွားတဲ့အချိန်တွေဆိုတာလည်း ခနခနပဲဗျာ။


ဖာ့ခ်! ပြောရင်းနဲ့တောင် စိတ်တိုလာပြီ။


ကျွန်တော်ဆဲလိုက်မိတာ ကျွန်တော်သိတယ်။


ဆဲတာမကောင်းဘူးဆိုတာလည်း ကျွန်တော်သိတယ်။


ဒါပေမယ့် ကျွန်တော်လည်း သည်းမခံနိုင်တော့ဘူးဗျာ၊ နည်းနည်းလောက်ထပ်ပြီးတော့တောင် ဆဲပစ်လိုက်ချင်သေး။


.

သူ့မှာ တစ်ခုခုအမှားအယွင်းရှိနေတာသေချာတယ်၊ ဒါပေမယ့်သူကလည်းကျွန်တော့်ကိုပြောမပြဘူးဗျာ။


.


အရမ်းကောင်းတယ်။



ကျွန်တော့်ချစ်သူက မထောင်နိုင်တာပဲလား၊ ကာမစိတ်ကင်းမဲ့နေတာပဲလား။

© Nancy N,
книга «ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန်».
Коментарі