1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
Side Story 1
Side Story 2
Side Story 3
Side Story 4
Side Story 5
Side Story 6
Side Story 7
Side Story 8
Side Story 9
Side Story 10
Side Story 11
Side Story 12
Side Story 13
Side Story 14
Side Story Final
2
2.

ဖာ့ခ်! ပြောရင်းနဲ့တောင် စိတ်တိုလာပြီ။

ကျွန်တော်တို့နှစ်ယောက် အတူတူနေကြတာ တစ်နှစ်ရှိပြီဗျ။ ကျွန်တော် သူ့ရဲ့လက်မောင်းတွေပြတာမြင်ဖူးပေမယ့်၊ သူဘောင်းဘီချွတ်တာကိုတော့ အခုထိမမြင်ဖူးဘူးဗျာ။ ကျွန်တော်တို့အလွန်ဆုံးလုပ်တာဆိုလို့ မနက်ခင်းအနမ်းနဲ့ ညအိပ်ရာဝင်အနမ်းလေးပဲရှိတယ်။ ဒါတောင် အချိန်အခါနဲ့ အရေအတွက် ကန့်သတ်ထားသေး။ ကျွန်တော့်ကို နေ့လည်ခင်းအနမ်းလေးတောင် မပေးဘူးဗျ။

ဒါပေမယ့်လည်း နေ့ခင်းဘက်ဆို သူနဲ့တွေ့ဖို့ အချိန်လည်း မရှိပါဘူး။ နှစ်ယောက်လုံးက အလုပ်ကိုယ်စီနဲ့ဆိုတော့။ ကျွန်တော် အိမ်ပြန်ရောက်တဲ့အချိန်ဆို သူကအိပ်နှင့်ပြီ။

သူက မနက်စောစောထပြီး လေ့ကျင့်ခန်းလုပ်လေ့ရှိတယ်။ အရင်ကတော့ ကျွန်တော့်ကိုခေါ်တယ်။ ဒါပေမယ့်လည်း ကျွန်တော်က အလုပ်အရမ်းရှုပ်လို့ နေ့တိုင်းနောက်ကျမှအိပ်တော့ မနက်စောစောသာထရမယ်ဆို သေလိမ့်မယ်လေ။

အဲ့တော့ မနက်ဆို သူကျွန်တော့်အခန်းထဲလာ၊ ကျွန်တော့်ကိုအိပ်ရာထဲကဆွဲချ၊ ပြီးတော့ မနက်ခင်းအနမ်းလေးပေးတယ်ဗျ။

အခုပြန်စဥ်းစားကြည့်မှ ကျွန်တော်သူ့ကိုရိုက်မသတ်မိသေးတာကမှ တကယ့်အံ့ဖွယ်ဖြစ်ရပ်ပဲ၊ မနက်တိုင်း စိတ်မကြည်မလင်နိုးလာရတယ်မဟုတ်လား။

ဘာရယ်... မနက်ခင်းအနမ်းလေးပြီးတော့ဘာဆက်ဖြစ်လဲ...ဟုတ်လား?

အိုး...မနက်ခင်းအနမ်းလေးပြီးတော့ ဘာမှကိုဆက်မဖြစ်ပါဘူးခင်ဗျာ။

ကျွန်တော် အနက်ရောင် ဇာအတွင်းခံလေးဝတ်အိပ်ရင်တောင် သူဘာမှဆက်လုပ်မှာမဟုတ်ဖူး။

ဥပမာနော်..ဥပမာ။ ကျွန်တော့်မှာ အနက်ရောင် ဇာအတွင်းခံမရှိဘူးနော်။

.

တကယ်တော့ ကျွန်တော်က အနုအလှလေးတွေကြိုက်တဲ့ သာမန် အရွယ်ရောက်ပြီး ယောကျာ်းတစ်ယောက်ဗျ။

ကျွန်တော် အတည်မေးနေတာပါခင်ဗျာ။ တစ်ယောက်လောက် အမျိုးသားရောဂါအတွက် ယုံကြည်စိတ်ချရလောက်တဲ့ ဆေးခန်းလေးများ မညွှန်းချင်ကြဘူးလား။ ကျွန်တော်သူ့ကိုခေါ်သွားမလို့ပါ။
© Nancy N,
книга «ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန်».
Коментарі