1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
Side Story 1
Side Story 2
Side Story 3
Side Story 4
Side Story 5
Side Story 6
Side Story 7
Side Story 8
Side Story 9
Side Story 10
Side Story 11
Side Story 12
Side Story 13
Side Story 14
Side Story Final
9
9.

ကျွန်တော်ပန်းကန်ဆေးနေတုန်း သူကဘာလို့အိပ်နေတာလဲတို့၊ အိမ်အလုပ်မလုပ်ဘူးလားတို့မမေးနဲ့နော်။

သူကတကယ်တော့ အလုပ်အရမ်းကြိုးစားတာဗျ။ ရှားရှားပါးပါး အားလပ်ရက်လေးများရလို့ကတော့ သူတစ်အိမ်လုံးကို ပြောင်းပြန်လှန်တော့မယ့်အတိုင်း ဆေးကြောပစ်တော့တာပဲ။

မင်းတို့သိလား! ကျွန်တော်တော့ သူ့မှာ OCD ရှိတယ်လို့ထင်တာပဲ။ တော်တော်လေးပြင်းထန်တဲ့ အသန့်ကြိုက်တဲ့ရောဂါပေါ့ဗျာ။

ရေချိုးခန်းထဲက ပုလင်းတွေကို အတိုအရှည် အစဥ်တကျစီထားတာမျိုး၊ သွားတိုက်တံနဲ့ ရေခွက်လက်ကိုင်ကို တစ်ဖက်တည်း မျက်နှာမူထားတာမျိုး၊ ပြီးတော့ သူက သွားတိုက်ရင်တောင် စည်းချက်ညီညီ တိုက်တာဗျ။

သူ့အခန်းက ကောလိပ်ကျောင်းသားဘဝတုန်းက အခန်းစစ်လာစစ်တုန်းကလိုပဲဗျာ၊ ဆံပင်မွှေးတစ်မွှေးတွေ့ရင်တောင် ချက်ချင်းလှည်းထုတ်ပစ်တာ။

သူ့နဲ့တွေ့တွေ့ချင်းတုန်းကတော့ ကျင့်သားမရဘူးပေါ့ဗျာ။ ကျွန်တော်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို အတည်တကျသတ်မှတ်ပြီး ပထမဆုံးကြုံခဲ့ရတဲ့ ကြေကွဲစရာအ​ဖြစ်လေးကို သိချင်ကြလား? ကျွန်တော်တော့ အခုထိမှတ်မိသေးတယ်၊ ကျွန်တော်တို့ရဲ့ပထမဆုံးအနမ်းလေးပေါ့။ သူ့ရဲ့ တပ်မက်မှုပြည့်နေတဲ့ မျက်ဝန်းနက်နက်တွေနဲ့ ကျွန်တော့်ကိုကြည့်နေတယ်၊ ကျွန်တော်တို့အရမ်းကို နီးကပ်နေကြပြီး ကျွန်တော့်နှလုံးသားလေးလည်း တဒိတ်ဒိတ်ခုန်နေတယ်၊ သူ့ရဲ့ အကြည့်တွေကလေ ဟိုးအတွင်းထဲထိ အရည်ပျော်ကျသွားလောက်တယ်ဗျာ။

ပြီးတော့ သူပြောလိုက်တယ်၊ ဒါလင် မင်းပီကေဝါးထားသေးလား။

ကျွန်တော် ဘာမှမပြောချင်တော့ပါဘူးဗျာ၊ အဲ့ဒီအကြောင်းပြန်သတိရမိတိုင်း ကျွန်တော့်နှလုံးသားလေးပဲနာကျင်သွားရတယ်...

.

ကျွန်တော်လည်း သူနဲ့ ဘယ်လိုလုပ်အကြောင်းပါသွားလဲမသိတော့ပါဘူးဗျာ။ ကျွန်တော့်ဦးနှောက်လေး ကားတံခါးနဲ့ ညပ်ပါသွားလို့ ရုတ်တရက်ကြီး သူအရမ်းချောတယ်လို့ ခံစားလိုက်ရပြီး မလွန်ဆန်နိုင်ဖြစ်သွားတာများလား။

ဟုတ်ကဲ့ ပြသနာက အခုမှ စ,တာဗျ။

ကျွန်တော် အခုပဲ လမ်းပေါ်ကနေ ညစ်ပတ်ပေရေနေတဲ့ခွေးတစ်ကောင် ကောက်လာတာဗျ၊ ဘယ်လိုလုပ်ရင် ကိုအသန့်ကြိုက်ကြီးဆီက အရိုက်မခံရပဲနဲ့ ခွေးတစ်ကောင်ကို အိမ်ခေါ်လာလို့ရမလဲဟင်။
© Nancy N,
книга «ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန်».
Коментарі