1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
Side Story 1
Side Story 2
Side Story 3
Side Story 4
Side Story 5
Side Story 6
Side Story 7
Side Story 8
Side Story 9
Side Story 10
Side Story 11
Side Story 12
Side Story 13
Side Story 14
Side Story Final
67
18.

ဒီနေ့ဟာ ဆေးခန်းသွားဖို့ အလွန်သာယာတဲ့နေ့လေးတနေ့ပါ။


ကျွန်တော်မနက်စာပြင်ပြီး သူကပန်းကန်ဆေးကာ ကျွန်တော်တို့နှစ်ယောက်အတူတူထွက်လာလိုက်ကြတယ်။


ကျွန်တော်အထက်တန်းတုန်းကရင်းနီးခဲ့တဲ့ဂျုနီယာကဆရာဝန်တစ်ဦးဖြစ်တယ်။ သူကကြော်ငြာစျေးကွက်ထဲက အမျိုးသားဆိုင်ရာဆေးခန်းတွေကယုံကြည်စိတ်ချလို့မရဘူး၊ ရောဂါကုသချင်ရင် မြို့ပေါ်ကဆေးရုံတွေသွားတာပိုကောင်းတယ်လို့ပြောတယ်။


ကျွန်တော်လည်း ဒီကိစ္စက အတော်လေးကသိကအောက်နိုင်ပေမယ့် ကိုယ်နဲ့ရင်းနီးပြီးသားသူနဲ့ဆိုပိုအဆင်ပြေလိမ့်မယ်လိုထင်တယ်။ ကျွန်တော့်ချစ်သူကိုနည်းနည်းလောက်ရှင်းပြလိုက်ပြီး ကျွန်တော်တို့အဲ့ဒီဆေးရုံကိုအတူတူလာခဲ့လိုက်တယ်။


ဆေးရုံကပုံမှန်အတိုင်းပါပဲ၊ နာစ့်ဆရာမက ကျွန်တော်တို့ကို မှတ်ပုံတင်ကတ်ထုတ်ပေးဖို့ပြောတယ်။


သူကမလှုပ်မယှက်ရပ်နေတယ်၊ ကျွန်တော်လည်း မလှုပ်မယှက်ရပ်နေတယ်။


နာစ့်ဆရာမက အဲ့ဒီစကားကိုသုံးခါလောက်ပြောလိုက်မှ ရုတ်တရက်ကျွန်တော်တစ်ခုခုလွဲနေမှန်းသိလိုက်တယ်။


ကျွန်တော်သူ့ကိုမှတ်ပုံတင်ကတ်ထုတ်ဖို့ပြောလိုက်တော့ သူ့ပုံစံကအရမ်းကိုဇဝေဇဝါဖြစ်နေတယ်။


ကျွန်တော်တို့နောက်က လူတွေကလည်း ကျွန်တော်တို့ကို ငကြောင်တွေလားဆိုတဲ့ဒီဇိုင်းဖြင့် ကြည့်နေကြတယ်။

.  

ကျွန်တော်နည်းနည်းလေးနားလည်လာသလိုလိုပဲ။

.

အရမ်းကောင်းတယ်။ ကျွန်တော်အခု နားလည်သွားပြီ။


ဟီးဟီး

.  


သူ့ကိုလူတန်းကြီးထဲကဆွဲထုတ်လာခဲ့တယ်။


ကျွန်တော့်ရဲ့ မရေရာတဲ့မသင်္ကာမှုတွေကိုစစ်ဆေးတဲ့အနေနဲ့ ကျွန်တော်သူ့ကိုပြသနာရှာနေတာလားလို့မေးလိုက်တယ်။


သူကလည်းကျွန်တော့်ကိုအဲ့ဒီမေးခွန်းကိုပြန်မေးတယ်။


သူက သူဒီကိုလာတာကကျွန်တော်ဆရာဝန်နဲ့ပြတာကိုအဖော်လိုက်လုပ်ပေးတာလို့ထင်နေပြီး၊ ကျွန်တော်ကဆရာဝန်နဲ့ပြမယ့်သူကသူလို့ထင်နေတယ်။


...ဒီနားလည်မှုလွဲနေတာက နည်းနည်းတော့ကြီးတယ်ဗျ။

. 

သူတကယ်ပဲကျွန်တော်ကမစွမ်းဆောင်နိုင်ဘူးလို့ထင်နေတာလား?!
© Nancy N,
книга «ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန်».
Коментарі