1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
Side Story 1
Side Story 2
Side Story 3
Side Story 4
Side Story 5
Side Story 6
Side Story 7
Side Story 8
Side Story 9
Side Story 10
Side Story 11
Side Story 12
Side Story 13
Side Story 14
Side Story Final
23
23.

ကျွန်တော် ကျွန်တော့်ချစ်သူ လိင်မှုကိစ္စကိုစိတ်မဝင်စားတဲ့အချက်ကို လုံးဝမေ့ထားလိုက်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။


ကျွန်တော်က သူ့ရဲ့ဖြစ်တည်မှုကိုချစ်တာ၊ အိပ်ရာပေါ်ကစွမ်းရည်ကိုချစ်တာမဟုတ်ဘူး!


ကျွန်တော်တို့အနာဂတ်လေးဟာ ဒီလောက်သာယာလှပနေတာ၊ ကျွန်တော်တို့နှစ်ဦးလည်း ပုံမှန်အခြေအနေပြန်ရောက်လာတော့မှာမကြာဘူး!


.  

ကျွန်တော့်ချစ်သူ သိုးသားကျောက်ကပ်ဟင်းကိုပါးစပ်နဲ့အပြည့်မြိုချရင်းပြောလိုက်သည် : ကိုယ်တို့ ဆေးခန်းသွားပြရအောင်လား။


ကျွန်တော် : ...
. 

ခန သူအခုဘာပြောလိုက်တယ်?!


ဒါလင် မင်းဒီလိုကြီးလုပ်နေတာ ငါ့လန့်လာပြီနော်!!


.  


ကျွန်တော့်ချစ်သူ စိတ်ပျက်သွားတဲ့အမူအရာဖြင့် :  ကိုယ်တို့မသွားလည်းရပါတယ်။

.  

သွားမှာ! သွားမှာ! သွားမှာ! သွားရမှာပေါ့ဟ!


ကျွန်တော်လေ ကျွန်တော်ချစ်သူ သူ့ဂုဏ်သိက္ခာကိုတောင်ထည့်မတွက်ပဲ ကျွန်တော်တို့ရဲ့ဘဝလေး ချမ်းသာသုခနဲ့ ကာမသုခပြည့်ဝစေဖို့အတွက်နဲ့ သူ့ဘက်ကစ,ပြီး ဆေးကုသမှုခံယူဖို့ပြောလာလိမ့်မယ်လို့ လုံးဝထင်မထားဘူး။



ကျွန်တော် တကယ်ပဲ စိတ်လှုပ်ရှားသွားတယ်!


ကျွန်တော်ချစ်သူက တစ်ရက်ပဲခွင့်ရတယ်၊ ပြီးတော့ အခုတလောဆို သူအလုပ်တွေသိပ်များတာ။ ကျွန်တော်တို့ ဆေးခန်းသွားပြဖို့ဆို ရက်အနည်းငယ်လောက်ကြာအုံးမှာ၊ အဲ့ဒီနေ့ကြရင်တော့ ကျွန်တော်လည်းအလုပ်နားပြီး သူ့ကိုအဖော်လုပ်ပေးရမယ်။

. 

ကျွန်တော်တို့ ဘယ်နေ့လောက်ဆေးခန်းသွားပြမယ်ဆိုတာတိုင်ပင်ပြီးမှပဲ ကျွန်တော်လည်းစိတ်ပူနေတာတွေ လျော့သွားတော့တယ်။


ဒါပေမယ့် ကျွန်တော့်ချစ်သူအနည်းငယ်တိတ်ဆိတ်နေတယ်။


ခနကြာမှ သူကျွန်တော်ခေါင်းကိုပုတ်ရင်း​ဆိုတယ် : ဒီနောက်ပိုင်း ဆေးပညာတွေလည်း တော်တော်လည်းတိုးတက်လာပြီဆိုတော့...


သူဆက်မပြောပဲနေ,နေတယ်။


ကျွန်တော်မြန်မြန်လေးသူ့ကိုနှစ်သိမ့်ပေးလိုက်တယ် : အားလုံးအဆင်ပြေသွားမှာပါ!


ကျွန်တော်ချစ်သူ ကျွန်တော့်ကိုကြည့်ကာ လေးလေးနက်နက်အမူအရာနဲ့ ခေါင်းငြိမ့်ပြတယ်။



နောက်ဆုံးတော့ အပူအပင်မရှိ နှစ်နှစ်ခြိုက်ခြိုက်အိပ်နိုင်ပြီပေါ့!


ပျော်လိုက်တာ!
. 

အာာ ဒါနဲ့လေ ကျွန်တော်တစ်ခုလောက်မေးချင်လို့ပါ။


ကျွန်တော် သိုးသားကျောက်ကပ်ဟင်းတွေစားတာများပြီး ညကြီးမင်းကြီး နှာခေါင်းသွေးတွေလျှံနေတာမရပ်လို့ ဘယ်လိုလုပ်ရမလဲဟင်?
© Nancy N,
книга «ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန်».
Коментарі