1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
Side Story 1
Side Story 2
Side Story 3
Side Story 4
Side Story 5
Side Story 6
Side Story 7
Side Story 8
Side Story 9
Side Story 10
Side Story 11
Side Story 12
Side Story 13
Side Story 14
Side Story Final
54
5.

ကျွန်တော်ဘယ်လိုသည်းခံလာခဲ့လဲဆိုတာ ကျွန်တော်ကိုယ်တိုင်လည်းမသိတော့ပါဘူးဗျာ။

သူတမင်တကာပဲလုပ်နေတာလားမသိပေမယ့် သူကျွန်တော့်ကို အဲ့လိုမျိုး စ,နေရတာကို သာယာနေတဲ့ပုံပဲဗျ။

တကယ်တော့ ဒါဟာအရမ်းကိုရက်စက်တဲ့သာယာမှုဗျ!


သူကျွန်တော့်အခန်းထဲ ရုတ်တရက်ဝင်ချလာပြီး သူ့အခန်းကအဲယားကွန်းပျက်သွားလို့ဆိုပြီး ကျွန်တော့်အိမ်ရာပေါ်တက်လာတဲ့ ညတစ်ညကိုတောင် သတိရမိသေး။


ဒီကောင် ငါ့ကိုထပ်စ,ဖို့ကြိုးစားနေပြန်ပြီ။


ကျွန်တော်လည်း သူ့ရဲ့တက်ကြွနေတဲ့မျက်နှာလေးကိုကြည့်လိုက်ရင်း ကျွန်တော်ဟိုဘက်လှည့်နေတုန်းတော့သူအိပ်ပျော်မသွားလောက်ဖူးလို့ထင်မှတ်လိုက်တယ်။


သူ့ကိုခနစောင့်ဖို့ပြောခဲ့ပြီး ကျွန်တော်ဧည့်ခန်းထဲကိုသွားပြီး အဲ့ဒီ ..အဟမ်း..လိုအပ်တဲ့ပစ္စည်းတွေသွားရှာလိုက်တယ်။


ပုံမှန်သုံးနေကြအရာတွေမဟုတ်တဲ့အတွက် ကျွန်တော်ဘယ်နားထားမိလဲသတိမရဘူးဗျ၊ ကျွန်တော်အချိန်နည်းနည်းယူပြီးရှာလိုက်ရတယ်၊ ဒါပေမယ့် အဲ့ဒါလည်းဆယ်မိနစ်တောင်မကျော်ပါဘူးဗျာ၊ ကျွန်တော်လည်း အဲ့ဒီအချိန်တုန်းက အလျင်လိုနေတာမဟုတ်လား။


အဲ့ဒီနောက်ကျွန်တော်အခန်းကိုပြန်လာတော့ သူက ကျွန်တော့်ခေါင်းအုံးကိုဖက်ပြီး နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်နေတာဗျာ။

.  


အရမ်းကောင်းတယ်။

ကျွန်တော် ဒီတခါလည်းအတွေးလွန်သွားတာပဲ။

ကျွန်တော်သူ့အခန်းကိုသွားလိုက်ပြီး အဲယားကွန်းပြင်ဖို့လုပ်လိုက်တယ်။

.



.

တကယ်တော့ သူမစွမ်းဆောင်နိုင်လည်း အရေးတော့မကြီးဘူးဗျ။


ဘာပဲဖြစ်ဖြစ် top မယ့်သူကကျွန်တော်လေ၊ သူမှမဟုတ်တာ။


သူအဲ့ဒီကိစ္စကိုစိတ်မပါရင်တောင် ကျွန်တော့်ဘက်က အားတက်တရောအစ,ပြုပေးရင် သူလည်း စိတ်ကြွရင်ကြွလာနိုင်တာပဲ။


အဲ့ဒါနဲ့ ကျွန်တော်လည်း သူ့ကိုဆွဲခေါ်ပြီး ကုတင်ပေါ်ကအခန်းတွေ ရှင်းလင်းမြင်သာတဲ့ရုပ်ရှင်ကားကြည့်ဖို့လုပ်လိုက်တယ်။


ကျွန်တော် ဇာတ်ကားကိုရွေးနေရင်းအတန်ကြာတွေဝေနေပြီးမှ သည်းထိတ်ရင်ဖိုအမျိုးအစားကိုတမင်သက်သက်ရွေးလိုက်တယ်။


ဘယ်သူသိမှာလည်း၊ သူ​​ကြောက်တယ်ဆိုပြီး ကျွန်တော့်ရင်ခွင်ထဲပစ်ဝင်လာနိုင်တယ်လေ!

.

ဇာတ်လမ်းတစ်ဝက်မှာ သူကျွန်တော့်ကို ဗမ်ပိုင်းယားတွေက BJမပေးနိုင်လောက်ဘူးလို့ ရုတ်တရက်ကြီးထပြောတယ်။


ကျွန်တော်လည်းလုံးဝကြောင်အမ်းသွားတယ်။


အဲ့ဒါနဲ့ ကျွန်တော်တို့နှစ်ယောက်တက်ညီလက်ညီနဲ့ စစ်မှန်တဲ့ကျွမ်းကျင်မှုတွေအကြောင်းဆွေးနွေးတဲ့စကားဝိုင်းထဲရောက်သွားကြတယ်၊ တချိန်လုံးမှာ သူကမျက်လုံးလေးလှန်ကာလှန်ကာလုပ်နေသေးတယ်။ ပြီးလည်းပြီးရော သူပျော်ပျော်ကြီးပန်းကန်သွားဆေးတယ်ဗျာ။ အဲ့ဒီမှာ ကျွန်တော်လည်း တော်တော်လေးစိတ်ကုန်နေပြီ၊ ဒေါသလည်းနည်းနည်းထွက်နေပြီး သူ့မျက်နှာကိုတောင် ကြည့်ချင်စိတ်မရှိတာနဲ့ ကျွန်တော့်အခန်းပြန်ပြီး အိပ်နေလိုက်တယ်။



တခါတလေဆို ကျွန်တော်လေသူ့ကိုထုရိုက်ပစ်ချင်စိတ်တွေတောင်ပေါက်တယ်ဗျာ။


ကျွန်တော်သူ့အတွက် ဆေးခန်းကောင်းတာလေးရှာပြီး ဆေးကုသမှုခံယူဖို့ တိုက်တွန်းရမယ်လို့ဆုံးဖြတ်ချက်ချလိုက်တယ်။
© Nancy N,
книга «ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန်».
Коментарі