1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
Side Story 1
Side Story 2
Side Story 3
Side Story 4
Side Story 5
Side Story 6
Side Story 7
Side Story 8
Side Story 9
Side Story 10
Side Story 11
Side Story 12
Side Story 13
Side Story 14
Side Story Final
37
37.
ဒီဖြစ်ရပ်ကြီးက နည်းနည်းတော့ကို့ယို့ကားယားနိုင်တယ်။


ကျွန်တော့်ချစ်သူ မျက်နှာပေါ်မှာရှုပ်ထွေးတဲ့အကြည့်တွေနဲ့ ကျွန်တော့်ကိုကြည့်နေတယ်။


ကျွန်တော့်နှလုံးသားလေးလည်း အတော်လေးကိုရှုပ်ထွေးနေပြီ။


ဖြတ်သွားဖြတ်လာပုံစံဟန်ဆောင်ပြီး လှည့်ပြေးဖို့တော်တော်လေးနောက်ကျသွားပြီမဟုတ်လား?

.

ကျွန်တော့်ချစ်သူကျွန်တော့်ကိုဆွဲထူပြီး လွှတ်ပေးကာ တစ်ဖက်ကိုလှည့်ပြီး ဟိုသေနာကောင်လေးဆီ မြေပြင်ပေါ်ပစ်လဲကျသွားစေတဲ့လက်သီးတစ်လုံး အညှာအတာကင်းမဲ့စွာ ပစ်သွင်းလိုက်တယ်။


ကျွန်တော့်ချစ်သူ : မင်းမေလိုး ငါ့ကောင်မလေးကို ထိရဲတယ်ပေါ့။

.

ကျွန်တော်ကြောင်အန်းသွားတယ်။


ဘာရယ်။


ကျွန်တော်ကြောက်လာပြီ ကျွန်တော့်ချစ်သူအခုပဲဆဲလိုက်တာဗျ၊ သူနဲ့သိတာဒီလောက်ကြာလှပြီ သူတစ်ယောက်ယောက်ကိုဆဲတာ တစ်ခါမှမကြားဖူးဘူး။ ပြီးတော့ သူအခုထိုးတောင်ထိုးလိုက်တယ်၊ ဘုရားရေ သူကျွန်တော့်ချစ်သူမှ ဟုတ်ရဲ့လား၊ ကျွန်တော်နေရာမှားရောက်လာတာတော့မဟုတ်ပါဘူးနော်...

.

ဖာခ့် သူစောက်ရမ်းလန်းတာပဲ?!!!


ကျွန်တော်သူ့ကိုတစ်ဘဝလုံးချစ်သွားမှာ!!!

.

ကျွန်တော့်ချစ်သူနောက်မှာရှိနေတဲ့ သူ့ဘောစ့်နဲ့အပေါင်းအပါတွေလည်း ကြောင်အန်းသွားကြတယ်။


ထိုဘောစ့်ကကျွန်တော့်ကိုကြည့်နေပြီးမျက်နှာပေါ်ကအမူအရာတွေကလည်း 'အာာ ငါဒီလူကိုသိသလိုလိုပဲ' မှ 'သောက်ကျိုးနည်း ဘယ်လိုကောင်လဲဟ' ကနေ 'ခနလေး သူဘာလို့မိန်းကလေးအဝတ်တွေဝတ်ထားတာလဲ' ပြီးတော့ 'သားကြောက်တယ် အမေရေ' ဆိုပြီး တဆင့်ပြီးတစ်ဆင့် ပြောင်းကုန်ကြတယ်။


တခြားအပေါင်းအပါတွေရဲ့အမူအရာကလည်း သူတို့ရဲ့ဂေါ်ဖီထုတ်လေး ဝက်တူးတာခံလိိုက်ရတဲ့ပုံစံပေါက်နေကြတယ်။


ဟွန်းး ကျွန်တော့်ချစ်သူက ဂေါ်ဖီထုတ်!


ကျွန်တော်ကပဲ ဝက်ကြီးပါ!


ဟန့်! ကျွန်တော် ဝက်မဟုတ်ရပါဘူးနော်!


မိန်းကလေးဝတ်တွေဝတ်ထားလို့သာ နည်းနည်းထူးဆန်းတဲ့ပုံပေါက်နေတာ!

ကျွန်တော်လည်းရူပါဖြောင့်ပါတယ်နော် ဟုတ်ပြီလား!

.

တံခါးစောင့်အကိုကြီးက ကတိုက်ကရိုက်ပဲ ကျွန်တော့်ချစ်သူကိုတားပြီး စိတ်လျော့ထားဖို့ပြောလိုက်တယ်၊ ပြီးတော့ ရဲကိုအကြောင်းကြားချင်သလားလို့လည်းမေးလိုက်တယ်။


...ဒီကသားရီး မင်းဘာလို့ဒီလောက်တောင် ရဲခေါ်ချင်နေရတာလဲကွ?? ရဲခေါ်ရင် မင်းစီးပွားရေးပဲ ထိခိုက်မှာမဟုတ်ဘူးလားဟ!


ကျွန်တော့်ချစ်သူလည်း တံခါးစောင့်အကိုကြီးကို ငြင်းလိုက်ပြီး ကျွန်တော့်ကို အပြင်ကိုဆွဲခေါ်လာခဲ့တယ်။


အဲ့ဒီမှာ ကျွန်တော်ခြေခေါက်သွားပြန်တယ်။


ကျောပိုးတာရော ပွေ့ချီတာရောက ရှက်ဖို့ကောင်းတဲ့အတွက် ကျွန်တော်လည်း ကိုယ့်ဖာသာလမ်းလျှောက်ဖို့လုပ်လိုက်တယ်။


ကျွန်တော့်ချစ်သူဘေးကကူတွဲပေးခဲ့တယ်။


အပြန်မှာ ဘောစ့်နဲ့သူ့အဖော်တွေကို လက်ပြနှုတ်ဆက်ခဲ့လိုက်တယ်။

.

ကျွန်တော့်ချစ်သူ ကျွန်တော့်ကိုလှည့်ကြည့်ရင်း : ကိုယ်တို့ စကားပြောဖို့လိုနေပြီ။

TL Notes
အားသွန်ခွန််စိုက် စိုက်ပျိုးထားတဲ့ဂေါ်ဖီထုပ်လေး ဝက်တူးစားတာခံလိုက်ရတယ်ဆိုတာ
၁။ မိန်းမလှလေး ရုပ်ဆိုးတဲ့ယောကျာ်းနဲ့ယူလိုက်ရတဲ့အ​ခါမျိုးနဲ့
၂။ လှလှပပကြီးပြင်းလာတဲ့သမီးလေးကို နောက်ဆုံးမှာယောကျာ်းနောက်ကိုထည့်ပေးလိုက်ရတဲ့အဖေတစ်ဦးရဲ့အဖြစ်မျိုးမှာသုံးကြတယ်။ (​ပြောချင်တာက မတန်ဘူး နှမျောတယ်ပေါ့ကွာ)
© Nancy N,
книга «ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန်».
Коментарі