1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
Side Story 1
Side Story 2
Side Story 3
Side Story 4
Side Story 5
Side Story 6
Side Story 7
Side Story 8
Side Story 9
Side Story 10
Side Story 11
Side Story 12
Side Story 13
Side Story 14
Side Story Final
16
16.

ကျွန်တော် အဲ့ဒီကိစ္စကို အတွေးထဲမှာနစ်မျောနေလို့ ကျွန်တော့်ချစ်သူ တံခါးဖွင့်တဲ့အသံကို သတိမထားမိလိုက်ဘူး။

သူဘေးနားလာရပ်ပြီး ကျွန်တော်ဘာလုပ်နေတာလဲလို့မေးလိုက်မှ ကျွန်တော်လည်း သတိပြန်ဝင်လာတယ်။ ကျွန်တော် အရမ်းကိုတုန်လှုပ်ခြောက်ခြားသွားပြီး လက်ပ်တော့အဖုံးကို ဆောင့်ပိတ်လိုက်တယ်၊ ရင်တွေ တဒိန်းဒိန်းခုန်နေပြီး ကျွန်တော့်ချစ်သူ မမြင်သင့်တာမြင်သွားမှာကို ကြောက်နေမိတယ်။

ကျွန်တော် အထိခိုက်မခံတဲ့ သူ့ရဲ့နှလုံးသားနုနုလေးကို ဒဏ်ရာပေးမိသွားရင် ဘယ်လိုလုပ်မလဲ?

.  

ကျွန်တော့်ချစ်သူ မျက်မှောင်ကြုံ့ပြီး မေးလိုက်တယ် : မင်းဘာတွေကြည့်နေတာလဲ?

ကျွန်တော် တည်ငြိမ်ချင်ယောင်ဆောင်ရင်း : ထွေထွေထူးထူးမဟုတ်ပါဘူး၊ ခွေးလေးရော?

ကျွန်တော့်ချစ်သူ ထူးဆန်းနေတဲ့ အမူအရာဖြင့် : ခွေးက ဧည့်ခန်းထဲမှာရှိတယ်... မင်းခုန ဘာတွေကြည့်နေတာလဲ?

.

ကျွန်တော် ဘဝနဲ့ရင်းရတဲ့ အကျပ်အတည်းကြီးနဲ့ ရင်ဆိုင်လိုက်ရသလို ခံစားရတယ်။

.

ကျွန်တော့်ချစ်သူ တစ်ခုခုမြင်သွားတာဖြစ်ရမယ်၊ ဒါကြောင့် မေးခွန်းတွေများနေတာပဲ။

သူ့ကို အမှန်အတိုင်းပြောလို့မဖြစ်ဘူး၊ သူ့ကို အဲ့ဒီအတွေးတွေ မဝင်စေချင်ဘူး။

ကျွန်တော်သူ့ကို အရမ်းချစ်ရကြောင်းကိုပဲ နားလည်စေချင်တယ်!

ကျွန်တော်က သူ့ရဲ့ အမြဲထာဝရ အားအကြီးဆုံးသော ခွန်အား ထောက်တိုင်ဆိုတာသိစေချင်တယ်!

.

ကျွန်တော် : ဟမ်? ငါဇာတ်ကားကြည့်နေရင်း ထူးဆန်းတဲ့websiteတွေ တက်လာလို့။

ချစ်သူ : ...ဇာတ်ကား?

ကျွန်တော် : ငါတို့အရင်တခါကြည့်တဲ့ကားလေ၊ ဇာတ်လိုက်မင်းသား ဘယ်လောက်ထိ အနာတရဖြစ်နိုင်လဲဆိုတာ သေချာသိချင်သေးလို့။

ချစ်သူ : ...

.

ကျွန်တော် စကားလမ်းကြောင်းပြောင်းလိုက်တဲ့နည်းလမ်းက ကြောင်တောင်တောင်ဖြစ်နေတယ်ဆိုတာ နားလည်ပါတယ်။

ကျွန်တော့်ချစ်သူရဲ့ အကြည့်တွေက ထူးဆန်းနေသလိုပဲ။

ကျွန်တော် ဘယ်လိုခံစားချက်မျိုးဆိုတာ သေချာမဖော်ပြတတ်ပေမယ့်၊ အဲ့ဒါကလေ ကျွန်တော်ဟိုခွေးပိန်လေးအိမ်ခေါ်လာတာကို သူပထမဆုံးမြင်လိုက်တုန်းက ကြည့်တဲ့အကြည့်အတိုင်းပဲဗျ။

ကျွန်တော်အပြစ်ရှိသလို ခံစားလိုက်ရတယ်။

. 

ကျွန်တော့်ချစ်သူ ယဲ့ယဲ့လေးပြုံးလိုက်တယ်။

ထိုင်နေတဲ့ကျွန်တော့်ရဲ့ခေါင်းကိုပုတ်လိုက်ပြီး ပြောလိုက်တယ် : ဒီမနက်တုန်းက မင်းနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလို့ ကိုယ်မနှိုးလိုက်တာ။ မင်း မအိပ်ရတာ ဘယ်နှစ်ရက်တောင်ရှိပြီလဲ? မင်း ကိုယ့်ခန္ဓာကိုယ်ကို ပိုပြီးဂရုစိုက်သင့်တယ်နော်။

ကျွန်တော်နားထောင်လိုက်ပြီး ဘာမှပြန်မပြောခင်မှာ..

သူရုတ်တရက်ကြီး ကျွန်တော့်မျက်နှာကို နမ်းလိုက်ပြီး ပြောလိုက်တယ်။

"ဒါလင်၊ ကောင်းသော မနက်ခင်းလေးပါ"

.

...မင်းပြောကြည့်လေ၊ သူကငတုံးလား၊ အခုအချိန်က နေ့လယ်ခင်းကြီးလေ၊ သူက ကောင်းသောမနက်ခင်းလုပ်နေတုန်း။

.

သေစမ်း ကျွန်တော်သူ့ကို ခုန်အုပ်ချင်လာပြီ။
© Nancy N,
книга «ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန်».
Коментарі