1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
Side Story 1
Side Story 2
Side Story 3
Side Story 4
Side Story 5
Side Story 6
Side Story 7
Side Story 8
Side Story 9
Side Story 10
Side Story 11
Side Story 12
Side Story 13
Side Story 14
Side Story Final
43
43.
ကျွန်တော့်ချစ်သူ ကျွန်တော့်ကို ဆေးရုံမြေညီထပ်က ကားပါကင်အထိဆွဲခေါ်လာခဲ့တယ်။


ကျွန်တော့်ချစ်သူအပြုအမူတွေကြောင့် ကျွန်တော်လည်းဝေခွဲမရတွေဖြစ်လာတယ်၊ ဒါပေမယ့် သူ့မျက်နှာပေါ်က လေးနက်တဲ့အမူအရာကြောင့် တစ်ခုခုတော့တစ်ခုခုပဲလို့တွေးပြီး ဘာမှဆက်မမေးတော့ပဲ ကားဆီရောက်တဲ့အထိ သူ့နောက်ကိုလိုက်လာခဲ့တယ်။


ကျွန်တော့်ချစ်သူကျွန်တော့်ကို ကားထဲကိုထည့်လိုက်တယ်။


ကျွန်တော် : ဘာတွေလဲ? ဘာတွေဖြစ်နေတာလဲ?


ကျွန်တော့်ချစ်သူမျက်နှာက လုံးဝကိုလေးနက်တည်ကြည်နေတယ်။


ကျွန်တော်လည်း ရုတ်တရက်ပြာယာခတ်သွားတယ်။


.

ချစ်သူ : မင်း မစွမ်းဆောင်နိုင်ဘူးလား?


ကျွန်တော် : ...ဟမ်???


ချစ်သူ : မင်း လိင်ကိစ္စကို စိတ်ဝင်စားလား?


ကျွန်တော် : ...

.

ဒီကောင်ဘာဖြစ်နေတာလဲ? သူ့မှာပြသနာရှိတာ ထားတော့လေ၊ ဘာလို့ တခြားသူမှာပါ ပြသနာရှိတယ်လို့စွပ်စွဲနေရတာလဲ!


စိတ်တိုလာပြီနော်! သူကကျွန်တော့်ချစ်သူဖြစ်ပြီး ကျွန်တော်ကလည်းသူ့ကိုချစ်တယ်ဆိုပေမယ့် ဒါမျိုးတော့သည်းမခံနိုင်ဘူး!

.

ချစ်သူ : ပြောလေ။


ကျွန်တော် : မင်း လုပ်ရက်တယ်နော်!


ကျွန်တော့်ချစ်သူဒေါသထွက်နေပုံပေါ်ကာ : ဘာကိုလဲ?


ကျွန်တော် : မင်းတော်တော်လေးလွန်လာပြီ!


ချစ်သူ : ဘာကိုလွန်တာလဲ?


ကျွန်တော် : မင်းစကားတွေမလွန်ဘူးလား?! ငါဒေါသထွက်မိတော့မယ်!

.

ချစ်သူ : ...ထားလိုက်တော့၊ နားလည်မှာလည်းမဟုတ်ဘူး။

.

တကယ်ပဲ စိတ်တိုလာပြီနော်။


ဘာလဲ ငါကဘာကို နားမလည်ရမှာလဲ? ငါ့ကိုများငတုံးလို့ထင်နေတာလား? ငါကဘာလို့တုံးရမှာလည်း? ငါသာငတုံးဆို ငါ့အခုအလုပ်ကိုဘယ်လိုလုပ်,လုပ်နိုင်မှာလဲ?!


ဒီအချိန်မှာ ကျွန်တော့်ရဲ့ခံပြင်းမှုကို ဖွင့်ထုတ်ပြဖို့ ဆုံးဖြတ်လိုက်တယ်၊ ကျွန်တော် ကားတံခါးကိုဖွင့်ပြီး အပြင်ကိုဝုန်းဒိုင်းကြဲထွက်ဖို့လုပ်လိုက်တယ်၊ ကျွန်တော်လည်း တံခါးကိုအသေတွန်းဖွင့်... တွန်းဖွင့် ...မရမကတွန်းဖွင့်....


ဒီသောက်ကျိုးနည်းလေးက ကားတံခါးကို တကယ်ကြီးလော့ခ်ချထားတာလား!!!

.  

ကျွန်တော့်ချစ်သူ ကျွန်တော့်ကိုတစ်ချက်တည်းတွန်းလိုက်ပြီး ကားထိုင်ခုံပေါ်ပြန်ထိုင်ခိုင်းလိုက်တယ်။

.

ချစ်သူ : ကိုယ်တော့ မင်းခေါင်းထဲမှာ အထင်ကြီးလောက်စရာစိတ်ကူးစိတ်သန်းတွေနဲ့ပြည့်နေတယ်လို့ထင်တယ်။


ကျွန်တော်ပိုပြီးမပျော်မရွှင်ဖြစ်လာကာ : ငါကစိတ်ကူးယဥ်တယ်? ပြောပါအုံး! ငါကဘာကိုစိတ်ကူးး...

.

ကျွန်တော့်ချစ်သူရုတ်တရက် ကျွန်တော့်ကို ခပ်ပြင်းပြင်းနမ်းရှိုက်လာတယ်။


နှဖူးပေါ်နမ်းတဲ့မနက်ခင်းအနမ်းလေးလည်းမဟုတ်ဘူး၊ အသားချင်းထိရုံလောက်နမ်းတဲ့ အိပ်ယာဝင်အနမ်းလေးလည်းမဟုတ်ဘူးဗျ။

ဒါဟာ အချိန်အကြာကြီးစောင့်ခဲ့ရတဲ့ ပြင်းပြင်းရှရှနှုတ်ခမ်းချင်းအနမ်းလေး!!!


ပုံမှန်အချိန်ကကျွန်တော်သာဆို သေချာပေါက် စိတ်လှုပ်ရှားမိမှာပေါ့ဗျာ။


ဒါပေမယ့် ဒီအချိန်မှာ ကျွန်တော်တွေးနေတာက...


ဒီကောင်ဘာဖြစ်နေချင်တာတုန်း? ပြင်းရှတဲ့ အနမ်းလေးတစ်ခုနဲ့ TVဒရမ်မာတွေထဲကလို ငါ့ဒေါသကို ရပ်နိုင်လိမ့်မယ်လို့ထင်နေတာလား! ရိုးအလိုက်တာ!!!

.

ကျွန်တော် ကျွန်တော့်ချစ်သူကို တွန်းလွှတ်လိုက်ချင်တယ်။

ရန်သူနယ်မြေထဲဝင်ပြီး လူသုံးဒါဇင်လောက်ကို ဆက်တိုက်ဖိုက်နိုင်တဲ့ကျွန်တော့်လို စုံထောက်တစ်ယောက်က တစ်နှစ်ပတ်လုံးရုံးစားပွဲမှာထိုင်တဲ့ရှေ့နေတစ်ယောက်ကို သေချာပေါက်အနိုင်ယူနိုင်တာပေါ့!

. 

အဲ့ဒီနောက် သူကျွန်တော့်ကို နောက်တစ်ကြိမ် တွန်းလှဲလိုက်တယ်။


ငိုချင်လာပြီ။


ဒါဟာ သေချာပေါက်ကျွန်တော်လေကျင့်မှုအားနည်းလို့ပဲဖြစ်ရမယ်၊ ဒါကြောင့်ကျွန်တော်သူ့ကိုပြန်မတွန်းထုတ်နိုင်တာ၊ ကျွန်တော့်လက်တွေအားမရှိသလိုခံစားနေရတယ်။
© Nancy N,
книга «ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန်».
Коментарі