1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
Side Story 1
Side Story 2
Side Story 3
Side Story 4
Side Story 5
Side Story 6
Side Story 7
Side Story 8
Side Story 9
Side Story 10
Side Story 11
Side Story 12
Side Story 13
Side Story 14
Side Story Final
62
13.

ဘယ်လိုမှထိန်းချုပ်မထားနိုင်တော့တဲ့အခြေအနေတစ်ခုလည်းရောက်ရော ကျွန်တော့်ဘောစ့်က ရုတ်တရက်ဝင်ချလာတယ်ဗျာ။

သူ အထင်လွဲသွားတာအသေအချာပဲ။

ကျွန်တော်အရင်ကဘောစ့်ကိုသူ့အကြောင်းပြောဖူးတယ်ဗျ။ ကျွန်တော်တို့အားလုံးလည်းအရွယ်ရောက်တဲ့သူတွေဗျာ၊ ပြီးတော့ ကျွန်တော်လည်း ဘောစ့်နားလည်ပေးလိမ့်မယ်လို့ယုံကြည်တယ်။ ဘောစ့် ဒီအကြောင်းကို အတွေးလွန်နေရင်တောင် ကျွန်တော်ကတော့ကိစ္စမရှိဘူး။

ကျွန်တော် ကျွန်တော့်ဘောစ့်လည်းဂေးဆိုတာသိတယ်။ ပြီးတော့ ရုံးကိုလာပြီးဘောစ့်ကိုလာရှာတဲ့သူ့ချစ်သူကိုလည်း တွေ့ဖူးတယ်။ သူက ပိုက်ဆံအများကြီးရှိတဲ့လူပေါ်ကြော့ပုံပေါက်ပြီး ကျွန်တော့်ကိုကြည့်မရတဲ့ပုံပဲ၊ ကျွန်တော်လည်းသူ့ကိုသဘောမကျဘူးဗျာ။


သူက ကျွန်တော့်ဘောစ့်အပေါ်မှာ တော်တော်လေးအထင်ကြီးပြီး ဘောစ့်ရဲ့အရာအားလုံးကိုအကောင်းဆုံးလို့​ဆိုတယ်။ သူက သံသယဝင်ရတာကိုကြိုက်တာပဲလား သူ့မှာကိုယ့်ကိုကိုယ်ယုံကြည်မှုနည်းတာပဲလားမသိပေမယ့် တချိန်လုံးပဲ ကျွန်တော့်ဘောစ့်က သူ့ကိုမလိုချင်တော့ဘူးလို့ထင်နေတယ်။

ကျွန်တော်တော့အဲ့ဒါရောဂါလို့ထင်တာပဲ၊ သူစိတ်ပညာကုထုံးနဲ့ကုသမှုခံယူဖို့လိုပြီ။

ကျွန်တော်ကတော့ ကျွန်တော့်ချစ်သူအပေါ်ဘယ်တော့မှသံသယဝင်မှာမဟုတ်ဘူး။

အချစ်ဆိုတာယုံကြည်မှုနဲ့တည်ဆောက်ထားတာ။ ယုံကြည်မှုဆိုတဲ့ အခြေခံအုတ်မြစ်လေးကိုတောင်အောင်မြင်အောင်မဆောက်နိုင်ဘူးဆို အသက်ကြီးတဲ့အထိ ဆက်ချစ်သွားဖို့ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
.
.
.

.
.
.
သူ့ရဲ့ရူးကြောင်မူးကြောင်လုပ်ရပ်တွေကို ကျွန်တော်ကလွဲပြီး ဘယ်သူကလက်ခံပေးနိုင်မှာမို့လဲ!
© Nancy N,
книга «ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန်».
Коментарі