1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
Side Story 1
Side Story 2
Side Story 3
Side Story 4
Side Story 5
Side Story 6
Side Story 7
Side Story 8
Side Story 9
Side Story 10
Side Story 11
Side Story 12
Side Story 13
Side Story 14
Side Story Final
36
36.

လူတိုင်းကျွန်တော့်ကို ကြည့်နေကြတယ်၊ ဟုတ်တာပေါ့ အဲ့ဒီထဲကျွန်တော့်ချစ်သူလည်းပါတာပေါ့။


ကံကောင်းထောက်မစွာ ဘားရဲ့အလင်းရောင်ဖျော့ဖျော့လေးကြောင့် သူကျွန်တော့်ကို ဘယ်သူမှန်းသထိမထားမိသေးဘူးဗျ။

.

ကျွန်တော် ကြော့ကြော့မော့မော့ဟန်ပါပါလေး လှည့်ထွက်ဖို့လုပ်လိုက်တယ်။

.

ဘားအစောင့်က ကျွန်တော့်ကိုတားပြီး အလေးအနက်တောင်းပန်ရင်း ကျွန်တော့်ကိုရဲခေါ်ပြီး အဲ့ဒီသောက်အဖျက်ကောင်ကိုရဲစခန်းပို့ချင်သလားလို့မေးခဲ့တယ်။


...ဒီကအကိုကြီးပြောတာအတော်လေးသင့်လျော်ပါတယ်၊ သူကလူ့ဘောင်အဖွဲ့အစည်းရဲ့ ကောင်းမွန်တဲ့လူရွယ်တစ်ဦးဖြစ်ထိုက်ပါတယ်။

.

ဒါပေမယ့် ကျေးဇူးပြုပြီးကျွန်တော့်ကိုလွှတ်ပေးပါလားဗျာ!


ကျွန်တော့်ချစ်သူလာနေပြီဗျ!!


ကျွန်တော့်မှာ ထူးထူးဆန်းဆန်းဝါသနာတွေရှိတယ်လို့ သူ့ကိုထင်မသွားစေချင်ဘူး!!!


ကျွန်တော် အသံtoneကိုမြှင့်လိုက်ပြီး ကျွန်တော့်မှာ လုပ်စရာလေးရှိလို့ အရင်ပြန်တော့မယ်လို့ တံခါးစောင့်အကိုကြီးကိုပြောလိုက်တယ်။


သူလည်း ကျွန်တော့်ရဲ့အသံသေး​အသံကြောင်ကြောင့်အတော်လည်းလန့်သွားပုံရတယ်ဗျ၊ ကျွန်တော် မော့တော့မော့တော့နဲ့ထွက်လာတာကို ကြောင်အမ်းအမ်းကြီးကြည့်နေခဲ့တယ်။

.

အဲ့ဒီနောက် ကျွန်တော့်ရဲ့ လေးလက်မဒေါက်မြင့်နဲ့အပြင်ကိုထွက်လိုက်တဲ့အခါ..

ခြေချင်းဝတ်လည်သွားပြီး..

လဲကျသွားတယ်။

.

လူအုပ်ထဲမှ တစ်စုံတစ်ဦးရဲ့ရင်ခွင်ထဲကိုပစ်ကျသွားခဲ့တယ်။


ကျွန်တော်လည်းခေါင်းမော့ပြီးကြည့်လိုက်တယ်။

.

...ဟီးဟီး ဒီကအကိုကြီးကို တော်တော်လေး ရင်းရင်းနီးနီးမြင်ဖူးနေသလိုပဲနော်။

.

ကျွန်တော့်ချစ်သူ : ...

© Nancy N,
книга «ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန်».
Коментарі