1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
Side Story 1
Side Story 2
Side Story 3
Side Story 4
Side Story 5
Side Story 6
Side Story 7
Side Story 8
Side Story 9
Side Story 10
Side Story 11
Side Story 12
Side Story 13
Side Story 14
Side Story Final
10
10.

အိုး..သူကျွန်တော့်ကို မရိုက်ဘူးဟ။

ခွေးလေးက တော်တော်လေး သနားစရာလေးဗျ။ လက်ကလည်း ကျိုးနေသေးတယ်၊ ပိန်လှီပြီး ဟိုနားဒီနားမှာ အမွှေးတွေကလည်း ကျွတ်နေတာများ ကမ္ဘာ့မြေပုံနဲ့တောင် တူနေရောပဲ။ ဒါတောင် ကျွန်တော်ဝယ်လာတဲ့ ကြက်သားချောင်းကို ခုန်ဖမ်းရင်း ဆွဲလုဖို့ကြိုးစားလိုက်သေးတယ်။

ကျွန်တော်ကလည်း ကြွပ်ကြွပ်အိတ်ကို လက်ကလွှတ်မပေးသလို သူကလည်း ကြွပ်ကြွပ်အိတ်ကို ပါးစပ်နဲ့ကိုက်ဆွဲထားပြီး လွှတ်မပေးဘူးဗျ။

ကျွန်တော် စုံထောက်မလုပ်ခင်က စစ်ထဲဝင်လိုက်သေးတယ်၊ ကျွန်တော်က အားချင်းယှဥ်ရင်တော့ ဘယ်သူ့ကိုမှရှုံးမှာမဟုတ်ဘူး။ အဲ့ဒါဟာ ကျွန်တော့်ညစာဖြစ်တဲ့အတွက် လွှတ်မပေးမှာ သောက်ရမ်းသေချာသလို၊ သူကလည်း ရက်ပေါင်းများစွာကြာမှရတဲ့ တစ်ခုတည်းသောအစာဖြစ်တဲ့အတွက် လွှတ်မပေးမှာ သောက်ရမ်းသေချာတဲ့ပုံပဲ။

အမှန်အတိုင်းပြောရရင် ကျွန်တော်သူ့စရိုက််ကို တော်တော်လေးသဘောကျသွားတယ်ဗျ။

အဲ့ဒါနဲ့ ကျွန်တော်လည်း နောက်ထပ် ကြက်သားချောင်းနှစ်ခုထပ်ဝယ်လိုက်ပြီး သူ့ကို ကားထဲကို အောင်မြင်စွာခေါ်လာနိုင်ခဲ့တာပေါ့။

ကျွန်တော်ခွေးလေးကိုခေါ်လာတော့ ကျွန်တော့်ချစ်သူက အိမ်ပြန်မရောက်သေးဘူးဗျ။ အဲ့ဒါကြောင့် ကျွန်တော်လည်း တိရစ္ဆာန်ဆေးကုခန်းဆီ တစ်ပတ်ပတ်လိုက်တာပေါ့။ တိရစ္ဆာန်ဆရာဝန်​​​က ခွေးလေးက ခွဲစိတ်ကုသမှုခံယူရမယ်၊ ပြီးတော့ သူ့မှာ အရေပြားရောဂါလည်း ရှိနေသေးတယ်၊ ဒါပေမယ့် သူက အရမ်းပိန်လွန်းတော့ ချက်ချင်းခွဲစိတ်လို့မရဘူးလို့ပြောတယ်။ ကျွန်တော့်ကို ဆေးပေးလိုက်ပြီး နောက်နှစ်ရက်နေမှ ပြန်လာပြဖို့ပြောလိုက်တယ်။

ကံကောင်းချင်တော့ ဆရာဝန်​ပြောတာ ကျွန်တော်သူ့ကို ရေချိုးပေးလို့ရတယ်တဲ့၊ မဟုတ်ရင် ကျွန်တော်တော့ ကျွန်တော့်ချစ်သူရဲ့ အိမ်တွင်းအကြမ်းဖက်တာခံရမှာ သေချာသလောက်ပဲ။

ခွေးကိုရေချိုးပေးရတဲ့ အလုပ်က ပိုပြီးခက်ခဲလွန်းပါတယ်ဗျာ။

သူ ကြက်သားချောင်းစားထားပြီးလို့ဖြစ်နိုင်တယ်၊ သူခေါင်းမာမာနဲ့ ငြင်းဆန်တယ်၊ သူ့ရဲ့မရှိရှိတဲ့အမွှေးလေးတွေကို ခါနိုင်သမျှခါတယ်၊ ဘယ်လောက်တောင် အသည်းအသန် ဖြစ်လိုက်သလဲဆို ကျွန်တော်သူ့ကိုရေချိုးပေးနေတာနဲ့မတူပဲ လိင်ပိုင်းဆိုင်ရာစော်ကားဖို့ကြိုးစားနေတဲ့ပုံပေါက်နေရောပဲ။

ခွေးကိုလည်းရေချိုးပြီးသွားရော ကျွန်တော်လည်း တစ်ကိုယ်လုံးရွှဲရွှဲစိုလို့ပေါ့ဗျာ။

အဲ့ဒီနောက် ကျွန်တော် ရေချိုးခန်းတံခါးကိုဖွင့်လိုက်တဲ့အခါ အန္တရာယ်ရှိတဲ့ပုံပေါက်နေတဲ့ ကျွန်တော့်ချစ်သူကို မြင်လိုက်ရတော့တာပဲ။

.

သူကပြောတယ် ကျွန်တော့်တစ်ကိုယ်လုံး  နံစော်နေများ ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ ပိုးမွှားတွေအကုန် ခွေးသန်းတွေဖြစ်သွားပြီးတော့ လူကလည်း ရှမ်ပူရနံ့နဲ့ခွေးစာဘူးထဲကို တစ်ပတ်လောက်စိမ်ထားလို့မန်းရေဝနေတဲ့အတိုင်းပဲတဲ့။
© Nancy N,
книга «ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန်».
Коментарі