1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
Side Story 1
Side Story 2
Side Story 3
Side Story 4
Side Story 5
Side Story 6
Side Story 7
Side Story 8
Side Story 9
Side Story 10
Side Story 11
Side Story 12
Side Story 13
Side Story 14
Side Story Final
29
29.
ကျွန်တော့်ချစ်သူ စားလို့ပြီးတဲ့အထိ စောင့်ကြည့်နေလိုက်တယ်။


သူနဲ့သိတာ ဒီလောက်အချိန်ကြာနေတာတောင် သူက အခုထိချောတုန်း၊ခန့်တုန်းပဲ။


ဟင်း..ဒီလိုအချိန်၊နေရာ၊အခြေအနေနဲ့အချိန်အခါကြီးကလေ ဒီနားလေးမှာပဲ အရိုင်းဆန်တဲ့ပြင်းရှရှ ရုံးတွင်းအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ခင်းလိုက်ဖို့ အကောင်းဆုံးပဲ။


.

...မဖြစ်နိုင်တဲ့အရာတွေကို မစဥ်းစားတာပဲကောင်းပါတယ်လေ။

.

ကျွန်တော့်ချစ်သူကပြောတယ် : ဒီညအိုဗာတိုင်ဆင်းရလောက်တယ်၊ ကိုယ် ညစာစားဖို့အိမ်ပြန်မလာတော့ဘူး။


ကျွန်တော် : ရတယ်၊ ငါလည်းအိုဗာတိုင်ဆင်းရမှာ။


တကယ်တော့ တစ်စုံတစ်ယောက်ကိုနောက်ယောင်ခံလိုက်တယ်ဆိုတာ ထိုလူ့အပေါ် နှစ်ဆယ့်လေးနာရီခုနစ်ရက်လုံးအာရုံစိုက်ထားတာအကောင်းဆုံးပဲ။


ကျွန်တော့်ချစ်သူမေးလိုက်တယ် : အလုပ်အသစ်လက်ံခံလိုက်တာလား?

ကျွန်တော်ခေါင်းငြိမ့်လိုက်တယ်။

ကျွန်တော့်ချစ်သူ : ဘာအလုပ်မျိုးလဲ?

ကျွန်တော် : အရင်လိုပဲ။

ကျွန်တော့်ချစ်သူ : အိုး..

.  

ကျွန်တော့်ချစ်သူ : ဘာလို့မင်းဒီနေ့ ထူးထူးဆန်းဆန်းတွေလုပ်နေတယ်လို့ ခံစားနေရတာလဲ?


ကျွန်တော် : ဟား ဟား ဟား ငါက ဘာတွေထူးထူးဆန်းဆန်းလုပ်ရမှာလဲ၊ မင်းအတွေးလွန်နေပြီ ဟား ဟား ဟား


ကျွန်တော့်ချစ်သူ : ကြည့်လေကြည့်လေ သံသယဖြစ်စရာကောင်းလေပဲ။


ကျွန်တော် သူ့ဘောစ့်ကိုနောက်ယောင်ခံလိုက်မယ်ဆိုတာ သူရိပ်မိသွားတာလား?


ဘုရားရေ ကျွန်တော့်ချစ်သူသာကျွန်တော်ဒီအလုပ်ကို လက်ခံလိုက်တာသိရင် သူဒေါသထွက်မှာကြိမ်းသေတယ်!


ဒီလိုအခြေအနေကြီးမှာ ကျွန်တော်ဘာလုပ်သင့်လဲ!


ကျွန်တော့်ချစ်သူက အရမ်းဉာဏ်ကောင်းတာ၊ လိမ်ညာ​ပြီးအရူးကွက်နင်းလို့ရမှာမဟုတ်ဖူး၊ ကျွန်တော့်ရဲ့ အဆုံးသတ်လျှပ်တပျက်တိုက်ကွက်ကို ထုတ်သုံးရတော့မှာပေါ့။

.

ကျွန်တော့်ချစ်သူကို ကျွန်တော့်ကိုယ်လုံးကြီးနဲ့ပစ်ပြီးဖက်လိုက််တယ် : မင်းကငါ့ကို တကယ်ကြီး သံသယဝင်နေတာပဲ ဝူး ဝူး ဝူးး !


ကျွန်တော့်ချစ်သူ : ...


သူတကယ်ကြီးအဖက်မလုပ်ဘူး!


ဘယ်လိုလုပ် အဖက်မလုပ်ပဲနေနိုင်ရတာလဲ!


ကျွန်တော် ကျွန်တော့်ချစ်သူရဲ့ခါးကိုတင်းကျပ်စွာ ပွေ့ဖက်လိုက်တယ် : မင်းဘယ်လိုလုပ် ငါ့အပေါ်သံသယဝင်နိုင်ရတာလဲ ဝူး ဝူး ဝူးး!


ကျွန်တော့်ချစ်သူ : နောက်မနေနဲ့၊ တော်တော့...


ကျွန်တော့်ရဲ့ တကယ်မရှိတဲ့ မျက်ရည်နဲ့နှာရည်ကို ကျွန်တော့်ချစ်သူရဲ့ ရှပ်အင်္ကျီမှာသုတ်လိုက်တယ် : မင်းက တကယ်ကြီး ငါနောက်နေတယ်လိုပြောတယ်ပေါ့ ဝူး ဝူး ဝူးး!


ကျွန်တော့်ချစ်သူ : တကယ်ပဲ.. မင်းမနောက်နဲ့တော့...


ဘယ်လိုလုပ်နောက်တယ်ဖြစ်ရမှာတုန်း၊ အဲ့ဒါ ရင်းနီးကျွမ်းဝင်တယ်လို့ခေါ်တယ်!


သူတကယ်ပဲ ဖက်လည်းတကင်းနေတာကို နောက်နေတယ်လို့ထင်နေတာလား၊ စိတ်ဓာတ်တွေကျနေပါပြီ။


ကျွန်တော့်ရဲ့ စွမ်းရည်တွေလိုနေသေးတာပဲဖြစ်ရမယ်!


ကျွန်တော်ပိုပြီးကြိုးစားရမယ်!


ကျွန်တော်ချစ်သူအံကြိတ်ရင်းကျွန်တော့်ခါးကိုဖိလိုက်ကာ : မင်းမတော်နိုင်သေးဘူးဆို ကိုယ်...

.

ရုံးတံခါးဖွင့်ဝင်လာတဲ့ဘောစ့် : ငါရှောင်းကျိုးနဲ့တခြားသူတွေကို ဒီညခေါ်ထား...အိုး... နှောင့်ယှက်မိသွားပြီ။


. 

ကျွန်တော့်ချစ်သူ : ...

.

ဒီအခြေအနေကြီးက နည်းနည်းတော့ ခွတီးခွကျနိုင်တယ်။


ကျွန်တော်တော့ ဘောစ့်တစ်ခုခုကို အထင်လွဲသွားတယ်လို့ထင်တာပဲ။


သူကကျွန်တော့်ချစ်သူမှာ ထုတ်ပြောဖို့ခက်တဲ့ဖုံးကွယ်ထားတဲ့ ပြသနာရှိတယ်ဆိုတာမသိဘူးလေ၊ အဲ့တော့ ကျွန်တော်နဲ့ ကျွန်တော့်ချစ်သူဒီထဲမှာ ထူးဆန်းတာတစ်ခုခု လုပ်နေတယ်လို့ထင်သွားတာနေမှာ။

.  

ထားလိုက်ပါတော့။


အထင်လွဲတာ အမှန်တရားကိုသိတာထက်တော့ ပိုကောင်းတာပေါ့။
.
© Nancy N,
книга «ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန်».
Коментарі