1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
Side Story 1
Side Story 2
Side Story 3
Side Story 4
Side Story 5
Side Story 6
Side Story 7
Side Story 8
Side Story 9
Side Story 10
Side Story 11
Side Story 12
Side Story 13
Side Story 14
Side Story Final
Side Story 14
14.

ကျွန်တော် အပြန်လမ်းမှာ အမှုသည်ကရှက်ကိုးရှက်ကန်းဒူးထောက်ကာဘော့စ်ကို ပရိုပိုစ့်လုပ်သည့်ပုံကိုပြန်တွေးမိပြီး ကျွန်တော့်အိပ်ကပ်ကိုကိုင်ကာ ကို့ယို့ကားယားခံစားနေရသည်။

ကျွန်တော်ချစ်သူမေးလိုက်တယ် : "မင်းဘာလို့တညလုံးအိပ်ကပ်ကိုကိုင်နေရတာလဲ?"

ငါ့အိပ်ကပ်ထဲမှာသကြားလုံးရှိလို့ပေါဟ!

ဟားး! ငါဘာတွေတွေးနေပြန်တာလဲ!

အဲ့ဒီနောက် ကျွန်တော့်ချစ်သူကမေးလိုက်တယ် : "ကိုယ်တွေ့လိုက်တဲ့အဲ့ဒီပုံတွေ မင်းသူ့ကိုပေးဖို့လုပ်ထားတာတွေ၊ ဟုတ်တယ်မဟုတ်လား"

ကျွန်တော့်လန့်ဖြန့်သွားတယ်။

ကျွန်တော့်ချစ်သူပြောလိုက်တယ် : "မလန့်ပါနဲ့ ငါဒီအတိုင်းမေးတာပါ"


.

ဒါအကြောင်းအရာက တကယ်ပဲ ကြောင်တောင်တောင်နိုင်လိုက်တာဗျာ။

.

အချိန်တော်တော်နောက်ကျနေလို့ဖြစ်မယ် ကားပါကင်တစ်ဝိုက် ရှင်းလင်းနေတယ်ဗျ။


ကျွန်တော့်ချစ်သူ ခါးပတ်ဖြုတ်ကာကားပေါ်ကဆင်းရန်ပြန်လိုက်စဥ် ရုတ်တရက် ကျွန်တော်လည်းဒါကိုအခုမလုပ်လိုက်ရင် နောက်ကျတော့မယ်လို့ခံစားလိုက်ရတယ်။

"ခဏနေအုံး"

ကျွန်တော်သူ့လက်ကိုဆွဲလိုက်ကာ ထိုင်ခုံမှာပြန်ထိုင်ခိုင်းလိုက်တယ်။

ကျွန်တော့်ချစ်သူနားမလည်တဲ့ပုံဖြင့် : "ဘာဖြစ်လို့လဲ?"

.

ကျွန်တော်သူ့ကိုမေးလိုက်တယ် : "အဲ့ဒီဉာဏ်မရှိတဲ့အမှုသည်နဲ့မင်းဘော့စ်တိို့ ဒူးထောက်ပြီးပရိုပိုစ့်လုပ်ကြတာ မင်းလည်းမြင်လိုက်ရတယ် မဟုတ်လား"

ချစ်သူ : "မြင်တယ်လေ ကိုယ်တို့လည်းဘေးကနေမြင်လိုက်ရတယ်မဟုတ်လား?"

ကျွန်တော် : "အဲ့ဒီစိန်လက်စွပ်ကလည်း တလက်လက်တောက်ပနေတာ တော်တော်လေး စျေးကြီးတဲ့ပုံပဲ"

ကျွန်တော့်ချစ်သူ အနည်းငယ်ဆိုင်းငံ့သွားကာ : "...ဟုတ်တယ်"

ကျွန်တော် : "ဒါပေမယ့် ငါကတော့သူတို့ပုံစံက ပေါတောတောဖြစ်နေသလိုပဲ"

ကျွန်တော့်ချစ်သူအဲ့ဒီမြင်ကွင်းကိုသေချာပြန်စဥ်းစားကာ : "နည်းနည်းပေါ့"

ကျွန်တော် : "အဲ့ဒီတော့ငါအဲ့လိုမဖြစ်ချင်ဘူး"

ကျွန်တော့်ချစ်သူမျက်မှောင်ကြုံ့ကာ : "မင်းအဲ့ဒါကိုသဘောမကျဘူးပေါ့?"

.

ကျွန်တော်အိပ်ကပ်ထဲမှလက်စွပ်ဘူးကိုထုတ်လိုက်ကာ : "အဲ့ဒါကြောင့် ငါမင်းကိုတိုက်ရိုက်ပဲပေးချင်တယ်"

ချစ်သူ : "..."

ကျွန်တော် : "ငါ...ငါကူပြီးစွပ်ပေးမယ်လေ?"

ကျွန်တော့်ချစ်သူခဏကြာတိတ်ဆိတ်သွားပြီးကျွန်တော့်ကိုလက်ထုတ်ပေးရင်းပြုံးလိုက်ကာ : "ကျေးဇူး.."

ကျွန်တော်သူ့ကိုလက်မှားပြီးစွပ်ပေးမိမှာ ဒါမှာမဟုတ် ကျွန်တော်အကြမ်းပတမ်းလုပ်မိပြီးစွပ်လို့မရမှာကို စိုးရိမ်ပြီးအနည်းငယ်စိတ်လှုပ်ရှားနေတယ်။

ကံကောင်းထောာက်မစွာအဆင်ပြေပြေပြီးသွားတယ်ဗျ။

.

ကျွန်တော်လည်း ကျွန်တော်နဲ့ကျွန်တော့်ချစ်သူလက်မှဆင်တူလက်စွပ်ကိုကြည့်လိုက်ပြီး ရုတ်တရက် ကျွန်တော်အလုပ်တွေအများကြီးကြိုးစားခဲ့ရတာအရမ်းကိုထိုက်တန်တယ်လို့ခံစားလိုက်ရတယ်။

ဟုတ်ပြီ..။လက်စွပ်တော့စွပ်ပြီးသွားပြီ တောင့်တမက်မောစွာ ပွေ့ဖက်နမ်းရှိုက်ပြီးဘာဘာညာညာလုပ်ဖို့ပဲကျန်တော့တယ်။

ဒါပေမယ့် နားလည်မှုလွဲပြီးတဲ့နောက်ပိုင်းရှင်းရှင်းလင်းလင်းနားလည်လွယ်ကျွန်တော့်ချစ်သူက ရုတ်တရက်နားလည်ရခက်သွားသလိုပဲဗျ။

ကျွန်တော်သူ့ကို ဘယ်လောက်ပဲမျက်လုံးမှိတ်ပြီးအချက်ပြပါစေ သူလုံးဝမလှုပ်မယှက်ဖြစ်နေတယ်။

ကောင်းပြီ ခွင့်လွှတ်လိုက်ပါတယ်လေ။

သူလက်စွပ်ရလိုက်လို့ လွန်လွန်ကြူးကြူးဝမ်းသာအားရဖြစ်သွားလို့ ရူးကြောင်ကြောင်ဖြစ်သွားတာပဲနေမှာ။

သေချာပေါက်အဲ့လိုပဲနေမှာပါ!!!


.

ချစ်သူ : "တကယ်တော့ ကိုယ်လည်းပြောစရာရှိတယ်"

ကျွန်တော်သူ့ကိုမျက်မှောင်ကြုံကြည့်လိုက်တယ်။ သူ့နှုတ်ခမ်းဖျားမှာအပြုံးလေးတစွန်းတစချိတ်ဆွဲထားပြီး သူ့အနောက်တိုင်းကုတ်ရဲ့ အိပ်ကပ်ထဲကတစ်စုံတစ်ခုကိုရှာလိုက်တယ်။

ကျွန်တော်သူ့ကိုမေးလိုက်တယ် : "အဲ့ဒါဘာလဲ?"

.


သူပြုံးလိုက်တယ်။

.

"ဒါလင်...မင်းလက်စွပ်နောက်ထပ်တစ်ခုထပ်စွပ်ရလို့ မငြိုငြင်ဘူးလိိို့ကိုယ်မျှော်လင့်ပါတယ်"
© Nancy N,
книга «ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန်».
Коментарі