1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
Side Story 1
Side Story 2
Side Story 3
Side Story 4
Side Story 5
Side Story 6
Side Story 7
Side Story 8
Side Story 9
Side Story 10
Side Story 11
Side Story 12
Side Story 13
Side Story 14
Side Story Final
6
6.

ဆေးခန်းကိုရွေးပြီးရင် သူ့ကိုဆေးစစ်ခိုင်းဖို့ ဘယ်လိုစည်းရုံးရမလဲ။

ကျွန်တော်တို့က ဒီကိစ္စနဲ့ပတ်သတ်ပြီး တစ်ခါမှ မတိုင်ပင်ဖူးဘူးလေ။ ကျွန်တော့်ကိုသာတစ်စုံတစ်ယောက်က ဒီလိုမေးခွန်းမျိုးလာမေးရင် ကိုယ့်ကိုယ်ကိုယုံကြည်တဲ့စိတ်လေး ပျက်သုန်းသွားမှာပေါ့။ ကျွန်တော် သူဝမ်းနည်းသွားမှာ စိုးတယ်ဗျာ။

သူ့ကို သာမန်ဆေးစစ်တာလို့ပဲပြောလိုက်ရမလား။

ကျွန်တော်ဆိုလည်း ယုံလောက်မှာမဟုတ်ဘူး။

.

ရိုးရိုးသားသားပြောရရင် ကျွန်တော် အခုထိ သူ့ကို သဘောကျနေတုန်းပဲဗျ။ ဒီပြသနာကြောင့် ကျွန်တော်နဲ့သူ လမ်းခွဲလိုက်ရမှာမျိုး မဖြစ်ချင်ဘူး။

သူ့မှာတကယ်ပဲ ချို့ယွင်းချက်ရှိနေရင်တောင် ဒီခေတ်ကြီးမှာ ဆေးပညာတွေ အရမ်းကို တိုးတက်နေပြီလေ။ ပြသနာရှိတယ်ဆို ဆရာဝန်နဲ့သွားတွေ့မှာပေါ့၊ အကယ်၍ ကုသလို့မရနိုင်ဘူးဆိုရင်တောင် သူ့ကိုပစ်မသွားဘူး။ ရာဘာပစ္စည်းအတုတွေ အတော်အတန်ထုတ်လုပ်နေကြပြီမဟုတ်လား။ ကျွန်တော်ကတော့ သူဒီကိစ္စကြီးကို တစ်သက်လုံး ဖုံးကွယ်ထားလို့မရဘူးလို့ထင်တာပဲ၊ အမှန်တရားကို သိချင်တယ်။ ဒါပါပဲ။ ဒီလိုမျိုးကြီး အကျိုးအကြောင်းမသိရတာမျိုးကမှ တော်တော်လေး အဆင်မပြေတာဗျာ။

ဒီလောက်အများကြီးပြောပြီးတာတောင်မှ ဒီကိစ္စနဲ့ပတ်သတ်ပြီး သူနဲ့ ဘယ်လိုစကား စ,ရမလဲမသိသေးဘူး။

ခင်ဗျားတို့တွေ ဘယ်လိုထင်လဲ။ ကျွန်တော်သာ သူ့ကို မင်းမစွမ်းဆောင်နိုင်ဘူးလားလို့ တိုက်ရိုက်ကြီးသွားမေးရင် သူကျွန်တော့်ကို သေအောင်ရိုက်ပစ်လောက်လား?
© Nancy N,
книга «ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန်».
Коментарі