1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
Side Story 1
Side Story 2
Side Story 3
Side Story 4
Side Story 5
Side Story 6
Side Story 7
Side Story 8
Side Story 9
Side Story 10
Side Story 11
Side Story 12
Side Story 13
Side Story 14
Side Story Final
15
15.

အခုအချိန်မှာ အရေးကြီးဆုံးက ကျွန်တော် ကျွန်တော့်ချစ်သူကို နှစ်နှစ်ကာကာချစ်ရတဲ့အကြောင်းကို ​သူသိနားလည်ဖို့ပဲ။

ကျွန်တော်သူ့ကို ဘယ်လောက်ထိချစ်လည်းဆိုရင် ကောင်းကင်ကြီးပြိုကျပြီး ကမ္ဘာ​ကြီးပျက်သုန်းသွားရင်တောင်၊ ပင်လယ်ရေ​ခမ်းခြောက်ပြီး ကျောက်ဆောင်တွေကြေမွသွားရင်တောင်၊ သူ မစွမ်းဆောင်နိုင်သည်ဖြစ်စေ လိင်မှုကိစ္စကိုစိတ်မဝင်စားသည်ဖြစ်စေ ကျွန်တော်သူ့ကိုပစ်ပယ်သွားမှာမဟုတ်ဘူး။

ဒီလိုနည်းနဲ့ သူ့ကို စိတ်ဓာတ်တက်ကြွစေပြီး မျှော်လင့်ချက်ရောင်ခြည်လေးသန်းလာစေရမယ်။

ဟုတ်ပြီ၊ ဒါပေမယ့် သူ့ကိုသံသယမဝင်စေပဲ ဘယ်လိုနည်းနဲ့ ထိထိရောက်ရောက်​ကိုင်တွယ်ဖြေရှင်းမလဲဆိုတာကမှ တကယ့်ပြသနာ။

ကျွန်တော် အချိန်ယူပြီးစဥ်းစားပေမယ့် အဖြေကိုရှာမတွေ့ခဲ့ဘူး။

ဒါကြောင့် ကျွန်တော့်လက်ပ်တော့ကိုဖွင့်လိုက်ပြီး အင်တာနက်မှာ ရိုက်ရှာလိုက်တယ်။

.

【ပန်းသေပန်းညိုးဖြစ်နေသော သင့်၏ သူငယ်ချင်းကို ရှေ့ဆက်ရှင်သန်လိုစိတ်ရှိအောင် မည်သို့ကူညီဖေးမပေးမလဲ】

.

အမျိုးသားကျန်းမာရေးဆေးခန်း​ကြော်ငြာတွေနဲ့ ဘိုးဘေးအစဥ်အဆက်လက်ဆင့်ကမ်းလာတဲ့ ကာမအားတိုးဆေးဖော်စပ်တဲ့ ဆေးအညွှန်းတွေကို လျစ်လျူရှုလိုက်တယ်၊ ကျွန်တော် လူတချို့တင်ထားတဲ့ ကြိတ်မှိတ်ခံစားနေကြတဲ့ ရှက်ရွံ့အားငယ်မှုတွေနဲ့ မျှော်လင့်ချက်ကင်းမဲ့စွာ အကူအညီတောင်းနေကြတဲ့ပိုစ့်တွေ မရေမတွက်နိုင်အောင်တွေ့လိုက်ရတယ်။

...အဲ့ဒီတော့ လိင်ကိစ္စမှာ မစွမ်းဆောင်နိုင်တဲ့အတွက် သေကြောင်းကြံစည်တဲ့သူတွေ တကယ်ရှိတာပဲ။

ရှာဖတ်မိလို့ တော်သေးတာပေါ့။

မဖြစ်မနေကို ကျွန်တော့်ချစ်သူကို အားပေးရမယ်၊ ချစ်ခင်ကြင်နာရမယ်၊ အလိုလိုက်ရမယ်၊ ဂရုစိုက်ရမယ်၊ တကယ်လို့ သူသာသတ်သေသွားရင် ကျွန်တော်တော့ဘယ်လိုလုပ်မလဲဗျာ?

© Nancy N,
книга «ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန်».
Коментарі