1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
Side Story 1
Side Story 2
Side Story 3
Side Story 4
Side Story 5
Side Story 6
Side Story 7
Side Story 8
Side Story 9
Side Story 10
Side Story 11
Side Story 12
Side Story 13
Side Story 14
Side Story Final
40
40.

ကျွန်တော်လည်း ကျွန်တော့်ချစ်သူကိုဘယ်လိုရှင်းပြရမလဲမသိတော့ဘူး၊ ကျွန်တော့် အရေးပေါ်တိုက်ကွက်ကိုပဲထပ်သုံးပြီး ကျွန်တော့်ချစ်သူခြေသလုံးဖက်ငိုရင်း သူ့ကိုချစ်ကြောင်း​ ရှင်းပြရမလားပဲ။


ပြီးတော့မှ ကျွန်တော် မိန်းကလေးနဲ့သဘာဝဆန်ဆန်တူအောင်ဆိုပြီးမိတ်ကပ်တွေလိမ်းထားတာကိုသတိရလိုက်တယ်။


မေးခွန်းတို : မိတ်ကပ်လိမ်းထားပြီး အော်ငိုလျှင် မည်သို့သောဒရမ်မာဆန်ဆန်အကျိုးရလဒ်ဖြစ်ပေါ်မည်နည်း?


ကျွန်တော် ခပ်ပျင်းပျင်းနဲ့ကြည့်ဖူးတဲ့ အော်ပရာပြဇာတ်တွေထဲက အတွဲတွေကတော့ အဲ့လိုကြီးငိုရင်လှတပတနဲ့ သနားစရာရုပ်ပေါက်မနေတဲ့အပြင် တော်တော်လေးကြောက်ဖို့ကောင်းတာဗျ။

. 

ဒါမှမဟုတ် ကျွန်တော် ဇွတ်အတင်းဖက်နမ်းလိုက်တာပဲကောင်းမလား။

.

ကျွန်တော်ကြားဖူးတာတော့ အတွဲတွေရန်ဖြစ်ကြရင် အင်္ကျီတွေကို အကြမ်းပတမ်းဆွဲချွတ်လိုက်ပြီးတော့ အိပ်ရာပေါ်ဆွဲသွင်းလိုက်ရင် ရန်ဆက်မဖြစ်တော့ဘူးဆိုလား... အိုး..တော်ပါပြီ အဲ့ဒါကြီးကငိုရတာထက်ပိုခက်တယ်၊ လက်လျော့လိုက်တာပဲကောင်းပါတယ်။


ကျွန်တော်လည်း စိတ်မသက်မသာနဲ့ပဲ ဘယ်လို​ရှင်းပြရမလဲစဥ်းစားနေတုန်း ကျွန်တော့်ချစ်သူက ထပြောလိုက်တယ်။


ချစ်သူ : မင်းကိုယ့်ကိုနောက်ယောင်ခံလိုက်နေတာလား?


ကျွန်တော် : အဲ့ဒါနားလည်မှုလွဲတာ...


ချစ်သူက ဘော့စ်ရဲ့ဓာတ်ပုံကိုမြှောက်လိုက်ရင်း : ဒါဆို မင်းသူ့နောက်လိုက်တာလား?


ကျွန်တော် : ငါသူ့နောက်လိုက်တာ၊ ဒါပေမယ့်...


ချစ်သူ : ကိုယ်နားလည်ပြီ၊ မင်းက cross-dresser တစ်ယောက်မဟုတ်ဘူး၊ မင်းကိုယ်တို့နောက်ကိုလိုက်ဖို့ အဲ့ဒီလိုဝတ်ထားတာပဲ။


သူ့အရမ်းဒေါသထွက်နေပုံပဲ။


ကျွန်တော်သူ့ခံစားချက်ကို နားလည်ပါတယ်။


ကျွန်တော် သူ့ရဲ့လိင်စိတ်မဲ့ပြီး မစွမ်းဆောင်နိုင်တာကို နားလည်ပေးပြီး သူ ဇီဇာကြောင်အသန့်ကြိုက်တာကို ဖြည်းဖြည်းချင်းလက်ခံပေးလို့ရပေမယ့် ကျွန်တော့်အပေါ်ယုံကြည်မှုမရှိတာကိုတော့ လက်ခံပေးလို့မရသလိုပေါ့။


ကျွန်တော်သာသူ့နေရာမှာဆိုလည်း စိတ်ဆိုးမိမှာပဲလေ။


ကျွန်တော့်ချစ်သူအိမ်ထဲမှာ နှစ်ပတ်လောက်ပတ်လျှောက်နေလိုက်ပြီး ရုတ်တရက် ပုံတွေကို စားပွဲပေါ်ပစ်တင်လိုက်တယ်၊ ပြီးနောက် သူခေါင်းမော့ပြီးကျွန်တော့်ကိုကြည့်ကာမေးလိုက်တယ် : မင်း ကိုယ်မင်းအပေါ်ဖောက်ပြန်မှာကို စိုးရိမ်နေတာလား?


ကျွန်တော် : မဟုတ်ဘူး...


ကျွန်တော်စိတ်ထဲမှာထိတ်လန့်နေတယ်။


ကျွန်တော်လေ ကျွန်တော့်ချစ်သူဒေါသတွေအရမ်းထွက်သွားပြီး ကျွန်တော့်ကိုပါးကိုရိုက်၊ အထုပ်တွေဆွဲပြီး၊ တံခါးကိုစောင့်ပိတ်ရင်း အိမ်ပေါ်ကဆင်းသွားတော့မှာပဲလို့တွေးနေမိတယ်။


ဒါပေမယ့်ကျွန်တော့်ချစ်သူကျွန်တော့်ကို လေးလေးနက်နက်စိုက်ကြည့်လာတယ်။


ချစ်သူ : ကိုယ်နားလည်ပါတယ်။


သူ့ဒေါသတွေ တမဟုတ်ချင်းပျောက်ကွယ်သွားပြီး စိတ်ပျက်လက်ပျက်ပုံပေါက်နေတယ်။


ချစ်သူ : မင်းဒီလိုတွေလုပ်ဖို့မလိုပါဘူး ဘာပဲဖြစ်ဖြစ်ကိုယ် မင်းကိုအမြဲချစ်သွားမှာ အရူးလေးရဲ့။

.

...ခနနေပါအုံး၊ သူကဘာကိုနားလည်သွားတာတုန်း???

.

ချစ်သူ : ကိုယ်နဲ့ကိုယ့်ဘော့စ်ကြား ဘာအကန့်မှမရှိဘူး ကိုယ်တို့က ရိုးရိုးမိတ်ဆွေတွေ။ ကိုယ်မင်းနဲ့လမ်းမခွဲဘူးလို့ပြောထားတယ်လေ ..မင်းက..အင်းးး...ကိုယ်က မင်းကိုမင်းမို့လို့ချစ်တယ်ဆိုတာပဲမင်းနားလည်ထား တခြားဘာကိုမှမတွေးနဲ့။


.

ကျွန်တော့်ချစ်သူရဲ့ ရင်ဖွင့်စကားကြောင့်ရင်ထဲထိသွားပေမယ့် အဲ့ဒါကြီးက ဘာလို့ နည်းနည်း ရင်းနီးပြီးထူးဆန်းနေသလိုခံစားနေရတာလဲ???

.

ဘာပဲဖြစ်ဖြစ် သူဒေါသမထွက်တော့ရင်ပြီးတာပါပဲလေ။


ကျွန်တော်ခေါင်းကိုတဆတ်ဆတ်ငြိမ့်လိုက်တဲ့အခါ ကျွန်တော့်ချစ်သူက ပြုံးပြီးကျွန်တော့်ကိုဖက်ကာ အနမ်းလေးပေးလိုက်ရင်းပြောလိုက်တယ် : အခုတော့ မျက်နှာသစ်အဝတ်စားလဲပြီးအိပ်လိုက်တော့၊ မနက်ဖြန်ဆေးခန်းသွားရအုံးမှာ။


ကျွန်တော်လည်းအရမ်းစိတ်လှုပ်ရှားသွားပြီးခေါင်းပဲငြိမ့်ပြနိုင်ခဲ့တယ်။


ကျွန်တော့်ချစ်သူကဘာလို့ဒီလောက်ကောင်းရတာလဲ!


ကျွန်တော်သာဆိုသေချာပေါက် ဒေါသထွက်မိမှာ၊ ပြီးရင်အခုလောက်ဆို အထုတ်ဆွဲပြီးအိမ်ပေါ်ကဆင်းသွားလောက်ပြီ။


မနက်ဖြန် ဆေးခန်းသွားကြမယ်၊ ပြီးရင် ကျွန်တော့်ချစ်သူလည်း ဆေးကုသမှုခံယူပြီးသွားတဲ့အခါ  ကျွန်တော့်ချစ်သူက ခန့်ညားပြီး အပြောချိုတဲ့ ချစ်ရမ္မက်ပြင်းပြတဲ့သူဖြစ်လာရင် ဒီ့ထက် ပြီးပြည့်စုံတဲ့အရာရှိပါအုံးမလား!

.

အိုးး အခု ဘာပြောလိုက်တယ်?


ကျွန်တော့်အမှုသည်က ကျွန်တော့်ချစ်သူနောက်ကိုလိုက်ပြီး ဓာတ်ပုံရိုက်စေချင်တယ် ဟုတ်လား?


ဟမ့်! အဲ့ဒီ ယုတ္တိမရှိတဲ့ ည၈နာရီဒရမ်မာကားထဲကလို ဉာဏ်မရှိတဲ့အမှုသည်လား! သောက်ဂရုကိုမစိုက်ဘူး!
© Nancy N,
книга «ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန်».
Коментарі