1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
Side Story 1
Side Story 2
Side Story 3
Side Story 4
Side Story 5
Side Story 6
Side Story 7
Side Story 8
Side Story 9
Side Story 10
Side Story 11
Side Story 12
Side Story 13
Side Story 14
Side Story Final
Side Story 6
6.

ကျွန်တော့်ချစ်သူရဲ့ဘော့စ်က သူ့ကို ကောင်မလေးခေါ်လာဖို့ပြောတယ်။

ဒါပေမယ့် ကျွန်တော်ကယောကျာ်းကြီးလေဗျာ။

.

ကျွန်တော့်ချစ်သူပြောလိုက်တယ် : အရင်တခါကအဝတ်တွေဝတ်သွားရင်ရော။


နိုး နိုး နိုး! မိန်းကလေးအင်္ကျီတွေဝတ်ဖို့ငြင်းတယ်နော်!!


လေးလက်မမြင့်တဲ့ဒေါက်ကိုထည့်မပြောနဲ့ အင်္ကျီတွေဝတ်ရတာကိုက သက်တောင့်သက်သာမရှိတာ။


ကျွန်တော့်ချစ်သူကကျွန်တော့်အပေါ်ဆိုအမြဲကောင်းရှာတယ်။


သူသဘောတူလိုက်တယ်။

. 

ဘော့စ်က ရက်နဲ့နေရာအတိအကျကိုအကြောင်းကြားလာတယ်။ ဘော့စ်က နိုင်ငံအတွင်းမှာအရင်ပွဲလုပ်ဖို့စီစဥ်ထားတယ်၊ တရားဝင်လက်ထပ်မှတ်ပုံတင်လို့မရပေမယ့်အနည်းဆုံး မိတ်ဆွေအပေါင်းအသင်းတွေရဲ့ချီးမြှောက်မှုတွေနဲ့ သူတို့နှစ်ဦးရဲ့တစ်ဘဝစာအချစ်တွေကိုတိုင်တည်ချင်တယ်လို့​ဆိုတယ်။


ဟင်းးး လုံးဝမနာလိုမဖြစ်ပါဘူးး။


ကျွန်တော်နားမလည်တာက အဲ့ဒီဉာဏ်မရှိတဲ့အမှုသည်ကျွန်တော်နဲ့စကားများပြီး မျက်စိတမှိတ်အတွင်းမှာ ဘယ်လိုများသူ့ပါတနာကိုဖွင့်ပြောပြီးလက်ထပ်ခွင့်တောင်းလိုက်လဲဆိုတာကိုပဲ?


သူစိတ်အပြောင်းအလဲမမြန်လွန်းဘူးလား!


ထင်ထားတဲ့အတိုင်း ည၈နာရီအချစ်ဒရမ်မာဇာတ်လမ်းတွေပဲဦးနှောက်ထဲထည့်ထားတဲ့သူနေမှာ။

.

ကျွန်တော့်နှလုံးသားလေးထဲမှာတော့ဝေဒနာ တွေကုဋေကုဋာလောက်ဖြစ်နေတယ်။


ထို့နောက် ကျွန်တော့်အမှုသည်ကိုဖုန်းခေါ်လိုက်တယ်။

.  

ဖုန်းဝင်သွားပြီးနှစ်စက္ကန့်လောက်မှာ အမှုသည်ကဖုန်းချလိုက်တယ်။

ကျွန်တော်ခေါ်လိုက်တယ်။

သူဖုန်းချလိုက်တယ်။

ကျွန်တော်ထပ်ခေါ်လိုက်တယ်။

သူဖုန်းပြန်ချလိုက်တယ်။

ဖာခ့်! ကျွန်တော်သူ့ကို ကျွန်တော်လာမယ့်အကြောင်းကြိုပြောထားချင်ရုံလေးပါ၊ ကျွန်တော့်ချစ်သူနဲ့သူ့ပါတနာအရှေ့မှာ မလိုအပ်တဲ့စကားတွေထွက်မလာအောင် ကြိုပြီးဇာတ်တိုက်ထားရမယ်လေ!
© Nancy N,
книга «ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန်».
Коментарі