1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
Side Story 1
Side Story 2
Side Story 3
Side Story 4
Side Story 5
Side Story 6
Side Story 7
Side Story 8
Side Story 9
Side Story 10
Side Story 11
Side Story 12
Side Story 13
Side Story 14
Side Story Final
21
21.

သာယာတဲ့အားလပ်ရက်လေးဟာတော့ မမျှော်လင့်ပဲ မိသားစုစုံညီသန့်ရှင်းရေးပါတီပွဲကြီးအဖြစ်ပြောင်းလဲသွားပါတော့တယ်။


မိသားစုဆိုတာ ကျွန်တော်တို့နှစ်ယောက်ပဲရှိပေမယ့်လို့ပေါ့။


ကျွန်တော့်ချစ်သူက လှည်းကျင်းတိုက်ချွတ်တာကို တာဝန်ယူပြီး၊ ကျွန်တော်ကတော့ ရေနွေးကြမ်းတည်ပေးတာကိုတာဝန်ယူခဲ့တယ်။ ဒါ့အပြင် သူ့ကိုအကူညီပေးတဲ့အနေနဲ့ ခါးကိုလည်းနှိပ်နယ်ပေးခဲ့တယ်။


သူ့ပုံစံကြည့်ရတာ ကျန်တဲ့ဘဝတစ်လျှောက်လုံး ဘာကိစ္စပဲရှိရှိ ကျွန်တော့်ကို ဖုန်စုပ်စက်ပေးမကိုင်လောက်တော့ဘူးဗျ။


.  

ကျွန်တော့်ချစ်သူက ရှိသမျှအရာဝတ္ထုတိုင်းဟာဖုန်တွေတင်နေပြီး ညစ်ပတ်နေတယ်လို့ခံစားရတဲ့အတွက် နောက်တစ်ကြိမ် ဧည့်ခန်းတစ်ခုလုံးလှန်လျောပစ်ကာ သန့်ရှင်းရေးထပ်လုပ်ဖို့ကြံရွယ်ထားပုံရတယ်။


ပြီးတော့ ကျွန်တော်နဲ့ခွေးလေးကို ရေချိုးခန်းထဲထည့်ထားခဲ့တယ်။


ဘာလို့ ဒီတစ်ခေါက်ကြ ကျွန်တော် သေချာမဆေးကြောနိုင်လောက်ဘူးဆိုပြီး ကူပြီးရေချိုးမပေးတော့တာလဲ?! ဒီဘေဘီလေး မပျော်တော့ဘူး!


ကျွန်တော့်ချစ်သူ သန့်ရှင်းရေးလုပ်တာလည်းပြီးရော အချိန်တော်တော်လင့်နေပြီ၊ ကျွန်တော်လည်း ဘာမှမစားရသေးဘူး။


ကျွန်တော်လည်း သူထမင်းဟင်းချက်ဖို့ တော်တော်လေးပင်ပန်းနေလောက်ပြီထင်လို့ အပြင်ကပဲမှာစားလိုက်တော့တယ်။


. 


သိုးသားကျောက်ကပ်ကြော်၊ နှမ်းအနှစ်နဲ့သိုးသားကျောက်ကပ်ဟင်း၊ သိုးသားကျောက်ကပ်ကင်၊ ကြက်သွန်ဖြူ​ပါးပါးလေးဖြူးထားတဲ့Gojiသီးနှင့်သိုးသား​ကျောက်ကပ်ချက်ကိုမှာလိုက်တယ်။ {T/N- Gojiသီး (Wolfberry/Goji berry)ဟာ အနီရောင်အသီးလေးတွေပါ။ ဟော့ပေါ့ထဲလည်း ထည့်စားကြတယ်။ တချို့က ငရုပ်ချိုလို့လည်းခေါ်ကြတယ်။ အာရှမှာတော့ ကျန်းမာရေးအတွက်ကောင်းတယ်ဆိုပြီး ဆေးဖြစ်ဝါးဖြစ် အစားအသောက်ထဲ ထည့်ချက်လေ့ရှိသည်။}

.  

ကျွန်တော့်ချစ်သူ ကျွန်တော့်ကို ထူးဆန်းတဲ့အကြည့်တွေနဲ့ကြည့်နေတယ်။



ကျွန်တော်လည်း နောင်တရသွားတယ်။


ငါစိတ်လောသွားလား? သူ တစ်ခုခုလျှောက်တွေးနေပြီလား? ငါသူ့ကို ဘယ်လိုရှင်းပြရမလဲ?

.
ရုတ်တရက် ကျွန်တော့်ချစ်သူ ကျွန်တော့်ပုခုံးကိုပုတ်လိုက်ပြီး ပြောလိုက်တယ်: ကိုယ်မင်းနဲ့ လမ်းမခွဲဘူး။


သူ တစ်ခုခုရိပ်မိသွားတာ သေချာတယ်!


သူက ကျွန်တော်သူ့ကို မကြိုက်တော့လို့ လမ်းခွဲချင်နေတယ်လို့ထင်နေတာပဲ!


ကျွန်တော့်ချစ်သူလို ကိုယ့်ကိုယ်ကို ယုံကြည့်လေးစားမှုအပြည့်ရှိပြီး၊ ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးကာ၊ ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစားရုန်းကန်နေတဲ့ မာနကြီးတဲ့သူတစ်ယောက်ကလေ! တကယ်ပဲ သူ့ကိုထားမသွားဖို့ တိုးလျစွာအသနားခံနေတယ်!


သူအရမ်းသနားဖို့ကောင်းတာပဲ!


ကျွန်တော်အခု သူ့ကို ပိုပိုချစ်လာပြီ!


.  

ကျွန်တော့်ရဲ့ သူ့အပေါ်မှာထားရှိတဲ့ ချစ်ခြင်းမေတ္တာနဲ့ စွဲလမ်းမှုတွေကို သူသိစေဖို့မျှော်လင့်ချက်အပြည့်နဲ့ ကျွန်တော်သူ့လက်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်တယ် ။


"ငါတို့လမ်းမခွဲဘူး!" ကျွန်တော် ရင်နင့်လွန်းလို့ မျက်ရည်ပါဝဲလာတယ် "ငါမင်းနဲ့ ဘယ်တော့မှ လမ်းမခွဲဘူး!"


ကျွန်တော့်ချစ်သူကပြောတယ် "စိတ်မပူနဲ့..."


ကျွန်တော်သူ့ပါးစပ်ကိုအုပ်လိုက်ရင်း : "ဒီအကြောင်းထပ်မပြောနဲ့တော့၊ စားကြစို့!"


ကျွန်တော့်ချစ်သူ ကျွန်တော့်ကိုအတန်ကြာကြည့်နေခဲ့ပြီးနောက်ဆုံးမှာ အလွန်လေးနက်တဲ့အမူအရာဖြင့် ခေါင်းငြိမ့်ပြခဲ့တယ်။
© Nancy N,
книга «ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန်».
Коментарі