1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
Side Story 1
Side Story 2
Side Story 3
Side Story 4
Side Story 5
Side Story 6
Side Story 7
Side Story 8
Side Story 9
Side Story 10
Side Story 11
Side Story 12
Side Story 13
Side Story 14
Side Story Final
5
5.

ဘာလို့ ခင်ဗျားတို့တွေက ကျွန်တော် လုံလုံလောက်လောက် မကြိုးစားဘူးလို့ထင်နေကြတာတုန်း။

အများကြီး ကြိုးစားတာပေါ့။ ကျွန်တော့်လို ကိုယ့်ဘက်က စတင်လုပ်ရတာမျိုးကို မကြိုက်တဲ့သူတစ်ယောက်အနေနဲ့ တကယ်ကြီး ကြိုးစားတာပေါ့ဗျာ။

ကျွန်တော့်ကို ကြိုးစားမှုမလုံလောက်ဘူး လို့ပြောနေကြတဲ့သူတွေအကုန် ကျွန်တော့်ချစ်သူလိုကောင်လေးမျိုးမှ မရှိကြတာ။

ညစာစားပြီး အတည်ပေါက်ကြီး တယောထိုးတဲ့သူမျိုးပေါ့။

ကျွန်တော်တစ်ခါက ရေချိုး၊ ညအိပ်ဝတ်စုံလဲ၊ ကော်လံကို ခပ်ဟဟဖွင့်ထား၊ ဆိုဖာပေါ် အိပ်ချင်ယောင်ဆောင်ပြီး သူ့ကို အခွင့်အရေးပေးတယ်လေ!!!

အဲ့ဒီမှာ သူကျွန်တော့်မျက်နှာပေါ် ပန်းပွင့်ပုံဆွဲသွားတယ်ဗျ!

ထားပါတော့ သူကျွန်တော့်မျက်နှာပေါ်ပုံဆွဲနေတာ ကိုသိလိုက်ပါတယ်။ ဒါပေမယ့် အဲ့ဒါပြီးတော့ ကျွန်တော်လည်း အိပ်ပျော်သွားရော။

ကျွန်တော် တကယ်ကြီး ပင်ပန်းနေလို့ပါဗျာ။

နောက်နေ့ ကျွန်တော့်မျက်နှာပေါ်က တောင်ခြစ်မြောက်ခြစ်တွေပြပြီး အဲ့ဒါ ဘာသောက်ကျိုးနည်းတွေလဲလို့မေးလိုက်တယ်။

သူပြောတယ် : အွန်း..ကိုယ်မင်းကိုပန်းပေးတာလေ။

ဟီးဟီး

.

နောက်ထပ်ဥပမာတစ်ခုကတော့ အဲ့ဒီနွေရာသီတုန်းကပေါ့ ကျွန်တော့်အခန်းက အဲယားကွန်းကို တမင်သတ်သတ်ဖျက်၊ အဲ့ဒါကိုအကြောင်းပြပြီး သူ့အခန်းမှာ သွားအိပ်တယ်ဗျာ။

နွေရာသီလေ..ကျွန်တော်တို့နှစ်ယောက်လုံး ပါးပါးလေးတွေဝတ်ထားတာပေါ့။ သူ့ကို နည်းနည်းပါးပါး ထိမိပွတ်မိရင် တစ်ခုခုတော့ ဖြစ်လာနိုင်တယ်မို့လား။

သူပြောတယ် : မင်းဒီမှာခနအိပ်လိုက်အုံး။

ပြီးတော့ သူထွက်သွားတယ်။

အတွေးမလွန်ကြပါနဲ့အုံး။ အဲ့ဒါက ရေချိုးသွားတာ၊ ဒါမှမဟုတ် အောက်ထပ်ဆင်းပြီး အဟမ်း..လိုအပ်တဲ့ ပစ္စည်းတစ်စုံတရာ သွားဝယ်တာမျိုး မဟုတ်ရပါဘူး။

သူကျွန်တော့်အခန်းကိုသွားပြီး အဲယားကွန်းသွားပြင်တာဗျ။

.

ညလုံးပေါက်ကိုပြင်နေတာဗျာ။

.

ကျွန်တော်လည်း အိပ်ပျော်သွားရောပေါ့။ နောက်တစ်ရက်ရောက်တော့ သူ ပန်ဒါမျက်လုံးနဲ့ ပြန်ရောက်လာပြီး ကျွန်တော့်ကိုပြုံးပြတယ် : အဲယားကွန်း ပြင်ပြီးသွားပြီ၊ အခု မင်းအခန်းပြန်လို့ရပြီ~

ကျွန်တော် နည်းနည်းလေးမှ ပျော်မနေဘူး။

ကျွန်တော် ဘယ်နားမှာမှ ပျော်မနေဘူး။

ကျွန်တော် တကယ်ပဲ သူ့ခေါင်းကိုဖွင့်ပြီး အထဲမှာဘာတွေရှိနေလဲ ကြည့်လိုက်ချင်တော့တယ်။

တကယ် နားကိုမလည်ဘူး။ သူ တကယ်ကြီး အဲယားကွန်းသွားပြင်တယ်တဲ့ဗျာ!

ဘယ်လိုလုပ်များ ဒီလူနတ်ပြည်မတတ်သေးတာလဲ!

ပြီးတော့ ဘာလို့ ရှေ့နေတစ်ယောက်က အဲယားကွန်းပြင်တာ ကျွမ်းကျင်နေရတာလဲ။

ကျွန်တော့် နှလုံးသားလေးလည်း တော်တော််လေးကို ပင်ပန်းသွားရှာတယ်။

.

ကျွန်တော် မေ့ချင်ယောင်ဆောင်ပြီး တဘတ်တို့၊ အင်္ကျီတို့၊ အတွင်းခံဘောင်းဘီတို့ ယူခိုင်းကြည့်ဖူးတယ်။ ရေချိုးပြီးလို့ တဘတ်တစ်ထည်တည်းခါးမှာပတ်ပြီး ဆိုဖာပေါ်ခြေထောက်ချိတ်ထိုင်ပြီး TV လည်းကြည့်ဖူးတယ်။ ဆင်ခြေလက်ခြေပေါင်းစုံသုံးပြီး သူနဲ့အိမ်ယာတစ်ခုတည်းပေါ်အိပ်ဖို့လည်း ကြံစည်ဖူးတယ်...

တစ်ခုမှ အသုံးမဝင်ပါဘူးဗျာ။

ဒါပေမယ့် အဲ့လောက်ဆို ရေလာမြောင်းဖောက်တာ မအောင်မြင်ဘူးလား? သူ့ရဲ့ IQ ရော EQ ရော အရိပ်ပြအကောင်မြင်လောက်အောင် မြင့်ပါတယ်။

သူ့ကို အတင်းအဓမ္မလုပ်ဖို့တော့ မတိုက်တွန်းကြနဲ့နော်။ သူကရှေ့နေလေ။ သူစိတ်ဆိုးသွားလို့ ကျွန်တော့်ဘောင်းဘီပါကျွတ်တဲ့အထိ တရားဆွဲခံရမှာတော့ ကြောက်တယ်ဗျ။

ပြီးတော့ ကျွန်တော်က အဲ့လိုကိစ္စမျိုးကို နှစ်ဦးနှစ်ဖက် သဘောတူပြီးမှ လုပ်ရတာမျိုးပဲကြိုက်တာဗျ။

အဲ့ဒီတော့ ကျွန်တော့်ချစ်သူက မထောင်နိုင်တာပဲလား၊ ကာမစိတ်ကင်းမဲ့နေတာပဲလား။
© Nancy N,
книга «ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန်».
Коментарі