1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
Side Story 1
Side Story 2
Side Story 3
Side Story 4
Side Story 5
Side Story 6
Side Story 7
Side Story 8
Side Story 9
Side Story 10
Side Story 11
Side Story 12
Side Story 13
Side Story 14
Side Story Final
14
14.

စဥ်းစားလေစဥ်းစားလေ ကျွန်တော့်ချစ်သူက ကာမစိတ်အားနည်းနေတယ်လို့ ခံစားရလေပဲ။

ကျွန်တော်သာဆိုရင်လေ သူ့ကို ရေချိုးခန်းထဲထည့်၊ အဝတ်တွေ အတင်းချွတ်၊ ကပိုကယိုဖြစ်နေမယ့်သူ့ကို ရေစိမ်ကန်ထဲ ပစ်ထည့်လိုက်ပြီး...

စဥ်းစားကြည့်တာနဲ့တင် စိတ်ကြွလာပြီ!

ဒါပေမယ့် သူက အရမ်းတည်ငြိမ်နေရောပဲ။

သူကျွန်တော့်ကို အင်္ကျီတွေချွတ်ပေးတုန်းကလည်း ပုံမှန်ဖြစ်ရိုးဖြစ်စဥ်တစ်ခုလိုပဲ! သူ့လက်တွေတောင် တုန်မနေဘူးလေ!

.

သူ့မှာတုန့်ပြန်မှုရှိမရှိ လာမမေးနဲ့၊ အမှန်အတိုင်းပြောရရင် ကျွန်တော်အိပ်ပျော်သွားတယ်လေ၊ မမြင်လိုက်ရဘူး။

.

ကျွန်တော်အိပ်ရာကထပြီး ထမင်းစားခန်းထဲသွားလိုက်တယ်။

ရေခဲသေတ္တာပေါ်မှာ စာတိုလေးကပ်ထားတယ်။ စားစရာတွေက ရေခဲသေတ္တာထဲမှာရှိတယ်၊ အပူပေးလိုက်ရုံပဲတဲ့။

ကျွန်တော့်ကို စိတ်အနှောင့်အယှက်ပေးနေတဲ့ ပြသနာကို ဆက်စဥ်းစားနေလိုက်တယ်။

ကျွန်တော် သူ့ကို ဘယ်လို​စည်းရုံးပြီး ဆေးခန်းကို ဆေးစစ်ဖို့ ခေါ်သွားရရင်ကောင်းမလဲ။

သူစိတ်ဆိုးနေတယ်လေ၊ ကျွန်တော်သာ အဲ့ဒါပြောလိုက်ရင် သူပိုပြီးစိတ်ဆိုးသွားလိမ့်မယ်။

ဒီလိုဆိုလည်း နောက်ရက်မှပဲပြောတာပေါ့။

.

ကျွန်တော် မနက်စာစားပြီး စာကြည့်ခန်းထဲကိုဝင်ခဲ့တယ်။

အိမ်ထဲကို ပရိဘောဂအပြည့်အစုံဆင်ပြီးကတည်းက  စာကြည့်ခန်းကို ကျွန်တော့်ချစ်သူပဲ သုံးခဲ့တာဗျ။ ကျွန်တော့်အလုပ်ကလည်း စာလေ့လာစရာမလိုဘူးလေ၊ ပြီးတော့ ကျွန်တော့်ချစ်သူက သူအလုပ်လုပ်နေရင် နှောင့်ယှက်တာမကြိုက်ဘူးဗျ။ အဲ့တော့ ဒီအခန်းထဲကို ကျွန်တော်ရောက်တာ လက်ချိုးရေလို့ရတယ်။

ကျွန်တော်စာဖတ်လို့လာတာမဟုတ်ပါဘူးဗျာ၊ ရုံးခန်းသော့အပို ယူဖို့လာတာပါ။ မနေ့က လူတစ်ယောက်ကို နောက်ယောင်ခံလိုက်ရင်း ကျပျောက်သွားလို့ဗျ၊ တော်သေးတာပေါ့ အိမ်သော့ပါမပျောက်ခဲ့လို့၊ မဟုတ်ရင် ကျွန်တော့်ချစ်သူ ပြန်လာတဲ့အထိ အိမ်ရှေ့မှာ ခွေးလေးနဲ့ ငုပ်တုတ်ထိုင်စောင့်နေရမှာ။

သော့ပိုက ကွန်ပျူတာထားတဲ့စားပွဲရဲ့ အံဆွဲထဲမှာပါ။ ကျွန်တော် မတော်တဆ မောက်စ်ကို ထိမိသွားတော့ ကွန်ပျူတာ စခရင်က လင်းသွားတယ်။

ကျွန်တော် စခရင်ကို တစ်ချက်ကြည့်လိုက်မိတယ်။

.

အားအင်ကုန်ခမ်းပြီး ပင်ပန်းနွမ်းနယ်နေလို့ စိတ်ညစ်နေပါသလား?

ကျောက်ကပ်အားနည်းပြီး သုက်လွှတ်မြန်လို့ ပူပင်သောကရောက်နေပါသလား?

စွမ်းဆောင်ရည်မြင့်မားပြီး၊ ကျားဂုဏ်ရည်ပြည့်ဝဖို့၊ XX အမျိုးသားရေးရာကိုလှမ်းခဲ့စို့!!!

.

ခဏ..ဒါကြီး ရင်းရင်းနီးနီးမြင်ဖူးနေသလိုပဲ။

...ဒီဟာ ငါရှာထားတဲ့အမျိုးသားကျန်းမာရေးဆေးခန်းရဲ့ ​website မဟုတ်လား။

ကျွန်တော့်ချစ်သူက သူ့ပြသနာသူ နားလည်သွားတာများလား? သူ့ပြသနာကို သူ့ဖာသာဖြေရှင်းမလို့ ဆေးခန်း ရှာနေတာမဟုတ်လား?

.

ဒီအခြေအနေကြီးက သောက်ရမ်းကို့ရို့ကားယားနိုင်တာပဲ။

ရိုးရိုးပြောရရင် ဒီလိုပြသနာမျိုးဆိုတာ သူလည်း စိတ်ထိခိုက်ပြီးအရှက်ကွဲတယ်လို့ ခံစားရမှာပဲလေ။ ကျွန်တော်သာဒီကိစ္စကို သွားပြောလိုက်မိရင် သူ့ရဲ့နုနယ်တဲ့နှလုံးသားလေးလည်း အနာတရဖြစ်သွားမှာသေချာတယ်။

သူလည်း ဆေးခန်းကိုရှာတွေ့ပြီဆိုမှတော့ ဒီအကြောင်း သူ့ကိုပြောနေစရာလည်း မလိုတော့ဘူးပေါ့။

နောက်ထပ်ကတော့ ကျွန်တော်သူ့ကို မသိမသာတမျိုး သိသိသာသာတဖုံ အားပေးရမယ်၊ ထိရောက်တဲ့ကုသမှုခံယူဖို့ တိုက်တွန်းရမယ်၊ သူ့ရောဂါက ကုလို့မရရင်တောင် ကျွန်တော်သူ့ကို ထားမသွားဘူးဆိုတာ သူသေချာနားလည်အောင်လုပ်ရမယ်။

.

ဘုရားသခင် ကျွန်တော် တကယ်ပဲစိတ်လှုပ်ရှားသွားတယ်ဗျာ။
© Nancy N,
книга «ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန်».
Коментарі