1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
Side Story 1
Side Story 2
Side Story 3
Side Story 4
Side Story 5
Side Story 6
Side Story 7
Side Story 8
Side Story 9
Side Story 10
Side Story 11
Side Story 12
Side Story 13
Side Story 14
Side Story Final
59
10.

ကျွန်တော်အနည်းငယ်ထိတ်လန့်သွားခဲ့တယ်။

သူ့မှာဖြစ်နေတဲ့ဒီကိစ္စတွေအတွက် သူတကယ်ခံစားနေခဲ့ရတာပဲ? ကျွန်တော်သူ့ကိုပစ်ထားတယ်လို့ထင်နေတာလား? ဒါပေမယ့်ကျွန်တော်သူ့ကိုတခါမှလျစ်လျူရှုမထားဘူးလေ!

ကျွန်တော့်အချစ်တွေကိုထုတ်ပြတာမပွင့်လင်းလို့သူဒီလိုဖြစ်နေရတာ။

ကျွန်တော်သူ့ကို မနက်ခင်းအနမ်းလေးပေးပြီး သူ့ကိုချစ်တယ်လို့ပြောဖို့ ဆုံးဖြတ်လိုက်တယ်။

ဒါနဲ့ ဘာလို့သူကျွန်တော့်ကိုကြည့်တဲ့အကြည့်တွေကထူးဆန်းနေတယ်လို့ခံစားနေရတာလဲ?



ကျွန်တော့် နေ့ခင်းတရေးတမောအနားယူနေတဲ့အတောအတွင်း သူရဲ့ရှင်သန်လိုတဲ့ဆန္ဒတွေကိုဘယ်လိုလှုံ့ဆော်ပေးရမလဲဆိုတာအလေးအနက်တွေးတောနေလိုက်တယ်။

အဲ့ဒီအချိန် ကျွန်တော်ခွေးဟောင်သံကြားလိုက်ရတယ်။

ကျွန်တော်တံခါးဖွင့်လိုက်တော့ နေရာအနှံ့မှာ ဖုန်တွေနဲ့ပြည့်နေပြီး သူကဧည့်ခန်းအလယ်ခေါင်မှာရပ်ရင်း မျက်နှာမှာလည်းဖုန်တွေနဲ့ပေပွနေပြီး ခြေထောက်ဆာနေတဲ့ခွေးလေးဟာလည်း အလန့်တကြားထိုးဟောင်နေတယ်။

သူကျွန်တော့်ကို ဖုန်စုပ်စက်ပျက်သွားတဲ့အကြောင်းကို ထိတ်ထိတ်ပြာပြာရှင်းပြတယ်။

ကျွန်တော့်ရဲ့ သန့်ရှင်းသေသပ်တဲ့ဧည့်ခန်းလေးလည်းသွားရှာပြီ၊ ကျွန်တော်ဒေါသမထွက်ပဲနေမလားဗျာ။

သူပြောလိုက်တယ် : မင်းမနိုးခင် ငါတစ်အိမ်လုံးသန့်ရှင်းရေးထားလုပ်မလို့စီစဥ်ထားတာ။

ကျွန်တော် တကယ်ပဲ...

ခနနေပါအုံး.. သူဘယ်တုန်းကမှ သူ့ဖာသာအိမ်သန့်ရှင်းရေးမလုပ်ဖူးဘူးလေ၊ သူဘာလို့...


...ဖြစ်နိုင်တာက သူ့မှာရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိနေပြီး ကျွန်တော်သူ့ကိုထားသွားမှာစိုးရိမ်နေတယ်၊ အဲ့ဒါကြောင့် အိမ်အလုပ်တွေသူတာဝန်ယူလုပ်မယ်လို့စဥ်းစားမိတာနေမှာ?

.  

ကျွန်တော်ဒေါသမထွက်ရက်တော့ဘူးဗျာ။

.

သူအကောင်းဆုံးကြိုးစားနေတာကိုကျွန်တော်မျက်ကွယ်ပြုမထားနိုင်ဘူးလေ၊ သူပင်ပင်ပန်းပန်းကြိုးစားထားတာကိုအသိအမှတ်ပြုရမယ်။

ကျွန်တော့်ခံစားချက်တွေထိန်းလိုက်ဖို့ အသက်ပြင်းပြင်းရှုသွင်းလိုက်ရင်း အပြုံးလေးဖြင့်သူ့ကိုပြောလိုက်တယ် : ဘာမှမဖြစ်ဘူး၊ ကိုယ်ဆက်လုပ်လိုက်မယ်။

သူ့အရမ်းအံ့အားသင့်သွားပုံရတယ်။

ကျွန်တော်ဧည့်ခန်းကို တံမြက်စည်းစ,လှည်းတော့ သူကခိုကိုးရာမဲ့ပုံစံလေးနဲ့ အိမ်ရှင်မလေးတစ်ယောက်လို ကျွန်တော့်နောက်ကနေတကောက်ကောက်လိုက်နေတယ်။

ကျွန်တော်လည်း နာကျင်ရတယ်။

.

.

သူ အဲ့ဒီညမှာဆိုင်ကနေမှာစားလိုက်တယ်။

ကျွန်တော်လည်း သူ့ရဲ့ဒဏ်ရာရနေတဲ့ နှလုံးသားနုနုလေးကို ဘယ်လိုနှစ်သိမ့်ပေးရမလဲဆိုတာစဥ်းစားနေတုန်း deliသမားကဘဲလ်တီးလာတယ်။

သူကသိုးသားကျောက်ကပ်ကြော်၊ နှမ်းအနှစ်နဲ့သိုးသားကျောက်ကပ်ဟင်း၊ သိုးသားကျောက်ကပ်ကင်၊ ကြက်သွန်ဖြူ​ပါးပါးလေးဖြူးထားတဲ့Gojiသီးနှင့်သိုးသား​ကျောက်ကပ်ချက်ကိုမှာထားတယ်။

.

...သူခန္ဓာကိုယ်တွင်းအပူချိန်လွန်ကဲသွားမှာ မကြောက်ဘူးလား?!

.

သိုးသား​ကျောက်ကပ်က ကျောက်ကပ်ကိုအားကောင်းစေတယ်ဆိုတဲ့ ရိုးရာအယူတွေကိုကျွန်တော်လည်းသိပါတယ်၊ ဒါပေမယ့် စိတ်ရှည်ရှည်မထားတာတော့မကောင်းဘူးလေ။


​ပြောရရင် သူစိတ်လှုံခြုံမှုခံစားရအောင်ကျွန်တော်လုပ်မပေးလိုက်နိုင်ဘူးဗျာ။

ဒါတွေအားလုံးကျွန်တော့်အပြစ်တွေပါ။

ဒီအကြောင်းတွေတွေးမိပြီး ကျွန်တော်လည်း ဘာဆက်လုပ်ရမှန်းမသိတာနဲ့  သူ့ပုခုံးကိုပုတ်လိုက်ပြီးသူ့ကိုပြောလိုက်တယ် : ကိုယ်မင်းနဲ့ လမ်းမခွဲဘူး။

သူအရမ်းခံစားသွားရတယ်ထင်တယ်၊ သူမျက်ရည်လေးတွေတောင်ဝိုင်းနေတာဗျာ။

သနားစရာကလေးလေး..။

ကျွန်တော် နောက်ဘယ်တော့မှ သူ့အပေါ်ဒေါသမထွက်တော့ဘူး။
© Nancy N,
книга «ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန်».
Коментарі