1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
Side Story 1
Side Story 2
Side Story 3
Side Story 4
Side Story 5
Side Story 6
Side Story 7
Side Story 8
Side Story 9
Side Story 10
Side Story 11
Side Story 12
Side Story 13
Side Story 14
Side Story Final
53
4.

တကယ်တော့ ဒီအချိန်ထိ သည်းခံလာရတာ မလွယ်ဘူးဗျ။


တစ်ခါတလေ ကျွန်တော်သူ့ကိုနှိုးပြီး ဇွတ်အတင်းလုပ်ပစ်လိုက်ချင်တယ်၊ ဒါပေမယ့် အဲ့ဒီအချိန်ဆို ကျွန်တော် ဒီနှစ်တွေမှာလေ့လာသင်ယူခဲ့ရတဲ့ ပြစ်မှုဆိုင်ရာဥပဒေစာအုပ်အထူကြီးထဲက အကြောင်းအရာတွေက ခေါင်းထဲရောက်လာတာဗျ။

ပြီးတော့ သူလည်းအရမ်းပင်ပန်းနေတယ်၊ သူ့ကို အေးအေးဆေးဆေးအနားယူခိုင်းတာပဲကောင်းပါတယ်လေ။


သူဆန္ဒမရှိမှတော့ ထားလိုက်ပါတော့။


ကျွန်တော်သည်းခံရမယ်။


အဲ့ဒီအချိန်တုန်းက သူ့ကို စ,ပြီးအီစီကလီလုပ်မိတဲ့ ကျွန်တော့်ကိုကျွန်တော်သာ အပြစ်တင်နေလိုက်တယ်။

.

အဲ့ဒါက ဒီလိုဖြစ်ခဲ့တာဗျ၊ သူလည်းအဲ့ဒီအကြောင်းကိုအခုထိမသိလောက်သေးဘူးထင်တယ်။


အဒီအချိန်တုန်းက ကွာရှင်းချင်နေတဲ့ကျွန်တော့် အမှုသည်တစ်ဦးက ဖောက်ပြန်နေတဲ့သူမယောကျာ်းကို စုံစမ်းခိုင်းဖို့ စုံထောက်တစ်ဦးကို ရှာတွေ့ခဲ့တယ်။ ပြီးတော့ အဲ့ဒီစုံထောက်ကို အချက်အလက်တွေကျွန်တော့်ဆီ လာပို့ခိုင်းခဲ့တယ်။


ဟုတ်ပါတယ်။ သူမရဲ့စုံထောက်ဆိုတာ ကျွန်တော့်လက်ရှိချစ်သူပါပဲ။


ကျွန်တော်တို့စတွေ့တဲ့အချိန်တုန်းကFirst impressionလေးက ...အတော်လေးကောင်းတယ်ဗျ။ သူက အနည်းငယ်ဖိုသီဖတ်သီဖြစ်နေပြီး အချိန်အကြာကြီး နောက်ယောင်ခံလိုက်ထားရတဲ့အတွက် အိပ်ရေးမဝတဲ့ပုံပေါက်နေတယ်။ သူ့ရဲ့ရှေ့ဆံပင်လေးတွေထောင်နေတာက မမျှော်လင့်ပဲ ချစ်စရာလေးဖြစ်နေတယ်။ အခုစဥ်းစားကြည့်တော့မှ ကျွန်တော်သူ့ကိုမြင်မြင်ချင်းချစ်မိသွားတာပဲဗျ။

အဲ့ဒီနောက်ပိုင်းဖြစ်ခဲ့တာတွေကတော့ အတော်လေးရိုးရှင်းပါတယ်။

ကျွန်တော့်အမှုသည်ဆီကနေ သူ့ရဲ့ဆက်သွယ်လို့ရမယ့်လိပ်စာကိုရခဲ့ပြီး ကျွန်တော့်ရဲ့နောက်အမှုသည်တစ်ယောက်ဆီ သူ့ကို ထောက်ခံပေးလိုက်တာ။


တတိယအကြိမ်ဆုံတဲ့အခါမှာ​တော့ သူလည်းနောက်ဆုံးမနေနိုင်တော့ပဲ ကျွန်တော့်ကို ဒီလိုကွာရှင်းတဲ့အမှုတွေပဲကိုင်တာလားလို့ မေးခဲ့တယ်။


နောက်ဆုံးမှာကျွန်တော့်ဖုန်းနံပတ်ကိုသူ့ကိုပေးဖို့သင့်လျော်တဲ့အကြောင်းပြချက်ရသွားတယ်လေ၊ ဒါမှ သူအားတဲ့အချိန်မှာ ကျွန်တော့်ဆီဖုန်းခေါ်နိုင်မှာပေါ့။


လိပ်စာကဒ်ပေးပြီးကာမှ ကျွန်တော်လည်း သူ့ရဲ့လိင်စိတ်ခံယူချက်နဲ့ သူကတစ်ကိုယ်တည်းသမားဟုတ်မဟုတ်မသိရသေးဘူးဆိုတာ ရုတ်တရက်သတိရလိုက်တယ်။


သူကလက်ထပ်ပြီးတာ ဒါမှမဟုတ် အဖြောင့်တစ်ယောက်ဖြစ်ပြီးကောင်မလေးရှိနေတာဆိုရင် ဒါဟာတော်တော်လေးကြောင်တောင်တောင်ဖြစ်နေမှာ။


.

သူလိပ်စာကတ်ကို အကြာကြီးစိုက်ကြည့်နေပြီးမှ ခေါင်းမော့လာကာ ခနတွေဝေနေပြီး သူ့မှာကွာရှင်းစရာအမှုကိစ္စမရှိဘူးလို့ပြောလိုက်တယ်။


ကျွန်တော်လည်းခနတုံဆိုင်းသွားတယ်၊ ဘာပဲဖြစ်ဖြစ်ဒီအခြေအနေထိရောက်ပြီးမှတော့ ခေါင်းကြောပြီးရှေ့ဆက်ရတော့မှာပဲလေ၊ ကျွန်တော်လည်း မင်းမှာအမှုကိစ္စမရှိလည်း ကိုယ့်ဆီဖုန်းခေါ်လို့ရတယ်လို့ပြောလိုက်တယ်။

. 

ဒီအလောင်းအစားမှာ ကျွန်တော်နိုင်သွားတယ်။


သူက တစ်ကိုယ်တည်းသမား ဂေးတစ်ယောက်ပြီးတော့ ကျွန်တော့်ကိုလည်းသဘောကျပုံပေါ်တယ်။


နှစ်ပတ်အကြာမှာတော့ ကျွန်တော်တို့နှစ်ယောက် ပန်းခြံထဲမှာပထမဆုံးချိန်းတွေ့ကြပြီး လက်ချင်းတွဲယှက်ကာပွေ့ဖက်နမ်းရှုံကြတယ်။ ကျွန်တော်တို့ရဲ့ အဆင့်တက်တဲ့နှုန်းထားက မှန်းဆထားတဲ့အတိုင်းပဲ။

အဲ့ဒီနောက်မှာတော့ ကျွန်တော်တို့ အနမ်းမပေးကြတော့ဘူး၊ နာရီလက်တံရုတ်တရက်ရပ်သွားသလို ကကျိုးကကြောင်အနေအထားမှာတန့်နေပြီး ရှေ့ဆက်မတိုးပဲဖြစ်နေခဲ့တယ်။ ကျွန်တော်အရင်ကထင်ခဲ့တာ ကျွန်တော်တို့အတူနေပြီးရင် ရှေ့ဆက်တိုးတက်မယ်လို့ပေါ့ဗျာ...


ဟီးဟီး


မနူးမနပ်အရွယ်လေးမို့ပါဗျာ။
© Nancy N,
книга «ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန်».
Коментарі