1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
Side Story 1
Side Story 2
Side Story 3
Side Story 4
Side Story 5
Side Story 6
Side Story 7
Side Story 8
Side Story 9
Side Story 10
Side Story 11
Side Story 12
Side Story 13
Side Story 14
Side Story Final
56
7.

သူတကယ်ကြီး ခွေးတစ်ကောင်နဲ့အိမ်ပြန်လာတာဗျ။

ခွေးလေးက ညစ်ပတ်ပေရေခြေကျိုးနေပြီး အမွှေးတစ်ဝက်လောက်ကလည်းကျွတ်နေတယ်၊ ကျွန်တော်မနေ့ညကမှ ကြမ်းတိုက်ထားတဲ့ ကြမ်းခင်းပေါ်ကိုလည်း အစွန်းအထင်းတွေပေအောင်လုပ်ထားတယ်။

အရမ်းကောင်းတယ်။

အမှန်အတိုင်းပြောရရင် ကျွန်တော်ခွေးတွေကိုမုန်းလည်းမမုန်းဘူး ညစ်ပတ်နေတဲ့ခွေးကိုအိမ်ခေါ်တင်လာတဲ့အတွက်လည်း မကျေနပ်တာမျိုးမရှိဘူး။

ဒါပေမယ့် ကျွန်တော် ဒေါသထွက်တယ်ဗျာ။

သူတကယ်ကြီး ရေစိုနေတဲ့ခွေးလေးရေချိုးခန်းထဲပတ်ပြေးနေတာကိုလွှတ်ထားတာဗျ။ သူပြောင်အောင်ရေချိုးမပေးနိုင်တာကထားပါ ဒါပေမယ့် သူ့ကိုယ်ပေါ်မှာလည်း အနံ့တွေစွဲကုန်တယ်ဗျာ။

ကျွန်တော်သူ့ကို အပြင်ကိုမောင်းထုတ်ပြီး ကားရေဆေးခိုင်းထားရင်း ခွေးလေးကို ရေချိုးခန်းထဲပြန်မ,လာခဲ့တယ်။


ကျွန်တော်နားမလည်တော့ဘူး၊ ဘာလို့ ဒီခွေးလေးက ရေချိုးပေးတာလေးကို ဒီလောက်တောင် အသည်းအသန်ငြင်းဆန်နေရတာလဲ၊ ကျွန်တော်သူ့ကိုလိင်ပိုင်းဆိုင်ရာစော်ကားဖို့ကြိုးစားနေတာလည်းမဟုတ်ပဲနဲ့ဗျာ?! (TN; Nancy - အတွဲကြား ရေနှစ်ခါချိုးပေးတာခံလိုက်ရတဲ့ခွေးလေးပဲသနားတယ်)

ကျွန်တော်ခွေးကိုရေချိုးပေးပြီး ကြမ်းလည်းတိုက်ပြီးတဲ့အချိန်မှာ သူပြန်ရောက်လာတယ်။

ကျွန်တော်အကြံကုန်ဉာဏ်ကုန်ထုတ်လိုက်ပြီး ရုတ်တရက် အိုင်ဒီယာတစ်ခုရလိုက်တယ်။

ရေချိုးပေးရမယ်! သိပ်ကောင်းတဲ့အခွင့်အရေး!

ကျွန်တော် သူရေ​သေချာပြောင်အောင်မချိုးနိုင်လို့ကူပြီးချိုးပေးမယ်လို့ပြောမယ်လေ! ဟိုနားကိုနှိပ်ရင်း ဒီနားကိုစမ်းရင်း ပွတ်သပ်ပေးလိုက်ရင် ထိန်းချုပ်လို့မရနိုင်တဲ့အရာတစ်ခုခုဖြစ်လာနိုင်တယ်မဟုတ်လား။

.

အရမ်းတွေစိတ်လှုပ်ရှားနေတဲ့ကျွန်တော် သူ့ကိုရေချိုးခန်းထဲဆွဲသွင်းလိုက်တယ်။

အရမ်းတွေစိတ်လှုပ်ရှားနေတဲ့ကျွန်တော် သူ့အဝတ်တွေကိုဆွဲချွတ်ပစ်လိုက်တယ်။

ဒီအခြေအနေကြီးက ဟိုအချစ်ကားတွေထဲက ဇာတ်ဝင်ခန်းနဲ့တော်တော်လေးတူနေတယ်။

တွေးကြည့်တာနဲ့ ပိုပြီးစိတ်လှုပ်ရှားလာတယ်!

. 



.

အဲ့ဒီနောက်သူအိပ်ပျော်သွားတာဗျ။

ရေပူဖြည့်နေတုန်းမှာ သူအိပ်ပျော်သွားတာ။

ဖာခ့်..။


သူဘာလို့နေရာမရွေးအိပ်နိုင်ရတာလဲ?!
© Nancy N,
книга «ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန်».
Коментарі