1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
Side Story 1
Side Story 2
Side Story 3
Side Story 4
Side Story 5
Side Story 6
Side Story 7
Side Story 8
Side Story 9
Side Story 10
Side Story 11
Side Story 12
Side Story 13
Side Story 14
Side Story Final
4
4.

ပြောဖို့မေ့နေတာတစ်ခုရှိသေးတယ်။ အဲ့ဒီမနက်ခင်းအနမ်းလေးဆိုတာ နှဖူးကိုနော်။ အဲ့ဒါလည်း သွားမတိုက်ရသေးလို့နေမှာပါလေ။ ပြီးတော့ ညအိမ်ရာဝင်အနမ်းဆိုတာ တခါတလေမှ။ ဘာလို့လည်းဆိုတော့ တစ်ယောက်မဟုတ်တစ်ယောက်က အမြဲလိုလို ညဆိုင်းဆင်းရတာကိုး။

အဲ့လိုအနမ်းမျိုးဆိုတာ ဘယ်လိုဆန္ဒမျိုးကိုမှ ဖြစ်မလာစေဘူးလေ။

ဒါပေမယ့် သူက အီစီကလီလုပ်တဲ့နေရာမှာတော့ ကျွမ်းတယ်ဗျ။ သူကအပြောချိုတယ်၊ သူ့တီတီတာတာလေးများကြားလိုက်ရရင် ကျွန်တော့်မှာ သူ့ကိုခုန်အုပ်ချင်တော့တာပဲ။

ဟုတ်ပါတယ်..ပြီးရင် ဘာမှ ဆက်မဖြစ်ပါဘူး။

ကျွန်တော်ထင်တာတော့ သူက လိင်မှုကိစ္စမှာစိတ်ဝင်စားမှုအားနည်းတာဖြစ်နိုင်တယ်။ ၇၀ရာခိုင်နှုန်းလောက်ပေါ့။

ကျန်တဲ့ ၃၀ရာခိုင်နှုန်းကတော့ မစွမ်းဆောင် နိုင်တာကြောင့်များလား။ ကျွန်တော်လည်း တကယ်မသိတော့ပါဘူးဗျာ။

ကျွန်တော်မှ သူဘောင်းဘီချွတ်တာ မမြင်ဖူးတာ။

မနက်ခင်းမှာ မတွေ့ဘူးလားလို့ လာမမေးနဲ့။ ပြောထားတယ်လေ၊ ကျွန်တော်တို့


ခန်း
ခွဲ
အိပ်
တယ်။


ဟီးဟီး

.

သေချာတာတစ်ခုကတော့ သူကျွန်တော့်အပေါ် လုံးဝသစ္စာဖောက်မှာမဟုတ်ဖူး ဆိုတာပဲ။

ကျွန်တော့်အလုပ်က ဘာလဲသိတယ်မို့လား။ လုပ်ရဲရင်လုပ်ကြည့်လိုက်ပေါ့။ သူဘယ်လိုဖောက်ပြန်လည်းဆိုတာ နည်းလမ်းတစ်ရာလောက်သုံးပြီး ရှာပြလိုက်မယ်။

.

ဒီလို ထုတ်ပြောဖို့ရှက်စရာကောင်းတဲ့ ပြသနာလေးရှိတာကလွဲရင် ကျွန်တော့်ချစ်သူက လုံးဝစင်းလုံးချောဗျ။

ရုပ်ချော၊ အပြောကောင်း၊ အချက်အပြုတ်တော်ပြီး၊ တယောလည်းတီးတတ်တယ်ဗျ။

ဒါပေမယ့် ကျွန်တော် ခွေးလိုရုန်းကန်အလုပ်လုပ်ပြီး ပြန်လာတဲ့အချိန်မှာတော့ သူ့တယောသံ နားမထောင်ချင်ဘူးပေါ့ဗျာ။ အဲ့ဒါ သားချော့တေးလိုပဲ၊ တစ်ခါလေးတယောထိုးလိုက်တာနဲ့တင် ကျွန်တော် အိပ်ပျော်သွားလိမ့်မယ်။ အဲ့လိုအချိန်မှာ အိပ်ရာပေါ်ကကိစ္စတွေ​ပြောတာမှ တက်တက်ကြွကြွရှိလိမ့်အုံးမယ်။

.

ဒါပေမယ့်လည်း သူ ကျွန်တော်ဘယ်လိုခံစားနေရလဲဆိုတာ နားမလည်လောက်ပါဘူး။
© Nancy N,
книга «ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန်».
Коментарі