1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
Side Story 1
Side Story 2
Side Story 3
Side Story 4
Side Story 5
Side Story 6
Side Story 7
Side Story 8
Side Story 9
Side Story 10
Side Story 11
Side Story 12
Side Story 13
Side Story 14
Side Story Final
66

17.

ရုတ်တရက် ဒါကြီးကတော်တော်လေးရယ်စရာကောင်းတယ်လို့ခံစားလိုက်ရတယ်။


ကျွန်တော်အခုနားလည်သွားပြီ သူက cross-dresserမှမဟုတ်တာ၊ သူကျွန်တော့်ကိုနောက်ယောင်ခံလိုက်နေတာပဲ၊ ကျွန်တော်သူ့ကိုမှတ်မိသွားမှာစိုးတဲ့အတွက် သူအဲ့ဒီလိုမျိုးဝတ်စားထားတာ။


.

သူအလန့်တကြားပြေးလာပြီး ကျွန်တော်ရှေ့ရပ်လိုက်ကာ အမောတကောနဲ့ဖြေရှင်းပြချင်နေပုံရတယ်။


အဲ့ဒီအချိန်မှာပဲဒေါသတွေလည်းပျောက်သွားပြီး ကျွန်တော်ရုတ်တရက် သူကအရမ်းသနားစရာကောင်းတယ်လို့ခံစားလိုက်ရတယ်။


သူအရင်ကဒီလိုမျိုးမှမဟုတ်တာ။


သူကျွန်တော့်အပေါ်အမြဲယုံကြည်မှုရှိပြီး ဒီလိုမူမမှန်တဲ့အပြုအမူမျိုး သူလုံးဝလုပ်မှာမဟုတ်ဘူးဗျ။


. 

အခုဘယ်လောက်တောင် သူ့စိတ်ထဲလုံခြုံမှုမရှိလို့ ကျွန်တော့်ကိုနောက်ယောင်ခံလိုက်ဖို့ထိဖြစ်သွားတာလဲ?


. 

ကျွန်တော်သူ့ကိုအပြစ်မတင်ရက်ဘူးဗျာ။


ကျွန်တော်အခုရက်ပိုင်းအလုပ်ရှုပ်နေလို့သူနဲ့လည်းစကားမပြောဖြစ်ဘူး၊ သူ့ကိုခွေးလေးနဲ့ပဲပစ်ထားမိပြီး ကျွန်တော်အိမ်အတွက်အချိန်မပေးမိဘူး။


သူရဲ့ ချို့ယွင်းချက်ကြောင့်တော်တော်လေးစိတ်အားငယ်နေတဲ့အ​ချိန်မှာ ကျွန်တော်ဒီလိုမျိုးသူ့ကိုတစ်ယောက်တည်းအထီးကျန်စေမိတယ်ဗျာ။


ဒါတွေအကုန်ကျွန်တော့်အမှားတွေပါ။


ဒါပေမယ့် ကျွန်တော်သူ့ကိုဒီလိုအခြေအမြစ်မရှိတဲ့ပူပန်မှုတွေပြေပျောက်သွားအောင်ဘယ်လို​ဖျောင်းဖျပေးရမလဲမသိဘူး။


ကျွန်တော်အိမ်ထဲမှာနည်းနည်းလောက် ပတ်လျှောက်နေလိုက်တယ်။


သိပြီ..၊ လူနှစ်ဦးကြားမှာဖြစ်ပေါ်တဲ့ပြသနာဆိုတာ ကွေ့ဝိုက်မနေပဲမျက်နှာချင်းဆိုင်​ဒဲ့ရှင်းသင့်တယ်။


အဲ့ဒါနဲ့ကျွန်တော်လည်းသူ့ကိုမေးလိုက်တယ် : မင်း ကိုယ်မင်းအပေါ်ဖောက်ပြန်မှာကို စိုးရိမ်နေတာလား?


သူအရမ်းကိုပြာယာခတ်သွားတယ်။

ကျွန်တော်အခုတော့နားလည်သွားပြီ။


ကျွန်တော်ထင်နေတဲ့အတိုင်းပဲ။


ဒီအရူးလေးဟာလေ တကယ်ပဲ ကျွန်တော်သူ့ကိုစွန့်ပစ်မယ်လို့စိုးရိမ်နေတာလား?


ကျွန်တော်နဲ့ ဘော့စ်ရဲ့ပတ်သတ်မှုကိုရှင်းပြလိုက်တော့ သူအရမ်းကိုအံ့အားသင့်သွားပုံရတယ်ဗျ။


သူတစ်ခါမှဒီလိုမတွေးမိဘူးလား? ကျွန်တော်ချစ်ရတာ သူဆိုတဲ့လူပဲလေ တခြားဘယ်အရာမှမပါဘူး။

.  

သူ့ ရဲ့မျက်နှာအမူအရာကနည်းနည်းထူးဆန်းတဲ့ပုံပေါက်နေပေမယ့် ဘာပဲဖြစ်ဖြစ် သူထပ်ပြီးစိတ်မပူတော့တဲ့ပုံပဲဗျ၊ သူစိတ်မပူရင်ပြီးတာပါပဲဗျာ၊ သူကျွန်တော့်ကိုခေါင်းလေးတဆတ်ဆတ်ငြိမ့်ပြတယ်။ ကျွန်တော်စဥ်းစားလိုက်ပြီး ကျွန်တော်တို့မနက်ဖြန်မနက် ဆေးရုံသွားရအောင်လို့သူ့ကိုပြောလိုက်တယ်။


ကျွန်တော်ဆိုရင်လေ အရင်ကတည်းကဒီကိစ္စကိုဒေါသထွက်မိမှာ၊ ပြောပြလို့မရအောင်စိတ်ရှုပ်နေပြီး ဆေးရုံသွားဖို့ကိုလည်းသေချာပေါက်တည်တည်ငြိမ်ငြိမ်နဲ့သဘောတူမှာမဟုတ်ဘူးဗျ။


သူက အနည်းငယ်စိတ်လှုပ်ရှားနေတဲ့ပုံနဲ့ခေါင်းကိုအဆတ်မပြတ်ငြိမ့်နေခဲ့တယ်။

.

သူကအရမ်းပဲ ချစ်စရာကောင်းလိုက်တာ။


ကျွန်တော်သူ့ကိုမချစ်ပဲဘယ်လိုလုပ်နေနိုင်မှာလဲဗျာ။
© Nancy N,
книга «ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန်».
Коментарі