1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
Side Story 1
Side Story 2
Side Story 3
Side Story 4
Side Story 5
Side Story 6
Side Story 7
Side Story 8
Side Story 9
Side Story 10
Side Story 11
Side Story 12
Side Story 13
Side Story 14
Side Story Final
3
3.

ကျွန်တော့်အလုပ်ချိန်က မမှန်ဘူးဗျ။ ခင်များတို့ ဘာလို့ ကျွန်တော့်ကို ပြောဖို့မသင့်တဲ့ အလုပ်မျိုးလုပ်နေတယ်လို့ ထင်နေတာတုန်း။

ကျွန်တော်က အလွတ်စုံထောက်။ ကျွန်တော့် ချစ်သူက ရှေ့နေဗျ။

ကျွန်တော့်ဝင်ငွေကတော့ အတည်တကျမရှိဘူး။ ကျွန်တော်လက်ခံတဲ့အလုပ်က တစ်ဖက်သူအပေါ်မူတည်တယ်။ လူတွေကို သမရိုးကျစုံစမ်းစစ်ဆေးတာကလွဲလို့ တခြားဘယ်လိုအလုပ်တွေလုပ်တယ်ဆိုတာ ခင်ဗျားတို့တွေ ခန့်မှန်းနိုင်မှာတောင်မဟုတ်ဘူး။

ကျွန်တော်လေ တချို့အမှုသည်တွေက သူ့တို့ဦးနှောက်အလွှာတွေကို တိုက်ချွတ်ထားသလားလို့တောင် ထင်မိတယ်။

ဥပမာတစ်ခုပြောပြမယ်။

ကျွန်တော် တစ်ခါက သံသယရှိသူတစ်ဦးကို ရှာရတယ်၊ ပြီးတော့ တစ်ပတ်လောက် အိမ်လည်းမပြန်ရ ရေလည်းမချိုးရနဲ့ တော်တော်လေးပင်ပန်းခဲ့ရတာပေါ့ဗျာ။ နောက်ဆုံးတော့ ကျွန်တော့်အမှုသည်ကပြောတယ်၊ သူဝတ္ထုရေးနေရင်း အကြံကုန်သွားလို့ ဇာတ်လမ်းဆင်တာပါတဲ့။

မိုးမေလင်းလိုက်...

ဒါပေမယ့်လည်း သူကလစာပေးတယ်လေ။ ပိုက်ဆံပေးရင် ဘယ်သူမဆို ဘုရားသခင်ပဲပေါ့ဗျာ။

ယှဥ်ပြောရရင် ကျွန်တော့်ချစ်သူက ဝင်ငွေအတည်တကျရှိတယ်။ သူအရင်က ခက်ခဲရုန်းကန်ခဲ့ရပေမယ့် အခုထိတောင် အလုပ်ကြိုးစားတုန်း။ ကျွန်တော်တခါက သူ့သူငယ်ချင်းနဲ့ ဆုံဖူးတယ်၊ ဒါတွေကအဲ့ဒီလူပြောပြတာတွေလေ။ ပြီးတော့ ကျွန်တော် နားမလည်နိုင်တာက သူ ဘာလို့အမှုတွေအများကြီး လက်ခံတာလဲပေါ့။ ကျွန်တော်တို့ နှစ်ယောက်ဝင်ငွေပေါင်းလိုက်ရင်  သုံးဖို့တင်မကဘူး ပိုတောင်ပိုလျှံနေသေးတယ်။

မနက်ဆို သေလောက်အောင်အလုပ်ကြိုးစားနေကြမှတော့ ညမှာ ပြင်းပြတဲ့ကိစ္စလေးတွေလုပ်ဖို့ ဘယ်လိုလုပ်အားရှိပါတော့မလဲ။

အတူနေလာတာ တစ်နှစ်လောက်ရှိတာတောင် ဘာလို့များ ဘာမှမဖြစ်သလဲဆိုတာ ကျွန်တော် တကယ်ပဲ နားမလည်တော့ဘူးဗျာ။
© Nancy N,
книга «ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန်».
Коментарі