1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
Side Story 1
Side Story 2
Side Story 3
Side Story 4
Side Story 5
Side Story 6
Side Story 7
Side Story 8
Side Story 9
Side Story 10
Side Story 11
Side Story 12
Side Story 13
Side Story 14
Side Story Final
44
44.

ကျွန်တော့်ချစ်သူဒီလိုပုံစံကြီးနဲ့ဆိုတော့ ကျွန်တော်လည်း တစ်မျိုးကြီးခံစားရတယ်ဗျ။

မင်းတို့လည်းသိမှာပါ အချိန်အကြာကြီး စောင့်ထိန်းလာတဲ့သူတွေက နည်းနည်းလောက်လှုံ့ဆော်လိုက်တာနဲ့ လွယ်လွယ်ကူကူစိတ်ကြွလာတတ်ကြတယ်ဗျ။


ကျွန်တော်ဒီလိုဖြစ်လို့မဖြစ်ဘူး၊ အထူးသဖြင့် ရုပ်ပိုင်းဆိုင်ရာချို့ယွင်းမှုရှိတဲ့ ကျွန်တော့်ချစ်သူရှေ့မှာပိုလို့တောင်မဖြစ်သင့်ဘူး၊ သူ့ရဲ့ဖန်သားနုနုနှလုံးသားလေးထိခိုက်သွားလိမ့်မယ်၊ သူစိတ်ကျရောဂါရပြီး၊ အကြီးအကျယ်စိတ်ထိခိုက်သွားပြီး၊ ကိုယ့်ကိုကိုယ်ယုံကြည်မှု​ပျောက်ဆုံးပြီး၊ သူဘယ်တော့မှ ပြန်လည်လန်းဆန်းတက်ကြွမလာနိုင်တော့ဘူးဖြစ်သွားလိမ့်မယ်။


ချစ်သူ : ဒီတစ်ခါရော မင်းခေါင်းထဲဘာတွေတွေးနေတာလဲ?


ကျွန်တော် : ငါမတွေးပါဘူး...


ဘယ်လိုလုပ်အမှန်အတိုင်းပြောနိုင်မှာလဲဟ!


သူ့ကိုသာအမှန်အတိုင်းပြောလိုက်ရင်သူပိုပြီး စိတ်ဓာတ်ကျသွားမှာပေါ့ဗျာ!

. 
ချစ်သူ : ကောင်းတယ်၊ မင်းက မစွမ်းဆောင်နိုင်တာမဟုတ်ဘူးပဲ။


သေချာပေါက် မဟုတ်ဖူးပေါ့ဟ!!!

မင်းအဲ့ဒါဘာကိုဆိုလိုတာလဲ! ငါစိတ်တိုလာပြီနော်!


အဲ့ဒီနောက် ကျွန်တော်ချစ်သူပြောလိုက်တယ် : မင်းက ကိုယ့်မှာပြသနာရှိနေတယ်လို့ ထင်နေတာမို့လား?


မင်းမှာပြသနာရှိနေတာမဟုတ်ဘူးလား?!


ကျွန်တော့်ချစ်သူ အေးစက်စက်ပြုံးလိုက်ကာ : မင်းတကယ်ပဲ ကိုယ့်မှာပြသနာရှိတယ်လို့ထင်နေတာပဲ။


ကျွန်တော့်ချစ်သူ ဒီနေ့ထူးဆန်းနေတယ်လို့ခံစားနေရတယ် ဘယ်လိုလုပ်ရမလဲ၊ သူမနက်က အစားများမှားလာတာလား? သိမ်မွေ့ပြီး နှစ်လိုဖွယ်ကောင်းပြီး အရာရာပြည့်စုံတဲ့ မနေ့ကကျွန်တော့်ချစ်သူလေး မဟုတ်တော့ဘူး?

.

...ခနနေပါအုံး။

တစ်ခုခုတော့ ဖြစ်နေပြီဗျ။

ကားထဲကနေရာက အရမ်းကိုကျဥ်းပြီး ကျွန်တော့်ချစ်သူက ကျွန်တော့်ကိုတက်ဖိထားတယ်၊ သူ့တစ်ကိုယ်လုံးက ကျွန်တော့်အပေါ်ရောက်နေတယ်။


သူလည်း...ကြည့်ရတာ...ထကြွနေသလို...


ဒီတော့ ကျွန်တော့်ချစ်သူက...မစွမ်းဆောင်နိုင်တာလည်းမဟုတ်...လိင်စိတ်မရှိတာလည်းမဟုတ်ဘူးပေါ့...

.

ဝှက်သဖက်။


ဒီအရင်ကဟာတွေအကုန် အထင်လွဲနေတာတွေပေါ့? သေချာစဥ်းစားကြည့်တော့ ကျွန်တော့်ချစ်သူက သူ့မှပြသနာရှိပါတယ်လို့ တစ်ခါမှလည်းမပြောဖူးဘူး... ဒီနေ့ဆရာဝန်ဆီသွားပြမယ့်သူက သူပါလို့လည်းမပြောဖူးဘူး...


ဒါကြီးက သောက်ကျိုးနည်း ကကျိုးကကြောင်နိုင်လိုက်တာ။


လာမနှောင့်ယှက်နဲ့! ကျွန်တော် စိတ်ငြိမ်အောင်လုပ်ပါရစေအုံး၊ ငါလေးကိုစိတ်ငြိမ်ငြိမ်ထားခွင့်ပြုပါအုံးဟ!
© Nancy N,
книга «ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန်».
Коментарі