1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
Side Story 1
Side Story 2
Side Story 3
Side Story 4
Side Story 5
Side Story 6
Side Story 7
Side Story 8
Side Story 9
Side Story 10
Side Story 11
Side Story 12
Side Story 13
Side Story 14
Side Story Final
45
45.

ကျွန်တော်နားမလည်တော့ဘူးဗျာ။

သူ့မှာ ဘာအမှားအယွင်းမှမရှိရင်လည်း ဒီအတူနေလာတဲ့တစ်နှစ်ပတ်လုံး ဘာလို့ဘာမှမဖြစ်ကြတာလဲ!


ကျွန်တော်က သိပ်ပြီးဆွဲဆောင်မှုမရှိလို့လား? ကျွန်တော့်ချစ်သူကိုကြည့်ရတာတော့ သူအချိန်အကြာကြီး စောင့်ထိန်းမျိုသိပ်ထားခဲ့တဲ့ပုံပါပဲ?!


ကျွန်တော့်ချစ်သူက လျှို့ဝှက်ဘာသာရေးအဖွဲ့အစည်းတစ်ခုရဲ့ ကိုးကွယ်ယုံကြည်သူများလား? အချိန်တစ်ခုအထိ မေထုံမမှီဝဲပဲနေမယ်ဆိုရင် ထူးခြားတဲ့အစွမ်းတွေရလာပြီး သူ့ရဲ့အပေါင်းအပါတွေနဲ့အတူ ဂြိုလ်တစ်ခုကိုသွားကယ်မလို့များလား?


မဟုတ်သေးဘူး.. ထပ်ပြီး မဟုတ်ကဟုတ်ကတွေစိတ်ကူးယဥ်နေလို့မဖြစ်ဘူး။


ကျွန်တော်သာ ဆက်ပြီးတွေးနေမယ်ဆိုရင် ကျွန်တော့်ချစ်သူက ဂြိုလ်သားအဖြစ်ပြောင်းသွားပြီး ဒီနဂါးငွေ့တန်းကိုစွန့်ခွာလို့ သူ့မွေးရပ်ဂြိုလ်ကို ပြန်သွားတော့မယ်လို့ ထင်မိကုန်တော့မှာ။

.

ကျွန်တော့်ချစ်သူ အေးစက်စွာပြုံးလိုက်ရင်း : မင်းက ကိုယ့်ကို မစွမ်းဆောင်နိုင်ဘူးလို့ထင်နေတာမဟုတ်လား?


ကျွန်တော်ကိုယ့်ကိုကိုယ်ကာကွယ်ဖို့လိုတယ် : မဟုတ်ဘူး၊ အဲ့ဒါ နားလည်မှုလွဲသွားတာ။


ဒါပေမယ့်လည်း ကျွန်တော့်ချစ်သူက ကျွန်တော်ဖြေရှင်းတာကိုလုံးဝနားမထောင်ပဲ အဲ့ဒီမေးခွန်းကိုပဲပြန်မေးနေတယ်ဗျာ။


သူကျွန်တော့်လက်ကိုဆွဲ သူ့ခြေထောက်ကြားကအဝတ်ပေါ်တင်လိုက်ပြီးညင်သာစွာပွတ်သပ်စေလိုက်တယ်၊ တိုးညှင်းပြီးမြန်ဆန်နေတဲ့အသက်ရှုသံတွေနဲ့အတူ မီးပူတိုက်ထားတဲ့ အနောက်တိုင်းဘောင်းဘီအောက်က သူ့ရဲ့မာနေတဲ့ အစိတ်အပိုင်းကြောင့် ကျွန်တော့်အမြင်အာရုံသာမကအကြားအာရုံကပါ ရင်ခုန်သံတွေမြန်လာအောင်ပြုစားနေသလိုပဲ။

.

ချစ်သူ : ကိုယ်က မထောင်နိုင်ဘူးပေါ့?

ကျွန်တော် : ...သေချာပေါက် နားလည်မှုလွဲတာပါ!

.

သူဘာလို့ဒီမေးခွန်ကိုထပ်ခါတလဲလဲမေးနေရတာလဲ!

ဒီနားလည်မှုလွဲတဲ့အခြေအနေကြီးက ကကျိုးကကြောင်နိုင်နေပြီးသားလေဗျာ! ဒါကို ထပ်ခါတလဲလဲမေးနေတာပိုပြီးကကျိုးကကြောင်မနိုင်ဘူးလား!


ကျွန်တော် စကားလမ်းကြောင်းပြောင်းအောင်ဘယ်လိုလုပ်ရပါ့!


ပြီးတော့ သူငယ်ချင်းရေ ကျေးဇူးပြုပြီး လက်ကလေးကို လွှတ်ပေးပါအုံးကွာ!


ငါတို့ကအိမ်မှာမဟုတ်ဘူးကွ! အခုထိဆေးရုံကကားပါကင်မှာပဲရှိသေးတယ်! သိရဲ့လား!!!


ငါလည်း မင်းကိုဒီလိုမျိုးကိုယ်တွယ်ရတာလည်း သဘောကျပါတယ်! ဒါပေမယ့် ငါတို့အိမ်ပြန်ရောက်မှ အချင်းချင်းကိုင်ရအောင်လေ!!!

.

ချစ်သူကပြောလိုက်တယ် : မင်းကိုယ့်ကို နှိုးဆွပြီးတဲ့အခေါက်တိုင်းအခေါက်တိုင်း သောက်ကျိုးနည်း အိပ်ပျော်သွားတယ်လေ။ ကိုယ်ကမင်း မထောင်မတ်နိုင်တာ ဒါမှမဟုတ် အဲ့ဒီကိစ္စကိုစိတ်မပါတာလို့ထင်နေတာ!

အမ်?

...ငါကလား?

ချစ်သူ : ကိုယ်တို့အတူနေလာတာတစ်နှစ်ကျော်ပြီ၊ ရက်ပေါင်းလေးရာလောက်ရှိပြီ၊  မင်းအမြဲအဲ့အတိုင်းပဲလေ!

ငါဘာလို့မမှတ်မိရတာလဲ...

.

အခုထုတ်ပြောကာမှ အရာအားလုံးက နားလည်မှုလွဲနေကြတာပဲဆိုရင်... ရက်ပေါင်းလေးရာ! ငါတို့တွေ ဘယ်လောက်တောင် အခွင့်အရေးကောင်းတွေလွတ်သွားပြီလဲကွာ! ငါတို့ ရဲ့ငယ်ရွယ်နုပျိုတဲ့အချိန်တွေကိုဖြုန်းခဲ့မိတာပဲ! ရှေ့ဆက်မတိုးပဲအချိန်တွေကုန်ခဲ့တာ! ကုန်သွားတဲ့အချိန်တွေဆိုတာဘယ်တော့မှပြန်မရတော့ဘူး! ငယ်ရွယ်စဥ်ကပျင်းရိခြင်းတွေဟာ သက်ကြီးပိုင်းရဲ့ နောင်တတရားပဲ!ငါလေး ဘယ်လောက်တောင်မိုက်မဲရတာလဲကွာ!


ချစ်သူ : ကောင်းတယ် ကိုယ်တို့ ဆေးခန်းစရိတ်မကုန်တော့ဘူးပေါ့။


ဒါလင် မင်းပြောနေတာတွေကငါလိုက်လို့မမှီတဲ့နေရာတွေထိ ရောက်ကုန်ပြီ...


ချစ်သူ : အဲ့ဒီပိုက်ဆံနဲ့ တခြားဟာပဲဝယ်တော့မယ်။


အမ်? ဘာဝယ်ချင်တာလဲ?

ကျွန်တော့်ချစ်သူ အသာလေးပြုံးလိုက်ကာ : မှန်းကြည့်လေ။


သောက်ကျိုးနည်း! 'ငါဘာမမှန်းလဲမင်းမှန်း ငါဘာမှန်းလဲမင်းမှန်း'ဆိုတဲ့ဂိမ်းကစားချင်နေတာလား?


သူက စိတ်ပါချို့ယွင်းသွားတာလား? ဒီနေ့ကျွန်တော့်ချစ်သူတစ်ခုခုလွဲနေတယ်လို့ခံစားနေရတယ်ဗျ၊ သူ့စရိုက်တစ်ခုလုံး ထူးဆန်းနေသလိုပဲ!
.

ချစ်သူ : မင်းဒီအချိန်မှာတောင် လျှောက်တွေးနေတုန်းပဲလား?


လျှောက်တွေးတယ်? ငါကဘယ်လိုလုပ်လျှောက်ပြီးတွေးရမှာလဲ?


ချစ်သူ : ကိုယ်အခု ဘယ်လောက်တောင်ဒေါသထွက်နေလဲဆိုတာ မင်းသိရဲ့လား?


အမ် ငါကတော့ ကကျိုးကကြောင်နိုင်တာပဲသိတယ်...


ဒီလောက်အချိန်အကြာကြီး နားလည်မှုလွဲနေကြတာ ကျွန်တော့်ချစ်သူနည်းနည်းလေးမှ ကကျိုးကကြောင်နိုင်တယ်လို့မခံစားမိဘူးလား။


တခြားဘာခံစားရသေးလည်းလို့မေးရင် ...အမ်..အချိန်တွေအများကြီးဖြုန်းခဲ့မိတော့ နည်းနည်းတော့နောင်တရတာပေါ့။ ဒါပေမယ့် ဒေါသထွက်တာကတော့? ဘာလို့ဒေါသထွက်ရမှာလဲ?


.

ချစ်သူ : မင်းရဲ့ သောက်တလွဲရူးကြောင်ကြောင်အတွေးတွေမပြီးနိုင်တော့ဘူးလားဟ!!!
© Nancy N,
книга «ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန်».
Коментарі