1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
Side Story 1
Side Story 2
Side Story 3
Side Story 4
Side Story 5
Side Story 6
Side Story 7
Side Story 8
Side Story 9
Side Story 10
Side Story 11
Side Story 12
Side Story 13
Side Story 14
Side Story Final
31
31.

ရက်အတန်ကြာကျွန်တော် ကျွန်တော့်ချစ်သူရဲ့ဘောစ့်နောက်ကို လိုက်ခဲ့တယ်။


သူ့ရဲ့နေ့စဥ်အချိန်ဇယားက အိုဗာတိုင်ဆင်းတယ်၊ ညစာစားတယ်၊ အိမ်ပြန်တယ်၊ ဒါလောက်ပဲ။ ဖောက်ပြန်ဖို့နေနေသာသာ အတွင်းခံကြော်ငြာတွေထဲကလို ဘော်ဒီလှလှနဲ့ကောင်လေးတွေ လမ်းမေးရင်တောင် သူနှစ်ခေါက်ပြန်လှည့်ကြည့်တာမဟုတ်ဘူး!


ဒီတလော သူ ထူးထူးဆန်းဆန်းလုပ်တာဆိုလို့ ပန်းဆိုင်ကပန်းစည်းတစ်စည်းဝယ်ပြီး ကျွန်တော့်အမှုသည်ဆီပို့တာပဲ။


သူ့လို ကောင်းတဲ့ချစ်သူတစ်ယောက် နောက်ထပ်ဘယ်မှာများရှိလိမ့်မလဲ!


ကျွန်တော်တော့ ကျွန်တော့်အမှုသည်က အိမ်ထောင်ရေးဖောက်ပြန်တဲ့အချစ်ကားတွေကြည့်တာများပြီး လျှောက်ပြီးအတွေးလွန်နေတယ်လို့ထင်တာပဲ။

.

နောက်ဆုံးရက်မှာ ကျွန်တော်လည်း ရှာလို့ရသမျှအချက်အလက်တွေကို ကျွန်တော့်အမှုသည်ဆီ​ဖုန်းခေါ်ပြီးသတင်းပို့ခဲ့ပေမယ့် ကျွန်တော့်အမှုသည်က မယုံဖူးဗျ။


သူက အဲ့ဒီဘောစ့်နဲ့ရုံးကအဲ့ဒီရှေ့နေနဲ့ တွဲနေကြတယ်လို့ပဲယုံကြည်နေပြီး ကျွန်တော့်ကို အဲ့ဒီရှေ့နေနဲ့ ဘောစ့်နောက်ကို တပြိုင်တည်း နောက်ယောက်ခံလိုက်စေချင်နေတယ်။


ဒီအမှုသည် ငါ့ကိုလာကစားနေတာလား? လူနှစ်ယောက်ကို တစ်ချိန်တည်း ဘယ်လိုလုပ်နောက်ယောက်ခံလိုက်လို့ရမလဲဟ!


ငါလေး Shadow Clone Jutsuသုံးတာကြည့်ချင်လို့လား? (T/N- Narutoထဲကကိုယ်ပွားတဲ့နည်းပါ)

ကျွန်တော့်အမှုသည် ဖုန်းထဲကနေ အထက်စီးဆန်စွာပြောလိုက်တယ် : ဂရုမစိုက်ဘူး! မင်းအဲ့ဒီရှေ့နေနောက်လိုက်ရင်လိုက်၊ မလိုက်ရင်ပိုက်ဆံမရဘူး! ဟမ့်!

.

...ကောင်းပြီ။

.

ဒါမျိုးကဒွမ်မာကားတွေအကြည့်များတာထက်ကိုဆိုးသွားပြီ၊ ဒါကို ဦးနှောက်ဆဲလ်သေနေတယ်လို့ခေါ်တယ်ဟ။ သူဆေးခန်းပြေးသင့်နေပြီ။


ဒါပေမယ့် သူကပိုက်ဆံပေးတယ်ဆိုတော့ ဘုရားသခင်ပဲပေါ့ဗျာ။


ကျွန်တော့်ချစ်သူနောက်တော့ နောက်ယောက်ခံမလိုက်ပါဘူး၊ ဒါကြီးက နှာဘူးကျရာရောက်တယ်၊ ပြီးတော့ သူသိသွားရင်လည်း ဒေါသထွက်မှာပဲ။


အဲ့ဒါက အိမ်တွင်အကြမ်းဖက်မှုကိုဖြစ်စေမယ်၊ ပြီးရင် သူ့အပေါ်မှာယုံကြည်မှုမရှိဘူးဆိုပြီး ကျွန်တော်နဲ့လမ်းခွဲလိမ့်မယ်။


ကျွန်တော့်ချစ်သူအပေါ်မှာထားရှိတဲ့ အကြွင်းမဲ့ယုံကြည်မှုကြောင့် သူနဲ့သူ့ဘောစ့်ကြားမှာ ဘာကိစ္စမှရှိမှာမဟုတ်ဘူးဆိုတာသေချာတယ်။ နောက်ယောင်ခံတဲ့အပေါ်မှာ အချိန်ဖြုန်းမနေတော့ပဲအိမ်ကြမှပဲ ပုံမှန်လေး ဓာတ်ပုံနည်းနည်းလောက်ရိုက်ပြီး အမှုသည်ဆီပို့လိုက်တော့မယ်။


ကျွန်တော့်ချစ်သူ သူ့ပုံခိုးရိုက်တာသိသွားရင်လည်း သူ့မျက်နှာလေး သဘောကျလို့ရိုက်တယ်ပြောလိုက်ရုံပေါ့။


အဲ့ဒါဆို သူလည်းပွင့်ပွင့်လင်းလင်းရိုက်ခွင့်ပြုပေးမယ်။


အဆင်မပြေဘူးလား!
© Nancy N,
книга «ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန်».
Коментарі