1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
Side Story 1
Side Story 2
Side Story 3
Side Story 4
Side Story 5
Side Story 6
Side Story 7
Side Story 8
Side Story 9
Side Story 10
Side Story 11
Side Story 12
Side Story 13
Side Story 14
Side Story Final
41
41.

ဒီနေ့ဟာ ဆေးခန်းသွားဖို့ အလွန်သာယာတဲ့နေ့လေးတနေ့ပါ။


ကျွန်တော့်ချစ်သူကမနက်စောစောထပြီး မနက်စာပြင်ဆင်တယ်၊ မနက်စာစားကြပြီးတော့ ကျွန်တော်ကပန်းကန်ဆေးလိုက်တယ်။ ပြီးတော့ သူ့ကားထုတ်ပြီး ကျွန်တော်တို့အတူ တူ ဆေးခန်းကိုသွားကြတယ်။ ဒါပေမယ့် ဟိုကြောင်တောင်တောင်ကြော်ငြာတွေထဲက ဆေးခန်းတော့မဟုတ်ဘူးဗျ။ ကျွန်တော်ချစ်သူက မြို့ထဲက အကြီးဆုံးဆေးရုံကိုသွားလိုက်တယ်။


ကျွန်တော့်ချစ်သူက ဒီဆေးရုံကဆရာဝန်တစ်ယောက်က အထက်တန်းကျောင်းကသူ့ဂျူနီယာဖြစ်ပြီး သူနဲ့အတော်လေးခင်တယ်တဲ့အတွက် သူ့ဆီပဲသွားလိုက်မယ်လို့ပြောတယ်။


ကျွန်တော်သေချာစဥ်းစားကြည့်လိုက်တယ်။ ဒီလိုကိစ္စမျိုးဆိုတာ မသိတဲ့ဆရာဝန်နဲ့စာရင် သိတဲ့ဆရာဝန်နဲ့ဆို ပိုအဆင်မပြေဘူးလား။ အိုးတိုးအမ်းတမ်းဖြစ်မယ်ဆိုပေမယ့် ကျွန်တော့်ချစ်သူက ဆုံးဖြတ်ပြီးပြီဆိုတော့ ကျွန်တော်လည်းသူပြောတာနားထောင်လိုက်တာပဲကောင်းတယ်လေ။


ဆေးရုံမှာ စောင့်ရတဲ့လူတန်းကြီးကတော်တော်လေးရှည်တယ်ဗျ။ ကျွန်တော့်ချစ်သူနဲ့ကျွန်တော်လည်း အရင်က ဒီကိုတစ်ခါမှမလာဖူးတဲ့အတွက် မျက်မှန်နဲ့သူနာပြုအမျိုးသမီးက ကျွန်တော်တို့ကိုမှတ်ပုံတင်ကတ်ထုတ်ပေးဖို့ပြောတယ်ဗျ။

. 

ချစ်သူ : အင်း


ကျွန်တော် : အိုးး

. 

နာစ့် : မှတ်ပုံတင်လေးထုတ်ပေးပါ။


ကျွန်တော့်ချစ်သူ ကျွန်တော့်ဘက်လှည့်ကြည့်ရင်း : မှတ်ပုံတင်တဲ့။


ကျွန်တော်​ခေါင်းရှုပ်သွားကာ : မင်းမှတ်ပုံတင်မယူခဲ့ဘူးလား?


ချစ်သူ : ယူခဲ့တယ်လေ။


ကျွန်တော် : အဲ့ဒါဆိုလည်း ထုတ်ပေးလိုက်လေ။


ချစ်သူ : ကိုယ်ကဘာလို့ ကိုယ့်မှတ်ပုံတင်ထုတ်ပေးရမှာလဲ?


ကျွန်တော် : မင်းဒီကိုဆေးစစ်ဖို့လာတာမဟုတ်ဘူးလား?


ချစ်သူ : ဒီကိုဆေးစစ်ဖို့လာတာ မင်းမဟုတ်ဘူးလား?


ကျွန်တော် : ...


ချစ်သူ : ...


.

... တစ်ခုခုတော့ လွဲနေသလိုပဲ။

.

ကျွန်တော်တို့နောက်က လူတွေကလည်း ကျွန်တော်တို့ကို ငကြောင်တွေလားဆိုတဲ့ဒီဇိုင်းဖြင့် ကြည့်နေကြတယ်။


.

နာစ့်ဆရာမမှအနည်းငယ်စိတ်မရှည်ဟန်ဖြင့် : ကျေးဇူးပြုပြီး မှတ်ပုံတင်ကတ်လေးထုတ်ပေးပါရှင်။


ချစ်သူ : နောက်မနေနဲ့တော့!


ကျွန်တော် : ဘယ်သူကနောက်နေတာလဲ!


နာစ့် : မင်းတို့နှစ်ယောက်လုံး မှတ်ပုံတင်ထုတ်ကြအုံးမှာလား!
© Nancy N,
книга «ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန်».
Коментарі