1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
Side Story 1
Side Story 2
Side Story 3
Side Story 4
Side Story 5
Side Story 6
Side Story 7
Side Story 8
Side Story 9
Side Story 10
Side Story 11
Side Story 12
Side Story 13
Side Story 14
Side Story Final
32
32.

ကျွန်တော် အသေးစိတ်အစီအစဥ်ဆွဲပြီးနောက်မှာ ကျွန်တော့်ချစ်သူဆီက ဖုန်းဝင်လာတယ်။

သူက​ အမှုကိစ္စတစ်ခု အပြီးသတ်ခါနီးပြီီဖြစ်လို့ သူ့ဘောစ့်ဆီ ခွင့်ရက်ယူပြီး ဒီရက်ပိုင်းအတွင်း ဆေးခန်းသွားဖို့လုပ်ထားတယ်လို့ပြောတယ်။

ဒါသေချာပေါက်သဘောတူရမှာပေါ့!

ဆက်ပြီး ကျွန်တော့်ချစ်သူက​ သူ့ဘောစ့်က သူတို့တွေကို အတူတူဆုံကြဖို့ဖိတ်ထားတယ်၊ သူဒီညအိမ်ပြန်နောက်ကျမယ်လို့ပြောတယ်။

သူတို့ ဆုံမယ့်လိပ်စာကို မသိမသာလေး မေးထားလိုက်တယ်။ အဲ့ဒါ စားသောက်ဆိုင်တစ်ခုမှာပဲ၊ ကျွန်တော်လည်း ကားတစ်စီးငှားပြီး အဲ့ဒီနေရာကို စောင့်ကြည့်ဖို့သွားလိုက်တယ်။

သူတို့ ၆နာရီလောက်ဆိုင်ကိုရောက်လာကြပြီး ၉နာရီလောက်မှာပြန်ထွက်သွားကြတယ်။ လူတချို့ကအိမ်ပြန်သွားပြီး ကျန်တချို့ကတော့ တနေရာရာကိုသွားဖို့ကားပေါ်တက်နေကြတယ်။

အဲဒီအထဲမှာ ကျွန်တော့်ချစ်သူရော သူ့ဘောစ့်ပါ,ပါတယ်။

ကျွန်တော်နောက်ကနေ ကားနဲ့ခိုးကြောင်ခိုးဝှက်လိုက်ကြည့်တော့ သူတို့ဘားတစ်ခုထဲဝင်သွားတာတွေ့လိုက်တယ်။

သူတို့စကီလေးတွေရှာဖို့လာတာဖြစ်နိုင်တယ်?!

ကျွန်တော်နည်းနည်းဒေါသထွက်သွားတယ်။

ဟုတ်တာပေါ့၊ ကျွန်တော့်ချစ်သူကတော့ သူတို့နဲ့ပရောပရီမလုပ်ဖူးပေါ့၊ ပရောပရီလုပ်တယ်ဆိုတာ အများစုကတညတာအိပ်ဖို့အတွက်လေ၊ ပြီးတော့ ကျွန်တော့်ချစ်သူက တညတာအိပ်ဖို့ စွမ်းဆောင်ရည်လည်းမရှိဘူးလေ။

.

ခနလေး ကျွန်တော် ဒါလေးအတွက်နဲ့ ကျွန်တော့်ချစ်သူမစွမ်းဆောင်နိုင်တဲ့ကိစ္စကို ပျော်နေတာလား...

မဟုတ်သေးဘူး မဟုတ်တာတွေစဥ်းစားနေလိို့မဖြစ်ဘူး...

.

အင်းးး တကယ်လို့ အဲ့ဒီလူကြီးက တကယ်ပဲဖောက်ပြန်နေရင် ကျွန်တော်လည်း ဓာတ်ပုံလေးရိုက်ထားလိုက်ရုံပဲ၊ အဲ့ဒီကျွန်တော့်ရဲ့ ဉာဏ်မရှိတဲ့ အမှုသည်ဆီက ကျွန်တော့်ချစ်သူကို နောက်ယောင်ခံလိုက်ဖို့နဲ့ပတ်သတ်ပြီး စိတ်အနှောင့်အယှက်ပေးတာခံစရာမလိုတော့ဘူး!

.

သူတို့ဘားထဲကိုဝင်သွားတာကိုကြည့်နေလိုက်တယ်။

ကျွန်တော့်ချစ်သူကနောက်ဆုံးမှဝင်သွားတယ်၊ မဝင်ခင်မှာကျွန်တော့်ဘက်ကို တစ်ချက်စိုက်ကြည့်သွားသေးတယ်။

ဒါပေမယ့် သူဘာကိုမှမြင်သွားတဲ့ပုံတော့မပေါ်ဘူး။

ကျွန်တော့်ရဲ့ရုပ်ဖျက်စွမ်းရည်ကအဆင့်မြင့်လွန်းလို့ သူကျွန်တော့်ကိုမှတ်မိမှာတောင်မဟုတ်ဘူး ဟားဟား!
.
.
.
.
.

.
.
.
.
.
.
ကျွန်တော့်ရဲ့ ဆံပင်ရှည်ကို တစ်ချက်သပ်လိုက်ကာ ဒေါက်မြင့်ဖိနပ်ဖြင့် ဘားထဲကို တစ်လှမ်းချင်းလှမ်းသွားလိုက်တယ်။
© Nancy N,
книга «ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန်».
Коментарі