1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
Side Story 1
Side Story 2
Side Story 3
Side Story 4
Side Story 5
Side Story 6
Side Story 7
Side Story 8
Side Story 9
Side Story 10
Side Story 11
Side Story 12
Side Story 13
Side Story 14
Side Story Final
7
7.

ကျွန်တော့်ချစ်သူနဲ့ ကျွန်တော်ဘယ်လိုဆုံတွေ့ခဲ့လဲဆိုရင် အဲ့ဒါကတကယ့်တော့ တိုက်ဆိုင်မှုတစ်ခုပဲဗျ။

ကျွန်တော့်အမှုသည်တစ်ဦးက သူမရဲ့ ဖောက်ပြန်နေတဲ့ယောကျာ်းကို စုံစမ်းခိုင်းတယ်။ ပြီးတော့ အချက်အလက်တွေကို သူမရှေ့နေကို ပေးပို့ခိုင်းတယ်။ သူမက ကွာရှင်းချင်တာဗျာ။

ဟုတ်ပါတယ်။ အဲ့ဒီရှေ့နေဆိုတာ ကျွန်တော့်
လက်ရှိချစ်သူပါပဲ။

First impressionလေးကတော့ မဆိုးလှပါဘူး။စေ့စပ်သေချာတဲ့ သာမန်ရှေ့နေလေးတစ်ဦးပေါ့ဗျာ။

ဒါပေမယ့် သူက အတော်တော့ ချောသားဗျ။ လုံးဝကျွန်တော့်typeပဲ။

အချက်အလက်တွေ လွှဲပေးပြီးတော့ ပြန်လာတယ်။ ပြီးတော့ ကျွန်တော်လည်း အဲ့ဒီကိစ္စကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားတယ်။ ဒါပေမယ့် ကျွန်တော် ထင်မထားတာက ကျွန်တော့်ရဲ့ နောက်ထပ်အမှုသည်တစ်ဦးက သူ့ရဲ့ဖောက်ပြန်တဲ့ဇနီးရဲ့ အချက်အလက်တွေကို သူ့ရှေ့နေဆီ လွှဲပြောင်းခိုင်းလိမ့်မယ်လို့ပေါ့။ ဟုတ်တာပေါ့၊ အဲ့ဒီ ရှေ့နေဆိုတာ သူပါပဲခင်ဗျာ။

ဒီတစ်ခေါက်မှာတော့ သူကကျွန်တော့်ကို စ,ပြီးနှုတ်ဆက်တယ်။

တတိယတစ်ခေါက်မှာတော့...အင်း... ကျွန်တော်ပြောပါတယ် တိုက်ဆိုင်တာပါလို့၊ တတိယတစ်ခေါက်ကလည်း ရင်းနီးပြီးသား ဇာတ်ကြောင်းနဲ့ ရင်းနီးပြီးသား တူညီတဲ့ ရှေ့နေနဲ့ပေါ့။

ကျွန်တော်သူ့ကို ဒီလိုကွာရှင်းတဲ့အမှုတွေပဲ ကိုင်တာလားလို့ မေးလိုက်တယ်။

သူကလည်း ကျွန်တော်ဒီလိုအိမ်ထောင်ရေးဖောက်ပြန်တဲ့ကိစ္စတွေပဲ စုံစမ်းတာလားလို့ ပြန်မေးတယ်။

အဲ့လိုပြောပြီး သူ မရယ်ပဲမနေနိုင်အောင်ဖြစ်ပြီး ကျွန်တော့်ကို လိပ်စာကဒ်လေးပေးခဲ့တယ်။

ကျွန်တော်သူ့ကိုပြောလိုက်တယ် : ငါ့မှာ ကွာရှင်းစရာအမှုကိစ္စမရှိဘူး။

သူပြုံးပြီး ပြန်ပြောတယ် : မင်းမှာအမှုကိစ္စမရှိလည်း ကိုယ့်ဆီ ဖုန်းခေါ်လို့ရတယ်။

တကယ်ပြောတာ။ သူပြုံးလိုက်တာလေးက အရမ်းကို ဆွဲဆောင်မှုရှိပြီး၊ အရမ်းကို ကြည့်လို့ကောင်းတာပဲ။

ဘယ်လိုလုပ်ရမလဲ! အဲ့ဒီအပြုံးလေး စဥ်းစားမိတာနဲ့တင် ကျွန်တော် သူ့ကို ခုန်အုပ်ချင်လာပြီ!
© Nancy N,
книга «ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန်».
Коментарі