1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
Side Story 1
Side Story 2
Side Story 3
Side Story 4
Side Story 5
Side Story 6
Side Story 7
Side Story 8
Side Story 9
Side Story 10
Side Story 11
Side Story 12
Side Story 13
Side Story 14
Side Story Final
17
17.

ကျွန်တော် အမှုတစ်ခုလိုက်ထားပြီးခါစဖြစ်တဲ့အတွက် ဒီရက်ပိုင်းမှာ အလုပ်အသစ်မရှိသေးဘူး။ တနေ့ခင်းလုံးအချိန်ယူပြီး ဘယ်လိုလုပ်ရင် ကျွန်တော့်ရဲ့အားပေးထောက်ပံ့မှုတွေ၊ ချစ်ခြင်းမေတ္တာတွေ၊ အလိုလိုက်အကြိုက်ဆောင်မှုတွေနဲ့ ဦးစားပေးမှုတွေကို ကျွန်တော့်ချစ်သူ  နားလည်သဘောပေါက်မလဲဆိုတာ တွေးတောနေလိုက်တယ်။

.

ပထမဆုံး​နည်းလမ်းက သူ့အစား အိမ်မှုကိစ္စတွေလုပ်ပေးတာလို့ ထင်တယ်။

.

ကျွန်တော့်ချစ်သူက အလုပ်ကခွင့်ယူတိုင်း အကြီးအကျယ်အိမ်သန့်ရှင်းရေးလုပ်လေ့ရှိပေမယ့် လောလောဆယ်တော့ ခွေးလေး​ကိစ္စတွေကြောင့် မေ့နေပုံရတယ်။ အခုကျွန်တော့်ချစ်သူ နေ့လယ်ခင်းတရေးတမောအိပ်နေတယ်၊ ဒါကိုအခွင့်ကောင်းယူပြီး အိမ်သန့်ရှင်းရေးအရင်လုပ်ထားရမယ်။


ကျွန်တော်အခန်းတွေအများကြီး သန့်ရှင်းရေးလုပ်တာမျိုး အတွေ့အကြုံမရှိပေမယ့်လည်း၊ ကျွန်တော့်ချစ်သူကသာ အလုပ်အားလုံးကို တာဝန်ယူလုပ်သွားပြီး ကျွန်တော်ကဘေးကနေ အကူအညီပေးရုံလောက်ဆို အဲ့ဒါမျိုးကို အထူးသီးသန့် သန့်ရှင်းရေးကူလုပ်ပေးတယ်လို့ဘယ်ခေါ်ပါ့မလဲ! တရားမဝင်ကားပြိုင်မောင်းတာကို ခြေရာခံပြီး လူသုံးဒါဇင်လောက်နောက်ကို လိုက်ဖမ်းရတာမျိုးတောင် ကျွန်တော့်အတွက်အသေးအဖွဲလေးတွေပဲလေ၊ ကြမ်းတိုက်တာလောက်ကတော့ အေးဆေးပေါ့!

.

ဒီဘေဘီလေးရဲ့ ပြောင်မြောက်လှတဲ့စွမ်းရည်တွေကို ထုတ်ဖော်ပြသဖို့အချိန်ရောက်ရှိလို့လာပါပြီ!

.

ကျွန်တော့်ချစ်သူ အိပ်ရာကနိုးတဲ့အခါ ဖုန်တစက်မှမရှိတဲ့ အိမ်ကိုမြင်ပြီး နှစ်ခြိုက်သဘောကျတဲ့အကြည့်တွေနဲ့ ကျွန်တော့်ဆီလှည့်ကြည့်ရင်းနဲ့ ချီးကျူးမှာကို စိတ်ကူးကြည့်လိုက်တယ်။


အရမ်းတွေ တက်ကြွလာပြီ!

© Nancy N,
книга «ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန်».
Коментарі