1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
Side Story 1
Side Story 2
Side Story 3
Side Story 4
Side Story 5
Side Story 6
Side Story 7
Side Story 8
Side Story 9
Side Story 10
Side Story 11
Side Story 12
Side Story 13
Side Story 14
Side Story Final
63
14.

နောက်ရက်တွေကတော့ ပုံမှန်အတိုင်းကုန်ဆုံးခဲ့တယ်။


ကျွန်တော့်အလုပ်ကလည်း အခက်အခဲများကြားထဲကအဆုံးသတ်လိုက်ရတဲ့အတွက် ဘောစ့်က ကျွန်တော်တို့ဘော်ဒါအားလုံးလူစုပြီးစုံညီပွဲတစ်ခုလုပ်ကြမယ်လို့ပြောတယ်ဗျ။


ကျွန်တော်တို့အားလုံး စားသောက်ပြီးတော့ အနီးနားကဘားကိုသွားမယ်လို့တိုင်ပင်လိုက်ကြတယ်။ ကျွန်တော်လည်း ကျွန်တော့်ချစ်သူလတ်တလောမှအလုပ်သစ်ရထားလို့အိမ်မှာမရှိလောက်တဲ့အတွက် ကျွန်တော်အိမ်ကိုစောစောပြန်စရာမလိုပဲ သူတို့နဲ့လိုက်သွားရင်ကောင်းမယ်လို့တွေးလိုက်တယ်။


အစကတော့ ပုံမှန်နေ့လေးတနေ့နဲ့  ပုံမှန်ညလေးတစ်ညပါပဲ။


ကျွန်တော်သူ့ကိုမမြင်ခင်အထိပေါ့ဗျာ။


အဲ့ဒီအခိုက်အတန့်ကကျွန်တော့်ရဲ့ခံစားချက်တွေကိုညွှန်း​ပြဖို့ခက်တယ်ဗျ.. ရှုပ်ထွေးတယ်လို့ပဲဆိုရမလား? ဟုတ်တယ် ကျွန်တော့်ခံစားချက်တွေအလွန်ကိုရှုပ်ထွေးနေခဲ့တယ်၊ ကျွန်တော်တော့ တခြားဘယ်သူမဆိုလည်း ဒီလိုအခြေအနေမျိုးနဲ့ကြုံရရင်ရှုပ်ထွေးမယ်လို့ထင်တာပဲ။

.  

အဲ့ဒါကဒီလိုဖြစ်ခဲ့တာဗျ။


ကျွန်တော့်ချစ်သူလည်း အဲ့ဒီဘားကိုလာခဲ့တယ်။


အမှန်အတိုင်းပြောရရင် ကျွန်တော်သူ့ကိုမြင်မြင်ချင်းမမှတ်မိဘူးဗျ။ ဘားထဲမှာအလင်းရောင်ကလည်းမှိန်နေပြီး ပတ်ဝန်းကျင်ကလည်း အသံဗလံတွေနဲ့ဆူညံနေတယ်၊ အလွန်ထိတ်လန့်ဖွယ်စူးစူးဝါးဝါးအော်သံကြီးကိုမကြားခင်အထိပေါ့ဗျာ။


ကျွန်တော်တော့ ဘားမှာရှိတဲ့သူတစ်ဝက်လောက်လှည်ကြည့်ကြမယ်လို့ထင်တာပဲ။


အကျင့်ပျက်တစ်ကောင်က ခြေထောက်နှစ်ချောင်းကိုနာကျင်စွာပူးထားပြီး အမျိုးသမီးတစ်ဦးကိုလည်း တခါးစောင့်ကထိန်းထားတယ်။


. 


အရပ်ရှည်တော်တော်လေးရှည်တဲ့ထူးဆန်းတဲ့အမျိုးသမီးက လေးလက်မဒေါက်မြင့်ဖိနပ်ကိုစီးထားပြီး ဘားအတွင်းမှာတောင် ကုတ်အင်္ကျီထပ်ဝတ်ထားပြီး နေကာမျက်မှန်လည်းတပ်ထားတယ်ဗျာ။

.

သူတို့ကကျွန်တော်နဲ့အတော်လေးနီးတယ်၊ ကြည့်ရတာ အဲ့ဒီအကျင့်ပျက်ကောင်က ဟိုအမျိုးသမီးကို ကလူကျီစယ်လုပ်လိုက်တဲ့ပုံပဲဗျ။ တံခါးစောင့်ကအဲ့ဒီအမျိုးသမီးကိုရဲခေါ်ပေးရမလားလို့မေးတယ်၊ အမျိုးသမီးကသိပ်ကျေနပ်ပုံမရပဲ တံခါးစောင့်ကိုစကားအနည်းငယ်ပြောပြီးထွက်သွားဖို့ပြင်လိုက်တယ်။


ထွက်ပေါက်ကကျွန်တော့်ဘက်မှာရှိတယ်။


ထိုအမျိုးသမီးကခြေလှမ်းအနည်းငယ်လှမ်းလာပြီး သူမ ရုတ်တရက် ခြေချင်းဝတ်လည်သွားကာ ကျွန်တော့်လက်မောင်းထဲတိုက်ရိုက်လဲကျလာတယ်။


သူမကိုးရိုးကားရားနဲ့ခေါင်းမော့ပြီး ကျွန်တော့်ကိုကြည့်လာတယ်။


.  


ဟီးဟီး


အရမ်းကောင်းတယ်။


ကျွန်တော်နဲ့အရမ်းကိုရင်းနီးနေတဲ့ ဒီမျက်နှာလေး..။


.


ဒီနှစ်တွေထဲမှာ ကျွန်တော့်ရဲ့ချစ်သူက cross-dresser တစ်ယောက်ဆိုတာ ကျွန်တော် လုံးဝဥသုံမသိခဲ့ဘူးဗျာ။
© Nancy N,
книга «ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန်».
Коментарі