1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
Side Story 1
Side Story 2
Side Story 3
Side Story 4
Side Story 5
Side Story 6
Side Story 7
Side Story 8
Side Story 9
Side Story 10
Side Story 11
Side Story 12
Side Story 13
Side Story 14
Side Story Final
33
33.
ဘားအတွင်းထဲမှာတော့ အတော်လေးစည်စည်ကားကားရှိတယ်။ ဆောင်းရာသီဖြစ်ပေမယ့် အထဲမှာတော့ အလုံပိတ်ထားတဲ့အတွက်အနည်းငယ်ပူနွေးနေတယ်။


ကျွန်တော်က ကာကီရောင်အပေါ်ထပ်ကုတ်အင်္ကျီကိုဝတ်ထားပြီး ဆံပင်တုစွပ်ထားတဲ့အပြင် နေကာမျက်မှန်ပါတပ်ထားတယ်။ အထဲမှာထိုင်တာခနပဲရှိပေမယ့် ကျွန်တော့်တစ်ကိုယ်လုံး ချွေးတွေရွှဲနစ်နေပြီး ဘာမှလည်းမမြင်ရဘူးဗျာ။


ဒါပေမယ့် ကျွန်တော်မချွတ်ရဲဘူးလေ။


ကျွန်တော့်ရဲ့ မိန်မ,မဆန်တဲ့ ခန္ဓာကိုယ်ကို ဖုံးထားဖို့ အပေါ်ဝတ်ကိုဝတ်ထားတာဖြစ်လို့ ကုတ်အင်္ကျီသာချွတ်လိုက်ရင် လှလိုက်မယ့်ဖြစ်ခြင်း၊ အမလေး တွေးတောင်မတွေးရဲဘူး။

.

အရက်နှစ်ငုံလောက်လည်းသောက်ပြီးရော တကယ်လုံးပူလာလိုက်တာများ အငွေ့ပျံသွားတော့မလိုခံစားရတယ်ဗျာ။


ကျွန်တော်ဘာလို့များရုပ်ဖျက်ပြီး ဒီဘားထဲဝင်လာခဲ့ပါလိမ့်ဆိုပြီး စတင်တွေးလိုက်မိတယ်။


ပုံမှန်အဝတ်တွေဝတ်ပြီးလာလည်းရသားပဲ၊ ပြီးမှ မထင်မှတ်ပဲ ဒွမ်မာဆန်ဆန်တွေ့သလိုဟန်ဆောင်လိုက်လို့ရတယ်လေ!


ကျွန်တော့်ချစ်သူလည် သူဒီဘားကိုလာမယ်လို့ပြောမထားဘူးလေ!


အလုပ်မှာ ဖိအားများလွန်းလို့ ဒီကိုလာပြီး တစ်ခွက်လောက်သောက်တယ်လို့ ပြောလိုက်ရုံပဲ!


ကျွန်တော် အဝတ်လဲဖို့နေရာရှာတာကောင်းမယ်ထင်တယ်။


ဒီအဝတ်တွေက ချောင်ရမယ့်နေရာက ကျပ်ပြီး၊ ကျပ်ရမယ့်နေရာကချောင်နေတာ အတော်လေး သက်တောင့်သက်သာမရှိလှဘူးဗျ။


ဆက်ပြီးသည်းမခံနိုင်တော့ဘူး၊ သူတို့ကလည်း ဘာလို့မပြန်ကြသေးတာလဲ၊ နောက်ယောင်ခံလည်းမလိုက်ချင်တော့ဘူး၊ မပျော်တော့ဘူး၊ ငိုချင်လာပြီ။
© Nancy N,
книга «ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန်».
Коментарі