1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
Side Story 1
Side Story 2
Side Story 3
Side Story 4
Side Story 5
Side Story 6
Side Story 7
Side Story 8
Side Story 9
Side Story 10
Side Story 11
Side Story 12
Side Story 13
Side Story 14
Side Story Final
35
35.

သန့်စင်ခန်းထဲကနေ ထွက်လာတဲ့သူတွေက ကျွန်တော့်ကို ထူးဆန်းတဲ့အကြည့်တွေပေးသွားကြတယ်။


နှာဘူးတစ်ယောက်ကိုကြည့်နေသလိုမျိုးပေါ့ဗျာ။

.  

...သန့်စင်ခန်းအရှေ့မှာရပ်နေတာကြီးကိုက နှာဘူးဖြစ်နေပြီလို့ခံစားလိုက်ရတယ်။


အထဲပြန်ဝင်ပြီး ဒီတိုင်းပဲဆက်နေလိုက်တာပဲကောင်းမလား။

.  

ကျွန်တော်ပြန်ဝင်လာတော့ တစ်စုံတစ်ယောက်က ကျွန်တော့်ကိုတားပြီး အတင်းအဓမ္မ အရက်အတူသောက်ဖို့လုပ်တယ်ဗျ။


မာမားရေ ကျွန်တော့်ကို ပရောပရီလာလုပ်နေပါတယ်ဗျို့!


ကျွန်တော်လည်းမိန်းကလေးဟန်ဆောင်နေတုန်းမှာ တကယ်ကြီးပရောပရီလုပ်ခံရမယ်လို့ ထင်မထားဘူး?! ဘုရားဘုရား ငါလေးဟာ စွန်းချောနေလို့များလား?!


ကျွန်တော် နည်းနည်းလေးတော့တက်ကြွလာတယ်!

. 

ဒါပေမယ့် ကျွန်တော်သူနဲ့မသောက်ချင်ပါဘူး၊ ကျွန်တော်ပြန်ပြီး စောင့်ကြည့်တဲ့အလုပ်ပဲလုပ်ချင်တယ်။


အဲ့ဒီလူက အတော်လေးမူးနေပုံရတယ်ဗျ၊ ကျွန်တော့်လက်ကိုဆွဲပြီး လွှတ်မပေးတဲ့အပြင် ကျွန်တော့်တကိုယ်လုံးကို ကိုင်တွယ်ပွတ်သပ်လာတယ်။


ကျွန်တော်ဒေါသထွက်လာတယ်။


ဘာပဲဖြစ်ဖြစ် ငါအရင်က အတိုက်အခိုက်လေ့ကျင့်ထားတဲ့ကောင်ပါကွ! ဒီလိုမျိုး လွယ်လွယ်လေးလာလုပ်လို့ရမလား!


ကျွန်တော်လည်း အဲ့ဒီသေနာကောင်လက်ထဲကနေ ရုန်းထွက်ဖို့လုပ်နေတုန်းရုတ်တရက် သတိရသွားတယ်။ ကျွန်တော်က လောလောဆယ်မိန်းကလေးလေ၊ အာာ မိန်းကလေးတစ်ယောက်ဆို ဒီလိုအခြေအနေမျိုးမှာဘယ်လိုလုပ်လဲ? ကျွန်တော့်လိုမျိုးသူ့လက်ကိုဖမ်းဆွဲပြီး ကြမ်းပြင်ပေါ်ချုပ်ပြီး ရိုက်ပစ်လောက်လား?

.  

ကျွန်တော်ခနတာတွေဝေနေပြီး ကျွန်တော် ဘောစ့်ကို နောက်ယောင်ခံလိုက်နေတာကို သတိရသွားတယ်။ ဆူဆူညံညံတွေဖြစ်သွားပြီး မိသွားရင်မကောင်းဘူး။


ကြည့်ရတာ ကျွန်တော်နည်းနည်းလောက်အလျော့ပေးရမယ့်ပုံပဲ။ ဦးဆုံး ဒီမသာကောင်ကို လမ်းကြားထဲလှည့်ဖျားခေါ်ခဲ့မယ်၊ ပြီးမှ စိတ်ဖိစီးမှုဖြေလျော့တဲ့အနေနဲ့သေအောင်ရိုက်ပစ်ရမယ်။

.  

ကျွန်တော်ခေါင်းတွေလည်းကိုက်လာပြီ။


...မဟုတ်ဘူး၊ ကျွန်တော်အဲ့ဒီလူမျက်နှာကြည့်ရုံနဲ့ အန်ချင်လာပြီ၊ ကျွန်တော် ထိုးပစ်ချင်စိတ်ကို မထိန်းနိုင်တော့ဘူး ဘယ်လိုလုပ်ရမလဲ။

.  

ဒီအချိန်မှာပဲ ကျွန်တော်ခပ်ပျင်းပျင်းနဲ့ အမျိုးသမီးတွေရဲ့ခုခံတိုက်ခိုက်တဲ့ကိုယ်ခံပညာရပ်ကိုလေ့လာတုန်းကပုံတွေ ခေါင်းထဲပေါ်လာတယ်။

.

ကျွန်တော်...ဒူးကိုမြှောက်လိုက်ပြီး..


အညှာအတာကင်းစွာ..


သေနာကောင်ရဲ့​ ခွကြားထဲ ပစ်ကန်လိုက်တယ်။

.

ဘားထဲကဆူညံသံတွေကြားထဲမှာအလွန်တရာကျယ်လောင်တဲ့အော်သံကြီးကိုကြားလိုက်ရတယ်၊ အဲ့ဒါက...ကြည်ကြည်လင်လင်နဲ့ ရှင်းရှင်းလင်းလင်းကြီးပေါ့...

.  

ကျွန်တော်မှားသွားတယ်ဗျာ။


သည်းခံလိုက်ရမှာ။


အခု ဘားမှာရှိတဲ့ လူတွေအကုန် ကျွန်တော့်ကို ဝိုင်းကြည့်နေကြတယ် ဘယ်လိုလုပ်ရမလဲ?!!
© Nancy N,
книга «ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန်».
Коментарі