Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Characterizing
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
When they have a baby...
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
Chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58)
Chapter (59)
Chapter (60): Final
Characterizing
သခင္တစ္ခါေမးမွ ကမ႓ာကတစ္ခြန္းဝန္ခံတယ္။ အႀကိမ္ႀကိမ္ဖြင့္ေျပာခိုင္းတာကို သူ႔ဘက္ကစိတ္ထဲမထားလို႔ပါလို႔ ေျပာခဲ့တယ္။
Wendy ဘက္ကကပ္တာမို႔ ကမ႓ာ့ဘက္ကရိုးသားပါတယ္လို႔ သခင္ယံုၾကည္ေပးခဲ့တယ္။

.
သခင်တစ်ခါမေးမှ ကမ္ဘာကတစ်ခွန်းဝန်ခံတယ်။ အကြိမ်ကြိမ်ဖွင့်ပြောခိုင်းတာကို သူ့ဘက်ကစိတ်ထဲမထားလို့ပါလို့ ပြောခဲ့တယ်။
Wendy ဘက်ကကပ်တာမို့ ကမ္ဘာ့ဘက်ကရိုးသားပါတယ်လို့ သခင်ယုံကြည်ပေးခဲ့တယ်။



မေတြ႕တာၾကာတဲ့သူငယ္ခ်င္းအခ်င္းခ်င္း ရင္းရင္းႏွီးႏွီးရွိတယ္။ ကမ႓ာမသိတာမဟုတ္သလို ကမ႓ာ့ကြယ္ရာမွာလည္းမဟုတ္ခဲ့ဘူး။ ဘရဏီဘက္ကလည္း မရိုးမသားလိုက္ကပ္မေနဘူး။
ဒါကို မယံုၾကည္ရသလို အထင္ခံရတယ္။
.
မတွေ့တာကြာတဲ့သူငယ်ချင်းအချင်းချင်း ရင်းရင်းနှီးနှီးရှိတယ်။ ကမ္ဘာမသိတာမဟုတ်သလို ကမ္ဘာ့ကွယ်ရာမှာလည်းမဟုတ်ခဲ့ဘူး။ ဘရဏီဘက်ကလည်း မရိုးမသားလိုက်ကပ်မနေဘူး။
ဒါကို မယုံကြည်ရသလို အထင်ခံရတယ်။



မနာလိုတယ္၊ သဝန္တိုတယ္။ ဒီစိတ္က ႏွစ္ေယာက္လံုးမွာျဖစ္ခဲ့ၾကတယ္။ ဒါေပမဲ့ ထုတ္ေဖာ္ပံုျခင္းမတူၾကဘူး။ နားလည္ေပးပံုျခင္း မတူၾကဘူး။ RS ေတြမွာ အဲဒီ့လိုပံုစံတူျပႆနာေတြ အမ်ားႀကီးရွိၾကတယ္။ ဇြတ္တရြတ္ဆန္ၿပီး အတၱေတြမ်ားတဲ့လူနဲ႔ ဖံုးကြယ္တာမႀကိဳက္တဲ့ မာနႀကီးတဲ့လူမွာ ပဋိပကၡဆိုတာ အျမဲတမ္းရွိေနခဲ့မွာပဲ။ တစ္ဖက္တည္းကိုပဲ ၾကည့္လို႔မရပါဘူး။ ခ်စ္လို႔ ပိုင္ဆိုင္ခ်င္တဲ့အခါ အတၱႀကီးလာတတ္သလို ခ်စ္လို႔ အျပန္အလွန္ယံုၾကည္ၿပီး ကိုယ့္လူကို ခ်ီးက်ဴးခံရတာပဲၾကားခ်င္တဲ့မာန ႀကီးလာတတ္တယ္။ (သူ႔အမ်ိဳးသားကို သိပ္သဝန္ေၾကာင္တာပဲလို႔ ေျပာတာမ်ိဳး သူမၾကားခ်င္ဘူး။)

သူတို႔ႏွစ္ေယာက္ Sex ျဖစ္တဲ့အခ်ိန္မွာ role ေတြက switch ျဖစ္တယ္။ ဒါေပမဲ့ play ၾကတဲ့အခါ ရာဇသခင္က Dom, ေျမကမ႓ာက Sub မို႔ အဲဒီ့လို RS ကေနစခဲ့ၾကတဲ့ သူတို႔ႏွစ္ေယာက္က ျပႆနာေျဖရွင္းတဲ့အခါ ပံုစံေတြကြဲထြက္သြားၾကတယ္။ Possessive ျဖစ္ၿပီး တျခားလူအထိမခံႏိုင္တဲ့ Sub နဲ႔ မာနႀကီးၿပီး အမွားလုပ္တာမခံႏိုင္တဲ့ Dom ရဲ႕ ျပႆနာက ေရွ႕ဆက္ၿပီးလည္း ရွိေနဦးမွာပါပဲ။

ကမ႓ာက ျပႆနာမျဖစ္ခ်င္လို႔ ဖံုးကြယ္ထားတာေတြရွိႏိုင္သလို ယံုၾကည္မႈကိုမက္ေမာတဲ့ သခင္ကလည္း သူသိခ်င္တဲ့အခါ မခၽြင္းမခ်န္ဝန္ခံတာကို လိုခ်င္တတ္တယ္။ တစ္ဖက္က အနားမွာရွိသမၽွ ေခြးအစ ကေလးအဆံုးနဲ႔ သဝန္တိုတတ္သလို တစ္ဖက္ကလည္း သူ႔ဘက္ကရိုးသားတာမို႔ ယံုၾကည္ေပးမႈကို အတိုင္းအတာတစ္ခုအထိ လိုအပ္ေနတယ္။ ႏွစ္ေယာက္လံုးက တစ္ေယာက္အေပၚတစ္ေယာက္ သစၥာမပ်က္တာကို အခ်င္းခ်င္းလည္းသိၾကၿပီး စိတ္ေရာကိုယ္ပါ ေဖာက္ျပန္ျခင္းမရွိတာကို နားလည္ၿပီးသားေပမဲ့ သူတို႔ရဲ႕ အတၱနဲ႔မာနက အျမဲထိပ္တိုက္ေတြ႕ေနဦးမွာပါပဲ။

ခ်စ္လို႔သဝန္တိုတာ အျပစ္မဟုတ္ေပမဲ့ ပတ္ဝန္းက်င္၊ အသိုင္းအဝိုင္းဆိုတာရွိတယ္။ အသိေပးၿပီးသားကိစၥေတြကို လူျမင္မခံဝံ့စရာမ်ိဳးမလုပ္ပါဘဲ ထိန္းခ်ဳပ္ကန္႔သတ္ခံရျခင္းက ေလွာင္အိမ္နဲ႔တူတယ္။
အမွားလုပ္လို႔ ေဒါသျဖစ္တာဟာ အျပစ္မဟုတ္ေပမဲ့ မသိေစခ်င္တာမဟုတ္ဘဲ ပဋိပကၡေရွာင္ဖို႔ အတတ္ႏိုင္ဆံုးဖံုးကြယ္ရျခင္းနဲ႔ ဘယ္အရာနဲ႔ယွဥ္ယွဥ္ ကိုယ္ကသာဦးစားေပးျဖစ္ခ်င္လို႔ သူကလြဲရင္ ပတ္ဝန္းက်င္ကိုဂ႐ုမစိုက္ျခင္းက မီးေတာက္တစ္ခုလို ေလာင္တယ္။
ဒါေၾကာင့္ ခ်စ္မိၿပီဆိုရင္ ေလွာင္အိမ္ထဲမီးေတာက္ေနသလိုပါပဲ။

တစ္ေယာက္နဲ႔တစ္ေယာက္ဟာ အခ်င္းခ်င္းတံဆိပ္ကပ္၊ သတ္မွတ္လိုက္တဲ့ Brand တစ္ခုအျဖစ္နဲ႔ ကိုယ့္အရည္အေသြးအတိုင္း မွတ္ေက်ာက္တင္တယ္။
ကိုယ္ေရြးခ်ယ္တဲ့ အမွတ္တံဆိပ္ကို ကိုယ္လိုခ်င္တဲ့စံႏႈန္းနဲ႔ ကိုက္ညီေစတဲ့အခါ ျဖစ္တည္လာတာက limited edition လို လူ။

Then, I am ⓑⓡⓐⓝⓓⓔⓓ 𝑏𝑦 𝑌𝑜𝑢.

.

မနာလိုတယ်၊ သဝန်တိုတယ်။ ဒီစိတ်က နှစ်ယောက်လုံးမှာဖြစ်ခဲ့ကြတယ်။ ဒါပေမဲ့ ထုတ်ဖော်ပုံခြင်းမတူကြဘူး။ နားလည်ပေးပုံခြင်း မတူကြဘူး။ RS တွေမှာ အဲဒီ့လိုပုံစံတူပြဿနာတွေ အများကြီးရှိကြတယ်။ ဇွတ်တရွတ်ဆန်ပြီး အတ္တတွေများတဲ့လူနဲ့ ဖုံးကွယ်တာမကြိုက်တဲ့ မာနကြီးတဲ့လူမှာ ပဋိပက္ခဆိုတာ အမြဲတမ်းရှိနေခဲ့မှာပဲ။ တစ်ဖက်တည်းကိုပဲ ကြည့်လို့မရပါဘူး။ ချစ်လို့ ပိုင်ဆိုင်ချင်တဲ့အခါ အတ္တကြီးလာတတ်သလို ချစ်လို့ အပြန်အလှန်ယုံကြည်ပြီး ကိုယ့်လူကို ချီးကျူးခံရတာပဲကြားချင်တဲ့မာန ကြီးလာတတ်တယ်။ (သူ့အမျိုးသားကို သိပ်သဝန်ကြောင်တာပဲလို့ ပြောတာမျိုး သူမကြားချင်ဘူး။)

သူတို့နှစ်ယောက် Sex ဖြစ်တဲ့အချိန်မှာ role တွေက switch ဖြစ်တယ်။ ဒါပေမဲ့ play ကြတဲ့အခါ ရာဇသခင်က Dom, မြေကမ္ဘာက Sub မို့ အဲဒီ့လို RS ကနေစခဲ့ကြတဲ့ သူတို့နှစ်ယောက်က ပြဿနာဖြေရှင်းတဲ့အခါ ပုံစံတွေကွဲထွက်သွားကြတယ်။ Possessive ဖြစ်ပြီး တခြားလူအထိမခံနိုင်တဲ့ Sub နဲ့ မာနကြီးပြီး အမှားလုပ်တာမခံနိုင်တဲ့ Dom ရဲ့ ပြဿနာက ရှေ့ဆက်ပြီးလည်း ရှိနေဦးမှာပါပဲ။

ကမ္ဘာက ပြဿနာမဖြစ်ချင်လို့ ဖုံးကွယ်ထားတာတွေရှိနိုင်သလို ယုံကြည်မှုကိုမက်မောတဲ့ သခင်ကလည်း သူသိချင်တဲ့အခါ မချွင်းမချန်ဝန်ခံတာကို လိုချင်တတ်တယ်။ တစ်ဖက်က အနားမှာရှိသမျှ ခွေးအစ ကလေးအဆုံးနဲ့ သဝန်တိုတတ်သလို တစ်ဖက်ကလည်း သူ့ဘက်ကရိုးသားတာမို့ ယုံကြည်ပေးမှုကို အတိုင်းအတာတစ်ခုအထိ လိုအပ်နေတယ်။ နှစ်ယောက်လုံးက တစ်ယောက်အပေါ်တစ်ယောက် သစ္စာမပျက်တာကို အချင်းချင်းလည်းသိကြပြီး စိတ်ရောကိုယ်ပါ ဖောက်ပြန်ခြင်းမရှိတာကို နားလည်ပြီးသားပေမဲ့ သူတို့ရဲ့ အတ္တနဲ့မာနက အမြဲထိပ်တိုက်တွေ့နေဦးမှာပါပဲ။

ချစ်လို့သဝန်တိုတာ အပြစ်မဟုတ်ပေမဲ့ ပတ်ဝန်းကျင်၊ အသိုင်းအဝိုင်းဆိုတာရှိတယ်။ အသိပေးပြီးသားကိစ္စတွေကို လူမြင်မခံဝံ့စရာမျိုးမလုပ်ပါဘဲ ထိန်းချုပ်ကန့်သတ်ခံရခြင်းက လှောင်အိမ်နဲ့တူတယ်။
အမှားလုပ်လို့ ဒေါသဖြစ်တာဟာ အပြစ်မဟုတ်ပေမဲ့ မသိစေချင်တာမဟုတ်ဘဲ ပဋိပက္ခရှောင်ဖို့ အတတ်နိုင်ဆုံးဖုံးကွယ်ရခြင်းနဲ့ ဘယ်အရာနဲ့ယှဉ်ယှဉ် ကိုယ်ကသာဦးစားပေးဖြစ်ချင်လို့ သူကလွဲရင် ပတ်ဝန်းကျင်ကိုဂရုမစိုက်ခြင်းက မီးတောက်တစ်ခုလို လောင်တယ်။
ဒါကြောင့် ချစ်မိပြီဆိုရင် လှောင်အိမ်ထဲမီးတောက်နေသလိုပါပဲ။

တစ်ယောက်နဲ့တစ်ယောက်ဟာ အချင်းချင်းတံဆိပ်ကပ်၊ သတ်မှတ်လိုက်တဲ့ Brand တစ်ခုအဖြစ်နဲ့ ကိုယ့်အရည်အသွေးအတိုင်း မှတ်ကျောက်တင်တယ်။
ကိုယ်ရွေးချယ်တဲ့ အမှတ်တံဆိပ်ကို ကိုယ်လိုချင်တဲ့စံနှုန်းနဲ့ ကိုက်ညီစေတဲ့အခါ ဖြစ်တည်လာတာက limited edition လို လူ။

Then, I am ⓑⓡⓐⓝⓓⓔⓓ 𝑏𝑦 𝑌𝑜𝑢.

■■■■■
© Demon ,
книга «Branded by You».
Коментарі