Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Characterizing
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
When they have a baby...
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
Chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58)
Chapter (59)
Chapter (60): Final
Chapter (51)
*Phone ringing*
"သခင်၊ လွမ်းလိုက်တာ။"
"မင်းအမေ ဘယ်လိုနေလဲ။"
"ပြောမထားဘူး။ ဟိုနှစ်ကောင်ပဲသိတာ။"
"လွမ်းတယ်လို့။"
"ဘာလို့လဲ။"
"ငါ့ဆန္ဒနဲ့ငါပါ။"
"အေး၊ အားမှပဲ။"
"ရေခဲတုံး"
"..............."
"အစ်ကို"
" ဪ၊ အဂ္ဂါ။ ဘာလာဝယ်တာလဲ။"
"အင်း"
"အစ်ကို နားလည်ပါတယ်။"
"ရပါတယ်။ သွားလေ။"
"ဘယ်ဆိုင်သွားမလဲ။"
"ဖြစ်ရမယ်။"
"အေးပါကွာ။ သဘောပါ။"
"အဲဒါပဲ ကောင်းပါတယ်။"
"မင်းမသိချင်ပါနဲ့။"
.
"လာစမ်း ဒီကို။"
"အွန်း"
"သောက်ပေါက်ပိတ်ထား။"
"အောက်ဆင်းခဲ့။"
"အ"
"အင့်"
"အွန်း"
"ကြည့်ရသေးတာပေါ့။"
"I'm ready, sir."
■■■ Part (52) ဆက်ရန် ■■■
😈
■■■■■
ရာဇသခင်တစ်ယောက်တော့ အံဆွဲကိုဖွင့်တုန်းက external hard disk ယူဖို့ဆိုပေမဲ့ နာရီဘူးလေးက မျက်စိထဲတန်းခနဲ။ ဘေးကိုကပ်ထားလိုက်ပြီး ရှာစရာရှိတာကိုသာရှာလို့ အလုပ်ဆက်လုပ်နေတုန်း
*Phone ringing*
ကြည့်လိုက်တော့ Oversea call တစ်ခု။ ဘယ်သူ့ဆီကဆိုတာ တွေးနေစရာမလို။
"သခင်၊ လွမ်းလိုက်တာ။"
ဖုန်းကိုကိုင်လိုက်တာနဲ့ ဝင်လာတဲ့အသံက ခြောက်ကပ်ကပ်။
"မင်းအမေ ဘယ်လိုနေလဲ။"
"နေ့သစ်ပြောပုံအရတော့ အရမ်းမဆိုးပါဘူး။ ဆိုးတာက ဒယ်ဒီဖြစ်မယ်ထင်တယ်။ ဒေါသထွက်နေပုံပဲ။"
"မင်းစကားက အခုထိ မင်းမိဘတွေနဲ့ မတွေ့ရသေးဘူးလို့ ဆိုလိုတာလား။"
"ဟုတ်တယ်။ မနက်ဖြန်မှသွားတွေ့မှာ။"
"တစ်ရက်ကြာပြီးတာကိုတောင် မင်းပြန်ရောက်နေတာ သူတို့မသိဘူးလား။"
"ပြောမထားဘူး။ ဟိုနှစ်ကောင်ပဲသိတာ။"
"မွေးရကျိုးနပ်လိုက်တာ။"
"လွမ်းတယ်လို့။"
"အပိုတွေမလုပ်စမ်းနဲ့။ အခု ဖုန်းဆက်တာ ဘာကိစ္စလဲ။"
"သခင့်ရဲ့အရင်အကောင့်တွေ ပြန်မသုံးသေးဘူးလား။"
"ဘာလို့လဲ။"
"ကိုယ့်ဘက်အသိုင်းအဝိုင်းနဲ့ အဆက်အသွယ်ဖြတ်ချင်လို့ မသုံးဖြစ်ကြတာလေ။ အခုက အဲဒီလိုလုပ်ဖို့ မလိုတော့ဘူးမလား။"
"ငါ့ဆန္ဒနဲ့ငါပါ။"
"ဖွင့်ကြည့်ပါဦး။ ကိုယ့်ဆီတော့ reply ပြန်လိုက်ရတာ အများကြီးပဲ။ သခင့်သူငယ်ချင်းတွေလည်း အဲဒီလိုပဲနေမှာ။"
"အေး၊ အားမှပဲ။"
"ရေခဲတုံး"
"..............."
"သခင်သိလား။ မနေ့က ဒီကိုရောက်ရောက်ချင်း ဖုန်းခေါ်ဦးမလို့ပဲ။ အပိုတွေလုပ်တယ်လို့ပြောမှာကို သိနေတာနဲ့ အခုမှဆက်ရတာ။ သခင် လိုက်လာခဲ့ပါလား။ အဲဒီလိုခွဲမနေဖူးတော့ မနေတတ်ဘူး။"
"မွေးကတည်းက အတူမွေးလာလို့လား။"
"သခင်ကလည်းကွာ၊ သခင်နဲ့ဆုံဖြစ်ကြကတည်းက မခွဲဖူးဘူးလေ။"
ဟုတ်ပါတယ်။ ရည်းစားဘဝမှာ သခင်က အလုပ်ကိစ္စကြောင့် ပြန်ရတဲ့တစ်ခေါက်မှာတောင် မြေကမ္ဘာတို့က ရအောင်လိုက်လာဖူးပါရဲ့။
"မင်းဖုန်းဆက်တာ ဒါတွေပြောဖို့ပဲဆို တော်လိုက်တော့။"
"အား ... ဘာလေးမှန်းကိုမသိဘူး၊ မွ။ နောက်နေ့ကျမှ ထပ်ဆက်မယ်နော်။ ချစ်တယ်။"
ကမ္ဘာ့စကားဆုံးတော့ သခင် ဖုန်းချသွားခဲ့ပြီ။
"ဘာမှတောင် ပြန်ပြောမသွားဘူး။ စကားဆုံးအောင်နားထောင်တာကို ကျေးဇူးတင်ပါတယ် ဦးရာဇသခင်ရေ။"
ရှုံ့မဲ့မဲ့လုပ်ပြီး အလိုမကျတဲ့မျက်နှာထားနဲ့ မြေကမ္ဘာက Koa နဲ့ပြဿနာတက်တဲ့ Earth မဟုတ်သလိုပါပဲ။
"အစ်ကို"
" ဪ၊ အဂ္ဂါ။ ဘာလာဝယ်တာလဲ။"
Shopping center မှာ မတော်တဆဆုံတာမို့ မေးစရာစကားက ဒါအပြင် တခြားတွေးမရ။
"Shaving cream ကုန်သွားလို့။ ဒါနဲ့ ..."
"အင်း"
"Earth ဘာလို့ အလုပ်ထွက်သွားတာလဲမသိဘူး။ ကျွန်တော့်ကြောင့်များလား။ ကျွန်တော်က အတတ်နိုင်ဆုံး မဆုံမိအောင်ရှောင်ဖို့ ဆုံးဖြတ်ပြီးသားပါ။"
"အာ ... ငါ့ညီကြောင့်မဟုတ်ပါဘူး။ အခုလည်း US ကိုပြန်သွားတယ်။ သူ့အမေက နည်းနည်းလေးကျန်းမာရေးမကောင်းလို့လေ။ စိုးရိမ်စရာတော့မရှိပါဘူး။"
"ကျွန်တော့်ကြောင့်မဖြစ်စေချင်ရုံပါ။ တခြားဘာသဘောမှ မရှိပါဘူး။"
"အစ်ကို နားလည်ပါတယ်။"
"အဲဒါဆို အစ်ကိုတစ်ယောက်တည်းပေါ့။ ညနေစာလည်းနီးနေပြီ။ တစ်ခုခုသွားစားကြမလား အချိန်ရရင်။"
"ရပါတယ်။ သွားလေ။"
"ဘယ်ဆိုင်သွားမလဲ။"
"ကောင်းမယ်ထင်တဲ့ဆိုင်သာ သွား။ ကိုယ်က အဆင်ပြေတယ်။"
အဂ္ဂါကောင်းတယ်ဆိုတဲ့ဆိုင်က တော်တော်ကိုအဆင်ပြေပါရဲ့။ အခုတော့ သီးသန့်ခန်းထဲ အစားရော၊ အသောက်ရော၊ အမြည်းရော အစုံအလင်နဲ့။
"အမှန်အတိုင်းပြောရရင် ကျွန်တော် အစက အစ်ကို့ကိုမနာလိုဘူး။ နောက်ပိုင်းစိတ်ငြိမ်သွားတော့မှ အားနာလာတယ်။"
"အဟား၊ ရပါတယ်။ မင်းလည်း သိခဲ့တာမှမဟုတ်တာ။"
"ကျွန်တော်သိတာက မာမီ့ဆီကနေ အလုပ်ထဲ Earth က ဘယ်လိုအားကိုးရကြောင်း၊ ဘယ်လိုမျိုး လုပ်ကွက်မြင်ကြောင်း၊ ဘယ်ပြဿနာလေးဖြစ်ဖြစ် ဖြေရှင်းနိုင်ကြောင်းတွေ ခဏခဏကြားလာရတော့ ကျွန်တော့်စိတ်ထဲ မာမီ့အနားကပ်နေတဲ့ ဟိုလိုယောက်ျားလေးတွေလို ထင်လိုက်မိတာ။ အဲဒါကြောင့် ပြန်လာပြီး အခြေအနေကြည့်မလို့ကို မဆုံရသေးခင်က ကြည့်မရဖြစ်မိတဲ့လူနဲ့ မတော်တဆဆုံုတာလည်း ပြဿနာနဲ့။"
စားလိုက်သောက်လိုက်နဲ့ ပြောပြနေတဲ့ အဂ္ဂါကြောင့် သခင်တွေးမိတယ်။
'တချို့ရေစက်တွေက အမုန်းနဲ့စတတ်တယ်ထင်ပါရဲ့။'
"အစ်ကိုသိလား၊ အဲဒါက ထူးဆန်းတယ်။ နှစ်ခါလောက် မတော်တဆဆုံပြီး စကားပြောမိရုံနဲ့ မကောင်းထင်မိတာတွေက ပျောက်ချင်သွားတာမျိုးလေ။"
သခင်က ခပ်ဖွဖွပြုံးတယ်။
'မြေကမ္ဘာရဲ့စန်းတစ်မျိုးလို့ပဲ မှတ်ရမှာပေါ့။'
"မာမီနဲ့ Earth ကျွန်တော့်အတွက် ဆိုင်ခန်းသွားကြည့်ကြတော့ ကျွန်တော် နောက်ကပါတယ်။ သူတို့ကတော့ မသိဘူးပေါ့။ Earth က ဆိုင်ခန်းကိစ္စတွေ အကုန်လိုက်လုပ်ပေးနေတော့ မာမီပြောတဲ့ ဘယ်နေရာဖြစ်ဖြစ် သူအဆင်ပြေအောင်လုပ်နိုင်တယ်ဆိုတာကို ယုံမိလာတယ်။ အစ်ကိုနဲ့ ဟိုအစ်မကို မဆုံစေချင်လို့လုပ်နေမှန်း ကျွန်တော်မသိခဲ့ဘူးလေ။ ပြီးတော့ ကျွန်တော်က မာမီ့သားပါလို့ သူ့ကိုပေးမသိချင်သေးလို့ လှည့်ပတ်ရှောင်နေသေးတာ။ မာမီ့ရုံးခန်းထဲ ကျွန်တော်ရောက်နေတုန်း သူဝင်လာလို့ ထိုင်နေတဲ့ထိုင်ခုံကိုတောင် နည်းနည်းလေးမလှုပ်ရဲဘူး။ ဟာဟ"
"နောက်လည်း ပေးသိခဲ့တာပဲ။ အဲဒီတုန်းက ဘာလို့ မသိစေချင်တာလဲ။"
"ဒီအတိုင်း မသိစေချင်တာပဲလေ။ ဘာရယ်လည်းမဟုတ်ပါဘူး။ အဲဒီနေ့က မာမီ့ရုံးခန်းမှာသာ သူသေချာမမြင်အောင် ထိုင်ခုံနဲ့ကွယ်၊ ကျောခိုင်းထိုင်နေပြီးမှ တွေ့ချင်လာလို့ သူသွားတဲ့ဆိုင်ကိုလိုက်ပြီး နေ့လယ်စာအတူစားဖြစ်တယ်။"
"ဖြစ်ရမယ်။"
'ဒီကလေးတော့ သောက်လိုက်၊ စားလိုက်နဲ့ သူ့သူငယ်ချင်းဆီ Crush အကြောင်းရင်ဖွင့်သလိုမျိုး ပြောနေတော့တာပဲ။ တကယ့်ဟာလေး။'
"အဲဒီမှာ အဲဒီနေ့လယ်စာကို သူရှင်းမယ်တဲ့။ သူက ကျွန်တော့်ထက်အကြီးဖြစ်ပြီး အလုပ်နဲ့လူမို့ သူရှင်းမှာတဲ့လေ။ ကျွန်တော့်ကိုယ်ကျွန်တော် အလုပ်အကိုင်မရှိ၊ မရင့်ကျက်သေးတဲ့ကလေးလို ခံစားလိုက်ရပြီး မခံချင်ဖြစ်မိတာ အဲဒါပထမဆုံးပဲ။ ပြီးလည်းပြီးရော ကျွန်တော်အလုပ်လုပ်ဖို့ အစီအစဉ်ဆွဲပစ်လိုက်တာ။ မိဘပိုက်ဆံထိုင်ဖြုန်းနေတဲ့၊ အသုံးမကျတဲ့ကောင်လို့ မမြင်စေချင်လို့လေ။ အဟီး၊ ကျွန်တော် အစ်ကို့ကို ဒါတွေပြောပြမိကုန်ပြီ။"
သူ့ကိုယ်သူတော့သတိထားမိသေးတဲ့ ငမူးလေးက ရယ်ချင်နေတာလား၊ ငိုချင်နေတာလားလို့တော့ သခင်လည်းမသဲကွဲပါ။
"ရပါတယ်၊ ပြောပါ။ မင်းစိတ်ထဲရှိတာ ဖွင့်ပြောပစ်လိုက်တော့ ခံစားရသက်သာတာပေါ့။"
"ခံစားရတာကတော့ ... အင်း ... အချိန်တိုလေးဆိုပေမဲ့ တော်တော်လေးကို စိတ်ထဲရောက်သွားတာပါ။ ဒါပေမဲ့ဗျာ၊ အခြေအနေက ဘယ်သူ့ကြောင့်မှမဟုတ်ဘဲ ရပ်သွားတာမျိုးဆိုတော့ ဘယ်လိုခံစားချက်ကြီးမှန်းမသိဘူး။ ဪ၊ ဆေးခတ်မိတာတော့ ကျွန်တော့်အမှားပါ။ စိတ်ထဲမှာ ရုတ်တရက်ကြီး သူ့ကိုအပိုင်လိုချင်သွားလို့ လုပ်လိုက်မိတာ။ ကြိုတင်ကြံစည်တာလည်း မဟုတ်ဘူး။ ရုတ်တရက်ဖြစ်သွားတာ။ အဲဒီအတွက် အစ်ကို့ကို ကျွန်တော်တောင်းပန်ပါတယ်။ သူ့ကိုလည်း တောင်းပန်ပါတယ်လို့ ပြောပေးပါ။"
"အစ်ကို့ကိုက တောင်းပန်စရာမလိုပါဘူး။ ကိုယ်တို့အကြောင်း မင်းမသိသေးလို့ လုပ်မိတာပဲလေ။ သူ့ကိုတော့ မင်းတို့ချင်းတွေ့တဲ့အခါ တောင်းပန်လိုက်ပေါ့။"
"ဟင့်အင်း၊ ကျွန်တော် သူ့ကို မတွေ့ရဲတော့ဘူး။ သူ့အပေါ်ထားတဲ့ခံစားချက်တွေကို တဖြည်းဖြည်းလျှော့နေတယ်။ လုံးဝပျောက်သွားမှပဲ မျက်နှာချင်းဆိုင်နိုင်တော့မှာ အစ်ကိုရဲ့။"
"အေးပါကွာ။ သဘောပါ။"
'ခံစားချက်တွေက ... အဂ္ဂါပြောသလို လျှော့ပစ်ဖို့အတွက်ဆို အချိန်နဲ့ဆိုင်မလား၊ ခံစားမှုအတိမ်အနက်နဲ့ဆိုင်မလား၊ ပတ်သက်မှုနဲ့ဆိုင်မလား။ ငါတော့မတွေးတတ်ဘူး မြေကမ္ဘာ။ တိုက်ဆိုင်မှုတိုင်းမှာ အသစ်ပြန်မဖြစ်ဖို့တော့ အချိန်တစ်ခုလိုတာအမှန်ပဲ။'
အဂ္ဂါနဲ့အတူ သောက်ပစ်လိုက်တဲ့ alcohol ရဲ့အရှိန်ကြောင့် သခင်တစ်ယောက် ကားမောင်းပြန်ဖို့တောင် မလွယ်တော့ပါ။
"Earth ကကျ အရမ်းသောက်နိုင်သလောက် အစ်ကိုကကျ မရဘူးပဲ။"
"အင်း ... သူကတော့ ကြွက်တွင်းလောက်တောင်မဟုတ်ဘူး။ ရေတွင်းလေ။"
"ဟား ဟား ... ဟုတ်တယ်။ အစ်ကို့ကားကိုလေ ဒီမှာထားခဲ့သိလား။ ဒီဆိုင်က ကျွန်တော်နဲ့ရင်းနှီးပြီးသား။ အခုကတော့ ကျွန်တော်တို့ အိမ်ကဒရိုင်ဘာကိုပဲ အားကိုးကြတာပေါ့၊ နော့။"
"အဲဒါပဲ ကောင်းပါတယ်။"
"အစ်ကိုက မူးရင် ပိုတောင်ငြိမ်သွားသလိုပဲ။ အစ်ကိုတို့က တကယ်ကို ဆန့်ကျင်ဘက်တွေထင်ပါရဲ့။ အဲဒါမျိုးတွေက အပေါ်ယံကသာမတည့်သလိုနဲ့ တကယ်တမ်းကျ Yin နဲ့ Yang လို အံဝင်ခွင်ကျလိုက်ဖက်နေတာမျိုးဗျ။"
'ဟင့်အင်း၊ ငါမသိချင်ဘူး။'
"မင်းမသိချင်ပါနဲ့။"
"ခင်ဗျားတို့က လုပ်ချင်ရာလုပ်နေပြီး ဘေးကလူတွေကိုပါ လိုက်ထိခိုက်နေတာလေ။"
"နေသာသလိုနေပါ Day. ငါတို့ကိစ္စတွေမှာ ဝင်မပါပါနဲ့။"
"အဲဒါ ကျွန်တော့်အစ်ကိုနဲ့ယောက်ဖလေ။ ပြီးတော့ ခင်ဗျားကလည်း ... ၊ ထားတော့။ ကျွန်တော်ကတော့ ဘယ်သူ့ကိုမှ မထိခိုက်စေချင်ဘူး။ ခင်ဗျားအခုလိုတွေလုပ်နေတာ စိတ်ချမ်းသာလို့လား။"
"မင်းသာ ငါ့ကို ပွစိပွစိလာမလုပ်ရင် အဆင်ပြေတယ်။ ငါ နားချင်ပြီ။"
ဆေးရုံလိုက်ပို့ပေးပြီး တောက်လျှောက်စောင့်ကြည့်ပေးနေသူကို အားမနာစတမ်းဘဲ Koa က ကျောပေးပြီးလှဲအိပ်သွားတယ်။ Koa နောက်ကျောကို နေ့သစ်က လက်သီးနဲ့ရွယ်ပြီး မကျေမနပ်တွေဖြစ်လို့။
"မပြောရင် ကျွန်တော်က မသိတော့မှာကျလို့။"
မကြားတကြားပြောတဲ့ နေ့သစ်စကားကို Koa က မသိသလိုသာနေလိုက်ပေမဲ့
'Earth တောင် ရှာမရတဲ့ကိစ္စကို မင်းကသိနိုင်မလား ပေါက်စ။ မင်းပုံစံအတိုင်းပဲ အေးဆေးနေပါလား။ ငါ့အတွက်ကတော့ စကတည်းက ဒဏ်ရာတွေချည်းပဲမို့ တစ်ခါလောက်တော့ တစ်ကိုယ်ကောင်းဆန်ကြည့်ချင်သေးတယ်။ Earth ရှာမတွေ့ခင်အထိပေါ့။'
အဲဒီနေ့ကအကြောင်းတွေဟာ တကယ်ဆို တခြားလူသိလို့မကောင်းတဲ့ ကိစ္စပဲ။
.
ခုတင်ပေါ်ကို ခြေပစ်လက်ပစ်ထိုင်ချလိုက်တဲ့ Earth ရဲ့ Jean pants က ဖရိုဖရဲ။ နောက်ကနေ လေးဘက်ထောက်လိုက်လာတဲ့ puppy ကောင်လေးက ခုတင်ဘေးနားမှာ ဒူးထောက်လျက်လေးထိုင်ပြီး Earth အခြေအနေကို အကဲခတ်လို့။ ခေါင်းတွေကြည်မနေတဲ့ Earth ကတော့ လောလောဆယ် ကောင်လေးကိုအဖက်မလုပ်နိုင်သေးပါ။ ခုနက sub ရှာမရလို့သောင်းကျန်းနေတာ တခြားတစ်ယောက်လိုပါပဲ။ ကောင်လေးက Earth ခြေထောက်တွေနားတိုးကပ်လာပြီး ဖိနပ်တွေကိုရော၊ ခြေအိတ်တွေကိုပါ ချွတ်ပေးလာတယ်။ အဲဒီနောက်မှာ ခွေးလေးတွေ သခင်ကိုလျက်သလိုမျိုး ခြေချောင်းတစ်ချောင်းစီကနေစပြီး လျှာနဲ့လျက်လာရင်းက ဘောင်းဘီစဆီရောက်လာတော့ အနားစကိုသွားနဲ့ကိုက်ပြီး ဆွဲနေတယ်။ ခြေထောက်တွေကသာ ခုတင်အောက်ချထားပြီး ခန္ဓာကိုယ်အပေါ်ပိုင်းက ခုတင်ပေါ်မှာ ပက်လက်ဖြစ်နေတဲ့ Earth ရဲ့ ခါးတစ်ဝိုက်ဆီ လက်တွေရောက်လာပြီး ဘောင်းဘီကိုချွတ်ပေးဖို့ပြင်ပေမဲ့
"လာစမ်း ဒီကို။"
ခုတင်ပေါ်ကိုဆွဲတင်ပြီး ခန္ဓာကိုယ်ကို ခုတင်ပေါ်မှာမှောက်လျက်ဖိပစ်လိုက်တော့ ကောင်လေးက ခပ်တိုးတိုးညည်းလေရဲ့။ လက်တစ်ဖက်နဲ့ ခေါင်းကိုဖိထားပြီး ကျန်တဲ့လက်တစ်ဖက်က အပေါ်ပိုင်းဗလာဖြစ်နေတဲ့ ကျောပြင်ကို လက်သည်းနဲ့ခြစ်ဆွဲတော့ အနီရောင်အစင်းကြောင်းတွေက ထင်းခနဲ။
"အွန်း"
ခေါင်းကိုဖိထားလို့ အိပ်ရာနဲ့မျက်နှာအပ်နေတာကြောင့် မပီမသအသံထွက်လာတော့
"သောက်ပေါက်ပိတ်ထား။"
ကြိမ်းမောင်းပြီးတော့ ခုတင်တစ်ဖက်ဘေးက စားပွဲဆီကိုဆင်းသွားပြီး flogger တစ်ခုကိုကောက်ကိုင်လို့ ကောင်လေးကျောပြင်ကို ရိုက်ကြည့်လိုက်တယ်။ အသံမထွက်နဲ့လို့ ပြောထားတာကြောင့် ဆတ်ခနဲဖြစ်သွားတဲ့ကျောပြင်ရယ်၊ တွန့်ကြေသွားတဲ့အိပ်ရာခင်းရယ်ကိုသာ တုံ့ပြန်မှုလို့ သတ်မှတ်ရပါလိမ့်မယ်။
သုံးချက်ပဲရိုက်ပြီး flogger ကိုပစ်ချလိုက်ကာ နောက်တစ်ခုထပ်ရွေးပြန်တယ်။ ရိုက်ကြည့်လိုက်၊ ဖယ်ထုတ်လိုက်နဲ့ စားပွဲပေါ်က ရှိသမျှ flogger တွေကုန်တော့ ကောင်လေးကျောပြင်လည်း နီရဲနေပြီ။
"ဘာလို့ အခုထိ အဝတ်အစားတွေ ရှိနေသေးတာလဲ။"
Earth အပြောအဆုံးမှာ ကောင်လေးက ချက်ချင်းပဲလူးလဲထကာ ခုတင်ပေါ်မှာဒူးထောက်ရင်း သူ့ဘောင်းဘီကို အတွင်းခံနဲ့အတူ ဒူးခေါင်းနားရောက်တဲ့အထိ ဆွဲချလိုက်တယ်။ အဲဒီအချိန်အထိ Earth ကိုကျောခိုင်းလျက်သားရှိနေတဲ့ကောင်လေးက Earth ဘက်ကိုလှည့်လာပြီး ခြေထောက်တွေစင်းကာ အဝတ်တွေအကုန်လုံးကို ဖယ်ထုတ်ပစ်နေတယ်။ ကောင်လေးလှုပ်ရှားနေသမျှကိုတော့ Earth ကကြည့်မနေဘဲ ဝိုင်ခွက်ကိုလက်တစ်ဖက်ကကိုင်ရင်း တစ်ဖက်က crop တွေကို စိတ်ကြိုက်ရွေးနေပြန်တယ်။
အဲဒီအချိန်အထိ ကောင်လေးက ဘယ်လိုမှမနေပေမဲ့ ဒီဇိုင်းအမျိုးမျိုးနဲ့ Penis plugs တွေဆီ Earth လက်လှမ်းလိုက်ချိန်မှာတော့ ကောင်လေးက အောက်နှုတ်ခမ်းကို တစ်ချက်ကိုက်ထားမိတာ သူ့ကိုယ်သူတောင် သတိထားမိရဲ့လားမသိ။
အဲဒီနောက်မှာ Earth ရဲ့အာရုံက needles တွေဆီကိုပါ။ ဒီ club မှာ needles တွေကိုသုံးတတ်ကြပေမဲ့ လူရွေးပါတယ်။ Sub တိုင်း သည်းမခံနိုင်ကြပါ။ Earth လှုပ်ရှားသမျှကို လိုက်ငေးနေမိတဲ့ကောင်လေးက ခုတင်ပေါ်မှာ ဒူးတုပ်ထိုင်လို့။ ကြယ်သီးပြုတ်နေတဲ့ဘောင်းဘီနဲ့ အတွင်းခံတစ်ဝက်တစ်ပျက်ပေါ်နေတဲ့ပုံစံနဲ့ ဝိုင်အသောက်မပျက်တဲ့ Earth ရဲ့ V လိုင်းနေရာကို သိသိသာသာငေးနေမိရာက ကောင်လေးရဲ့အောက်ပိုင်းမှာလည်း ထောင်မတ်လို့။
"ဒူးထောက်၊ လက်တွေကို ခေါင်းနောက်မှာထား။ မင်းပါးစပ်ကနေ ဘာသံမှမကြားချင်ဘူး။"
Crop တစ်ခုကိုဆွဲယူပြီး အမိန့်ပေးနေတဲ့ Earth ပြောတဲ့အတိုင်း ကောင်လေးက အတိအကျလိုက်နာရှာတယ်။ ကောင်လေးရဲ့တင်သားတွေပေါ်ကို crop နဲ့လက်စမ်းသလိုလုပ်နေတဲ့ Earth က စိတ်မပါသလိုအနေအထားနဲ့။
"အောက်ဆင်းခဲ့။"
ကောင်လေး ခုတင်ပေါ်ကဆင်းလာတော့ လက်ကိုင်ပါတဲ့ whip တစ်ချောင်းကို Earth ကဆွဲယူလိုက်ပြီး
"ဟိုဘက်လှည့်၊ လက်တွေမြှောက်ထား။ ပြန်ကျမလာစေနဲ့။"
"အ"
ခပ်ပြင်းပြင်းလွှဲရိုက်တဲ့ whipက ကျောပြင်ပေါ်ကိုတင်မက နံစောင်းနဲ့ ရှေ့ကရင်ဘတ်ဆီကို အဖျားခတ်တာကြောင့် တစ်ကိုယ်လုံးကိုရစ်ပတ်လိုက်သလိုမို့ သတိလက်လွတ်အော်မိသွားတဲ့ ကောင်လေးက သူ့ကိုယ်သူပြန်ထိန်းထားရတဲ့ပုံ။ တစ်ချက်ပြီးတစ်ချက်ကျလာတာက နံစောင်းတွေ၊ ရင်ဘတ်တွေမှာပါ အနီစင်းတွေထင်းလာခဲ့ပြီ။ ကျောမှာတော့ အရာတွေထင်းနေတာ တစ်ပြင်လုံးနီရဲလို့။
"အင့်"
အရှိန်ပြင်းပြင်းတစ်ချက်ရိုက်ပြီး လက်ကျန်ဝိုင်နည်းနည်းနဲ့ ကျောပြင်ကိုလှမ်းပက်လိုက်တာကြောင့် ကောင်လေးက နှုတ်ခမ်းတွေကိုက်ထားရင်းနဲ့ကို ညည်းမိပြန်တယ်။ လက်တွေကတော့ တစ်ချက်ကလေးတောင် ပြန်မချခဲ့ပါ။
"ပါးစပ်ပိတ်ပေးရတော့မှာပဲ။"
Earth က သူ့ဘာသာရေရွတ်သလိုပြောတော့ ကောင်လေးက အလိုက်တသိနဲ့ ball gag တစ်ခုယူပေးပေမဲ့ အဲဒီလောက်နဲ့မလုံလောက်ပါ။
မေးရိုးပေါ်ရောက်နေမယ့် သားရေပြားပေါ်မှာ ကွင်းလေးပါတဲ့ ball gag နဲ့ nipple clamps တစ်စုံကိုယူလိုက်တယ်။ ညှပ်တစ်ခုစီရဲ့အဆုံးကကြိုးအဖျားမှာ ချိတ်လေးတွေပါပြီး ball gag နဲ့ တွဲဆက်လို့ရတဲ့ပုံစံမျိုးမို့ ခေါင်းမော့မိတာနဲ့ nipple တွေကို ဆွဲတင်းသလိုဖြစ်နိုင်တဲ့အနေအထား။
"ရော့၊ မင်းဘာသာ တပ်လိုက်။"
Ball gag ကိုပစ်ပေးလိုက်ကာ ကောင်လေးရဲ့ရင်ဘတ်က အသီးလေးတွေကိုဆွဲလို့ အနားကိုဆွဲခေါ်ပြီး nipple clamps ကိုတော့ Earth ကိုယ်တိုင်တပ်ပေးနေတုန်း ကောင်လေးမှာတော့ လုံးပတ်တော်တော်ကြီးတဲ့ဘောလုံးကြောင့် ပါးစပ်တွေကို ဆွဲဖြဲထားသလိုပါပဲ။ အားလုံးတပ်ပြီးတော့ ကောင်လေးရဲ့မေးဖျားကို လက်ညှိုးလေးကွေးပင့်ရင်း ခေါင်းမော့စေတော့ ကောင်လေးခန္ဓာကိုယ်ကတွန့်သွားရင်း အသက်ရှူအောင့်ထားတာ သိသိသာသာ။ Earth ကလည်း မေးဖျားတွေကို ရသလောက်ဆွဲမော့စေတာကြောင့် ခပ်တင်းတင်းဖိညှပ်ထားတာတောင် တဖြည်းဖြည်းနေရာရွေ့လာတဲ့ ညှပ်တွေ။ Earth လက်လွှတ်ပေးလိုက်တော့မှ အသက်လုရှူနေတဲ့ကောင်လေးက မျက်ရည်တွေပါဝဲလို့။ ပါးစပ်မှာလည်း ball gag ကဆိုဒ်ကြီးလို့ အသက်ရှူရတာ အဆင်ပြေပုံမရ။ သွားရည်တွေကပါ စီးကျလာနေတယ်။
မိနစ်ဝက်လောက် အသက်ပေးရှူပြီး နောက်တစ်ခါ ခေါင်းမော့စေပြန်တယ်။ သူ့ရည်ရွယ်ချက်က ညှပ်တွေကို လက်နဲ့မဖြုတ်ဘဲ ဒီအတိုင်းလွတ်ထွက်သွားစေချင်တာမျိုး။
"အွန်း"
နှစ်ဖက်လုံးပြိုင်တူပြုတ်ထွက်သွားလို့ ပါးစပ်ပိတ်ခံထားရတဲ့ကြားက မပီမသအော်မိသွားတဲ့ကောင်လေးက ခေါင်းငုံ့လို့ ရင်ဘတ်တွေကိုကျုံ့လိုက်ပေမဲ့ ချည်မထားတဲ့လက်တွေကတော့ ရင်ဘတ်ဆီရောက်မလာသေးပါ။ နာကျင်နေရင်းကို ကောင်လေးက ပိုပိုပြီးထောင်မတ်လာနေတယ်။
"လက်တွေကတော့ အမိန့်နာခံသားပဲ။ အဲဒီအတွက် တစ်ခုပြန်လျှော့ပေးမယ်။ gag ဖြုတ်လိုက်တော့။ ဒါပေမဲ့ ကျယ်ကျယ်လောင်လောင်အော်တာတွေ ငါမုန်းတယ်။"
ကောင်လေးကို ဆံပင်ကနေဆွဲခေါ်ပြီး ခုတင်ပေါ်ကိုတွန်းလှဲလိုက်တဲ့ Earth. စားပွဲပေါ်ကယူလာတဲ့ boxကို ခုတင်ပေါ်တင်လိုက်ပြီး လက်အိတ်တွေကိုယူကာ တစ်ဖက်ချင်းသေချာစွပ်နေတာကလည်း ငေးကြည့်နေချင်စရာ။ အဲဒီနောက် Earth လက်ထဲရောက်လာတာက ခြောက်လက်မလောက်အရှည်ရှိတဲ့ ညီညီညာညာအဖုလေးတွေပါတဲ့ penis plug တစ်ချောင်း။ ရိုးရိုး plug မဟုတ်ဘဲ electric stimulator ဖြစ်တာကြောင့် ကောင်လေးက သက်ပြင်းဖွဖွလေးရှိုက်ရင်း Earth ကိုမော့ကြည့်လာတယ်။
မျက်နှာတစ်ခြမ်းမှာ နှုတ်ခမ်းတွေပဲလွတ်တဲ့အထိ တပ်ထားဆဲ face mask ကြောင့်
"အဲဒီ mask က အခုထိမပြုတ်သေးဘူးလား။"
"ကျွန်တော့်ကို မှတ်ထားချင်လို့လား။ စိတ်တိုင်းကျတယ်ဆိုတဲ့အခါမှ ဖြုတ်ကြည့်ပေါ့။"
ချွဲပစ်နေတာမျိုးလည်းမဟုတ်၊ ဩရှနေတာမျိုးလည်းမဟုတ်တဲ့ မတိုးမကျယ်အသံက Earth ကိုပြုံးစေတယ်။
"ကြည့်ရသေးတာပေါ့။"
Lube ကို လက်ဖမိုးပေါ်ညှစ်ချပြီး plug ကို အဲဒီပေါ်မှာဆွဲသုတ်နေရင်းက Earth ပြောတော့ ကောင်လေးက ခေါင်းညိတ်ရုံသာ။
"မင်းဟာက ပြန်ကျတော့မယ်။"
"နည်းနည်းလေး ခွင့်ပြုပါ။"
Earth မငြင်းတော့ ကောင်လေးက ခုတင်ဘေးမှာရပ်နေတဲ့ Earth ခါးနားကိုတိုးကပ်လာပြီး တစ်ပိုင်းတစ်စပေါ်နေတဲ့ အတွင်းခံပေါ်ကို လျှာနဲ့လျက်လာတယ်။ ရနိုင်သလောက် ဂျင်းဘောင်းဘီထဲတိုးဝင်ဖို့ကြိုးစားတဲ့ လျှာဖျားတွေက Earth ကိုပါ စိတ်ကြွလာစေပြီး ကောင်လေးကလည်း ခဏနဲ့ ပြန်ပြီးထောင်မတ်လာတာကြောင့်
"I'm ready, sir."
■■■ Part (52) ဆက်ရန် ■■■
တစ်ယောက်တည်း နှစ်ဖက်လုံးကို ဝင်ခံစားပေးကြည့်ရင်း အာရုံနောက်သွားပြီ။
ဘယ်လိုမှအဆင်ပြေမနေဘူး။
အသုံးအနှုန်းတွေက ဖတ်လို့အဆင်ပြေမပြေ ကိုယ်လည်းမသိတော့ဘူး။
ဒီနောက်ကြောင်းက US မှာဖြစ်ခဲ့တာမို့ သူတို့ချင်းကတော့ အင်္ဂလိပ်လိုပြောကြတာပါပဲ။ ကိုယ်မရေးချင်တော့လို့။
😈
© Demon ,
книга «Branded by You».
Коментарі