Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Characterizing
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
When they have a baby...
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
Chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58)
Chapter (59)
Chapter (60): Final
Chapter (55)
စာလည္းမေရးခ်င္ဘူး၊ ေရးၿပီးရင္လည္း ျပန္မစစ္ခ်င္ဘူး။ ဖတ္ရင္းနဲ႔ ကူစစ္သြားေပးၾကပါ။
👿

■■■■■

"အထီးက်န္ေနတဲ့လူကို ခင္ဗ်ားကပါ ထပ္ၿပီးလစ္လ်ဴရႈထားတာ။ ငါ့မွာ ခင္ဗ်ားသာရွိေနရင္ အခုလို အခ်ိန္အၾကာႀကီး အထီးက်န္ရမွာမဟုတ္ဘူး။"

အဖက္မလုပ္ဘူး၊ အထီးက်န္တယ္ဆိုတဲ့စကားကို ၾကားလာရတဲ့အခ်ိန္ သခင္ေတြးမိသြားတဲ့တစ္စံုတစ္ေယာက္။

"မင္းက ဘယ္သူလဲ။"

တစ္ဖက္က အေျဖျပန္မလာပါ။
ခ်ဳပ္ေႏွာင္ခံထားရတာေတြကို ရုန္းမိေတာ့

"မရုန္းနဲ႔။"

"ငါ့ကိုလႊတ္ေပး။"

"ဟင့္အင္း၊ ခင္ဗ်ားထြက္ေျပးမွာ။"

ထြက္မေျပးဘူးလို႔ ကတိေပးရေအာင္လည္း သခင္က အရူးမဟုတ္။ ကတိေပးရင္လည္း ယံုသြားဖို႔ဆိုတာက တစ္ဖက္ကရူးေနရင္ေတာင္ ဦးေႏွာက္မရွိတဲ့အေနအထားေတာ့ မဟုတ္ႏိုင္။

"ဗိုက္ဆာလား။"

ဒီအခ်ိန္မွာ ဗိုက္ဆာတာကို သတိထားမိစရာလားလို႔ ေအာ္ပစ္လိုက္ခ်င္ေပမဲ့ သခင္စိတ္ထိန္းထားလိုက္တယ္။ ကိုယ့္ဘက္ကအေရးနိမ့္ေနခ်ိန္ တစ္ဖက္လူကို အခ်ိဳသတ္ဖို႔ပဲ ေတြးလိုက္ၿပီး

"မ်က္လံုးကိုစည္းထားတာ ဖယ္ေပးလို႔ရမလား။"

အနံ႔သင္းသင္းတစ္ခုက သခင့္အနားကိုလြင့္လာျပန္တယ္။ သူ ေနာက္တစ္ႀကိမ္ သခင့္နားကပ္လာျပန္တာ။
မ်က္လံုးကိုစည္းေႏွာင္ထားတဲ့အဝတ္စ ဖယ္သြားေတာ့ သခင္ ျဖည္းျဖည္းခ်င္း မ်က္လံုးဖြင့္ဖို႔ႀကိဳးစားတယ္။ မ်က္စိေတြက က်င့္သားမရေပမဲ့ အခန္းကလည္း မ်က္စိက်ိန္းရေလာက္တဲ့အလင္းေရာင္မ်ိဳး ရွိမေနခဲ့။ အခန္းဝနားေလာက္ကမီးသီးက တမင္တကာကို အဝါေရာင္သံုးထားတဲ့ပံု။ သခင့္ဘက္ကၾကည့္ရင္ တစ္ဖက္လူက မီးေရာင္ကိုေက်ာေပးထားၿပီး ေခါင္းစြပ္ hoodie ကိုဝတ္ထားလို႔ မ်က္ႏွာကိုမျမင္ရ။ အဝတ္အစားပြပြႀကီးေတြနဲ႔ဒီလူက ဘယ္ေလာက္ခႏၶာကိုယ္ရွိတယ္လို႔လည္း သိပ္ၿပီးမွန္းဆမရျပန္။

"လူတစ္ေယာက္ကို ဒီလိုပဲ တစ္သက္လံုးခ်ဳပ္ထားလို႔ရမလား။"

သခင္က ခ်ဳပ္ေႏွာင္ခံထားရတဲ့ သူ႔လက္ေတြကို ရသေလာက္ေျမႇာက္ျပၿပီးေျပာေတာ့ တံု႔ျပန္မလာဘဲ ဒီအတိုင္းရပ္ေနတယ္။ ခဏေနမွ

"ခက္ေတာ့ခက္တာေပါ့။"

ဒီေလာက္ပဲေျပာၿပီး လွည့္ထြက္သြားသူေၾကာင့္ သခင္ စိတ္ပ်က္လက္ပ်က္နဲ႔ သက္ျပင္းခ်ရင္း အခန္းတစ္ဝိုက္ကိုသာ လိုက္ၾကည့္မိပါတယ္။
ခုတင္ရယ္၊ စားပြဲတစ္လံုးနဲ႔ ထိုင္ခံုတစ္လံုးရယ္၊ ၿပီးေတာ့ ဗီရိုပုေလးတစ္လံုးရယ္၊ တံခါးႏွစ္ခ်ပ္ရယ္၊ ျပတင္းေပါက္မရွိ။ ေသခ်ာတာေတာ့ အခန္းအေနအထားအရ အေဆာက္အဦတစ္ခုရဲ႕ ေျမေအာက္ခန္းဆိုတာပါပဲ။ တံခါးတစ္ခ်ပ္က အခန္းကိုအဝင္အထြက္လုပ္တဲ့ တံခါးမႀကီးဆိုရင္ က်န္တဲ့တစ္ခ်ပ္ ေရခ်ိဳးခန္း၊ အိမ္သာပဲျဖစ္ႏိုင္တယ္။ ဒီအတိုင္းဆို အဲဒီထဲမွာလည္း လူထြက္လို႔ရတာ ဘာအေပါက္မွမရွိႏိုင္။

သခင္ေတြးေနရင္း တံခါးျပန္ပြင့္လာၿပီး ျပန္ဝင္လာသူက လက္ထဲ ပန္းကန္ေတြ၊ ခြက္ေတြနဲ႔ အထုပ္ေတြဆြဲၿပီးျပန္ဝင္လာေလရဲ႕။
ေဘးကစားပြဲေပၚတင္လိုက္ၿပီး သခင့္အနားေရာက္လာကာ လက္ထိပ္တစ္စံုထုတ္လို႔ သခင့္လက္တစ္ဖက္ကိုခတ္လိုက္ၿပီးမွ ခုတင္နဲ႔တြဲထားတဲ့ႀကိဳးကိုျဖဳတ္ေပးလာတယ္။ လက္ထိပ္ရဲ႕က်န္တဲ့တစ္ဖက္ကို သူ႔လက္က ေသခ်ာကိုင္ထားတာ ရုန္းလိုက္လည္းလြတ္မယ့္ပံုမေပၚ။ သခင္ကေတာ့ လက္တစ္ဖက္လြတ္တာနဲ႔ ထထိုင္ဖို႔ႀကိဳးစားလိုက္ပါတယ္။ ဒါေပမဲ့လည္း

"ဒီေလာက္နဲ႔ ေဆးအရွိန္ကမပ်ယ္ဘူး။"

သူေျပာသလိုပါပဲ ေခါင္းကလည္ထြက္သြားၿပီး ခုတင္ေပၚျပန္လဲသြားရတယ္။ ေနာက္လက္တစ္ဖက္ကိုပါ လက္ထိပ္ခတ္ခံလိုက္ရၿပီးမွ ခုတင္နဲ႔လက္ေတြနဲ႔က လြတ္သြားတယ္။ ေျခေထာက္ကိုပါ သံႀကိဳးနဲ႔ခ်ည္လိုက္ၿပီး နံရံနဲ႔ဆက္ေနတဲ့ ႀကိဳးရွည္ရွည္နဲ႔ ခ်ိတ္ပစ္ေနတယ္။ ဒီတိုင္းဆို အခန္းထဲေတာ့ သခင္လွည့္ပတ္သြားလို႔ရႏိုင္တယ္။

"ဟိုဘက္က ေရခ်ိဳးခန္း။ ႀကိဳးက အဲဒီထဲအထိ သြားလို႔ရတယ္။"

ေရခ်ိဳးခန္းဝင္ခ်င္လို႔ ႀကိဳးျဖည္ေပးပါလို႔ ေျပာစရာမလိုေတာ့ဘူးမဟုတ္လား။ သခင္စိတ္ညစ္ညစ္နဲ႔ ၿငိမ္ေနမိခ်ိန္ သူကေတာ့ စားပြဲေပၚမွာ စားေသာက္စရာေတြျပင္ေနပါၿပီ။

သံပရာသီးအမၽွင္ေလးေတြ အေပၚယံမွာေပၚေနတဲ့ သူလွမ္းေပးတဲ့ဖန္ခြက္ကိုၾကည့္ၿပီး သခင္ထထိုင္လိုက္တယ္။ ဒီတစ္ခါေတာ့ ျဖည္းျဖည္းခ်င္းေပါ့။ အခုခ်ိန္မွာ အစားအေသာက္ကိုမ်ား စိတ္ဝင္စားမယ္လို႔ ဒီလူထင္ေနသလားမသိဘူးလို႔ ေတြးရင္း သခင့္စိတ္ထဲ ဒီလူ႔ကို စိတ္ရွိလက္ရွိထထိုးပစ္ခ်င္ေနပါၿပီ။ ဆိုးတာက ခႏၶာကိုယ္က အားမရွိသလိုျဖစ္ေနတာတစ္ခုပါပဲ။

"ျငင္းဖို႔ေတာ့မႀကိဳးစားနဲ႔။ ဘာမွမစားလည္း မေသေအာင္ထားလို႔ရတယ္။ အခု အားနည္းသလိုျဖစ္ေနတာကို ဆက္ၿပီးသည္းခံႏိုင္လို႔လား။"

သူေျပာတာလည္းအမွန္မို႔ လွမ္းယူလိုက္ၿပီး တစ္ေမာ့တည္းနဲ႔ အကုန္ေသာက္ခ်ပစ္လိုက္မိတယ္။

"အဆင္ေျပမယ္ထင္တာေတြေတာ့ ဝယ္လာတာပဲ။"

စားပြဲေပၚကို ေခါင္းငဲ့ျပၿပီး သူေျပာလာေတာ့

"ငါက စားခ်င္စိတ္ရွိမယ္ထင္တာလား။"

"မစားလည္း ခင္ဗ်ားမေသေအာင္ေတာ့ ထားႏိုင္တယ္လို႔ ေျပာၿပီးသား။ ခင္ဗ်ားသေဘာပဲ။"

အစားအေသာက္ေတြကို ပန္းကန္ေတြနဲ႔ျပန္ဖံုးၿပီး သူကေတာ့ ထိုင္ခံုမွာထိုင္ကာ ဖုန္းထုတ္ၿပီး ဘာေတြၾကည့္ေနတယ္မသိ။

"ငါ့ဖုန္းေရာ"

"ခင္ဗ်ားအေဖဆီကို ခရီးသြားရမယ္လို႔ စာပို႔ေျပာၿပီး ဖုန္းပိတ္ထားတယ္။ လိုင္းမမိႏိုင္ေလာက္ဘူးလို႔ ေျပာၿပီးသားမို႔ ဘာမွပူမေနနဲ႔။"

"ဘာ"

သခင္ ခုတင္ေပၚကေနဆင္းလိုက္ေတာ့ သူ႔ဆီေတာင္မေရာက္လိုက္ဘဲ ကိုယ့္ခႏၶာကိုယ္ကို ျပန္ထိန္းေနရတယ္။ ေခါင္းကို လက္နဲ႔ဖိထားရင္းက

"ငါ့ကို ဘာလုပ္ထားတာလဲ။"

"အခုလိုေတြ စိတ္လိုက္မာန္ပါလုပ္မွာစိုးလို႔ နည္းနည္းေလးေဆးသံုးထားတာ။ ဘာမွမျဖစ္ဘူး။ ေရေတာ့မ်ားမ်ားေသာက္ေပးေပါ့။"

လူသတ္ခ်င္ေနတဲ့သခင့္အၾကည့္ေတြကို သူျမင္ႏိုင္မွာဆိုေပမဲ့ သခင္ကေတာ့ သူ႔မ်က္ႏွာကိုေတာင္ ရွင္းေအာင္မျမင္ရပါ။

"မ်က္ႏွာမျပရဲတဲ့ေကာင္က ဒီလို ခိုးေၾကာင္ခိုးဝွက္နည္းေတြပဲ သံုးႏိုင္မွာေပါ့။"

"မ်က္ႏွာျမင္ရရင္ တစ္သက္လံုးမွတ္ထားမလို႔လား။"

သခင္ ဘာမွျပန္မေျပာေတာ့ဘဲ ခုတင္ေပၚကိုပဲ ျပန္ထိုင္ခ်လိုက္ရတယ္။ သူ႔ကိုယ္သူျပန္ထိန္းေနရတာနဲ႔တင္ တစ္ဖက္လူကို ဘာမွမတံု႔ျပန္ႏိုင္ပါ။

"အခ်ိန္တန္ရင္ ငါေပ်ာက္ေနတာကို သိသြားၾကမွာပဲ။ မင္း ဘယ္ေလာက္ၾကာၾကာဖံုးထားႏိုင္မွာလဲ။"

"စမ္းၾကည့္မယ္ေလ ဘယ္ေလာက္ၾကာၾကာလိမ္လို႔ရမလဲဆိုတာ။ အခုေလာေလာဆယ္ ခင္ဗ်ားေပ်ာက္ေနတာကို ဘယ္သူကသိမွာလဲ။"

ဘယ္လိုေျပာေျပာ သူျပန္ေျဖသမၽွက ေဒါသထြက္စရာေတြခ်ည္းပါပဲ။

'ေျမကမ႓ာ။ ဟုတ္တယ္၊ ေျမကမ႓ာသိႏိုင္တာပဲ။ ေန႔တိုင္းနီးပါးမဟုတ္ရင္ေတာင္ တစ္ရက္ျခားတစ္ခါေလာက္ Online ကေနျဖစ္ျဖစ္၊ ဖုန္းကေနျဖစ္ျဖစ္ ေခၚေနက်ေျမကမ႓ာက သခင္ျပန္မေျဖႏိုင္ရင္ သိမွာပဲမဟုတ္လား။'

"ခင္ဗ်ားေယာက္်ားကို ေတြးေနတာလား။ ခင္ဗ်ားတို႔ ဟိုေန႔ကပဲ ကေတာက္ကဆျဖစ္ၿပီး စကားမေျပာၾကဘူးေလ။"

သခင့္အေတြးကို ႀကိဳေတြးၿပီးေျပာေနတဲ့ အဲဒီလူ။ သူေျပာသလိုပါပဲ။ သခင္နဲ႔ကမ႓ာ ျပႆနာတက္ထားတယ္။ အဲဒီျပႆနာကလည္း ကမ႓ာ့ေၾကာင့္။ ၿပီးေတာ့ ဘယ္သူမွန္းမသိတဲ့လူတစ္ေယာက္ေၾကာင့္။

ဒါေတြကို ဒီလူက သခင့္ဖုန္းကေနေတြ႕ၿပီးၿပီဆိုတာကို သခင္အခုမွသိရပါေတာ့တယ္။



"ဇ၊ ဇ။ ရာဇ၊ ခင္ဗ်ား အဲဒီလို ေတာက္ေလၽွာက္အိပ္မေနနဲ႔။"

လႈပ္ႏႈိးခံရၿပီး နာမည္ေခၚေနတာေၾကာင့္ သခင္ႏိုးသြားရတယ္။ ေခါင္းေတြလည္းမထူႏိုင္၊ တစ္ကိုယ္လံုးလည္း ကိုက္ခဲေနၿပီး မ်က္စိေတာင္မဖြင့္ခ်င္။

"ကိုယ္ေတြပူျခစ္ေနတာပဲ။ အဝတ္ေတြက ေရစိုေနတာ ဘယ္လိုျဖစ္တာလဲ။"

ဘယ္လိုျဖစ္လဲဆိုေတာ့ သူမရွိတုန္းမွာ တစ္ခန္းလံုးလည္းထြက္ေပါက္ရွာမရ၊ ေျခေတြလက္ေတြကႀကိဳးေတြကိုျဖဳတ္ဖို႔ ဘာတစ္ခုမွရွာမရတဲ့ေနာက္ ေရခ်ိဳးခန္းထဲဝင္ၿပီး တစ္နာရီခြဲေလာက္ ေရစိမ္လိုက္တာပါပဲ။ အရမ္းေအးလာမွ ျပန္ထြက္လာၿပီး ဒီတိုင္းခုတင္ေပၚတက္အိပ္ေနလိုက္တာ။ ကိုယ့္ကိုသေဘာက်ေနတယ္ဆိုတဲ့ သူ႔စကားမွန္ရင္ ဖ်ားတာကိုသိတာနဲ႔ အနည္းဆံုးေတာ့ ဆရာဝန္ပင့္ေပးရေတာ့မယ္။
ခ်က္ခ်င္းျပန္ထြက္သြားသူက ခဏအၾကာျပန္ဝင္လာၿပီး

"ခဏထၿပီး အဝတ္လဲလိုက္။ မဟုတ္ရင္ ငါလဲေပးရလိမ့္မယ္။"

မသိခ်င္ေယာင္ေဆာင္ေနလိုက္ဖို႔လည္း မျဖစ္တာေၾကာင့္ ထထိုင္ေတာ့ ခုတင္ေပၚမွာ အဝတ္အစားတစ္စံု။ သူ႔လက္ထဲမွာက အိပ္ရာလိပ္။ ေရစိုစိုနဲ႔တက္အိပ္ေနတာေၾကာင့္ အိပ္ရာတစ္ခုလံုးလည္း စိုေနၿပီမို႔ လဲဖို႔ယူလာတာျဖစ္ပါလိမ့္မယ္။

"အဝတ္အစားကို ကိုယ့္ဘာသာလဲမလား။ ငါ လဲေပးရမလား။ အားသိပ္ရွိေနရင္ေတာ့ စမ္းၾကည့္ေလ။"

"ဒါေတြနဲ႔ ငါဘယ္လိုလဲရမွာလဲ။"

"ေရခ်ိဳးခန္းထဲေရာက္ရင္ ျဖဳတ္ေပးမယ္။ တျခားေတာ့ မၾကံစည္နဲ႔ေနာ္။ ခင္ဗ်ားအားနည္းေနပံုနဲ႔ဆို ငါ အသာေလးထိန္းႏိုင္တယ္။"

မီးဝင္းဝင္းေတာက္တဲ့အၾကည့္နဲ႔ အဲဒီလူကို သခင္ၾကည့္လိုက္ၿပီး အဝတ္အစားေတြကိုယူကာ ေရခ်ိဳးခန္းထဲဝင္လာလိုက္ပါေတာ့တယ္။ အစာမရွိတဲ့ဗိုက္နဲ႔၊ ဖ်ားေနတဲ့ခႏၶာကိုယ္က ရွိသမၽွအားအင္ေတြကို စုပ္ထုတ္ပစ္လိုက္သလိုပါပဲ။
ဘယ္ေရခ်ိဳးခန္းက အျပင္ကေနပိတ္ဖို႔ပဲလုပ္ထားရသလဲ။ ခ်မ္းစိမ့္စိမ့္နဲ႔ ေခါင္းေတြထိုးကိုက္ေနတဲ့ အေနအထားနဲ႔ဆို ခ်ဳပ္ေႏွာင္ထားတာေတြမရွိေပမဲ့လည္း အျပင္ကပိတ္ထားတဲ့တံခါးကို ဘယ္လိုမွဖြင့္ဖို႔မျဖစ္ႏိုင္။ အဝတ္လဲၿပီးေတာ့ အရင္အတိုင္း သူကျပန္ခ်ဳပ္ထားျပန္ရဲ႕။
သူအိပ္ရာျပင္ၿပီးတဲ့ေနာက္ သခင္က ခုတင္ေပၚျပန္တက္အိပ္ေနဖို႔လုပ္ေတာ့ သူကဘာမွမေျပာဘဲ တံခါးပိတ္လို႔ ျပန္ထြက္သြားျပန္တယ္။

စားပြဲေပၚမွာ ဆန္ျပဳတ္နဲ႔ ေဆးတခ်ိဳ႕တင္လိုက္ၿပီး

"ထစားႏိုင္လား။"

ေစာင္ပံုထဲကသခင္ ျပန္မေျဖတဲ့အျပင္ မ်က္စိေတာင္မဖြင့္ပါ။ ျပန္ထြက္သြားတဲ့အသံေၾကာင့္ မ်က္စိဖြင့္ၾကည့္ေတာ့ သူမရွိေတာ့။ ဘာမွစားဖို႔အစီအစဥ္မရွိေပမဲ့ လည္ေခ်ာင္းေတြေျခာက္ေနလို႔ ေရေသာက္ၿပီး ျပန္လွဲအိပ္ေနလိုက္တာ ေနာက္တစ္ႀကိမ္သူႏႈိးမွ ႏိုးလာရၿပီ။

"ဘာအစာမွမရွိေတာ့ ေဆးထိုးလို႔မရဘူး။ ေဆးမေသာက္ရင္ ရတဲ့အေပါက္ကေန ထည့္ရမွာပဲ။"

သူ႔စကားေၾကာင့္ သခင္ဖ်ားေနတာေတာင္ ေပ်ာက္ခ်င္သြားသလိုပါပဲ။ သူကေတာ့ အျဖဴေရာင္ေဆးေတာင့္ႏွစ္ေတာင့္ကို စားပြဲေပၚတင္လိုက္ေလရဲ႕။

"ေဆးေသာက္မယ္မဟုတ္လား။"

ၿခိမ္းေျခာက္သံပါေနတဲ့ သူ႔စကားက ဘယ္ကိုဦးတည္ေနတယ္ဆိုတာ သခင္သိလိုက္ၿပီမို႔ ေအာင့္သက္သက္နဲ႔ ေဆးထေသာက္ဖို႔ျပင္ေပမဲ့ သူက ဒီေလာက္နဲ႔ၿပီးမသြား။ အေငြ႕ေထာင္းေထာင္းထေနတဲ့ စြပ္ျပဳတ္ကိုပါ ေမးေငါ့ျပလာတယ္။

"အစာရွိမွျဖစ္မွာေပါ့။"

ထိုင္ခံုေပၚက ပလတ္စတစ္ပံုးအၾကည္ထဲမွာ အတိုင္းသားျမင္ေနရတဲ့ ေဆးပုလင္းေတြနဲ႔ ေဆးထိုးပိုက္ေတြကို သခင္ၾကည့္ေနမိေတာ့

"မအိပ္ဘဲေနႏိုင္ရင္ ေနၾကည့္။ အိပ္ေပ်ာ္သြားရင္ေတာ့ drip ခ်ိတ္လိုက္ရံုပဲ။"

သခင္ ေဒါသေတြထြက္လာရတယ္။ ဒီလူက တစ္ခုၿပီးတစ္ခုကို ၿခိမ္းေျခာက္ေနေတာ့တာ။ အရင္တည္းက အစာမရွိရတဲ့အထဲ ဖ်ားေနလို႔ ခႏၶာကိုယ္ကအားနည္းေနပါတယ္ဆို ေဆးမေသာက္ရင္ ၿဂိဳဟ္တုထည့္ၿပီး အစာမစားရင္ drip ခ်ိတ္မယ္ဆိုတာက လြန္လာၿပီမို႔

"တစ္ခါတည္းသတ္လိုက္ပါလား။"

"ငါေျပာသားပဲ။ မေသေအာင္ထားႏိုင္ပါတယ္လို႔။"

သိပ္စိတ္ပ်က္ဖို႔ေကာင္းတဲ့ ဒီအေျခအေနအရ အႏုနည္းမရရင္ အၾကမ္းနည္းသံုးဖို႔သာေတြးၿပီး ေနျပန္ေကာင္းေအာင္ေနဖို႔ ဆံုးျဖတ္လိုက္ပါၿပီ။
စြပ္ျပဳတ္ပန္းကန္ဆီ လက္လွမ္းေတာ့

"ပူတယ္။ ခဏ။"

စားပြဲေဘးမွာေထာင္ထားတဲ့ ေခါက္လို႔ရတဲ့စားပြဲေလးကို ခုတင္ေပၚမွာခင္းေပးေနတဲ့ အဲဒီလူဟာ အဲဒီေခါင္းစြပ္အက်ႌပံုစံတူေတြကို ဘယ္ႏွရက္ၾကာတဲ့အထိ ဝတ္ဖို႔ေတြးထားတယ္မသိပါ။

.

အစားစား၊ ေဆးေသာက္ၿပီး အိပ္ေပ်ာ္သြားျပန္တဲ့သခင္ ေခၽြးေတြနဲ႔ႏိုးလာေတာ့ ခုတင္ေျခရင္းမွာ အဝတ္တစ္စံု။ လက္မွာ လက္ထိပ္မရွိ။ ေျခေထာက္မွာေတာ့ ႀကိဳးတန္းလန္းနဲ႔ေပမဲ့ ပုဆိုးလဲဖို႔က ေခါင္းကစြပ္လဲရတာမို႔ အဝတ္လဲလိုက္ၿပီးေတာ့ ေျခေထာက္ကသံႀကိဳးကိုျဖဳတ္ဖို႔ ႀကိဳးစားၾကည့္မိတယ္။ ေသာ့ေပါက္ႏႈိက္လို႔ရႏိုင္တဲ့ သံေခ်ာင္းေသးေသးနဲ႔တူတာ စကၠဴညႇပ္တဲ့ကလစ္ေတာင္ မရွိ။

"ဘာေတြရွာေနျပန္ၿပီလဲ။ လူသတ္ခ်င္ေနတာလား။"

လက္လြတ္ေနတဲ့ သခင့္အနားကို လက္တစ္ကမ္းအကြာထက္နီးေအာင္ သူကပ္မလာပါ။

"ငါ့ကိုသတ္လိုက္ရင္ ခင္ဗ်ားေတာ့ အေလာင္းတစ္ေလာင္းနဲ႔တစ္ခန္းတည္းေနၿပီး အစာငတ္ေသမွာပဲ။"

ေခါင္းထဲမွာ ၿခိမ္းေျခာက္ဖို႔ပဲအျမဲေတြးေနတဲ့လူကို သခင္စိတ္ကုန္လာတယ္။

"ေအး၊ ငါ့ကိုမလြတ္ေစနဲ႔။ ငါလြတ္သြားတာနဲ႔ မင္းကိုအရင္သတ္မွာ။"

"စိန္လိုက္ေလ။"



တစ္ရက္တစ္ညနဲ႔ပဲ ေနျပန္ေကာင္းသြားတဲ့သခင့္အနား တစ္ခ်ိန္လံုးနီးပါး သူေစာင့္ၾကည့္လာတယ္။ သခင္ဖ်ားေနတဲ့ညကဆို သူက ထိုင္ခံုေပၚတင္ ထိုင္လ်က္အိပ္တဲ့ပံုပါပဲ။ သူအျပင္ထြက္သြားရင္ သခင့္လက္ေတြကိုပါ ခ်ည္သြားခဲ့ေပမဲ့ သူရွိေနရင္ေတာ့ ေျခေထာက္ေတြကပဲ ႀကိဳးတန္းလန္း။
ဖ်ားေနတုန္းက မသိေပမဲ့ ေနျပန္ေကာင္းလာတဲ့အခါ ေဘးမွာ လူတစ္ေယာက္ေစာင့္ၾကည့္ေနတာကို အေႏွာင့္အယွက္ျဖစ္လာရပါၿပီ။

"မင္း ဒီအခန္းထဲပဲေနေတာ့မွာလား။"

"ခင္ဗ်ားရဲ႕အေငြ႕အသက္ေတြနဲ႔မို႔ထင္တယ္၊ ဒီအခန္းက ပိုၿပီးေနလို႔ေကာင္းတယ္။"

သူဝတ္ထားတဲ့ အျပာေရာင္လက္ရွည္ကို လက္ေတြဆြဲခ်ရင္း ေျဖလာေတာ့ သခင္ ဘာမွဆက္မေျပာခ်င္ေတာ့ပါ။
Mask တပ္လို႔တပ္၊ ေခါင္းစြပ္ကို မခၽြတ္တမ္းစြပ္လို႔စြပ္နဲ႔ အဲဒီလူကို အခုထိ မ်က္ႏွာကိုေသခ်ာမျမင္ဖူးသလို နာမည္လည္းမသိပါ။ အခုေန သူ႔လက္ကလြတ္ရင္ေတာင္ ဘယ္လိုလူကဖမ္းထားပါတယ္လို႔ ျပန္ေျပာစရာအေထာက္အထားမရွိ။

"အင္းပါ၊ သြားပါ့မယ္။"

သခင္စိတ္႐ႈပ္ေနတာကို သိလို႔ထင္ပါရဲ႕။ ထထြက္သြားတဲ့ဒီလူက ဒီတစ္ခါေတာ့ သခင့္လက္ေတြကို ခ်ဳပ္ေႏွာင္မသြားခဲ့။



"ေရခ်ိဳးခန္းထဲက သြားတိုက္တံ ဘယ္ေရာက္သြားလဲ ဇ။"

"ရွိတယ္ေလ။ မေတြ႕ခဲ့ဘူးလား။"

"မေတြ႕ဘူး။ ဘာေတြၾကံစည္ေနျပန္ၿပီလဲ။"

သြားတိုက္တံတစ္ေခ်ာင္းေပ်ာက္တာကို ျပႆနာလုပ္ေနတယ္လို႔ သခင္ေတြးလိုက္ေပမဲ့ အခုမွ သူ႔အေတြးကို သခင္လိုက္ေတြးမိတယ္။ ရုပ္ရွင္ေတြထဲကလို သြားတိုက္တံကို နံရံနဲ႔တိုက္ေသြးလိုက္ရင္ လက္နက္ခၽြန္ခၽြန္တစ္ခု ရႏိုင္တယ္ဆိုတာကိုေပါ့။

'ဘယ္လိုေတြအထိ အေသးစိတ္ေတြးတတ္တာလဲ။'

"ခုနကပဲ ျခင္းထဲ ငါျပန္ထည့္ထားတယ္။"

သခင့္ကိုၾကည့္ေနၿပီးမွ ေရခ်ိဳးခန္းထဲျပန္ဝင္သြားတဲ့သူကို လိုက္ၾကည့္ရင္း သူျပင္ေပးထားတဲ့ စားပြဲေပၚကမနက္စာကိုလည္း မျမင္ခ်င္ေယာင္ေဆာင္မိတယ္။ ဒီေန႔ကစၿပီး ဒီကေနလြတ္ဖို႔ နည္းလမ္းေတြရွာရမယ္ဆိုတဲ့ အေတြးကလည္း ေခါင္းထဲမွာအျပည့္။

"ေအာက္ျပဳတ္က်ၿပီး အမႈိက္ျခင္းေနာက္ဘက္ကို က်ေနတာ။ ၿပီးရင္ အသစ္ယူလာေပးမယ္။ မနက္စာစားေလ။"

နလန္ထစ အားျပန္ျပည့္မွျဖစ္မွာမို႔ သူယူလာေပးတဲ့ ႏြားႏို႔ခြက္ကို ေကာက္ကိုင္လိုက္ေတာ့ ခပ္ေႏြးေႏြး။ ဒါက ပူလြန္းရင္မေသာက္ႏိုင္တဲ့ သခင့္အတြက္ အေနေတာ္ပဲ။ တစ္ငံုငံုလိုက္ေတာ့ အငံအရသာခပ္ပါးပါးနဲ႔ သၾကားမပါတဲ့ ႏြားႏို႔ဆိမ့္ဆိမ့္က လၽွာဖ်ားကိုျဖတ္စီးသြားတယ္။ ခဏျပန္ခ်ထားၿပီး ေပါင္မုန္႔ၾကက္ဥေၾကာ္ တစ္ကိုက္စာအပိုင္းေလးကို ဇြန္းနဲ႔မရမကခပ္ယူၿပီး စားမိေတာ့ ေထာပတ္နံ႔ခပ္သင္းသင္း။ ဒါေတြကို တစ္ခ်ိန္က တစ္စံုတစ္ေယာက္ကလုပ္ေပးခဲ့ဖူးတယ္။
အခုလည္း ဇြန္းနဲ႔ခပ္စားရတာတစ္ခုပဲ အဆင္မေျပတာ။ ခက္ရင္းေတာင္ သခင့္လက္ထဲထည့္မေပးတဲ့ အဲဒီလူဟာ ဘယ္အခ်ိန္သတိလြတ္ေလမလဲ။

"မေတြးပါနဲ႔လား။"

အဆံုးအစမရွိတဲ့ သူ႔စကားေၾကာင့္ mask နဲ႔အုပ္ေနတဲ့သူ႔မ်က္ႏွာကို သခင္ေမာ့ၾကည့္မိတယ္။

"ခင္ဗ်ားေယာက္်ားကို ေတြးေနတာမဟုတ္လား။"

မနက္စာနဲ႔ဆက္စပ္ၿပီး ခဏေလးေတြးမိတာကိုေတာင္ သူကဘာျဖစ္ခ်င္တာလဲလို႔ ေတြးမိၿပီး

"မင္းနဲ႔ဘာဆိုင္လို႔ အမိန္႔ေပးေနတာလဲ။"

"ေတာင္းဆိုတာပါ။ အမိန္႔ေပးတာမဟုတ္ဘူး။ စားေကာင္းတယ္မလား။"

မနက္စာကိုေမးေငါ့ၿပီး ေျပာလာတာေၾကာင့္

"မင္း ဘယ္သူလဲ။"

"..............."

"ငါ့အႀကိဳက္ေတြကို ဘယ္လိုသိေနတာလဲ။"

"ခင္ဗ်ားဟာေလး မနက္စာနဲ႔ပတ္သက္ၿပီး post တင္ဖူးတယ္။"

'ေျမကမ႓ာ၊ ကမ႓ာက ... အဲဒါက အိမ္ေထာင္မက်ခင္ကတည္းက တင္ဖူးတဲ့ post ပါ။ မနက္အေစာႀကီး ငါ့ဆီေရာက္ခ်လာၿပီး မနက္စာေတြ လာျပင္ေပးေနတာ။'

"မင္းနဲ႔ငါ social media တစ္ခုခုမွာ အဆက္အစပ္ရွိဖူးလား။"

သူေခါင္းခါတယ္။

"ခင္ဗ်ားကေတာ့ မသိပါဘူး။"

"ငါ့ကိုသေဘာက်ေနတယ္ဆိုၿပီး မင္းအေၾကာင္းကိုေတာ့ ငါ့ကိုဘာမွမေျပာျပဘူးေပါ့။"

"ဇ က သိခ်င္သြားၿပီလား။ ငါေျပာျပရင္ေရာ စိတ္ဝင္စားမွာမို႔လား။"

စကားသံဝဲဝဲကို ေအးစက္စက္ေျပာတတ္တဲ့သူက ဒီတစ္ႀကိမ္မွာေတာ့ ေလသံမွာ စိတ္လႈပ္ရွားေနတဲ့အရိပ္အေငြ႕ေတြ ပါလာတယ္။

"ငါက ဘာလို႔စိတ္ဝင္စားရမွာလဲ။"

"အင္း၊ ဒါဆိုလည္း ေအးေဆးဆက္စားပါေတာ့။"

စားပြဲေဘးက တစ္လံုးတည္းေသာထိုင္ခံုမွာ သခင္ထိုင္ေနတာေၾကာင့္ သူကေတာ့ ခုတင္ေပၚမွာထိုင္ၿပီး ဖုန္းသံုးေနေလရဲ႕။ သူဖုန္းသံုးတိုင္းမွာ ဘာေတြၾကည့္ေနတတ္လဲဆိုတာ သခင္သာသိခဲ့မယ္ဆိုရင္ ...

■■■ Part (56) ဆက္ရန္ ■■■

စာလည်းမရေးချင်ဘူး၊ ရေးပြီးရင်လည်း ပြန်မစစ်ချင်ဘူး။ ဖတ်ရင်းနဲ့ ကူစစ်သွားပေးကြပါ။
👿

■■■■■

"အထီးကျန်နေတဲ့လူကို ခင်ဗျားကပါ ထပ်ပြီးလစ်လျူရှုထားတာ။ ငါ့မှာ ခင်ဗျားသာရှိနေရင် အခုလို အချိန်အကြာကြီး အထီးကျန်ရမှာမဟုတ်ဘူး။"

အဖက်မလုပ်ဘူး၊ အထီးကျန်တယ်ဆိုတဲ့စကားကို ကြားလာရတဲ့အချိန် သခင်တွေးမိသွားတဲ့တစ်စုံတစ်ယောက်။

"မင်းက ဘယ်သူလဲ။"

တစ်ဖက်က အဖြေပြန်မလာပါ။
ချုပ်နှောင်ခံထားရတာတွေကို ရုန်းမိတော့

"မရုန်းနဲ့။"

"ငါ့ကိုလွှတ်ပေး။"

"ဟင့်အင်း၊ ခင်ဗျားထွက်ပြေးမှာ။"

ထွက်မပြေးဘူးလို့ ကတိပေးရအောင်လည်း သခင်က အရူးမဟုတ်။ ကတိပေးရင်လည်း ယုံသွားဖို့ဆိုတာက တစ်ဖက်ကရူးနေရင်တောင် ဦးနှောက်မရှိတဲ့အနေအထားတော့ မဟုတ်နိုင်။

"ဗိုက်ဆာလား။"

ဒီအချိန်မှာ ဗိုက်ဆာတာကို သတိထားမိစရာလားလို့ အော်ပစ်လိုက်ချင်ပေမဲ့ သခင်စိတ်ထိန်းထားလိုက်တယ်။ ကိုယ့်ဘက်ကအရေးနိမ့်နေချိန် တစ်ဖက်လူကို အချိုသတ်ဖို့ပဲ တွေးလိုက်ပြီး

"မျက်လုံးကိုစည်းထားတာ ဖယ်ပေးလို့ရမလား။"

အနံ့သင်းသင်းတစ်ခုက သခင့်အနားကိုလွင့်လာပြန်တယ်။ သူ နောက်တစ်ကြိမ် သခင့်နားကပ်လာပြန်တာ။
မျက်လုံးကိုစည်းနှောင်ထားတဲ့အဝတ်စ ဖယ်သွားတော့ သခင် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်ဖို့ကြိုးစားတယ်။ မျက်စိတွေက ကျင့်သားမရပေမဲ့ အခန်းကလည်း မျက်စိကျိန်းရလောက်တဲ့အလင်းရောင်မျိုး ရှိမနေခဲ့။ အခန်းဝနားလောက်ကမီးသီးက တမင်တကာကို အဝါရောင်သုံးထားတဲ့ပုံ။ သခင့်ဘက်ကကြည့်ရင် တစ်ဖက်လူက မီးရောင်ကိုကျောပေးထားပြီး ခေါင်းစွပ် hoodie ကိုဝတ်ထားလို့ မျက်နှာကိုမမြင်ရ။ အဝတ်အစားပွပွကြီးတွေနဲ့ဒီလူက ဘယ်လောက်ခန္ဓာကိုယ်ရှိတယ်လို့လည်း သိပ်ပြီးမှန်းဆမရပြန်။

"လူတစ်ယောက်ကို ဒီလိုပဲ တစ်သက်လုံးချုပ်ထားလို့ရမလား။"

သခင်က ချုပ်နှောင်ခံထားရတဲ့ သူ့လက်တွေကို ရသလောက်မြှောက်ပြပြီးပြောတော့ တုံ့ပြန်မလာဘဲ ဒီအတိုင်းရပ်နေတယ်။ ခဏနေမှ

"ခက်တော့ခက်တာပေါ့။"

ဒီလောက်ပဲပြောပြီး လှည့်ထွက်သွားသူကြောင့် သခင် စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းချရင်း အခန်းတစ်ဝိုက်ကိုသာ လိုက်ကြည့်မိပါတယ်။
ခုတင်ရယ်၊ စားပွဲတစ်လုံးနဲ့ ထိုင်ခုံတစ်လုံးရယ်၊ ပြီးတော့ ဗီရိုပုလေးတစ်လုံးရယ်၊ တံခါးနှစ်ချပ်ရယ်၊ ပြတင်းပေါက်မရှိ။ သေချာတာတော့ အခန်းအနေအထားအရ အဆောက်အဦတစ်ခုရဲ့ မြေအောက်ခန်းဆိုတာပါပဲ။ တံခါးတစ်ချပ်က အခန်းကိုအဝင်အထွက်လုပ်တဲ့ တံခါးမကြီးဆိုရင် ကျန်တဲ့တစ်ချပ် ရေချိုးခန်း၊ အိမ်သာပဲဖြစ်နိုင်တယ်။ ဒီအတိုင်းဆို အဲဒီထဲမှာလည်း လူထွက်လို့ရတာ ဘာအပေါက်မှမရှိနိုင်။

သခင်တွေးနေရင်း တံခါးပြန်ပွင့်လာပြီး ပြန်ဝင်လာသူက လက်ထဲ ပန်းကန်တွေ၊ ခွက်တွေနဲ့ အထုပ်တွေဆွဲပြီးပြန်ဝင်လာလေရဲ့။
ဘေးကစားပွဲပေါ်တင်လိုက်ပြီး သခင့်အနားရောက်လာကာ လက်ထိပ်တစ်စုံထုတ်လို့ သခင့်လက်တစ်ဖက်ကိုခတ်လိုက်ပြီးမှ ခုတင်နဲ့တွဲထားတဲ့ကြိုးကိုဖြုတ်ပေးလာတယ်။ လက်ထိပ်ရဲ့ကျန်တဲ့တစ်ဖက်ကို သူ့လက်က သေချာကိုင်ထားတာ ရုန်းလိုက်လည်းလွတ်မယ့်ပုံမပေါ်။ သခင်ကတော့ လက်တစ်ဖက်လွတ်တာနဲ့ ထထိုင်ဖို့ကြိုးစားလိုက်ပါတယ်။ ဒါပေမဲ့လည်း

"ဒီလောက်နဲ့ ဆေးအရှိန်ကမပျယ်ဘူး။"

သူပြောသလိုပါပဲ ခေါင်းကလည်ထွက်သွားပြီး ခုတင်ပေါ်ပြန်လဲသွားရတယ်။ နောက်လက်တစ်ဖက်ကိုပါ လက်ထိပ်ခတ်ခံလိုက်ရပြီးမှ ခုတင်နဲ့လက်တွေနဲ့က လွတ်သွားတယ်။ ခြေထောက်ကိုပါ သံကြိုးနဲ့ချည်လိုက်ပြီး နံရံနဲ့ဆက်နေတဲ့ ကြိုးရှည်ရှည်နဲ့ ချိတ်ပစ်နေတယ်။ ဒီတိုင်းဆို အခန်းထဲတော့ သခင်လှည့်ပတ်သွားလို့ရနိုင်တယ်။

"ဟိုဘက်က ရေချိုးခန်း။ ကြိုးက အဲဒီထဲအထိ သွားလို့ရတယ်။"

ရေချိုးခန်းဝင်ချင်လို့ ကြိုးဖြည်ပေးပါလို့ ပြောစရာမလိုတော့ဘူးမဟုတ်လား။ သခင်စိတ်ညစ်ညစ်နဲ့ ငြိမ်နေမိချိန် သူကတော့ စားပွဲပေါ်မှာ စားသောက်စရာတွေပြင်နေပါပြီ။

သံပရာသီးအမျှင်လေးတွေ အပေါ်ယံမှာပေါ်နေတဲ့ သူလှမ်းပေးတဲ့ဖန်ခွက်ကိုကြည့်ပြီး သခင်ထထိုင်လိုက်တယ်။ ဒီတစ်ခါတော့ ဖြည်းဖြည်းချင်းပေါ့။ အခုချိန်မှာ အစားအသောက်ကိုများ စိတ်ဝင်စားမယ်လို့ ဒီလူထင်နေသလားမသိဘူးလို့ တွေးရင်း သခင့်စိတ်ထဲ ဒီလူ့ကို စိတ်ရှိလက်ရှိထထိုးပစ်ချင်နေပါပြီ။ ဆိုးတာက ခန္ဓာကိုယ်က အားမရှိသလိုဖြစ်နေတာတစ်ခုပါပဲ။

"ငြင်းဖို့တော့မကြိုးစားနဲ့။ ဘာမှမစားလည်း မသေအောင်ထားလို့ရတယ်။ အခု အားနည်းသလိုဖြစ်နေတာကို ဆက်ပြီးသည်းခံနိုင်လို့လား။"

သူပြောတာလည်းအမှန်မို့ လှမ်းယူလိုက်ပြီး တစ်မော့တည်းနဲ့ အကုန်သောက်ချပစ်လိုက်မိတယ်။

"အဆင်ပြေမယ်ထင်တာတွေတော့ ဝယ်လာတာပဲ။"

စားပွဲပေါ်ကို ခေါင်းငဲ့ပြပြီး သူပြောလာတော့

"ငါက စားချင်စိတ်ရှိမယ်ထင်တာလား။"

"မစားလည်း ခင်ဗျားမသေအောင်တော့ ထားနိုင်တယ်လို့ ပြောပြီးသား။ ခင်ဗျားသဘောပဲ။"

အစားအသောက်တွေကို ပန်းကန်တွေနဲ့ပြန်ဖုံးပြီး သူကတော့ ထိုင်ခုံမှာထိုင်ကာ ဖုန်းထုတ်ပြီး ဘာတွေကြည့်နေတယ်မသိ။

"ငါ့ဖုန်းရော"

"ခင်ဗျားအဖေဆီကို ခရီးသွားရမယ်လို့ စာပို့ပြောပြီး ဖုန်းပိတ်ထားတယ်။ လိုင်းမမိနိုင်လောက်ဘူးလို့ ပြောပြီးသားမို့ ဘာမှပူမနေနဲ့။"

"ဘာ"

သခင် ခုတင်ပေါ်ကနေဆင်းလိုက်တော့ သူ့ဆီတောင်မရောက်လိုက်ဘဲ ကိုယ့်ခန္ဓာကိုယ်ကို ပြန်ထိန်းနေရတယ်။ ခေါင်းကို လက်နဲ့ဖိထားရင်းက

"ငါ့ကို ဘာလုပ်ထားတာလဲ။"

"အခုလိုတွေ စိတ်လိုက်မာန်ပါလုပ်မှာစိုးလို့ နည်းနည်းလေးဆေးသုံးထားတာ။ ဘာမှမဖြစ်ဘူး။ ရေတော့များများသောက်ပေးပေါ့။"

လူသတ်ချင်နေတဲ့သခင့်အကြည့်တွေကို သူမြင်နိုင်မှာဆိုပေမဲ့ သခင်ကတော့ သူ့မျက်နှာကိုတောင် ရှင်းအောင်မမြင်ရပါ။

"မျက်နှာမပြရဲတဲ့ကောင်က ဒီလို ခိုးကြောင်ခိုးဝှက်နည်းတွေပဲ သုံးနိုင်မှာပေါ့။"

"မျက်နှာမြင်ရရင် တစ်သက်လုံးမှတ်ထားမလို့လား။"

သခင် ဘာမှပြန်မပြောတော့ဘဲ ခုတင်ပေါ်ကိုပဲ ပြန်ထိုင်ချလိုက်ရတယ်။ သူ့ကိုယ်သူပြန်ထိန်းနေရတာနဲ့တင် တစ်ဖက်လူကို ဘာမှမတုံ့ပြန်နိုင်ပါ။

"အချိန်တန်ရင် ငါပျောက်နေတာကို သိသွားကြမှာပဲ။ မင်း ဘယ်လောက်ကြာကြာဖုံးထားနိုင်မှာလဲ။"

"စမ်းကြည့်မယ်လေ ဘယ်လောက်ကြာကြာလိမ်လို့ရမလဲဆိုတာ။ အခုလောလောဆယ် ခင်ဗျားပျောက်နေတာကို ဘယ်သူကသိမှာလဲ။"

ဘယ်လိုပြောပြော သူပြန်ဖြေသမျှက ဒေါသထွက်စရာတွေချည်းပါပဲ။

'မြေကမ္ဘာ။ ဟုတ်တယ်၊ မြေကမ္ဘာသိနိုင်တာပဲ။ နေ့တိုင်းနီးပါးမဟုတ်ရင်တောင် တစ်ရက်ခြားတစ်ခါလောက် Online ကနေဖြစ်ဖြစ်၊ ဖုန်းကနေဖြစ်ဖြစ် ခေါ်နေကျမြေကမ္ဘာက သခင်ပြန်မဖြေနိုင်ရင် သိမှာပဲမဟုတ်လား။'

"ခင်ဗျားယောက်ျားကို တွေးနေတာလား။ ခင်ဗျားတို့ ဟိုနေ့ကပဲ ကတောက်ကဆဖြစ်ပြီး စကားမပြောကြဘူးလေ။"

သခင့်အတွေးကို ကြိုတွေးပြီးပြောနေတဲ့ အဲဒီလူ။ သူပြောသလိုပါပဲ။ သခင်နဲ့ကမ္ဘာ ပြဿနာတက်ထားတယ်။ အဲဒီပြဿနာကလည်း ကမ္ဘာ့ကြောင့်။ ပြီးတော့ ဘယ်သူမှန်းမသိတဲ့လူတစ်ယောက်ကြောင့်။

ဒါတွေကို ဒီလူက သခင့်ဖုန်းကနေတွေ့ပြီးပြီဆိုတာကို သခင်အခုမှသိရပါတော့တယ်။



"ဇ၊ ဇ။ ရာဇ၊ ခင်ဗျား အဲဒီလို တောက်လျှောက်အိပ်မနေနဲ့။"

လှုပ်နှိုးခံရပြီး နာမည်ခေါ်နေတာကြောင့် သခင်နိုးသွားရတယ်။ ခေါင်းတွေလည်းမထူနိုင်၊ တစ်ကိုယ်လုံးလည်း ကိုက်ခဲနေပြီး မျက်စိတောင်မဖွင့်ချင်။

"ကိုယ်တွေပူခြစ်နေတာပဲ။ အဝတ်တွေက ရေစိုနေတာ ဘယ်လိုဖြစ်တာလဲ။"

ဘယ်လိုဖြစ်လဲဆိုတော့ သူမရှိတုန်းမှာ တစ်ခန်းလုံးလည်းထွက်ပေါက်ရှာမရ၊ ခြေတွေလက်တွေကကြိုးတွေကိုဖြုတ်ဖို့ ဘာတစ်ခုမှရှာမရတဲ့နောက် ရေချိုးခန်းထဲဝင်ပြီး တစ်နာရီခွဲလောက် ရေစိမ်လိုက်တာပါပဲ။ အရမ်းအေးလာမှ ပြန်ထွက်လာပြီး ဒီတိုင်းခုတင်ပေါ်တက်အိပ်နေလိုက်တာ။ ကိုယ့်ကိုသဘောကျနေတယ်ဆိုတဲ့ သူ့စကားမှန်ရင် ဖျားတာကိုသိတာနဲ့ အနည်းဆုံးတော့ ဆရာဝန်ပင့်ပေးရတော့မယ်။
ချက်ချင်းပြန်ထွက်သွားသူက ခဏအကြာပြန်ဝင်လာပြီး

"ခဏထပြီး အဝတ်လဲလိုက်။ မဟုတ်ရင် ငါလဲပေးရလိမ့်မယ်။"

မသိချင်ယောင်ဆောင်နေလိုက်ဖို့လည်း မဖြစ်တာကြောင့် ထထိုင်တော့ ခုတင်ပေါ်မှာ အဝတ်အစားတစ်စုံ။ သူ့လက်ထဲမှာက အိပ်ရာလိပ်။ ရေစိုစိုနဲ့တက်အိပ်နေတာကြောင့် အိပ်ရာတစ်ခုလုံးလည်း စိုနေပြီမို့ လဲဖို့ယူလာတာဖြစ်ပါလိမ့်မယ်။

"အဝတ်အစားကို ကိုယ့်ဘာသာလဲမလား။ ငါ လဲပေးရမလား။ အားသိပ်ရှိနေရင်တော့ စမ်းကြည့်လေ။"

"ဒါတွေနဲ့ ငါဘယ်လိုလဲရမှာလဲ။"

"ရေချိုးခန်းထဲရောက်ရင် ဖြုတ်ပေးမယ်။ တခြားတော့ မကြံစည်နဲ့နော်။ ခင်ဗျားအားနည်းနေပုံနဲ့ဆို ငါ အသာလေးထိန်းနိုင်တယ်။"

မီးဝင်းဝင်းတောက်တဲ့အကြည့်နဲ့ အဲဒီလူကို သခင်ကြည့်လိုက်ပြီး အဝတ်အစားတွေကိုယူကာ ရေချိုးခန်းထဲဝင်လာလိုက်ပါတော့တယ်။ အစာမရှိတဲ့ဗိုက်နဲ့၊ ဖျားနေတဲ့ခန္ဓာကိုယ်က ရှိသမျှအားအင်တွေကို စုပ်ထုတ်ပစ်လိုက်သလိုပါပဲ။
ဘယ်ရေချိုးခန်းက အပြင်ကနေပိတ်ဖို့ပဲလုပ်ထားရသလဲ။ ချမ်းစိမ့်စိမ့်နဲ့ ခေါင်းတွေထိုးကိုက်နေတဲ့ အနေအထားနဲ့ဆို ချုပ်နှောင်ထားတာတွေမရှိပေမဲ့လည်း အပြင်ကပိတ်ထားတဲ့တံခါးကို ဘယ်လိုမှဖွင့်ဖို့မဖြစ်နိုင်။ အဝတ်လဲပြီးတော့ အရင်အတိုင်း သူကပြန်ချုပ်ထားပြန်ရဲ့။
သူအိပ်ရာပြင်ပြီးတဲ့နောက် သခင်က ခုတင်ပေါ်ပြန်တက်အိပ်နေဖို့လုပ်တော့ သူကဘာမှမပြောဘဲ တံခါးပိတ်လို့ ပြန်ထွက်သွားပြန်တယ်။

စားပွဲပေါ်မှာ ဆန်ပြုတ်နဲ့ ဆေးတချို့တင်လိုက်ပြီး

"ထစားနိုင်လား။"

စောင်ပုံထဲကသခင် ပြန်မဖြေတဲ့အပြင် မျက်စိတောင်မဖွင့်ပါ။ ပြန်ထွက်သွားတဲ့အသံကြောင့် မျက်စိဖွင့်ကြည့်တော့ သူမရှိတော့။ ဘာမှစားဖို့အစီအစဉ်မရှိပေမဲ့ လည်ချောင်းတွေခြောက်နေလို့ ရေသောက်ပြီး ပြန်လှဲအိပ်နေလိုက်တာ နောက်တစ်ကြိမ်သူနှိုးမှ နိုးလာရပြီ။

"ဘာအစာမှမရှိတော့ ဆေးထိုးလို့မရဘူး။ ဆေးမသောက်ရင် ရတဲ့အပေါက်ကနေ ထည့်ရမှာပဲ။"

သူ့စကားကြောင့် သခင်ဖျားနေတာတောင် ပျောက်ချင်သွားသလိုပါပဲ။ သူကတော့ အဖြူရောင်ဆေးတောင့်နှစ်တောင့်ကို စားပွဲပေါ်တင်လိုက်လေရဲ့။

"ဆေးသောက်မယ်မဟုတ်လား။"

ခြိမ်းခြောက်သံပါနေတဲ့ သူ့စကားက ဘယ်ကိုဦးတည်နေတယ်ဆိုတာ သခင်သိလိုက်ပြီမို့ အောင့်သက်သက်နဲ့ ဆေးထသောက်ဖို့ပြင်ပေမဲ့ သူက ဒီလောက်နဲ့ပြီးမသွား။ အငွေ့ထောင်းထောင်းထနေတဲ့ စွပ်ပြုတ်ကိုပါ မေးငေါ့ပြလာတယ်။

"အစာရှိမှဖြစ်မှာပေါ့။"

ထိုင်ခုံပေါ်က ပလတ်စတစ်ပုံးအကြည်ထဲမှာ အတိုင်းသားမြင်နေရတဲ့ ဆေးပုလင်းတွေနဲ့ ဆေးထိုးပိုက်တွေကို သခင်ကြည့်နေမိတော့

"မအိပ်ဘဲနေနိုင်ရင် နေကြည့်။ အိပ်ပျော်သွားရင်တော့ drip ချိတ်လိုက်ရုံပဲ။"

သခင် ဒေါသတွေထွက်လာရတယ်။ ဒီလူက တစ်ခုပြီးတစ်ခုကို ခြိမ်းခြောက်နေတော့တာ။ အရင်တည်းက အစာမရှိရတဲ့အထဲ ဖျားနေလို့ ခန္ဓာကိုယ်ကအားနည်းနေပါတယ်ဆို ဆေးမသောက်ရင် ဂြိုဟ်တုထည့်ပြီး အစာမစားရင် drip ချိတ်မယ်ဆိုတာက လွန်လာပြီမို့

"တစ်ခါတည်းသတ်လိုက်ပါလား။"

"ငါပြောသားပဲ။ မသေအောင်ထားနိုင်ပါတယ်လို့။"

သိပ်စိတ်ပျက်ဖို့ကောင်းတဲ့ ဒီအခြေအနေအရ အနုနည်းမရရင် အကြမ်းနည်းသုံးဖို့သာတွေးပြီး နေပြန်ကောင်းအောင်နေဖို့ ဆုံးဖြတ်လိုက်ပါပြီ။
စွပ်ပြုတ်ပန်းကန်ဆီ လက်လှမ်းတော့

"ပူတယ်။ ခဏ။"

စားပွဲဘေးမှာထောင်ထားတဲ့ ခေါက်လို့ရတဲ့စားပွဲလေးကို ခုတင်ပေါ်မှာခင်းပေးနေတဲ့ အဲဒီလူဟာ အဲဒီခေါင်းစွပ်အကျႌပုံစံတူတွေကို ဘယ်နှရက်ကြာတဲ့အထိ ဝတ်ဖို့တွေးထားတယ်မသိပါ။

.

အစားစား၊ ဆေးသောက်ပြီး အိပ်ပျော်သွားပြန်တဲ့သခင် ချွေးတွေနဲ့နိုးလာတော့ ခုတင်ခြေရင်းမှာ အဝတ်တစ်စုံ။ လက်မှာ လက်ထိပ်မရှိ။ ခြေထောက်မှာတော့ ကြိုးတန်းလန်းနဲ့ပေမဲ့ ပုဆိုးလဲဖို့က ခေါင်းကစွပ်လဲရတာမို့ အဝတ်လဲလိုက်ပြီးတော့ ခြေထောက်ကသံကြိုးကိုဖြုတ်ဖို့ ကြိုးစားကြည့်မိတယ်။ သော့ပေါက်နှိုက်လို့ရနိုင်တဲ့ သံချောင်းသေးသေးနဲ့တူတာ စက္ကူညှပ်တဲ့ကလစ်တောင် မရှိ။

"ဘာတွေရှာနေပြန်ပြီလဲ။ လူသတ်ချင်နေတာလား။"

လက်လွတ်နေတဲ့ သခင့်အနားကို လက်တစ်ကမ်းအကွာထက်နီးအောင် သူကပ်မလာပါ။

"ငါ့ကိုသတ်လိုက်ရင် ခင်ဗျားတော့ အလောင်းတစ်လောင်းနဲ့တစ်ခန်းတည်းနေပြီး အစာငတ်သေမှာပဲ။"

ခေါင်းထဲမှာ ခြိမ်းခြောက်ဖို့ပဲအမြဲတွေးနေတဲ့လူကို သခင်စိတ်ကုန်လာတယ်။

"အေး၊ ငါ့ကိုမလွတ်စေနဲ့။ ငါလွတ်သွားတာနဲ့ မင်းကိုအရင်သတ်မှာ။"

"စိန်လိုက်လေ။"



တစ်ရက်တစ်ညနဲ့ပဲ နေပြန်ကောင်းသွားတဲ့သခင့်အနား တစ်ချိန်လုံးနီးပါး သူစောင့်ကြည့်လာတယ်။ သခင်ဖျားနေတဲ့ညကဆို သူက ထိုင်ခုံပေါ်တင် ထိုင်လျက်အိပ်တဲ့ပုံပါပဲ။ သူအပြင်ထွက်သွားရင် သခင့်လက်တွေကိုပါ ချည်သွားခဲ့ပေမဲ့ သူရှိနေရင်တော့ ခြေထောက်တွေကပဲ ကြိုးတန်းလန်း။
ဖျားနေတုန်းက မသိပေမဲ့ နေပြန်ကောင်းလာတဲ့အခါ ဘေးမှာ လူတစ်ယောက်စောင့်ကြည့်နေတာကို အနှောင့်အယှက်ဖြစ်လာရပါပြီ။

"မင်း ဒီအခန်းထဲပဲနေတော့မှာလား။"

"ခင်ဗျားရဲ့အငွေ့အသက်တွေနဲ့မို့ထင်တယ်၊ ဒီအခန်းက ပိုပြီးနေလို့ကောင်းတယ်။"

သူဝတ်ထားတဲ့ အပြာရောင်လက်ရှည်ကို လက်တွေဆွဲချရင်း ဖြေလာတော့ သခင် ဘာမှဆက်မပြောချင်တော့ပါ။
Mask တပ်လို့တပ်၊ ခေါင်းစွပ်ကို မချွတ်တမ်းစွပ်လို့စွပ်နဲ့ အဲဒီလူကို အခုထိ မျက်နှာကိုသေချာမမြင်ဖူးသလို နာမည်လည်းမသိပါ။ အခုနေ သူ့လက်ကလွတ်ရင်တောင် ဘယ်လိုလူကဖမ်းထားပါတယ်လို့ ပြန်ပြောစရာအထောက်အထားမရှိ။

"အင်းပါ၊ သွားပါ့မယ်။"

သခင်စိတ်ရှုပ်နေတာကို သိလို့ထင်ပါရဲ့။ ထထွက်သွားတဲ့ဒီလူက ဒီတစ်ခါတော့ သခင့်လက်တွေကို ချုပ်နှောင်မသွားခဲ့။



"ရေချိုးခန်းထဲက သွားတိုက်တံ ဘယ်ရောက်သွားလဲ ဇ။"

"ရှိတယ်လေ။ မတွေ့ခဲ့ဘူးလား။"

"မတွေ့ဘူး။ ဘာတွေကြံစည်နေပြန်ပြီလဲ။"

သွားတိုက်တံတစ်ချောင်းပျောက်တာကို ပြဿနာလုပ်နေတယ်လို့ သခင်တွေးလိုက်ပေမဲ့ အခုမှ သူ့အတွေးကို သခင်လိုက်တွေးမိတယ်။ ရုပ်ရှင်တွေထဲကလို သွားတိုက်တံကို နံရံနဲ့တိုက်သွေးလိုက်ရင် လက်နက်ချွန်ချွန်တစ်ခု ရနိုင်တယ်ဆိုတာကိုပေါ့။

'ဘယ်လိုတွေအထိ အသေးစိတ်တွေးတတ်တာလဲ။'

"ခုနကပဲ ခြင်းထဲ ငါပြန်ထည့်ထားတယ်။"

သခင့်ကိုကြည့်နေပြီးမှ ရေချိုးခန်းထဲပြန်ဝင်သွားတဲ့သူကို လိုက်ကြည့်ရင်း သူပြင်ပေးထားတဲ့ စားပွဲပေါ်ကမနက်စာကိုလည်း မမြင်ချင်ယောင်ဆောင်မိတယ်။ ဒီနေ့ကစပြီး ဒီကနေလွတ်ဖို့ နည်းလမ်းတွေရှာရမယ်ဆိုတဲ့ အတွေးကလည်း ခေါင်းထဲမှာအပြည့်။

"အောက်ပြုတ်ကျပြီး အမှိုက်ခြင်းနောက်ဘက်ကို ကျနေတာ။ ပြီးရင် အသစ်ယူလာပေးမယ်။ မနက်စာစားလေ။"

နလန်ထစ အားပြန်ပြည့်မှဖြစ်မှာမို့ သူယူလာပေးတဲ့ နွားနို့ခွက်ကို ကောက်ကိုင်လိုက်တော့ ခပ်နွေးနွေး။ ဒါက ပူလွန်းရင်မသောက်နိုင်တဲ့ သခင့်အတွက် အနေတော်ပဲ။ တစ်ငုံငုံလိုက်တော့ အငံအရသာခပ်ပါးပါးနဲ့ သကြားမပါတဲ့ နွားနို့ဆိမ့်ဆိမ့်က လျှာဖျားကိုဖြတ်စီးသွားတယ်။ ခဏပြန်ချထားပြီး ပေါင်မုန့်ကြက်ဥကြော် တစ်ကိုက်စာအပိုင်းလေးကို ဇွန်းနဲ့မရမကခပ်ယူပြီး စားမိတော့ ထောပတ်နံ့ခပ်သင်းသင်း။ ဒါတွေကို တစ်ချိန်က တစ်စုံတစ်ယောက်ကလုပ်ပေးခဲ့ဖူးတယ်။
အခုလည်း ဇွန်းနဲ့ခပ်စားရတာတစ်ခုပဲ အဆင်မပြေတာ။ ခက်ရင်းတောင် သခင့်လက်ထဲထည့်မပေးတဲ့ အဲဒီလူဟာ ဘယ်အချိန်သတိလွတ်လေမလဲ။

"မတွေးပါနဲ့လား။"

အဆုံးအစမရှိတဲ့ သူ့စကားကြောင့် mask နဲ့အုပ်နေတဲ့သူ့မျက်နှာကို သခင်မော့ကြည့်မိတယ်။

"ခင်ဗျားယောက်ျားကို တွေးနေတာမဟုတ်လား။"

မနက်စာနဲ့ဆက်စပ်ပြီး ခဏလေးတွေးမိတာကိုတောင် သူကဘာဖြစ်ချင်တာလဲလို့ တွေးမိပြီး

"မင်းနဲ့ဘာဆိုင်လို့ အမိန့်ပေးနေတာလဲ။"

"တောင်းဆိုတာပါ။ အမိန့်ပေးတာမဟုတ်ဘူး။ စားကောင်းတယ်မလား။"

မနက်စာကိုမေးငေါ့ပြီး ပြောလာတာကြောင့်

"မင်း ဘယ်သူလဲ။"

"..............."

"ငါ့အကြိုက်တွေကို ဘယ်လိုသိနေတာလဲ။"

"ခင်ဗျားဟာလေး မနက်စာနဲ့ပတ်သက်ပြီး post တင်ဖူးတယ်။"

'မြေကမ္ဘာ၊ ကမ္ဘာက ... အဲဒါက အိမ်ထောင်မကျခင်ကတည်းက တင်ဖူးတဲ့ post ပါ။ မနက်အစောကြီး ငါ့ဆီရောက်ချလာပြီး မနက်စာတွေ လာပြင်ပေးနေတာ။'

"မင်းနဲ့ငါ social media တစ်ခုခုမှာ အဆက်အစပ်ရှိဖူးလား။"

သူခေါင်းခါတယ်။

"ခင်ဗျားကတော့ မသိပါဘူး။"

"ငါ့ကိုသဘောကျနေတယ်ဆိုပြီး မင်းအကြောင်းကိုတော့ ငါ့ကိုဘာမှမပြောပြဘူးပေါ့။"

"ဇ က သိချင်သွားပြီလား။ ငါပြောပြရင်ရော စိတ်ဝင်စားမှာမို့လား။"

စကားသံဝဲဝဲကို အေးစက်စက်ပြောတတ်တဲ့သူက ဒီတစ်ကြိမ်မှာတော့ လေသံမှာ စိတ်လှုပ်ရှားနေတဲ့အရိပ်အငွေ့တွေ ပါလာတယ်။

"ငါက ဘာလို့စိတ်ဝင်စားရမှာလဲ။"

"အင်း၊ ဒါဆိုလည်း အေးဆေးဆက်စားပါတော့။"

စားပွဲဘေးက တစ်လုံးတည်းသောထိုင်ခုံမှာ သခင်ထိုင်နေတာကြောင့် သူကတော့ ခုတင်ပေါ်မှာထိုင်ပြီး ဖုန်းသုံးနေလေရဲ့။ သူဖုန်းသုံးတိုင်းမှာ ဘာတွေကြည့်နေတတ်လဲဆိုတာ သခင်သာသိခဲ့မယ်ဆိုရင် ...

■■■ Part (56) ဆက်ရန် ■■■
© Demon ,
книга «Branded by You».
Коментарі