Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Characterizing
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
When they have a baby...
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
Chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58)
Chapter (59)
Chapter (60): Final
Chapter (54)
.
Alarm ringing...
သခင်၊ ကိုယ်နိုးပြီ။
မနိုးစရာလား။
လိမ္မာနေတယ်ပေါ့။
သေချာတာပေါ့။
Dead sure.
အေးပါ၊ ဟုတ်ပါပြီ။
ချစ်လား။
အင်း
အင်းနဲ့မရဘူး။ သေချာဖြေ။
အမူးမပြေသေးတာလား။
သွားကြည့်လိုက်။
အင်း
ကိုယ့်ကို ယုံပါ။
သခင်၊ အဲဒါ နောက်တာ။
 တောင်းပန်ပါတယ် သခင်။
တောင်းပန်ပါတယ် သခင်။
ဟုတ်ကဲ့ပါ
*တောင်းပန်ပါတယ်။*
၁. တောင်းပန်ပါတယ်
၂. တောင်းပန်ပါတယ်
တော်တော့။
ကျေနပ်ပြီလား သခင်။
I 4give u babe
bedroom is locked
နာဖို့ပြင်ထား
ဗျာ
မဟုတ်တာတွေ။
ဟုတ်ပါတယ်။
မဟုတ်ဘူး။
ဘာဖြစ်လို့လဲ သခင်ရယ်။
ပြောရက်လိုက်တာ။
ဟုတ်၊ ကြိုက်သလိုလုပ်။
သခင် အရမ်းရက်စက်တာပဲ။ မရဘူးဗျာ။ အဲဒါတော့ မရဘူး။
No. No way.
သခင်က နေနိုင်တယ်ပေါ့။
OK. အခုက စပြီ။
.
■■■
"OK. Done."
"Don't you want me?"
"................"
"Come on, bitch!"
"I'm ready... again."
"Ahh!!!"
"Master"
■■■ Part (55) ဆက်ရန် ■■■
"သခင်၊ ကိုယ်ပြန်ရောက်ပြီ။ သောက်တာတော့ များသွားတယ်။ Good afternoon သခင်။"
ကမ္ဘာ့သူငယ်ချင်းတစ်ယောက်ရဲ့ လူပျိုညမှာ အဖွဲ့လိုက်သွားကဲကြပြီး ပြန်လာတော့ အခန်းတံခါးဖွင့်တာကနေစပြီး အိပ်ခန်းထဲကခုတင်ပေါ်ရောက်တဲ့အထိ video ရိုက်ယူရင်း ကမ္ဘာပြောလိုက်တယ်။ ပြီးတော့ သခင့်ဆီကိုပို့လိုက်တယ်။ သေချာတယ်၊ ကင်မရာမြင်ကွင်းကတော့ ငြိမ်မှာမဟုတ်။ လူက မနည်းထိန်းပြီး လမ်းလျှောက်နေရတာ။ အချိန်က မနက်သုံးနာရီမို့ သခင့်ဆီမှာဆို နေ့လယ်နှစ်နာရီခွဲ။ ဒီပုံစံနဲ့ဆို မြေကမ္ဘာတို့ ညဘက် သခင်အိပ်ချိန်ရောက်တဲ့အထိ နိုးပါ့မလား။ ဒီနေ့ကိစ္စကို သခင့်ဆီကြိုခွင့်တောင်းထားပြီး သောက်စားလာမှာနဲ့၊ အိပ်ပျော်သွားမှာနဲ့ဆို ဘယ်အချိန်မှပြန်ဆုံဖြစ်မယ်လို့ ကြိုပြောထားကြပြီးသား။
.
Alarm ringing...
ခေါင်းကိုလက်နဲ့ဖိပြီး မျက်စိမဖွင့်ဘဲ alarm ကိုပိတ်ဖို့ ဖုန်းကိုလိုက်စမ်းနေတဲ့မြေကမ္ဘာက အရက်နာကျထားတာ တော်တော်ဆိုးဆိုး။ လက်ထဲဖုန်းပါလာတော့မှ မျက်စိအတင်းဖွင့်ပြီး ထထိုင်ဖို့ကြိုးစားရပါတယ်။ မထချင်ထချင်နဲ့ ယိုင်ထိုးနေပြီးမှ နောက်ဖေးဘက်ရေခဲသေတ္တာထဲကနေ lemon juice ဘူးကိုထုတ်ယူပြီး မော့သောက်ပစ်လိုက်တော့ ရေဓာတ်လည်းဖြည့်ပြီးသားဖြစ်သလို လူလည်း နည်းနည်းတော့ လန်းသွားသလိုလို။ Hangover remedies တွေထဲ ဒီနည်းကလွယ်တာမို့ တစ်ယောက်တည်းရှိချိန်ဆို ဒီလိုပဲနှစ်ပါးသွားနေကျပါ။
နောက်ဖေးဝင်၊ ကိစ္စရှင်းစရာရှိတာရှင်းပြီးလို့ အိမ်ရှေ့ပြန်ထွက်လာပြီး ဖုန်းကိုကောက်ကိုင်ကာ သခင့်ဆီစာပို့ဖို့ပြင်လိုက်တယ်။ ညဆယ့်တစ်နာရီဆိုတာ နောက်မကျသေးဘူးမဟုတ်လား။
သခင်၊ ကိုယ်နိုးပြီ။
Active now ဖြစ်နေတဲ့သခင်က မိနစ်ဝက်လောက်မှာပဲ seen ပြပြီး ရောက်လာပါတယ်။
တော်တော်မှ အရက်နာကျရဲ့လား။
သွားအဖြဲသားနဲ့ emoji လေးသာ ပို့လိုက်မိပါရဲ့။
နိုးတော့နိုးသေးတယ်ပေါ့လေ။
မနိုးစရာလား။
မနိုးလို့လည်းမဖြစ်ဘူး။ ဟိုတစ်ခေါက်က လက်မောင်းဒဏ်ရာပျောက်သွားတော့ လုပ်ထားသမျှအပြစ်ကြွေးတွေ ဆပ်လိုက်ရတာ လူကအီစိမ့်သွားပြီး တော်တော်လေးဆင်ခြင်တတ်လာခဲ့တယ်။ ပြီးတော့ သူစကားနားထောင်ရင် နားထောင်သလောက် သခင့်ကို သူလိုချင်တဲ့အခွင့်အရေးတွေ တောင်းဆိုလို့ရတတ်တာကြောင့် မြေကမ္ဘာတို့ အခုမှ စည်းကမ်းတန်ဖိုးကို နားလည်တတ်နေခဲ့တာ။
လိမ္မာနေတယ်ပေါ့။
သေချာတာပေါ့။
တကယ်စကားနားထောင်တယ်လား။
Dead sure.
အေးပါ၊ ဟုတ်ပါပြီ။
ကမ္ဘာစာရိုက်နေတုန်းမှာပဲ notification ကထမြည်ပြီး သူ့ကို mention ခေါ်ထားတာတွေ တက်လာပါတယ်။ တစ်ခုတည်းတောင်မဟုတ်၊ သူငယ်ချင်းသုံးယောက်ဆီက သုံးခု။ သခင်နဲ့ပြောနေတာကြောင့် mention ခေါ်နေတာတွေကို အဖက်မလုပ်ဘဲထားလိုက်ပြီး သခင့်ဆီကိုသာ အာရုံစိုက်ထားမိတယ်။ အခုအရေးကြီးတာက
ချစ်လား။
အင်း
အင်းနဲ့မရဘူး။ သေချာဖြေ။
အမူးမပြေသေးတာလား။
ရစ်တာမဟုတ်ဘူးလေ။ သခင် ဖြေသင့်တာပေါ့။ ကိုယ်လိမ္မာနေတယ်လေ။ အဲဒီလောက်တော့ ဆုရသင့်တယ်မဟုတ်လား။
သခင့်ဆီက seen မပြပါ။ ပြောနေရင်းနဲ့ ဘယ်ကိုရောက်သွားတယ်မသိ။
ကမ္ဘာက ယူလာတဲ့ရေဘူးကိုမော့သောက်ရင်း သခင့်ကိုစောင့်နေလိုက်တယ်။ သခင်က စကားပြောရင် အကြောင်းမရှိဘဲ reply သိပ်ကြာတတ်သူမဟုတ်တာ ကမ္ဘာအသိဆုံး။
နှစ်မိနစ်လောက်အကြာမှာပဲ သခင့်ဘက်က seen ပြပြီး typing ပေါ်လာတာကို ကမ္ဘာထိုင်ကြည့်နေမိတယ်။
မင်းကို mention ထားတာလေး သွားကြည့်လိုက်ပါဦး။
သခင်နဲ့ပြောနေလို့ မကြည့်သေးတာ။
သွားကြည့်လိုက်။
ဘာဖြစ်လို့လဲဆိုတဲ့ အတွေးနဲ့အတူ ဝင်ကြည့်လိုက်မိတော့ လှဲအိပ်ပြီး tablet နဲ့လိုင်းသုံးနေရင်းက ကျောက်သင်ပုန်းကြီး မျက်နှာပေါ်ပြုတ်ကျသလိုကို ခံစားလိုက်ရတယ်။ ကမ္ဘာခိုင်းနှိုင်းတာ မလွန်ဘူး။ သူတို့ခေါ်ထားတာက comment တစ်ခုရဲ့အောက်က reply မှာ။ Post ကတော့ bachelor night ကပုံတွေတင်ထားတဲ့ post ဖြစ်ပြီး comment က ကမ္ဘာနဲ့ ကျောင်းတုန်းကဆိုးဖော်ဆိုးဖက်တစ်ယောက်ရဲ့ kiss scene. ညက မူးပြီး လူတိုင်းနီးပါး snap ဆိုးဆိုးတွေမိကြတဲ့ပုံတွေကို အပြိုင်အဆိုင်ချောက်ချနေတဲ့ comments တွေထဲ ဒီတစ်ခုမှာတော့ reply တွေကတစ်သီတစ်တန်း။ ကမ္ဘာ့ကိုခေါ်ထားတာပဲ သုံးယောက်။ ဘာ reply မှမပြန်နိုင်သေးဘဲ သခင့်ဆီပြန်ပြေးရပါပြီ။
သခင်၊ အဲဒါ မူးနေတုန်း ချောက်ချခံရတာပါ။ ကိုယ်တကယ်မသိဘူး။ ကိုယ် မနမ်းခဲ့ဘူးနော်။ သူတို့ အချင်းချင်းစနောက်ပြီး ဒီတိုင်း မျက်နှာချင်းဆွဲကပ်လိုက်ကြလို့ အဲဒီလိုဖြစ်သွားတာ။ နမ်းတာမဟုတ်ရပါဘူး။
အင်း
ကိုယ့်ကို ယုံပါ။
Notification bar မှာ ထပ်တက်လာပြန်တယ်။
'Party time! Next one is coming soon.' ဆိုတဲ့ reply ကြီးကို ဝင်ကြည့်စရာမလိုဘဲ noti မှာတင်မြင်လိုက်ရပါရဲ့။
မသေမှာစိုးလို့များ မီးထပ်ရှို့ကြလေသလားလို့ တွေးရင်း ဆဲနည်းပေါင်းစုံ ပါးစပ်ကထွက်သွားလေပြီ။
သခင်ရေ၊ ကိုယ့်ကို ယုံပါလို့။
ငြိမ်သွားပြန်တာမို့ ဘာဖြစ်ပြန်ပြီလဲလို့ ခုနက post ဆီ ပြန်သွားကြည့်မိတော့ ခုနကနမ်းတဲ့ကိစ္စကို ချောက်တွန်းအပြီး ကမ္ဘာ့ကို နောက်ကတွန်းထားတဲ့တစ်ယောက်က လက်မလွှတ်ခင် တစ်ဖက်ကသူငယ်ချင်းကိုတွန်းထားသူက လက်လွှတ်လိုက်လို့ ကမ္ဘာက သူ့သူငယ်ချင်းပေါ် ခွလျက်ထပ်လဲတဲ့ပုံကပါ ထပ်ရောက်နေပြီ။ ကြည့်နေရင်းမှာပဲ
Guys... dont call him hes dead
အဲဒီစာသားနဲ့အတူ comment ကို like လုပ်သွားတဲ့ သခင့်နာမည်အထင်းသားပါတဲ့ screenshot တစ်ပုံက reply ထဲမှာအထင်းသား။ Relationship status မှာ သခင့်နာမည်နဲ့ချိတ်ထားတာကြောင့် အကုန်လုံးကလည်း ရယ်တဲ့သူကရယ်၊ ငိုတဲ့လူကငိုပြနဲ့၊ RIP ဆိုတာတွေကလည်းပါသေးတယ်။ တကယ်ကို သေတော့မှာပါ။
သခင်၊ အဲဒါ နောက်တာ။
ပျော်ဖို့ကောင်းတယ်မဟုတ်လား။
မူးပြီး စနောက်ကြတာပါ။ အဲဒီလောက်အထိ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားရတာက အမူးလွန်သွားကြလို့ပါ။ နောက်မဖြစ်စေရဘူး။ တောင်းပန်ပါတယ်။
ကမ္ဘာတစ်ယောက် ခုနကအရက်နာကျနေတာလေးတောင် ကြက်ပျောက်ငှက်ပျောက်။
သခင်၊ တောင်းပန်ပါတယ်။ နောက်မဖြစ်စေရပါဘူးလို့။
ကမ္ဘာ့ဘက်ကတောင်းပန်စကားတွေကို seen ပြပေမဲ့ reply တော့မလာ။
တအားမူးသွားလို့ မရှောင်လိုက်နိုင်တာပါ သခင်ရယ်။ ဘယ်လိုမှ စိတ်ထဲမရှိပါဘူး၊ တကယ်ပါ။ တောင်းပန်ပါတယ် သခင်။
Seen and no reply.
တောင်းပန်ပါတယ် သခင်။
သခင်က ကမ္ဘာ့စာတွေကို ထိုင်ကြည့်နေတဲ့ပုံမို့ ကမ္ဘာ နည်းနည်းတော့စိတ်အေးသွားပြီး
တောင်းပန်ပါတယ် သခင်။
ဒီစာကြောင်းတွေကိုပဲ ထပ်ရိုက်ပို့လိုက်မိတယ်။
Stop. Noti သံတွေ ငါမကြားချင်ဘူး။
ဟုတ်ကဲ့ပါ
ကမ္ဘာ Facebook ဖွင့်လိုက်ပြီး post တစ်ခုကောက်တင်လိုက်တယ်။
*တောင်းပန်ပါတယ်။*
ပြီးတော့ post မှာ အဲဒီစာသားအတိုင်း comment တစ်ခုမန့်လိုက်တယ်။ အဲဒီ comment ရဲ့ reply ထဲကိုဝင်ပြီးတော့လည်း
၁. တောင်းပန်ပါတယ်
Copy, paste လုပ်တာမျိုးမဟုတ်ဘဲ စာကိုထပ်ခါထပ်ခါရိုက်ရင်း ရှေ့ကနံပါတ်စဉ်ပါတပ်လိုက်တယ်။
၂. တောင်းပန်ပါတယ်
ဒီလိုနဲ့ ဆက်တိုက်ရေးလာခဲ့တာ သူ့ post ကို သူရဲ့ချစ်လှစွာသော သူငယ်ချင်းအပေါင်းတို့က wow တွေ၊ haha တွေနဲ့ လာအားပေးတာကိုလည်း အဖက်မလုပ်နိုင်တော့ပါ။ နာရီဝက်ကျော်ကြာအပြီး reply နှစ်ရာကျော်၊ နှစ်ရာ့ငါးဆယ်မပြည့်ခင်မှာတော့ ကမ္ဘာ messenger ဆီပြန်ရောက်သွားပြီး
မန့်ပိတ်ခံလိုက်ရပြီ သခင်။ တောင်းပန်ပါတယ်။
တော်တော့။
သခင့်စာကြောင့် ကမ္ဘာပြုံးလိုက်မိတယ်။
ကျေနပ်ပြီလား သခင်။
မင်းတို့ပုံကိုမန့်သွားတဲ့ မင်းသူငယ်ချင်းက သူ့မန့်ထားတာဖျက်ပြီး ငါ့ဆီစာလာပို့သွားတယ်။ We're just kidding တဲ့။
အဲဒီသူတောင်းစားလေး ဘာထပ်ပြောသွားသေးလဲ။
သူနောက်မိတာကြောင့် ငါစိတ်အနှောင့်အယှက်ဖြစ်သွားရရင် တောင်းပန်ပါတယ်တဲ့။ မင်း post ကိုလည်းတွေ့တဲ့အကြောင်းနဲ့ လွယ်လွယ်နဲ့ခွင့်မလွှတ်လိုက်နဲ့နော်ဆိုပြီး ပြောသွားတယ်။
ထပ်ပြီးချောက်ချသွားသေးတာ။ နောက်နေ့မှ သွားလုပ်ဦးမယ်။
ပြောနေတုန်းမှာပဲ ကမ္ဘာ့ post ထဲမှာလည်း comment တချို့ရောက်လာတာက
I 4give u babe
bedroom is locked
နာဖို့ပြင်ထား
မန့်ပိတ်ခံရတော့မယ်ဟေး
အမျိုးစုံနေတဲ့ မန့်တွေကြောင့်လည်း ကမ္ဘာမရယ်နိုင်သေးပါ။
သခင်၊ နောက်မဖြစ်စေရဘူးမို့ စိတ်မဆိုးပါနဲ့တော့နော်။
ဒီလောက်နဲ့ပဲ ငါကကျေနပ်ရမှာလား။ ငါ့ရည်းစားက တခြားကောင်နဲ့ public kiss တွေ ပလူပျံသွားတာလေ။
ကမ္ဘာ အသံထွက်ပြီးကို ရယ်မိသွားရပြီ။ ငါ့ရည်းစားဆိုတဲ့ သခင့်အသုံးအနှုန်းနဲ့ သဝန်တိုသလိုအပြောကြောင့် ကမ္ဘာတစ်ယောက် ပါးစပ်စိမရတော့ပါ။
မကျေနပ်သေးရင် ကြိုက်တဲ့အပြစ်ပေးနိုင်တယ် သခင်။ ကျေကျေနပ်နပ်ကြီး နာခံလိုက်မယ်။
အပြောမစောနဲ့ မြေကမ္ဘာ။ မင်းကို ငါ ကြည်နေတာမဟုတ်ဘူးနော်။
ဗျာ
မဗျာနဲ့။ တစ်နေ့ကလည်း Ronan နဲ့ bar သွားသေးတယ်မဟုတ်လား။
သခင့်ကို ခွင့်တောင်းသွားတယ်လေ။ ပြီးတော့ ခဏပဲသွားတာကို သခင်လည်းသိသားနဲ့။ ကိုယ်လုပ်ထားတဲ့ကိစ္စမို့ ကိုယ်မျက်နှာသွားပြရုံပဲကို။
ဒါပဲလား။ အဆက်ဟောင်းကောင်လေးတွေနဲ့ရော မကလူခဲ့ဘူးလား။
မြေကမ္ဘာတို့ ပါးစပ်က နားရွက်တက်ချိတ်နေပါပြီ။
အကြည့်နဲ့တင် ဖြတ်ချခဲ့တာပါဗျာ။
သခင်ပြောတာ မမှားပါ။ ကမ္ဘာ gay bar ကို မဖြစ်မနေ ခဏလေးသွားတာကို အရင်ကတည်းကနေ အခုထိရှိနေတဲ့ ကောင်လေးတစ်ယောက်က ကမ္ဘာ့အနားကပ်နေခဲ့သေးတာ။ ဒါကိုလည်း အဲဒီနေ့ကတည်းက သခင့်ကို ကမ္ဘာဖွင့်ပြောခဲ့ပြီးသား။
အေးပေါ့၊ ငါမြင်ရတာမှမဟုတ်တော့လည်း မင်းစကားပဲအတည်ပေါ့။ အနမ်းတွေဘာတွေနဲ့ရော မနှုတ်ဆက်ခဲ့ဘူးလား။
မဟုတ်တာတွေ။
ဟုတ်ပါတယ်။
မဟုတ်ဘူး။
Video call ခေါ်ပြီး ငါ့ကိုသေချာကြည့်ပြီး ငြင်းမလား။
ကမ္ဘာ တစ်ချက်ငြိမ်သွားတယ်။
ဘာလဲ၊ မငြင်းနိုင်ဘူးမလား။
ဟာ၊ ကိုယ်က ဘာမှကိုအဖက်မလုပ်ခဲ့ဘူး။ မယုံရင် Ronan ကိုမေးကြည့်လို့ရတယ်။
မင်းကတော့ အဖက်မလုပ်ခဲ့ဘူးဆိုတော့ ဟိုဘက်ကတော့ goodbye kiss လေးပေးတယ်ပေါ့။
သခင်၊ ကိုယ် လက်မခံခဲ့ပါဘူးဆိုဗျာ။
ဪ၊ ဟိုကတော့ပေးတယ်ပေါ့။ ငါ့ကို အဲဒီနေ့က မပြောပါလား။
လှည့်ပတ်အစ်ရင်းပေါ်လာပြန်တဲ့ နောက်အမှုတစ်ခု။
ထိကိုမထိခဲ့ဘူး။ သူ့ဘာသာ ပေးချင်တာပေး။ ကိုယ့်ကိုမထိရင်၊ ကိုယ်အဖက်မလုပ်ရင်၊ ကိုယ်နဲ့ကင်းရင် ရတယ်မဟုတ်လား။
အေး၊ ပြီးတာပဲ။ ဒါပေမဲ့ ငါမကျေနပ်သေးဘူး။
ဘာဖြစ်လို့လဲ သခင်ရယ်။
ဘာဖြစ်လဲမသိဘူးလား။ ခုနကပုံုကြီး မျက်စိထဲပေါ်နေတာ အကုသိုလ်များတယ်။ ဘယ်လောက်တောင်မူးရူးပြီး ဘယ်လိုတွေရမ်းကားနေလဲဆိုတာ။
လူစုံသွားတော့လေ အဲဒီလိုပဲ စကြနောက်ကြတာပါ။ အဲဒါကြောင့် သခင့်ကိုတောင် လာတောင်းပန်သွားကြတယ်မလား။
အဲဒါက သူတို့မွှေတာကို လာတောင်းပန်တာလေ။ မင်းတို့မွှန်နေကြတာက သက်သက်ပဲ။
ဟာ ... ဘာကိုမွှန်ရမှာလဲ။ သခင်ကလည်း ... အမူးလွန်သွားလို့ နည်းနည်းပိစိလေး သရုပ်ပျက်သွားတာပါ။
ဪ၊ ပိစိလေးတဲ့လား မြေကမ္ဘာ။ ဒီထက်ကြီးရရင် public sex ပဲ ကျန်တော့တယ်ကွ။
ပြောရက်လိုက်တာ။
မင်းတောင် လုပ်ရဲသေးတာပဲ။
တောင်းပန်ပါတယ် သခင်ရယ်။ ကိုယ့်ကို တစ်ခုခုအပြစ်ပေးလိုက်လေနော်။
အင်း၊ ဒါကတော့ ပေးရမှာပေါ့။
ဟုတ်၊ ကြိုက်သလိုလုပ်။
အခုကစပြီး တစ်ပတ်တိတိ ငါ့ကို စကားလာမပြောနဲ့။ မင်းနဲ့စကားပြောမိရင် ဒေါသပြန်ထွက်နေရမယ်။
ဟာ၊ မဟုတ်ဘူးလေ။ ဘာကိုတစ်ပတ်လဲ။ တစ်ရက်ပြည့်အောင်တောင် မနေနိုင်ဘူးလေ။ ဘာကိုတစ်ပတ်လဲ။
ဘာတွေအထွန့်တက်နေတာလဲ။ ကြိုက်တဲ့အပြစ်ပေးပါဆို။
အရင်လိုမျိုးပြောတာလေ။ အခုဟာက မဟုတ်သေးပါဘူး။
ဟုတ်တယ် ဟေ့ကောင်။ တစ်ပတ်မပြည့်ခင်လာပြောရင် နောက်ထပ်တစ်ပတ်တိုးသွားမယ်။ ငါပြောတဲ့အထဲ လိုင်းပေါ်ကနေ mention ခေါ်တာ၊ ဝင်မန့်တာ၊ reply ပြန်တာတွေပါ ပါတယ်။ ရှင်းရှင်းပြောရရင် မင်းရဲ့အရိပ်အယောင်ကို ငါမမြင်ရအောင် နေပေးရမယ်။
သခင် အရမ်းရက်စက်တာပဲ။ မရဘူးဗျာ။ အဲဒါတော့ မရဘူး။
အဟက်၊ မရဘူးလား။ ဒါဆိုလည်း ဒီနားတင်ရပ်ကြတာပေါ့။ မင်းနဲ့ငါ ပြီးပြီ။
No. No way.
ဒါဆို ငါပြောတာ နားထောင်ရမှာပဲလေ။
သခင်က နေနိုင်တယ်ပေါ့။
လောင်းမလား။ ငါနေနိုင်ရင် နောက်တစ်ပတ်ထပ်တိုးမယ်လေ။
ကိုယ့်ကို တကယ်ပဲ သံယောဇဉ်နည်းနည်းလေးတောင် မရှိတာလား။
လေချိုမသွေးနဲ့ မြေကမ္ဘာ။ အပိုတွေလာပြောမနေနဲ့။ ငါပြောတာမလိုက်နာနိုင်ရင် အချိန်မရွေးရပ်ပစ်လိုက်။ ငါအပြစ်ရှာနေတာလား၊ မင်းအပြစ်လုပ်ခဲ့တာလား မင်းအသိဆုံးပဲ။
ဘာတတ်နိုင်မှာလဲ။ သခင် နိုင်ပါတယ်။ တစ်ပတ်ဆိုလည်း တစ်ပတ်ပေါ့။ မြေကမ္ဘာဆိုတာ လုံးဝမရှိဖူးတဲ့လူလို နေပေးပါ့မယ်။
OK. အခုက စပြီ။
'မင်းကိုယ်တိုင်ဝင်တိုးနေမိတာ တံခါးဖွင့်ပြီးဝင်ထွက်နေလို့ရတဲ့ အချစ်အိမ်တစ်လုံးမဟုတ်ဘူး။ အထဲအထိရောက်လာမိတာနဲ့ ပြန်ထွက်မရတော့တဲ့ မြှုံးတစ်ခုဆိုတာကို မင်း ဘယ်တော့သတိမထားမိမလဲ မြေကမ္ဘာ။'
.
'ရာဇသခင်တို့က စလာပြီပေါ့။ ဘယ်တတ်နိုင်မလဲ။ နောက်ဆုတ်ဖို့မရှိတဲ့လမ်းကို စလျှောက်မယ်လို့တွေးကတည်းက ဆူးပဲခင်းခင်း၊ မီးခဲတွေပဲနင်းရနင်းရ၊ အသက်နဲ့ရင်းရလည်း ကျေနပ်ပြီးသားမို့ ကြိုက်သလိုသာလုပ်ပါတော့။'
■■■
"OK. Done."
အပ်အပြည့်ဖြစ်နေတဲ့ သူ့ပစ္စည်းကိုသူကြည့်ပြီး ကောင်လေးက ခပ်ပြင်းပြင်းအသက်ရှူသွင်းလိုက်တယ်။ Earth က ကောင်လေးကိုချုပ်နှောင်ထားတဲ့ လက်ထိပ်တွေကို ဖြုတ်ပေးလိုက်ပြီး ကောင်လေးရှေ့ကိုပြန်ရောက်လာတော့ ကောင်လေးက Earth ရဲ့ခါးကိုလှမ်းဆွဲဖက်ပြီး မော့ကြည့်လာတယ်။ Earth ဘက်က တုံ့ပြန်တာမရှိလေတော့ ဘောင်းဘီတွေကိုဆွဲချလိုက်ပြီး
"Don't you want me?"
"................"
ကောင်လေးက သူ့လက်တွေထဲမှာ ချော့မြှူလိုက်လို့ အမောက်ထောင်ဖို့ပြင်နေတဲ့ Earth ရဲ့အငယ်ကောင်ကို နှုတ်ခမ်းတွေနဲ့ပါ ပြုစုလာတော့ Earth မနေနိုင်တော့ပါ။ ကောင်လေးရဲ့ပခုံးတွေကိုတွန်းပြီး ခုတင်ပေါ်ကိုပစ်လဲစေလိုက်တော့ အပ်တွေမဖြုတ်ရသေးတဲ့ကောင်လေးက အသံထွက်ညည်းလာပေမဲ့ ဖြုတ်ပေးဖို့တော့ မတောင်းဆိုခဲ့။ Earth က ကိုယ်ပေါ်ကအဝတ်တွေကို ဖယ်ထုတ်ပစ်လိုက်ပြီး ခုတင်ပေါ်လဲသွားတဲ့ကောင်လေးကို ရင်ဘတ်နားကနေခွထိုင်လိုက်ကာ
"Come on, bitch!"
ကောင်လေးကို ဆံပင်ကနေဆွဲမပြီး နှုတ်ခမ်းတွေထဲကို ကျူးကျော်လိုက်တော့ အလိုက်တသိနဲ့စုပ်ယူတာကိုခံလိုက်ရရင်း Earth အားမရတော့ပါ။ ကောင်လေးရဲ့ဆံပင်တွေကိုုဆွဲဆုပ်လို့ လည်ချောင်းဝအထိတိုးဝင်နေမိတယ်။ စိတ်ရှိတိုင်းခရီးဆက်နေတဲ့ Earth က တစ်ဖက်လူအတွက်လည်း တွေးပေးနိုင်တဲ့အခြေအနေမျိုး မဟုတ်ခဲ့ပါ။ မျက်ရည်တွေရော၊ သွားရည်တွေပါကျတဲ့အထိ ခံစားရခက်တဲ့ လည်ချောင်းဆီကမွန်းကြပ်မှုနဲ့ ဆံပင်တွေကျွတ်ထွက်တော့မလို ဦးခေါင်းဆီကနာကျင်မှုကို ခုတင်အခင်းကိုသာ ခပ်တင်းတင်းဆုပ်ကိုင်ရင်း တောင့်ခံနေတဲ့တစ်စုံတစ်ယောက်က ကြေးစားတစ်ယောက်ဆိုရင် သူ့တန်ကြေးက မသေးဘူးလို့ပဲ တွေးရမလိုပါ။
တရစပ်လှုပ်ရှားနေတာတွေကို Earth ခဏရပ်လိုက်တယ်။ သူဆုပ်ကိုင်ထားမိတဲ့ ကောင်လေးရဲ့ဆံပင်တွေက ပိုတင်းကြပ်လာတာကို ခံစားရလို့ ခေါင်းမော့ညည်းညူရင်း သာယာနေရာကနေ Earth ငုံ့ကြည့်လိုက်တယ်။ သူခဏတော့ ရပ်ရလိမ့်မယ်။ အရမ်းကြမ်းမိသွားတာ ကိုယ်တိုင်အသိဆုံးမို့ တစ်ဖက်လူကို အသက်ရှူဖို့အချိန်ပေးလိုက်တော့ ပစ်လဲတော့မလိုဖြစ်နေတဲ့ကောင်လေးက ခုတင်ကို လက်နောက်ပြန်ထောက်ရင်း တစ်ယောက်တည်းကို အလုအယက်အသက်ရှူကာ ချောင်းတွေဆိုးနေပါပြီ။ တစ်မိနစ်လောက်ကြာတဲ့အထိ ကောင်လေးကိုယ်ပေါ်ခွလျက်ကနေ ကြည့်နေတဲ့ Earth ကို ကောင်လေးကမော့ကြည့်လာပြီး ပြုံးပြရင်း
"I'm ready... again."
သူ့ရင်ဘတ်ကတော့ အသက်ပြင်းပြင်းရှူနေရတဲ့အတွက် အနိမ့်အမြင့်ကြမ်းနေတုန်းပါပဲ။
Earth က ကောင်လေးပေါ်ကနေဆင်းလို့ ကောင်လေးခြေထောက်တွေကို ဆွဲကားလိုက်တော့ ကောင်လေးက နှစ်နှစ်ခြိုက်ခြိုက်ပြုံးတယ်။ ဒါပေမဲ့ တကယ်တမ်း Earth အာရုံရောက်သွားတာက ...
"Ahh!!!"
အပ်တွေကိုဆွဲဖြုတ်ပေးပြန်တဲ့ Earth ကြောင့် ကောင်လေးက နာနာကျင်ကျင်အော်ရင်း အပ်ပေါက်ရာတွေဆီကလည်း သွေးတွေစိမ့်ထွက်လာခဲ့ပြီ။ အပ်ကိုအတည့်အတိုင်း ငြိမ်နေအောင်ထိန်းပြီး လက်ဆမှန်မှန်နဲ့ဆွဲထုတ်ပေးသွားတာကြောင့် အပ်ပေါက်ရာကလွဲပြီး ရှရာကြီးကြီးမားမားတော့ တစ်ချက်တလေတောင် မရှိခဲ့ပါ။ အားလုံးဆွဲထုတ်ပြီးတဲ့နောက်မှာ iodine စိမ်ထားတဲ့ အဝတ်စနဲ့ ဖိသုတ်ပေးပြီး ကောင်လေးအနားမှာချပေးကာ သူကိုယ်တိုင်ကတော့ လက်အိတ်တွေကိုချွတ်ရင်း ရေချိုးခန်းဆီဦးတည်လိုက်တယ်။
"Master"
ကောင်လေးကခေါ်ပေမဲ့ Earth လှည့်မကြည့်တော့ဘဲ ရေချိုးခန်းဆီကိုသာ ဝင်လာခဲ့လိုက်တယ်။
ရာဇသခင်က အလုပ်ကိစ္စနဲ့ ဒီနိုင်ငံကိုလာဖို့ရှိတယ်ဆိုပြီးမှ မလာဖြစ်သေးဘူးဆိုတဲ့သတင်းက မြေကမ္ဘာအတွက် အကြီးအကျယ် စိတ်အနှောင့်အယှက်ဖြစ်ရခြင်းပဲ။ တွေ့ချင်ရင် သခင်ဒီကိုရောက်လာမှမဟုတ်ပါဘူး၊ ကမ္ဘာက မြန်မာနိုင်ငံကိုသွားတွေ့ဖို့လည်း မခက်ခဲပေမဲ့ပေါ့။ တွေ့တယ်ဆိုတာထက် သခင်မသိအောင် လိုက်ကြည့်တာဆိုရင် ပိုမှန်ပါလိမ့်မယ်။ သခင်နဲ့ကမ္ဘာက အခုအချိန်ထိ မျက်နှာချင်းဆိုင် ပြန်မဆုံဖြစ်ကြသေးဘူးမဟုတ်လား။
အခုတော့ အဲဒီလိုလေးမြင်ရဖို့တောင် ဖြစ်မလာတာက စိတ်တိုစရာကောင်းလို့ ကမ္ဘာတစ်ယောက် အလိုမကျတိုင်းပတ်ရမ်းနေခဲ့တာ ကြာပြီ။ Koa လိုက်ထိန်းနေတာလည်း သိပေမဲ့ တားလေ၊ သောင်းကျန်းချင်လေဖြစ်နေတဲ့ စိတ်ရိုင်းတွေကို ထိန်းမထားချင်တာကြောင့် မူးမူးရူးရူးနဲ့ bar ကိုလာခဲ့ပေမဲ့ သုံးနေကျ partner ကောင်လေးက ရှိမနေခဲ့။ ဘယ်ကနေဘယ်လို စီစဉ်ပေးလိုက်ကြတယ်မသိပေမဲ့ ကမ္ဘာ့ဆီရောက်လာတဲ့ကောင်လေးက သိပ်ကိုသဘောကျစရာကောင်းတဲ့ ကစားစရာတစ်ခုလိုပဲ။ ကိုယ်တိုင်ကလည်း သောက်ထားတာကြောင့် ရီဝေဝေ၊ စိတ်တွေကလည်း ထိုင်းမှိုင်းနေတာနဲ့ စိတ်ကြိုက်ကစားနေပြီးမှ ရုတ်တရက် သခင့်ဆီအတွေးတွေရောက်သွားချိန် လူကအရှိန်သတ်လိုက်တော့ တစ်ဖက်ကောင်လေးခမျာ ခပ်မျော့မျော့။
ဒါပေမဲ့လည်း ဒီကောင်လေးက တကယ်ကို အကြမ်းခံတဲ့အရုပ်လေး။ အပြုံးတစ်ချက်နဲ့ ရှေ့ဆက်သွားဖို့အချက်ပြတဲ့အခါ ကမ္ဘာဆက်မသွားချင်တော့ပါ။ ရေချိုးခန်းထဲရောက်လာတဲ့အချိန်မှာတော့ မပြီးပြတ်သေးတဲ့ကိစ္စကို သခင့်နာမည်ခေါ်ညည်းရင်းသာ အဆုံးသတ်ဖို့ကြိုးစားမိပါတော့တယ်။
"ဟင်း ... ချစ်လိုက်တာ သခင်ရယ်။"
■■■ Part (55) ဆက်ရန် ■■■
© Demon ,
книга «Branded by You».
Коментарі