Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Characterizing
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
When they have a baby...
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
Chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58)
Chapter (59)
Chapter (60): Final
Chapter (10)
🌧 Playing in the rain on a rainy day 🌧

Caption နဲ႔အတူ ကားေနာက္ဖံုးေပၚမွာ ရွပ္အျပာႏုနဲ႔ စတိုင္ပန္႔နက္ျပာဝတ္ထားတဲ့ကမ႓ာက မိုးဖြဲေတြၾကား သူငယ္ခ်င္းတစ္ေယာက္နဲ႔ ဘီယာတစ္ဘူးစီကိုင္ကာ selfie ဆြဲၿပီးတင္ထားတဲ့ဓာတ္ပံုတစ္ပံု။

ပံုတင္လိုက္ၿပီးခဏအၾကာမွာပဲ သူငယ္ခ်င္းတခ်ိဳ႕က comments ဝင္ေရးလိုက္ၾကတယ္။
ကမ႓ာ့ဓာတ္ပံုထဲကသူငယ္ခ်င္းကို tag ထားတာေၾကာင့္ေရာ၊ သခင့္သူငယ္ခ်င္း ေတာ္ေတာ္မ်ားမ်ားကို ကမ႓ာ add ထားတာေၾကာင့္ေရာ ဒီပံုကိုသခင္ျမင္မွာ ေသခ်ာသေလာက္ပါပဲ။

အဲဒီ့သူငယ္ခ်င္းက သခင္နဲ႔လည္းရင္းႏွီးေနတာကို ကမ႓ာသိတာမို႔ သခင္မ်က္စိေနာက္ေစဖို႔ရည္ရြယ္တဲ့ ဒီပံုကို သခင္တကယ္မ်က္စိေနာက္ရပါတယ္။

.

ဒီေကာင္ေလးကို သခင္သတိထားမိတာ နည္းနည္းၾကာၿပီ။ Friend of friend နဲ႔ request ဝင္လာၿပီးေနာက္မွာ သခင့္ friends ေတြထဲက သံုးေလးေယာက္ေလာက္နဲ႔ အျပင္မွာပါရင္းႏွီးပံုရတဲ့ ဒီေကာင္ေလးက tag တြဲၿပီးတင္တတ္တဲ့ပံုေတြကို ကိုယ့္သူငယ္ခ်င္းဆီ tagged ထားေၾကာင္း ေပၚလာတတ္တာရယ္၊ တျခားသူငယ္ခ်င္းေတြက ဝင္ၿပီးစေနာက္ထားေၾကာင္း ေတြ႕ရတတ္တာရယ္ေၾကာင့္ သခင္သတိထားမိတာ ၾကာပါၿပီ။
US ကို အလုပ္ေျပာင္းရဖို႔နီးစပ္ေနၿပီျဖစ္တဲ့ သခင္က အလုပ္နဲ႔ပတ္သက္ေနတဲ့ အေမရိကန္ႏိုင္ငံသားတခ်ိဳ႕နဲ႔ ရင္းႏွီးေနၿပီး ဒီေကာင္ေလးကိုေတာ့ request ဝင္လာလို႔ၾကည့္လိုက္တဲ့အခါ အေမရိကန္ႏိုင္ငံသား ျမန္မာကျပားမို႔ သတိထားမိခဲ့ပါတယ္။

Suzy Parker mentioned you .......

အလုပ္ေၾကာင့္ရင္းႏွီးေနတဲ့ လုပ္ေဖာ္ကိုင္ဖက္ေလးတစ္ေယာက္ေၾကာင့္ တက္လာတဲ့ noti ကတစ္ဆင့္ ဝင္ၾကည့္မိေတာ့ အဲဒီ့ေကာင္ေလးတင္ထားတဲ့ စာသားေအာက္မွာ သခင့္ကို Suzy က ေခၚထားတာပါ။

Once upon a time,
I've seen my love and found again in the rain.
That's the reason why I love rain.
How about you?

မိုးကို ဘာလို႔ခ်စ္ေၾကာင္း comments ေတြ ေရးထားၾကသလို ဘာကိုဘာေၾကာင့္ခ်စ္ေၾကာင္းေတြပါ အတည္ေပါက္ေတြေရာ၊ ဟာသေတြေရာ ေရးထားၾကတဲ့အထဲ Suzy က သခင့္ကိုေခၚထားတာကလည္း အေၾကာင္းရွိပါတယ္။
Suzy နဲ႔က အလုပ္ကိစၥနဲ႔ ဘန္ေကာက္မွာဆံုဖူးၿပီး အဲဒီ့ေန႔ကမိုးေတြရြာလို႔ အလုပ္ကိစၥေတြကို မိုးရြာထဲအေျပးအလႊားလုပ္ခဲ့ရတာပါ။ ျမန္မာႏိုင္ငံသား သခင္ရယ္၊ Dao ဆိုတဲ့ထိုင္းမေလးရယ္၊ အေမရိကန္သူ Suzy ရယ္၊ သံုးေယာက္သားအလုပ္႐ႈပ္ခဲ့ၾကရၿပီး ေတာ္ေတာ္ေလးလည္း ခင္မင္ရင္းႏွီးသြားၾကတာေၾကာင့္ အခု Suzy က Dao နဲ႔ သခင္ကို mention ေခၚလိုက္ပံုပါပဲ။

'အလုပ္႐ႈပ္ခဲ့ရလို႔ မိုးကိုမုန္းေပမဲ့ မင္းတို႔နဲ႔ခင္မင္ရလို႔ မိုးကိုခ်စ္ပါတယ္' လို႔ အဓိပၸါယ္ရတဲ့ စာသားေလးနဲ႔ သခင္တို႔ကိုေခၚထားတာပါ။ သူေခၚတဲ့အခ်ိန္ သခင္ရွိေနလို႔ သတိရေၾကာင္းအေၾကာင္းျပန္တဲ့အခါ သူတို႔စာေတြကို ကမ႓ာက Love reacts ေတြေပးသြားတဲ့အျပင္ ...
'How cute your friendship!' ဆိုၿပီး reply လုပ္သြားတာေၾကာင့္ ၾကာေနၿပီျဖစ္တဲ့ကမ႓ာ့ friend request ကို သခင္လက္ခံျဖစ္ခဲ့ရာက အဲဒီ Suzy ရဲ႕ comment ထဲမွာတင္ စကားနည္းနည္းေျပာျဖစ္ခဲ့ၾကတာပါ။ 

Suzy က 'ကမ႓ာ့အခ်စ္ေလးနဲ႔ အဆင္ေျပၿပီလား' လို႔စပ္စုေတာ့
'Crush ႀကီးက သူ႔ကိုခ်စ္ေနတာကိုေတာင္ မသိေသးပါဘူး' လို႔ ကမ႓ာျပန္ေျဖသလို Suzy ကလည္း 'အဆင္ေျပပါေစ' လို႔ ဆုေတာင္းေပးေနတယ္။ သခင္ကေတာ့ အခုမွသိတဲ့သူမို႔ သူတို႔ေျပာသမၽွေတြကို react ေတြပဲေပးျဖစ္ခဲ့တယ္။

ခဏၾကာေတာ့ သခင့္ဆီကို 'React ေတြပဲေပးေနေတာ့မွာလား' ဆိုၿပီး စာဝင္လာခဲ့ရာက သူတို႔ႏွစ္ေယာက္ရဲ႕အခ်စ္ဇာတ္လမ္းေလး ေငြ႕ရည္စဖြဲ႕ခဲ့ရျခင္းပါ။



"အဲဒီ့တုန္းကကိုယ္ရည္ရြယ္တာ သခင္မွန္းသိခဲ့ရင္ reply ျပန္မွာလား။"

"မသိႏိုင္ဘူးေလကြာ။ ဘယ္လိုမွမဆက္စပ္မိတဲ့ကိစၥပဲကို။"

"အခုေတာ့လည္း ကိုယ့္ခင္ပြန္းေလးျဖစ္သြားရပါၿပီ။"

"ငါေတာ့ စိုစြတ္စြတ္နဲ႔မို႔ မိုးရာသီကိုမႀကိဳက္ဘူး။"

"ေျပာျပန္ၿပီ။ မသိဘူးဗ်ာ၊ ကိုယ္ေတာ့ႀကိဳက္တယ္။ သခင္နဲ႔ပတ္သက္သမၽွ အမွတ္တရေတာ္ေတာ္ေတာ္မ်ားမ်ားက မိုးစက္ေတြနဲ႔ပတ္သက္ေနလို႔။"

အဲဒီ့စကားကိုေထာက္ခံေၾကာင္း သခင္ေခါင္းညိတ္မိရဲ႕လားဆိုတာ မေသခ်ာပါ။

■■■

မိုးေတြရြာေနတဲ့ ေန႔ေလးတစ္ေန႔။

ေကာင္ေလးတစ္ေယာက္ရဲ႕မ်က္ဝန္းမွာလည္း မိုးေတြသည္းေနခဲ့တယ္။
မိုးေရထဲက အုတ္ဂူအသစ္ေလးထဲ ခႏၶာကိုယ္တစ္ခုမွာ အသက္မရွိေတာ့သလို အုတ္ဂူေရွ႕မွာငိုေနတဲ့ ေကာင္ေလးရဲ႕ဘဝထဲမွာလည္း ေသြးသားရင္းခ်ာဆိုတာ မရွိေတာ့ဘူး။

ခဏအၾကာမွာေတာ့ ဩဇာအာဏာႀကီးမားတဲ့႐ုပ္သြင္မ်ိဳးနဲ႔ လူႀကီးတစ္ေယာက္က ေကာင္ေလးကိုႏွစ္သိမ့္ေပးၿပီး ေခၚသြားခဲ့တယ္။ သုႆန္အဝင္အဝနားကို သူတို႔အေရာက္ သူ႔ထက္အရပ္အနည္းငယ္ပိုရွည္တဲ့ ေကာင္ေလးတစ္ေယာက္က အေမျဖစ္ပံုရတဲ့အမ်ိဳးသမီးကို လက္ဆြဲၿပီး သုႆန္ထဲဝင္လာပါတယ္။ လားရာႏွစ္ဖက္ကလာသူတို႔ဟာ အဝင္အဝမွာျဖတ္သြားရင္း ေဘးတိုက္ဆံုခ်ိန္မွာ အမ်ိဳးသမီးရဲ႕႐ႈိက္သံေၾကာင့္ ထြက္လာတဲ့ေကာင္ေလးက လွည့္ၾကည့္မိေတာ့ ဝင္လာတဲ့ေကာင္ေလးက သူ႔ကိုေငးလို႔။

မိုးနဲ႔စတဲ့ တခ်ိဳ႕အမွတ္တရေတြက ပံုေသနည္းတစ္ခုလိုပဲ။ မိုးဆိုတဲ့ ကိန္းေသတန္ဖိုးတစ္ခုမပါဘဲ ညီမၽွျခင္းေတြက မေျပလည္ႏိုင္ဘူး။ ဘယ္ေတာ့မဆို သူတို႔ဘဝရဲ႕မွတ္တိုင္တိုင္းကို မိုးစက္ေတြနဲ႔စိုက္ထူျဖစ္ခဲ့မယ္လို႔ အဲဒီ့တုန္းကေတာ့ သူတို႔ေတြမထင္ခဲ့ၾကဘူးတဲ့ေလ။

■■■

"မင္း အခုထိမထေသးဘူးလား ေျမကမ႓ာ။"

ခုတင္ေပၚေမွာက္လ်က္အိပ္ေနသူက မ်က္စိေတြဖြင့္ၾကည့္လာၿပီး

"ခြင့္ယူထားတယ္ေလ။"

သခင္ဘာမွမေျပာေတာ့ဘဲ အဝတ္အစားေတြထုတ္ယူၿပီး အလုပ္သြားဖို႔ျပင္ေနပါတယ္။

"ငါထမင္းေၾကာ္ထားတယ္ ေျမကမ႓ာ။"

"ေကာ္ဖီေဖ်ာ္ေပးမယ္။"

"ေကာ္ဖီက ႏွပ္ထားၿပီးၿပီ။"

အခန္းထဲကထြက္သြားတဲ့ သခင့္ေနာက္ကို ကမ႓ာထလိုက္လာၿပီး

"ကိုယ့္အတြက္ပါ ပါလား။"

"ငါ စိတ္မပုပ္ဘူး ေဟ့ေကာင္။"

"ဟား ဟား ဟား၊ အဲဒါေၾကာင့္ ခ်စ္ေန ..."

ေျပာလည္းေျပာ ဖက္လည္းဖက္ဖို႔ျပင္တဲ့ကမ႓ာ့ကိုု သခင္ကတြန္းထားပါတယ္။

"ေဝးေဝးေနစမ္းကြာ။"

"သခင္ကလည္း ..."

"ေဟ့၊ မ်က္ႏွာမသစ္ရေသးဘူးေလ။"

"ဗိုက္ဆာလို႔ပါ။ ညကလည္း တစ္ညလံုး ေကာင္းေကာင္းမအိပ္ရေသးဘူး။ ေနာက္မွသစ္မယ္ဗ်ာ။"

႐ႈံ႕မဲ့မဲ့နဲ႔ေျပာေနသူကို သခင္ကမသိခ်င္ေယာင္ေဆာင္ၿပီး မနက္စာစားေနလိုက္ေတာ့တယ္။

"ေန႔လယ္က်ရင္ သခင့္႐ံုးကို လာခဲ့မယ္ေနာ္။"

"ဘာလာ႐ႈပ္မလို႔လဲ။"

"ေန႔လယ္စာ အတူထြက္စားရေအာင္ေလ။"

"႐ႈပ္တယ္၊ မလာနဲ႔။"

"တကယ္ႀကီးလား။"

"ေအး"

"လာဦးမွာ။"

"ေတာ္ေတာ္အားေနတာလား။"

"အင္း"

"အိပ္ေန။"

"ခဏေနျပန္အိပ္ၿပီး ေန႔လယ္က် သခင့္ဆီလာမွာ။"

"ငါမအားဘူး။"

"မအားလည္း ထမင္းေတာ့စားရမယ္ေလ။"

"အျပင္သြားစရာရွိတယ္။"

"ဘယ္ကိုလဲ။ အဲဒီ့ကို လိုက္လာခဲ့မယ္ေလ။"

"မင္း ဘာျဖစ္ေနတာလဲ။"

"သခင့္အနားမွာပဲ ေနခ်င္လို႔။"

"အပိုေတြမလုပ္စမ္းပါနဲ႔။ မင္းနဲ႔ငါ တစ္အိမ္စီေနလို႔လား။"

"ဘယ္ေတာ့မွ ေနမွာမဟုတ္ဘူး။ သခင္နဲ႔မခြဲႏိုင္ပါဘူး။"

ေျပာခ်င္ရာသာေျပာေတာ့ဆိုၿပီး လႊတ္ထားေပးလိုက္တဲ့အမူအရာနဲ႔ သခင့္ေၾကာင့္ ကမ႓ာက မနက္စာစားေနတဲ့တစ္ေလၽွာက္လံုး သခင့္ဆီသာ အာ႐ံုေရာက္ေနပါေတာ့တယ္။

"ပန္းကန္ေတြေဆးလိုက္ေတာ့။"

သခင္က ေျပာၿပီးထသြားခဲ့တယ္။ ႐ံုးသြားဖို႔နည္းနည္းေစာေနေသးလို႔ သခင္က ေကာ္ဖီေသာက္ေနတုန္းမွာ ကမ႓ာတစ္ေယာက္ လွစ္ခနဲေပ်ာက္သြားတယ္။ ဆယ့္ငါးမိနစ္ေလာက္အခ်ိန္အတြင္း သခင့္ေရွ႕ျပန္ေရာက္လာၿပီး

"သြားေတာ့မလား။"

"မထိုင္ႏိုင္လို႔ အလုပ္မသြားတာမဟုတ္ဘူးလား။ ကားထိုင္ေမာင္းႏိုင္ေသးတာလား။"

"ဘာလို႔မထိုင္ႏိုင္ရမွာလဲ။ ပ်င္းလို႔မသြားတာ။"

ေတာ္ေတာ္ေလးညိဳမဲသြားတဲ့ ဒဏ္ရာေတြေၾကာင့္ ထိုင္မေနခ်င္ဘူးဆိုရင္ေတာင္ သခင့္ကိုေတာ့ ႐ံုးလိုက္ပို႔ႏိုင္ပါေသးတယ္။
႐ံုးေရွ႕ေရာက္လို႔ သခင္ ကားထဲကထြက္ခါနီးမွာလည္း

"ေန႔လယ္က် လာခဲ့မယ္ေနာ္။"

"လာေလ။ ငါမရွိဘူး။"

"အျပင္သြားမယ္ဆိုတာ တကယ္ေျပာတာလား။ ဘယ္သြားမွာလဲ။ လိုက္လာခဲ့မယ္။"

သခင္က မေျပာတာေၾကာင့္

"သခင္မေျပာရင္ ကိုယ္ကမသိေတာ့ဘူးတဲ့လား။"

"ေအး၊ အဲဒါဆို ေမးမေနနဲ႔ေလ။"

"အိုေခ၊ ေန႔လယ္က်ေတြ႕မယ္ေနာ္။"

႐ံုးထဲဝင္သြားတဲ့သခင္ အျမင္အာရံုထဲကေပ်ာက္သြားတဲ့အထိ ကမ႓ာေငးၾကည့္ေနရင္း

"မခ်စ္တာေတာ့မဟုတ္ဘဲ တစ္ခါတေလက်ရင္ မင္းကအရမ္းေသြးေအးတာပဲ။ ကိုယ့္အခ်စ္ေတြက မင္းကိုမေျပာင္းလဲႏိုင္ရင္ေတာင္ ဆက္ခ်စ္ေနေအာင္ေတာ့ ဆြဲထားႏိုင္မယ္မဟုတ္လား။ မင္းကိုခ်စ္ရတာ ရင္တထိတ္ထိတ္ပါပဲလားကြာ။"

■■■

"အဲ့ဒါဆို ကိုယ္တို႔ DS relationship ကို စမ္းၾကည့္ၾကမလား။"

"လိုင္းေပၚကေနေလ။"

"အင္းေလ၊ ရတာပဲ။"

"မင္းကေတာ့ ဇြတ္ပဲ။"

"ႏွစ္ေယာက္လံုးစိတ္ဝင္စားတာပဲ။"

"အဆင္မေျပပါဘူးကြာ။"

"ေျပမွာပါ။ သခင္ႀကိဳက္တဲ့ role ယူေလ။"

"အေပးအယူက ၾကမ္းလွခ်ည္လား။ ငါကေတာ့ Submissive type မဟုတ္ဘူး။"

"ရပါတယ္။ ကိုယ္ကအဆင္ေျပတယ္။"

"Seriously?"

"အတည္ပါ။"

"မိန္းကေလးေတြေရာ Uke ေလးေတြပါ ဝိုင္းဝိုင္းလည္ေနတဲ့မင္းကေလ။"

"သခင့္ရဲ႕ Dom ျဖစ္ႏိုင္ခြင့္ကို ဘယ္သူရႏိုင္မွာမို႔လို႔လဲ။"

"မစဥ္းစားနဲ႔။ ဒါက ငါ တျခားလူေတြနဲ႔ try ၾကည့္ဖူးတယ္လို႔ မဆိုလိုဘူးေနာ္။"

"အဲဒါဆိုေက်နပ္ၿပီ။ ကိုယ့္ရဲ႕ Dom ကေတာ့ ဒီတစ္သက္မွာ သခင္တစ္ေယာက္တည္း။"

"မင္း play ၾကည့္ဖူးလား။"

"Sub ေတြ ရွိခဲ့ဖူးပါတယ္။"

"အင္း၊ အဲဒီ့လိုပဲထင္ပါတယ္။"

"သိသာတာပဲေလ။ ေျပာလက္စနဲ႔ တစ္ခါတည္းေျပာလိုက္မယ္။ ကိုယ္ သခင့္ကိုခ်စ္တယ္ေျပာတာ တကယ္အတည္ေနာ္။ သခင္ဆႏၵရွိရင္ လက္ထပ္ယူဖို႔အထိ ကိုယ္ရည္ရြယ္ထားတာ။"

"ဒီေလာက္အခ်ိန္ေလးအတြင္း ဆံုးျဖတ္ခ်က္ကျမန္လွခ်ည္လား။"

"ျမန္တယ္လို႔သခင္ထင္ေပမဲ့ တိတိက်က် ျပတ္ျပတ္သားသားပဲ။ ေျပာင္းလဲဖို႔မရွိဘူး။"

"ထားပါ။ မင္းနဲ႔ငါက ေရေျမလည္းျခား၊ အေနအထားလည္းမတူ ..."

"Excuse me. I love you unconditionally."

"ေအးပါကြာ။"

"သခင္ ဒီကိုဘယ္ေတာ့လာမွာလဲ။"

"အတိအက်သိရရင္ ငါေျပာမယ္ေလ။ မင္းကိုေျပာပါ့မယ္လို႔ ငါကတိေပးထားသားပဲ။"

"သခင္နဲ႔ေတြ႕ရဖို႔ တကယ္ကို ရင္ေတြခုန္လြန္းလို႔ပါ။ သခင္က girlfriend ထားဖူးတယ္လို႔ ေျပာဖူးတယ္ေနာ္။"

"အင္းေလ၊ အၿမီးကေတာ့ ေပါက္တာေပါ့။ ဟားဟား ..."

"တကယ္ပဲ boyfriend မထားဖူးဘူးလား။"

"ဒီမွာက မင္းတို႔ဆီမွာေလာက္ မလြတ္လပ္ဘူးဆိုတာ မင္းသိသားပဲ။ အခုေနာက္ပိုင္းမွ နည္းနည္းေလးအဆင္ေျပသလိုရွိတာ။"

"ကိုယ္ အမွန္အတိုင္းဝန္ခံမယ္ေနာ္။ မိန္းကေလးေတြနဲ႔ေတာ့ အတူေနဖူးတယ္။ Play ဖူးတာေတြက Male Sub, but no sex. သခင္မေမးေပမဲ့ သိထားဖို႔လိုမလားလို႔ပါ။"

"အင္း၊ ဘာလို႔မျဖစ္ခဲ့တာလဲ။ Role ေၾကာင့္လား။"

"သခင္ေရ၊ ေျမကမ႓ာတို႔က ျဖစ္မယ္ဆိုရင္ေတာင္ ေအာက္မဆင္းဘူးေနာ္။"

"အဟား၊ ငါဘာေျပာလို႔လဲ။"

"ေမးခြန္းအသြားအလာႀကီးက ရႊံ႕ေတာထဲျဖတ္ရသလိုပဲ။ ဟိုယိုင္ခ်င္ ဒီယိုင္ခ်င္နဲ႔ဗ်ာ။"

"ဟား ဟား ဟား ... ငါနဲ႔ဆို မင္းဘယ္လိုလုပ္မလဲ။"

"Can we be versatile?"

"What! No way."

"သခင္ ကိုယ့္ကိုခ်စ္လာေတာ့မွ အဲဒီ့ကိစၥကိုထပ္ညႇိမယ္။"

"ဩ၊ အဲဒီ့လိုလည္း အပိုင္ကြက္ေတြရွိတာလား။"

"ဒါေပါ့။ သခင့္ႏွလံုးသားက တံခါးပိတ္ထားရင္ေတာင္ နားၿငီးေလာက္ေအာင္ တံခါးလာလာေခါက္မွာမို႔ နည္းနည္းေတာ့ေစာင့္ၾကည့္ေပးပါ။ ဘယ္လိုလဲ။"

"ဟုတ္ၿပီေလ။ ငါ မင္းကိုသေဘာက်ပါတယ္။ ခ်စ္ေတာ့မခ်စ္မိေသးဘူး။"

"အဲဒီ့ေလာက္ဆို တံခါးဝကေနေမာင္းမထုတ္ဘူးလို႔ ဆိုလိုတာေပါ့။ ျဖည္းျဖည္းခ်င္း သခင့္ႏွလံုးသားထဲကို ဝင္လာခဲ့မယ္။ ေနရာခ်န္ထားစရာမလိုဘူး။ ကိုယ္က ေနရာအျပည့္ယူမွာမို႔။"

"ဒါကေတာ့ မင္းအရည္အခ်င္းကို ေစာင့္ၾကည့္ရမွာေပါ့ ကိုေလက်ယ္ေလးေရ။"

"ဟား ဟား၊ အဲဒီ့ေတာ့ ကိုယ့္ရဲ႕သခင္က သခင္ေနရာယူမယ္မလား။"

"ေကာင္းၿပီေလ။ အဲဒီ့ RS မ်ိဳးကို တစ္လေလာက္စမ္းၾကည့္ၾကတာေပါ့၊ ေနာက္ေန႔ကစၿပီးေတာ့။"

"ဟုတ္ကဲ့ပါ သခင္။ အား ... သခင္တို႔က နာမည္ကကို အဆင္သင့္ျဖစ္ၿပီးသား။"

"ဘယ္သူမွ အဲဒီ့နာမည္မေခၚဘူး။"

"ေတြ႕ပါတယ္ ကိုေရႊဇရယ္။ ကိုယ့္အခ်စ္ေတြရဲ႕ပိုင္ရွင္စစ္စစ္မို႔ သခင္လို႔ပဲ ေခၚခ်င္ခဲ့တာပါ။"

"မင္းေကာင္မေလးေတြနဲ႔ ဘယ္လိုစကားေတြေျပာသလဲလို႔ ငါသိခ်င္သား။ အေျပာေလးကေတာ့တတ္တယ္။"

"ေမြးရာပါဆိုေတာ့လည္း ရွင္းမျပတတ္ပါဘူးေလ။"

"ေအးပါကြာ ေပါက္တူးရာ။"

ဒီလိုကေနစလို႔ သူတို႔ႏွစ္ေယာက္ရဲ႕ RS ေလးကို အစပ်ိဳးခဲ့မိၾကတာပါပဲ။

■■■

မခ်စ္ဘူးဆိုတဲ့စကားကို ကိုယ့္အတြက္မေျပာပါနဲ႔လား သခင္။ သခင့္အခ်စ္ကို ခံစားမိေပမဲ့ ကိုယ္မယံုရဲတဲ့အနာဂတ္မွာ အဲဒီ့အခ်စ္ေတြေပ်ာက္သြားခဲ့မယ္ဆိုရင္ မခ်စ္ဘူးလို႔မေျပာပါနဲ႔။ ခ်စ္တယ္လို႔မေျပာခ်င္ေတာ့ရင္ေနပါ။ မခ်စ္ဘူးဆိုတာကိုေတာ့ စေနာက္ၿပီးေတာင္ မေျပာပါနဲ႔။

"သခင့္ဆီက မခ်စ္စကားမၾကားရသူ ျဖစ္ရပါလို၏။"

ပါးျပင္ေပၚက အပူစီးကူးမႈေလးကို ကမ႓ာသတိထားမိေပမဲ့ ဆြဲဖမ္းမထားလိုက္တဲ့ဝမ္းနည္းျခင္းေတြက ဂလင္းတစ္ခုဆီကိုလႈံ႕ေဆာ္တဲ့အခါ မ်က္ဝန္းအိမ္က ေခတၱခဏအရည္သိုေလွာင္ရာေနရာ ျဖစ္သြားခဲ့တယ္။ ကမ႓ာေျမႀကီးရဲ႕ဆြဲအားအတိုင္း ေရေတြမစီးခင္မွာေပါ့။

'ဆံုး႐ႈံးရမွာကို သိပ္ေၾကာက္ရပါတယ္။ သိပ္ခ်စ္မိတာမို႔။'

■■■

"ေနေကာင္းပါတယ္ အေမရဲ႕။"

"အလုပ္ကိုမလာဘူးဆိုၿပီး မနက္ကမွဖုန္းဆက္တယ္ဆိုလို႔ စိတ္ပူလို႔ပါသားရယ္။"

"ဒီအတိုင္း တစ္ရက္တေလေလာက္ အေခ်ာင္ခိုခ်င္လို႔ပါ။ အဟီး"

"မေန႔တစ္ေန႔ကပဲ အလုပ္ေတြ႐ႈပ္ေနတယ္လို႔ သားဒယ္ဒီကေျပာေနေတာ့ ေနမေကာင္းျဖစ္သြားသလားလို႔ ေတြးမိသြားတာ။ ရာဇေရာ အလုပ္သြြားလား။"

"ဟုတ္၊ အေမ။"

"တစ္ခုခုဆို သားအနားမွာျပဳစုေပးမယ့္သူမ်ိဳး ရွိေစခ်င္ခဲ့တာ။"

"အေမ့သားက ကေလးလည္းမဟုတ္၊ လူမမာလည္းမဟုတ္ဘူးေလ။ တစ္ရက္ေလာက္ အေခ်ာင္ခိုခ်င္မိတာပါလို႔။"

"အေမ့အိမ္မွာလာေနပါဆိုလည္း မဟုတ္ျပန္ဘူး။"

"မလြတ္လပ္ပါဘူး။ အေမ့သားကခပ္ကဲကဲမို႔ အေမမလြတ္မလပ္ျဖစ္ေနမွာကို စိုးရိမ္တာဗ်။"

"ဟယ္ ... ဒီကေလးေတာ့၊ အေမကို ဘယ္လိုေတြေျပာေနတာလဲ။"

"အဟဲ"

"မ်က္ႏွာမေျပာင္စမ္းနဲ႔။ မုန္႔ဟင္းခါးရယ္ဒီမိတ္အထုပ္ ပို႔ခိုင္းလိုက္မယ္။ ငွက္ေပ်ာအူနည္းနည္းပါ ထည့္ေပးလိုက္မယ္ေနာ္။ မစားရတာၾကာၿပီလို႔ ညည္းေနတာေတြ မၾကားခ်င္ဘူး။ အဲဒီ့ရယ္ဒီမိတ္ေတြကိုလည္း သိပ္သေဘာက်လွတယ္မဟုတ္ဘူး။ စားခ်င္ရင္ အိမ္လာခဲ့ၾက။ ခ်က္ေကၽြးမယ္။"

"မုန္႔ဟင္းခါးတဲ့လား။ လာမွာ ပိတ္ရက္က်ရင္။ အမေလးဗ်ာ၊ ငွက္ေပ်ာအူမပါရင္ ႏွစ္ဇြန္းထက္အျပင္ပိုမစားတဲ့ သူ႔သားမက္ေလးအတြက္က် မေမ့ဘူးေနာ္။ စိတ္ေကာက္တယ္ မာမီမားသားေရ။ ဗူးသီးေၾကာ္မပါရင္ မေခၚဘူး။"

"ဟဲ့၊ နင့္ဗူးသီးေၾကာ္က အထားမခံဘူး။ ငါးဖယ္ေၾကာ္ထည့္ေပးလိုက္တယ္။"

"အဟီး၊ ခ်စ္လိုက္တာ။"

"မ်က္ႏွာရူးေလး၊ ဖုန္းခ်လိုက္ေတာ့။ အစားအေသာက္ေတြ ေနာက္တစ္နာရီအတြင္း ေရာက္လာလိမ့္မယ္။"

"See you soon ပါ၊ မုန္႔ဟင္းခါးေလးေရ။"

"ဪ၊ ဒီေကာင္ေလး။"

အေမျဖစ္သူနဲ႔ဖုန္းေျပာၿပီးေတာ့ သခင့္႐ံုးဆီကိုဖုန္းဆက္ၿပီး ေန႔လယ္က်ရင္ သခင္သြားရမယ့္ေနရာကို စံုစမ္းဖို႔ျပင္ရပါေတာ့တယ္။ ေျပာမသြားလည္း လြယ္လြယ္သိႏိုင္တာကို သခင္လည္းသိရဲ႕သားနဲ႔ တမင္ညစ္ၿပီးေျပာမသြားခဲ့တာ။

'သခင္ဘယ္ေရာက္ေရာက္ လိုက္ရွာႏိုင္တာမို႔ အပင္ပန္းခံမေနဘဲ ကိုယ့္ႏွလံုးသားထဲမွာပဲ နားနားေနေနေနေစခ်င္ပါတယ္ သခင္ရယ္။'



"ဟယ္လို သခင္"

"ေအး၊ ေျမကမ႓ာ။ ေန႔လယ္က်လိုက္မလာနဲ႔ေတာ့။ ငါ အဲဒီ့ကေနၿပီးတာနဲ႔ အိမ္ျပန္႐ံုပဲ။ ညေန ေစာေစာျပန္ေရာက္မယ္။"

"ကိုယ္လာႀကိဳ ..."

"ငါေျပာတာကို နားေထာင္လိုက္လို႔မရဘူူးလား။"

"ဟုတ္၊ အိမ္ကေစာင့္ပါ့မယ္။ ဟိုေလ ..."

"အိမ္ေရာက္မွေျပာေတာ့။ ငါ မအားေတာ့ဘူး။"

မုန္႔ဟင္းခါးခ်က္ထားမယ္လို႔ေတာင္ မေျပာလိုက္ရဘူး။



*Ting Tong*

"သခင္က ေစာေစာျပန္လာတာလား။ အာ၊ သခင္ဆို သူ႔ဘာသာဝင္လာမွာေပါ့။"

ျခံတံခါးအေပါက္ကေန ကမ႓ာလွမ္းၾကည့္လိုက္မိၿပီး ျမင္လိုက္ရသူေၾကာင့္ တံခါးကိုအလ်င္အျမန္ဖြင့္လိုက္ရတယ္။

"သခင္"

ကမ႓ာကေခၚလိုက္တာမဟုတ္ဘဲ အေခၚခံလိုက္ရတာပဲျဖစ္တယ္။ ေခၚလိုက္သူရဲ႕အက်ႌလည္ပင္းကေနဆြဲၿပီး ျခံထဲသြင္းလိုက္ကာ

"မင္း ဘာလာလုပ္တာလဲ။"

"သခင့္ကိုလာေတြ႕တာ။"

"ငါ့ကို အဲဒီ့လိုမေခၚနဲ႔။"

"Earth"

"ဒီကို ဘာျပန္လာလုပ္တာလဲ။"

"သခင္ ... sorry, Earth အေဖက မေျပာဘူးလား။"

"မျဖစ္ႏိုင္တာ။ ဒယ္ဒီက မင္းကိုျပန္ေခၚမွာမဟုတ္ဘူး။"

"လူေတာင္ေရာက္လာၿပီေလ။"

"ဘာေျပာမွာလဲ။ ေျပာၿပီးရင္ျပန္။"

"အခုကစၿပီး Earth အနားမွာရွိေနမယ္။"

"ေနာင္ကို ဒီအိမ္ရိပ္ေတာင္မနင္းမိပါေစနဲ႔။"

"အလုပ္ထဲမွာ ေတြ႕ၾကတာေပါ့။"

"မင္းအရိပ္ကိုေတာင္ မျမင္ခ်င္ဘူး။"

"ဟုတ္ကဲ့။ ဒါေပမဲ့ ကၽြန္ေတာ္ Earth အနားမွာပဲရွိေနမယ္။ ခြင့္ျပဳပါဦး။"

ကမ႓ာက မီးေတာက္ေတာ့မယ့္အၾကည့္ေတြနဲ႔ ၾကည့္ေနတုန္းမွာပဲ အျပံဳးအေပ်ာ္မပ်က္ထြက္သြားသူက ျခံအျပင္ေရာက္သြားခဲ့ေလၿပီ။

ငါးႏွစ္။
ငါးႏွစ္တာကာလအတြင္းမွာ ဘယ္တြင္းေအာင္းေနလို႔ အသံမၾကားရေအာင္ ေပ်ာက္ေနတာလဲ။ အသံၾကားမိရေအာင္လည္း နားစြင့္ခဲ့ဖူးတာမ်ိဳးမရွိခဲ့ပါ။ ျပန္ေပၚမလာေတာ့ဘူးလို႔ပဲ ထင္ေနခဲ့တာ။ ဒီကိစၥကို ဘယ္သူနဲ႔ရွင္းရမလဲလို႔ ကမ႓ာမသိေတာ့ဘူး။ ဒယ္ဒီဆံုးျဖတ္ၿပီးၿပီဆိုရင္ သြားေျပာလည္းထူးမွာမဟုတ္။ သင္းကေရာ ဒယ္ဒီ့ကို ဘယ္လိုေတြသိမ္းသြင္းခဲ့သလဲ။ ဘယ္ေလာက္အထိအေပးအယူလုပ္ၿပီး ဒီေနရာကို ျပန္ေရာက္လာခဲ့တာလဲ။



"ကမ႓ာ၊ ေျမကမ႓ာ။ ေဟ့ေကာင္"

"ဗ်။ အဲ၊ သခင္ျပန္လာၿပီလား။"

အိမ္ေပါက္ဝမွာပဲ ငုတ္တုပ္ထိုင္ေတြးေနတာ သခင္တစ္ေယာက္လံုး သူ႔ေရွ႕ေျခစံုရပ္ေနတာကိုပါ မသိလိုက္တဲ့အထိ ကမ႓ာအေတြးလြန္ေနခဲ့မိတယ္။
ပ်ာပ်ာသလဲထရပ္ရင္း နာရီၾကည့္မိေတာ့

"သခင္ ေစာသားပဲ။ အဲဒီ့အိတ္ေပး။ အေမ့ဆီေျပာထားတဲ့ မုန္႔ဟင္းခါးေလ၊ ဒီေန႔ပို႔လိုက္တယ္။ စားမယ္မဟုတ္လား။"

"မုန္႔ဟင္းခါး၊ အန္တီခ်က္တာလား။"

"မဟုတ္ဘူး။ ဟိုရက္ကတည္းက မုန္႔ဟင္းခါးစားခ်င္လို႔ ရယ္ဒီမိတ္အထုပ္ပို႔ခိုင္းထားတာ။ ဒီေန႔ေရာက္လာတာ။"

"အဲဒါဆိုရင္ ..."

"မပူပါနဲ႔။ ငွက္ေပ်ာအူတစ္ပိုင္းပါ ထည့္ေပးလိုက္လို႔ ခ်က္ထားၿပီးၿပီ။"

ေျပာရင္းနဲ႔ မီးဖိုေခ်ာင္ဆီေရာက္လာခဲ့ၾကတယ္။ ႏွစ္ေယာက္လံုးက မုန္႔ဟင္းခါးဆို အရမ္းႀကိဳက္ၾကၿပီး လြယ္လြယ္မရႏိုင္တဲ့ေနရာမွာေနရတာမို႔ မုန္႔ဟင္းခါးအသံၾကားရင္ မျငင္းမိၾကပါ။ မီးဖိုေပၚကအိုးကို ဖြင့္လိုက္ေတာ့ ခပ္ေငြ႕ေငြ႕အပူေၾကာင့္ ဟင္းရည္အနံ႔ထြက္လာၿပီး စားခ်င္စဖြယ္ျဖစ္ေနပါၿပီ။

"အန္တီ့ဆီ ဖုန္းဆက္လိုက္ဦးမယ္။"

"အင္း၊ စားဖို႔ ျပင္ထားလိုက္မယ္ေနာ္။"

ေယာကၡမဆီဖုန္းဆက္ဖို႔ကို ေယာက္်ားရွိေနရာ မီးဖိုခန္းကေနထြက္ၿပီး ေရွ႕ဘက္ဧည့္ခန္းအထိသြားေျပာတဲ့ သခင္က ဘာမွလည္း အေထြအထူးေျပာစရာရွိမွာမဟုတ္တာ ကမ႓ာအသိဆံုး။

"ဟုတ္ကဲ့ အန္တီ။ ပိတ္ရက္လာျဖစ္ရင္ ဖုန္းဆက္လိုက္ပါ့မယ္။ အန္တီမွာစရာရွိရင္လည္း ကမ႓ာ့ကိုျဖစ္ျဖစ္ ဖုန္းဆက္ထားလို႔ရတာေပါ့။"

"..................."

"ဟုတ္ကဲ့၊ ေနာက္မွေတြ႕မယ္ဗ်။"

"သခင္က အတင္းေျပာစရာရွိလို႔ ေရွ႕ကိုေရာက္သြားတာလား။"

"ငါ့ကိုမရစ္ခင္ မင္းအရင္ေျဖပါဦး။ ငါတစ္ေယာက္လံုး မင္းေရွ႕မတ္တပ္ရပ္ေနတာကို မျမင္ႏိုင္ေလာက္ေအာင္ ဘာေတြျဖစ္ေနတာလဲ။ ေႁမြဆိုးသာဆို မင္းေတာ့ေသေနၿပီ။"

"ဒီအတိုင္း၊ အလုပ္ကိစၥပါ။"

"အန္ကယ္ ဘာေျပာလို႔လဲ။"

"မေျပာပါဘူး။ အခ်ိဳးမေျပတဲ့လက္ေထာက္တစ္ေကာင္ ကိုယ္မရွိလည္း သူ႔ဘာသာအဆင္ေျပရမယ့္ကိစၥကို လွမ္းၿပီးအာ႐ံုေနာက္ေနတာ။ ထားပါ။ စားရေအာင္ေလ။ ထည့္စားစရာေတာ့ ငါးဖယ္ေၾကာ္ပဲပါတယ္။ ကိုယ္ ပူဒီနာေတြသြားရွာဝယ္ထားတယ္။"

"မိုက္တာေပါ့။"

■■■ Part (11) ဆက္ရန္ ■■■


🌧 Playing in the rain on a rainy day 🌧

Caption နဲ့အတူ ကားနောက်ဖုံးပေါ်မှာ ရှပ်အပြာနုနဲ့ စတိုင်ပန့်နက်ပြာဝတ်ထားတဲ့ကမ္ဘာက မိုးဖွဲတွေကြား သူငယ်ချင်းတစ်ယောက်နဲ့ ဘီယာတစ်ဘူးစီကိုင်ကာ selfie ဆွဲပြီးတင်ထားတဲ့ဓာတ်ပုံတစ်ပုံ။

ပုံတင်လိုက်ပြီးခဏအကြာမှာပဲ သူငယ်ချင်းတချို့က comments ဝင်ရေးလိုက်ကြတယ်။
ကမ္ဘာ့ဓာတ်ပုံထဲကသူငယ်ချင်းကို tag ထားတာကြောင့်ရော၊ သခင့်သူငယ်ချင်း တော်တော်များများကို ကမ္ဘာ add ထားတာကြောင့်ရော ဒီပုံကိုသခင်မြင်မှာ သေချာသလောက်ပါပဲ။

အဲဒီ့သူငယ်ချင်းက သခင်နဲ့လည်းရင်းနှီးနေတာကို ကမ္ဘာသိတာမို့ သခင်မျက်စိနောက်စေဖို့ရည်ရွယ်တဲ့ ဒီပုံကို သခင်တကယ်မျက်စိနောက်ရပါတယ်။

.

ဒီကောင်လေးကို သခင်သတိထားမိတာ နည်းနည်းကြာပြီ။ Friend of friend နဲ့ request ဝင်လာပြီးနောက်မှာ သခင့် friends တွေထဲက သုံးလေးယောက်လောက်နဲ့ အပြင်မှာပါရင်းနှီးပုံရတဲ့ ဒီကောင်လေးက tag တွဲပြီးတင်တတ်တဲ့ပုံတွေကို ကိုယ့်သူငယ်ချင်းဆီ tagged ထားကြောင်း ပေါ်လာတတ်တာရယ်၊ တခြားသူငယ်ချင်းတွေက ဝင်ပြီးစနောက်ထားကြောင်း တွေ့ရတတ်တာရယ်ကြောင့် သခင်သတိထားမိတာ ကြာပါပြီ။
US ကို အလုပ်ပြောင်းရဖို့နီးစပ်နေပြီဖြစ်တဲ့ သခင်က အလုပ်နဲ့ပတ်သက်နေတဲ့ အမေရိကန်နိုင်ငံသားတချို့နဲ့ ရင်းနှီးနေပြီး ဒီကောင်လေးကိုတော့ request ဝင်လာလို့ကြည့်လိုက်တဲ့အခါ အမေရိကန်နိုင်ငံသား မြန်မာကပြားမို့ သတိထားမိခဲ့ပါတယ်။

Suzy Parker mentioned you .......

အလုပ်ကြောင့်ရင်းနှီးနေတဲ့ လုပ်ဖော်ကိုင်ဖက်လေးတစ်ယောက်ကြောင့် တက်လာတဲ့ noti ကတစ်ဆင့် ဝင်ကြည့်မိတော့ အဲဒီ့ကောင်လေးတင်ထားတဲ့ စာသားအောက်မှာ သခင့်ကို Suzy က ခေါ်ထားတာပါ။

Once upon a time,
I've seen my love and found again in the rain.
That's the reason why I love rain.
How about you?

မိုးကို ဘာလို့ချစ်ကြောင်း comments တွေ ရေးထားကြသလို ဘာကိုဘာကြောင့်ချစ်ကြောင်းတွေပါ အတည်ပေါက်တွေရော၊ ဟာသတွေရော ရေးထားကြတဲ့အထဲ Suzy က သခင့်ကိုခေါ်ထားတာကလည်း အကြောင်းရှိပါတယ်။
Suzy နဲ့က အလုပ်ကိစ္စနဲ့ ဘန်ကောက်မှာဆုံဖူးပြီး အဲဒီ့နေ့ကမိုးတွေရွာလို့ အလုပ်ကိစ္စတွေကို မိုးရွာထဲအပြေးအလွှားလုပ်ခဲ့ရတာပါ။ မြန်မာနိုင်ငံသား သခင်ရယ်၊ Dao ဆိုတဲ့ထိုင်းမလေးရယ်၊ အမေရိကန်သူ Suzy ရယ်၊ သုံးယောက်သားအလုပ်ရှုပ်ခဲ့ကြရပြီး တော်တော်လေးလည်း ခင်မင်ရင်းနှီးသွားကြတာကြောင့် အခု Suzy က Dao နဲ့ သခင်ကို mention ခေါ်လိုက်ပုံပါပဲ။

'အလုပ်ရှုပ်ခဲ့ရလို့ မိုးကိုမုန်းပေမဲ့ မင်းတို့နဲ့ခင်မင်ရလို့ မိုးကိုချစ်ပါတယ်' လို့ အဓိပ္ပါယ်ရတဲ့ စာသားလေးနဲ့ သခင်တို့ကိုခေါ်ထားတာပါ။ သူခေါ်တဲ့အချိန် သခင်ရှိနေလို့ သတိရကြောင်းအကြောင်းပြန်တဲ့အခါ သူတို့စာတွေကို ကမ္ဘာက Love reacts တွေပေးသွားတဲ့အပြင် ...
'How cute your friendship!' ဆိုပြီး reply လုပ်သွားတာကြောင့် ကြာနေပြီဖြစ်တဲ့ကမ္ဘာ့ friend request ကို သခင်လက်ခံဖြစ်ခဲ့ရာက အဲဒီ Suzy ရဲ့ comment ထဲမှာတင် စကားနည်းနည်းပြောဖြစ်ခဲ့ကြတာပါ။ 

Suzy က 'ကမ္ဘာ့အချစ်လေးနဲ့ အဆင်ပြေပြီလား' လို့စပ်စုတော့
'Crush ကြီးက သူ့ကိုချစ်နေတာကိုတောင် မသိသေးပါဘူး' လို့ ကမ္ဘာပြန်ဖြေသလို Suzy ကလည်း 'အဆင်ပြေပါစေ' လို့ ဆုတောင်းပေးနေတယ်။ သခင်ကတော့ အခုမှသိတဲ့သူမို့ သူတို့ပြောသမျှတွေကို react တွေပဲပေးဖြစ်ခဲ့တယ်။

ခဏကြာတော့ သခင့်ဆီကို 'React တွေပဲပေးနေတော့မှာလား' ဆိုပြီး စာဝင်လာခဲ့ရာက သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေး ငွေ့ရည်စဖွဲ့ခဲ့ရခြင်းပါ။



"အဲဒီ့တုန်းကကိုယ်ရည်ရွယ်တာ သခင်မှန်းသိခဲ့ရင် reply ပြန်မှာလား။"

"မသိနိုင်ဘူးလေကွာ။ ဘယ်လိုမှမဆက်စပ်မိတဲ့ကိစ္စပဲကို။"

"အခုတော့လည်း ကိုယ့်ခင်ပွန်းလေးဖြစ်သွားရပါပြီ။"

"ငါတော့ စိုစွတ်စွတ်နဲ့မို့ မိုးရာသီကိုမကြိုက်ဘူး။"

"ပြောပြန်ပြီ။ မသိဘူးဗျာ၊ ကိုယ်တော့ကြိုက်တယ်။ သခင်နဲ့ပတ်သက်သမျှ အမှတ်တရတော်တော်တော်များများက မိုးစက်တွေနဲ့ပတ်သက်နေလို့။"

အဲဒီ့စကားကိုထောက်ခံကြောင်း သခင်ခေါင်းညိတ်မိရဲ့လားဆိုတာ မသေချာပါ။

■■■

မိုးတွေရွာနေတဲ့ နေ့လေးတစ်နေ့။

ကောင်လေးတစ်ယောက်ရဲ့မျက်ဝန်းမှာလည်း မိုးတွေသည်းနေခဲ့တယ်။
မိုးရေထဲက အုတ်ဂူအသစ်လေးထဲ ခန္ဓာကိုယ်တစ်ခုမှာ အသက်မရှိတော့သလို အုတ်ဂူရှေ့မှာငိုနေတဲ့ ကောင်လေးရဲ့ဘဝထဲမှာလည်း သွေးသားရင်းချာဆိုတာ မရှိတော့ဘူး။

ခဏအကြာမှာတော့ ဩဇာအာဏာကြီးမားတဲ့ရုပ်သွင်မျိုးနဲ့ လူကြီးတစ်ယောက်က ကောင်လေးကိုနှစ်သိမ့်ပေးပြီး ခေါ်သွားခဲ့တယ်။ သုဿန်အဝင်အဝနားကို သူတို့အရောက် သူ့ထက်အရပ်အနည်းငယ်ပိုရှည်တဲ့ ကောင်လေးတစ်ယောက်က အမေဖြစ်ပုံရတဲ့အမျိုးသမီးကို လက်ဆွဲပြီး သုဿန်ထဲဝင်လာပါတယ်။ လားရာနှစ်ဖက်ကလာသူတို့ဟာ အဝင်အဝမှာဖြတ်သွားရင်း ဘေးတိုက်ဆုံချိန်မှာ အမျိုးသမီးရဲ့ရှိုက်သံကြောင့် ထွက်လာတဲ့ကောင်လေးက လှည့်ကြည့်မိတော့ ဝင်လာတဲ့ကောင်လေးက သူ့ကိုငေးလို့။

မိုးနဲ့စတဲ့ တချို့အမှတ်တရတွေက ပုံသေနည်းတစ်ခုလိုပဲ။ မိုးဆိုတဲ့ ကိန်းသေတန်ဖိုးတစ်ခုမပါဘဲ ညီမျှခြင်းတွေက မပြေလည်နိုင်ဘူး။ ဘယ်တော့မဆို သူတို့ဘဝရဲ့မှတ်တိုင်တိုင်းကို မိုးစက်တွေနဲ့စိုက်ထူဖြစ်ခဲ့မယ်လို့ အဲဒီ့တုန်းကတော့ သူတို့တွေမထင်ခဲ့ကြဘူးတဲ့လေ။

■■■

"မင်း အခုထိမထသေးဘူးလား မြေကမ္ဘာ။"

ခုတင်ပေါ်မှောက်လျက်အိပ်နေသူက မျက်စိတွေဖွင့်ကြည့်လာပြီး

"ခွင့်ယူထားတယ်လေ။"

သခင်ဘာမှမပြောတော့ဘဲ အဝတ်အစားတွေထုတ်ယူပြီး အလုပ်သွားဖို့ပြင်နေပါတယ်။

"ငါထမင်းကြော်ထားတယ် မြေကမ္ဘာ။"

"ကော်ဖီဖျော်ပေးမယ်။"

"ကော်ဖီက နှပ်ထားပြီးပြီ။"

အခန်းထဲကထွက်သွားတဲ့ သခင့်နောက်ကို ကမ္ဘာထလိုက်လာပြီး

"ကိုယ့်အတွက်ပါ ပါလား။"

"ငါ စိတ်မပုပ်ဘူး ဟေ့ကောင်။"

"ဟား ဟား ဟား၊ အဲဒါကြောင့် ချစ်နေ ..."

ပြောလည်းပြော ဖက်လည်းဖက်ဖို့ပြင်တဲ့ကမ္ဘာ့ကိုု သခင်ကတွန်းထားပါတယ်။

"ဝေးဝေးနေစမ်းကွာ။"

"သခင်ကလည်း ..."

"ဟေ့၊ မျက်နှာမသစ်ရသေးဘူးလေ။"

"ဗိုက်ဆာလို့ပါ။ ညကလည်း တစ်ညလုံး ကောင်းကောင်းမအိပ်ရသေးဘူး။ နောက်မှသစ်မယ်ဗျာ။"

ရှုံ့မဲ့မဲ့နဲ့ပြောနေသူကို သခင်ကမသိချင်ယောင်ဆောင်ပြီး မနက်စာစားနေလိုက်တော့တယ်။

"နေ့လယ်ကျရင် သခင့်ရုံးကို လာခဲ့မယ်နော်။"

"ဘာလာရှုပ်မလို့လဲ။"

"နေ့လယ်စာ အတူထွက်စားရအောင်လေ။"

"ရှုပ်တယ်၊ မလာနဲ့။"

"တကယ်ကြီးလား။"

"အေး"

"လာဦးမှာ။"

"တော်တော်အားနေတာလား။"

"အင်း"

"အိပ်နေ။"

"ခဏနေပြန်အိပ်ပြီး နေ့လယ်ကျ သခင့်ဆီလာမှာ။"

"ငါမအားဘူး။"

"မအားလည်း ထမင်းတော့စားရမယ်လေ။"

"အပြင်သွားစရာရှိတယ်။"

"ဘယ်ကိုလဲ။ အဲဒီ့ကို လိုက်လာခဲ့မယ်လေ။"

"မင်း ဘာဖြစ်နေတာလဲ။"

"သခင့်အနားမှာပဲ နေချင်လို့။"

"အပိုတွေမလုပ်စမ်းပါနဲ့။ မင်းနဲ့ငါ တစ်အိမ်စီနေလို့လား။"

"ဘယ်တော့မှ နေမှာမဟုတ်ဘူး။ သခင်နဲ့မခွဲနိုင်ပါဘူး။"

ပြောချင်ရာသာပြောတော့ဆိုပြီး လွှတ်ထားပေးလိုက်တဲ့အမူအရာနဲ့ သခင့်ကြောင့် ကမ္ဘာက မနက်စာစားနေတဲ့တစ်လျှောက်လုံး သခင့်ဆီသာ အာရုံရောက်နေပါတော့တယ်။

"ပန်းကန်တွေဆေးလိုက်တော့။"

သခင်က ပြောပြီးထသွားခဲ့တယ်။ ရုံးသွားဖို့နည်းနည်းစောနေသေးလို့ သခင်က ကော်ဖီသောက်နေတုန်းမှာ ကမ္ဘာတစ်ယောက် လှစ်ခနဲပျောက်သွားတယ်။ ဆယ့်ငါးမိနစ်လောက်အချိန်အတွင်း သခင့်ရှေ့ပြန်ရောက်လာပြီး

"သွားတော့မလား။"

"မထိုင်နိုင်လို့ အလုပ်မသွားတာမဟုတ်ဘူးလား။ ကားထိုင်မောင်းနိုင်သေးတာလား။"

"ဘာလို့မထိုင်နိုင်ရမှာလဲ။ ပျင်းလို့မသွားတာ။"

တော်တော်လေးညိုမဲသွားတဲ့ ဒဏ်ရာတွေကြောင့် ထိုင်မနေချင်ဘူးဆိုရင်တောင် သခင့်ကိုတော့ ရုံးလိုက်ပို့နိုင်ပါသေးတယ်။
ရုံးရှေ့ရောက်လို့ သခင် ကားထဲကထွက်ခါနီးမှာလည်း

"နေ့လယ်ကျ လာခဲ့မယ်နော်။"

"လာလေ။ ငါမရှိဘူး။"

"အပြင်သွားမယ်ဆိုတာ တကယ်ပြောတာလား။ ဘယ်သွားမှာလဲ။ လိုက်လာခဲ့မယ်။"

သခင်က မပြောတာကြောင့်

"သခင်မပြောရင် ကိုယ်ကမသိတော့ဘူးတဲ့လား။"

"အေး၊ အဲဒါဆို မေးမနေနဲ့လေ။"

"အိုခေ၊ နေ့လယ်ကျတွေ့မယ်နော်။"

ရုံးထဲဝင်သွားတဲ့သခင် အမြင်အာရုံထဲကပျောက်သွားတဲ့အထိ ကမ္ဘာငေးကြည့်နေရင်း

"မချစ်တာတော့မဟုတ်ဘဲ တစ်ခါတလေကျရင် မင်းကအရမ်းသွေးအေးတာပဲ။ ကိုယ့်အချစ်တွေက မင်းကိုမပြောင်းလဲနိုင်ရင်တောင် ဆက်ချစ်နေအောင်တော့ ဆွဲထားနိုင်မယ်မဟုတ်လား။ မင်းကိုချစ်ရတာ ရင်တထိတ်ထိတ်ပါပဲလားကွာ။"

■■■

"အဲ့ဒါဆို ကိုယ်တို့ DS relationship ကို စမ်းကြည့်ကြမလား။"

"လိုင်းပေါ်ကနေလေ။"

"အင်းလေ၊ ရတာပဲ။"

"မင်းကတော့ ဇွတ်ပဲ။"

"နှစ်ယောက်လုံးစိတ်ဝင်စားတာပဲ။"

"အဆင်မပြေပါဘူးကွာ။"

"ပြေမှာပါ။ သခင်ကြိုက်တဲ့ role ယူလေ။"

"အပေးအယူက ကြမ်းလှချည်လား။ ငါကတော့ Submissive type မဟုတ်ဘူး။"

"ရပါတယ်။ ကိုယ်ကအဆင်ပြေတယ်။"

"Seriously?"

"အတည်ပါ။"

"မိန်းကလေးတွေရော Uke လေးတွေပါ ဝိုင်းဝိုင်းလည်နေတဲ့မင်းကလေ။"

"သခင့်ရဲ့ Dom ဖြစ်နိုင်ခွင့်ကို ဘယ်သူရနိုင်မှာမို့လို့လဲ။"

"မစဉ်းစားနဲ့။ ဒါက ငါ တခြားလူတွေနဲ့ try ကြည့်ဖူးတယ်လို့ မဆိုလိုဘူးနော်။"

"အဲဒါဆိုကျေနပ်ပြီ။ ကိုယ့်ရဲ့ Dom ကတော့ ဒီတစ်သက်မှာ သခင်တစ်ယောက်တည်း။"

"မင်း play ကြည့်ဖူးလား။"

"Sub တွေ ရှိခဲ့ဖူးပါတယ်။"

"အင်း၊ အဲဒီ့လိုပဲထင်ပါတယ်။"

"သိသာတာပဲလေ။ ပြောလက်စနဲ့ တစ်ခါတည်းပြောလိုက်မယ်။ ကိုယ် သခင့်ကိုချစ်တယ်ပြောတာ တကယ်အတည်နော်။ သခင်ဆန္ဒရှိရင် လက်ထပ်ယူဖို့အထိ ကိုယ်ရည်ရွယ်ထားတာ။"

"ဒီလောက်အချိန်လေးအတွင်း ဆုံးဖြတ်ချက်ကမြန်လှချည်လား။"

"မြန်တယ်လို့သခင်ထင်ပေမဲ့ တိတိကျကျ ပြတ်ပြတ်သားသားပဲ။ ပြောင်းလဲဖို့မရှိဘူး။"

"ထားပါ။ မင်းနဲ့ငါက ရေမြေလည်းခြား၊ အနေအထားလည်းမတူ ..."

"Excuse me. I love you unconditionally."

"အေးပါကွာ။"

"သခင် ဒီကိုဘယ်တော့လာမှာလဲ။"

"အတိအကျသိရရင် ငါပြောမယ်လေ။ မင်းကိုပြောပါ့မယ်လို့ ငါကတိပေးထားသားပဲ။"

"သခင်နဲ့တွေ့ရဖို့ တကယ်ကို ရင်တွေခုန်လွန်းလို့ပါ။ သခင်က girlfriend ထားဖူးတယ်လို့ ပြောဖူးတယ်နော်။"

"အင်းလေ၊ အမြီးကတော့ ပေါက်တာပေါ့။ ဟားဟား ..."

"တကယ်ပဲ boyfriend မထားဖူးဘူးလား။"

"ဒီမှာက မင်းတို့ဆီမှာလောက် မလွတ်လပ်ဘူးဆိုတာ မင်းသိသားပဲ။ အခုနောက်ပိုင်းမှ နည်းနည်းလေးအဆင်ပြေသလိုရှိတာ။"

"ကိုယ် အမှန်အတိုင်းဝန်ခံမယ်နော်။ မိန်းကလေးတွေနဲ့တော့ အတူနေဖူးတယ်။ Play ဖူးတာတွေက Male Sub, but no sex. သခင်မမေးပေမဲ့ သိထားဖို့လိုမလားလို့ပါ။"

"အင်း၊ ဘာလို့မဖြစ်ခဲ့တာလဲ။ Role ကြောင့်လား။"

"သခင်ရေ၊ မြေကမ္ဘာတို့က ဖြစ်မယ်ဆိုရင်တောင် အောက်မဆင်းဘူးနော်။"

"အဟား၊ ငါဘာပြောလို့လဲ။"

"မေးခွန်းအသွားအလာကြီးက ရွှံ့တောထဲဖြတ်ရသလိုပဲ။ ဟိုယိုင်ချင် ဒီယိုင်ချင်နဲ့ဗျာ။"

"ဟား ဟား ဟား ... ငါနဲ့ဆို မင်းဘယ်လိုလုပ်မလဲ။"

"Can we be versatile?"

"What! No way."

"သခင် ကိုယ့်ကိုချစ်လာတော့မှ အဲဒီ့ကိစ္စကိုထပ်ညှိမယ်။"

"ဩ၊ အဲဒီ့လိုလည်း အပိုင်ကွက်တွေရှိတာလား။"

"ဒါပေါ့။ သခင့်နှလုံးသားက တံခါးပိတ်ထားရင်တောင် နားငြီးလောက်အောင် တံခါးလာလာခေါက်မှာမို့ နည်းနည်းတော့စောင့်ကြည့်ပေးပါ။ ဘယ်လိုလဲ။"

"ဟုတ်ပြီလေ။ ငါ မင်းကိုသဘောကျပါတယ်။ ချစ်တော့မချစ်မိသေးဘူး။"

"အဲဒီ့လောက်ဆို တံခါးဝကနေမောင်းမထုတ်ဘူးလို့ ဆိုလိုတာပေါ့။ ဖြည်းဖြည်းချင်း သခင့်နှလုံးသားထဲကို ဝင်လာခဲ့မယ်။ နေရာချန်ထားစရာမလိုဘူး။ ကိုယ်က နေရာအပြည့်ယူမှာမို့။"

"ဒါကတော့ မင်းအရည်အချင်းကို စောင့်ကြည့်ရမှာပေါ့ ကိုလေကျယ်လေးရေ။"

"ဟား ဟား၊ အဲဒီ့တော့ ကိုယ့်ရဲ့သခင်က သခင်နေရာယူမယ်မလား။"

"ကောင်းပြီလေ။ အဲဒီ့ RS မျိုးကို တစ်လလောက်စမ်းကြည့်ကြတာပေါ့၊ နောက်နေ့ကစပြီးတော့။"

"ဟုတ်ကဲ့ပါ သခင်။ အား ... သခင်တို့က နာမည်ကကို အဆင်သင့်ဖြစ်ပြီးသား။"

"ဘယ်သူမှ အဲဒီ့နာမည်မခေါ်ဘူး။"

"တွေ့ပါတယ် ကိုရွှေဇရယ်။ ကိုယ့်အချစ်တွေရဲ့ပိုင်ရှင်စစ်စစ်မို့ သခင်လို့ပဲ ခေါ်ချင်ခဲ့တာပါ။"

"မင်းကောင်မလေးတွေနဲ့ ဘယ်လိုစကားတွေပြောသလဲလို့ ငါသိချင်သား။ အပြောလေးကတော့တတ်တယ်။"

"မွေးရာပါဆိုတော့လည်း ရှင်းမပြတတ်ပါဘူးလေ။"

"အေးပါကွာ ပေါက်တူးရာ။"

ဒီလိုကနေစလို့ သူတို့နှစ်ယောက်ရဲ့ RS လေးကို အစပျိုးခဲ့မိကြတာပါပဲ။

■■■

မချစ်ဘူးဆိုတဲ့စကားကို ကိုယ့်အတွက်မပြောပါနဲ့လား သခင်။ သခင့်အချစ်ကို ခံစားမိပေမဲ့ ကိုယ်မယုံရဲတဲ့အနာဂတ်မှာ အဲဒီ့အချစ်တွေပျောက်သွားခဲ့မယ်ဆိုရင် မချစ်ဘူးလို့မပြောပါနဲ့။ ချစ်တယ်လို့မပြောချင်တော့ရင်နေပါ။ မချစ်ဘူးဆိုတာကိုတော့ စနောက်ပြီးတောင် မပြောပါနဲ့။

"သခင့်ဆီက မချစ်စကားမကြားရသူ ဖြစ်ရပါလို၏။"

ပါးပြင်ပေါ်က အပူစီးကူးမှုလေးကို ကမ္ဘာသတိထားမိပေမဲ့ ဆွဲဖမ်းမထားလိုက်တဲ့ဝမ်းနည်းခြင်းတွေက ဂလင်းတစ်ခုဆီကိုလှုံ့ဆော်တဲ့အခါ မျက်ဝန်းအိမ်က ခေတ္တခဏအရည်သိုလှောင်ရာနေရာ ဖြစ်သွားခဲ့တယ်။ ကမ္ဘာမြေကြီးရဲ့ဆွဲအားအတိုင်း ရေတွေမစီးခင်မှာပေါ့။

'ဆုံးရှုံးရမှာကို သိပ်ကြောက်ရပါတယ်။ သိပ်ချစ်မိတာမို့။'

■■■

"နေကောင်းပါတယ် အမေရဲ့။"

"အလုပ်ကိုမလာဘူးဆိုပြီး မနက်ကမှဖုန်းဆက်တယ်ဆိုလို့ စိတ်ပူလို့ပါသားရယ်။"

"ဒီအတိုင်း တစ်ရက်တလေလောက် အချောင်ခိုချင်လို့ပါ။ အဟီး"

"မနေ့တစ်နေ့ကပဲ အလုပ်တွေရှုပ်နေတယ်လို့ သားဒယ်ဒီကပြောနေတော့ နေမကောင်းဖြစ်သွားသလားလို့ တွေးမိသွားတာ။ ရာဇရော အလုပ်သွားလား။"

"ဟုတ်၊ အမေ။"

"တစ်ခုခုဆို သားအနားမှာပြုစုပေးမယ့်သူမျိုး ရှိစေချင်ခဲ့တာ။"

"အမေ့သားက ကလေးလည်းမဟုတ်၊ လူမမာလည်းမဟုတ်ဘူးလေ။ တစ်ရက်လောက် အချောင်ခိုချင်မိတာပါလို့။"

"အမေ့အိမ်မှာလာနေပါဆိုလည်း မဟုတ်ပြန်ဘူး။"

"မလွတ်လပ်ပါဘူး။ အမေ့သားကခပ်ကဲကဲမို့ အမေမလွတ်မလပ်ဖြစ်နေမှာကို စိုးရိမ်တာဗျ။"

"ဟယ် ... ဒီကလေးတော့၊ အမေကို ဘယ်လိုတွေပြောနေတာလဲ။"

"အဟဲ"

"မျက်နှာမပြောင်စမ်းနဲ့။ မုန့်ဟင်းခါးရယ်ဒီမိတ်အထုပ် ပို့ခိုင်းလိုက်မယ်။ ငှက်ပျောအူနည်းနည်းပါ ထည့်ပေးလိုက်မယ်နော်။ မစားရတာကြာပြီလို့ ညည်းနေတာတွေ မကြားချင်ဘူး။ အဲဒီ့ရယ်ဒီမိတ်တွေကိုလည်း သိပ်သဘောကျလှတယ်မဟုတ်ဘူး။ စားချင်ရင် အိမ်လာခဲ့ကြ။ ချက်ကျွေးမယ်။"

"မုန့်ဟင်းခါးတဲ့လား။ လာမှာ ပိတ်ရက်ကျရင်။ အမလေးဗျာ၊ ငှက်ပျောအူမပါရင် နှစ်ဇွန်းထက်အပြင်ပိုမစားတဲ့ သူ့သားမက်လေးအတွက်ကျ မမေ့ဘူးနော်။ စိတ်ကောက်တယ် မာမီမားသားရေ။ ဗူးသီးကြော်မပါရင် မခေါ်ဘူး။"

"ဟဲ့၊ နင့်ဗူးသီးကြော်က အထားမခံဘူး။ ငါးဖယ်ကြော်ထည့်ပေးလိုက်တယ်။"

"အဟီး၊ ချစ်လိုက်တာ။"

"မျက်နှာရူးလေး၊ ဖုန်းချလိုက်တော့။ အစားအသောက်တွေ နောက်တစ်နာရီအတွင်း ရောက်လာလိမ့်မယ်။"

"See you soon ပါ၊ မုန့်ဟင်းခါးလေးရေ။"

"ဪ၊ ဒီကောင်လေး။"

အမေဖြစ်သူနဲ့ဖုန်းပြောပြီးတော့ သခင့်ရုံးဆီကိုဖုန်းဆက်ပြီး နေ့လယ်ကျရင် သခင်သွားရမယ့်နေရာကို စုံစမ်းဖို့ပြင်ရပါတော့တယ်။ ပြောမသွားလည်း လွယ်လွယ်သိနိုင်တာကို သခင်လည်းသိရဲ့သားနဲ့ တမင်ညစ်ပြီးပြောမသွားခဲ့တာ။

'သခင်ဘယ်ရောက်ရောက် လိုက်ရှာနိုင်တာမို့ အပင်ပန်းခံမနေဘဲ ကိုယ့်နှလုံးသားထဲမှာပဲ နားနားနေနေနေစေချင်ပါတယ် သခင်ရယ်။'



"ဟယ်လို သခင်"

"အေး၊ မြေကမ္ဘာ။ နေ့လယ်ကျလိုက်မလာနဲ့တော့။ ငါ အဲဒီ့ကနေပြီးတာနဲ့ အိမ်ပြန်ရုံပဲ။ ညနေ စောစောပြန်ရောက်မယ်။"

"ကိုယ်လာကြို ..."

"ငါပြောတာကို နားထောင်လိုက်လို့မရဘူူးလား။"

"ဟုတ်၊ အိမ်ကစောင့်ပါ့မယ်။ ဟိုလေ ..."

"အိမ်ရောက်မှပြောတော့။ ငါ မအားတော့ဘူး။"

မုန့်ဟင်းခါးချက်ထားမယ်လို့တောင် မပြောလိုက်ရဘူး။



*Ting Tong*

"သခင်က စောစောပြန်လာတာလား။ အာ၊ သခင်ဆို သူ့ဘာသာဝင်လာမှာပေါ့။"

ခြံတံခါးအပေါက်ကနေ ကမ္ဘာလှမ်းကြည့်လိုက်မိပြီး မြင်လိုက်ရသူကြောင့် တံခါးကိုအလျင်အမြန်ဖွင့်လိုက်ရတယ်။

"သခင်"

ကမ္ဘာကခေါ်လိုက်တာမဟုတ်ဘဲ အခေါ်ခံလိုက်ရတာပဲဖြစ်တယ်။ ခေါ်လိုက်သူရဲ့အင်္ကျီလည်ပင်းကနေဆွဲပြီး ခြံထဲသွင်းလိုက်ကာ

"မင်း ဘာလာလုပ်တာလဲ။"

"သခင့်ကိုလာတွေ့တာ။"

"ငါ့ကို အဲဒီ့လိုမခေါ်နဲ့။"

"Earth"

"ဒီကို ဘာပြန်လာလုပ်တာလဲ။"

"သခင် ... sorry, Earth အဖေက မပြောဘူးလား။"

"မဖြစ်နိုင်တာ။ ဒယ်ဒီက မင်းကိုပြန်ခေါ်မှာမဟုတ်ဘူး။"

"လူတောင်ရောက်လာပြီလေ။"

"ဘာပြောမှာလဲ။ ပြောပြီးရင်ပြန်။"

"အခုကစပြီး Earth အနားမှာရှိနေမယ်။"

"နောင်ကို ဒီအိမ်ရိပ်တောင်မနင်းမိပါစေနဲ့။"

"အလုပ်ထဲမှာ တွေ့ကြတာပေါ့။"

"မင်းအရိပ်ကိုတောင် မမြင်ချင်ဘူး။"

"ဟုတ်ကဲ့။ ဒါပေမဲ့ ကျွန်တော် Earth အနားမှာပဲရှိနေမယ်။ ခွင့်ပြုပါဦး။"

ကမ္ဘာက မီးတောက်တော့မယ့်အကြည့်တွေနဲ့ ကြည့်နေတုန်းမှာပဲ အပြုံးအပျော်မပျက်ထွက်သွားသူက ခြံအပြင်ရောက်သွားခဲ့လေပြီ။

ငါးနှစ်။
ငါးနှစ်တာကာလအတွင်းမှာ ဘယ်တွင်းအောင်းနေလို့ အသံမကြားရအောင် ပျောက်နေတာလဲ။ အသံကြားမိရအောင်လည်း နားစွင့်ခဲ့ဖူးတာမျိုးမရှိခဲ့ပါ။ ပြန်ပေါ်မလာတော့ဘူးလို့ပဲ ထင်နေခဲ့တာ။ ဒီကိစ္စကို ဘယ်သူနဲ့ရှင်းရမလဲလို့ ကမ္ဘာမသိတော့ဘူး။ ဒယ်ဒီဆုံးဖြတ်ပြီးပြီဆိုရင် သွားပြောလည်းထူးမှာမဟုတ်။ သင်းကရော ဒယ်ဒီ့ကို ဘယ်လိုတွေသိမ်းသွင်းခဲ့သလဲ။ ဘယ်လောက်အထိအပေးအယူလုပ်ပြီး ဒီနေရာကို ပြန်ရောက်လာခဲ့တာလဲ။



"ကမ္ဘာ၊ မြေကမ္ဘာ။ ဟေ့ကောင်"

"ဗျ။ အဲ၊ သခင်ပြန်လာပြီလား။"

အိမ်ပေါက်ဝမှာပဲ ငုတ်တုပ်ထိုင်တွေးနေတာ သခင်တစ်ယောက်လုံး သူ့ရှေ့ခြေစုံရပ်နေတာကိုပါ မသိလိုက်တဲ့အထိ ကမ္ဘာအတွေးလွန်နေခဲ့မိတယ်။
ပျာပျာသလဲထရပ်ရင်း နာရီကြည့်မိတော့

"သခင် စောသားပဲ။ အဲဒီ့အိတ်ပေး။ အမေ့ဆီပြောထားတဲ့ မုန့်ဟင်းခါးလေ၊ ဒီနေ့ပို့လိုက်တယ်။ စားမယ်မဟုတ်လား။"

"မုန့်ဟင်းခါး၊ အန်တီချက်တာလား။"

"မဟုတ်ဘူး။ ဟိုရက်ကတည်းက မုန့်ဟင်းခါးစားချင်လို့ ရယ်ဒီမိတ်အထုပ်ပို့ခိုင်းထားတာ။ ဒီနေ့ရောက်လာတာ။"

"အဲဒါဆိုရင် ..."

"မပူပါနဲ့။ ငှက်ပျောအူတစ်ပိုင်းပါ ထည့်ပေးလိုက်လို့ ချက်ထားပြီးပြီ။"

ပြောရင်းနဲ့ မီးဖိုချောင်ဆီရောက်လာခဲ့ကြတယ်။ နှစ်ယောက်လုံးက မုန့်ဟင်းခါးဆို အရမ်းကြိုက်ကြပြီး လွယ်လွယ်မရနိုင်တဲ့နေရာမှာနေရတာမို့ မုန့်ဟင်းခါးအသံကြားရင် မငြင်းမိကြပါ။ မီးဖိုပေါ်ကအိုးကို ဖွင့်လိုက်တော့ ခပ်ငွေ့ငွေ့အပူကြောင့် ဟင်းရည်အနံ့ထွက်လာပြီး စားချင်စဖွယ်ဖြစ်နေပါပြီ။

"အန်တီ့ဆီ ဖုန်းဆက်လိုက်ဦးမယ်။"

"အင်း၊ စားဖို့ ပြင်ထားလိုက်မယ်နော်။"

ယောက္ခမဆီဖုန်းဆက်ဖို့ကို ယောက်ျားရှိနေရာ မီးဖိုခန်းကနေထွက်ပြီး ရှေ့ဘက်ဧည့်ခန်းအထိသွားပြောတဲ့ သခင်က ဘာမှလည်း အထွေအထူးပြောစရာရှိမှာမဟုတ်တာ ကမ္ဘာအသိဆုံး။

"ဟုတ်ကဲ့ အန်တီ။ ပိတ်ရက်လာဖြစ်ရင် ဖုန်းဆက်လိုက်ပါ့မယ်။ အန်တီမှာစရာရှိရင်လည်း ကမ္ဘာ့ကိုဖြစ်ဖြစ် ဖုန်းဆက်ထားလို့ရတာပေါ့။"

"..................."

"ဟုတ်ကဲ့၊ နောက်မှတွေ့မယ်ဗျ။"

"သခင်က အတင်းပြောစရာရှိလို့ ရှေ့ကိုရောက်သွားတာလား။"

"ငါ့ကိုမရစ်ခင် မင်းအရင်ဖြေပါဦး။ ငါတစ်ယောက်လုံး မင်းရှေ့မတ်တပ်ရပ်နေတာကို မမြင်နိုင်လောက်အောင် ဘာတွေဖြစ်နေတာလဲ။ မြွေဆိုးသာဆို မင်းတော့သေနေပြီ။"

"ဒီအတိုင်း၊ အလုပ်ကိစ္စပါ။"

"အန်ကယ် ဘာပြောလို့လဲ။"

"မပြောပါဘူး။ အချိုးမပြေတဲ့လက်ထောက်တစ်ကောင် ကိုယ်မရှိလည်း သူ့ဘာသာအဆင်ပြေရမယ့်ကိစ္စကို လှမ်းပြီးအာရုံနောက်နေတာ။ ထားပါ။ စားရအောင်လေ။ ထည့်စားစရာတော့ ငါးဖယ်ကြော်ပဲပါတယ်။ ကိုယ် ပူဒီနာတွေသွားရှာဝယ်ထားတယ်။"

"မိုက်တာပေါ့။"

■■■ Part (11) ဆက်ရန် ■■■
© Demon ,
книга «Branded by You».
Коментарі