အပိုင္း-၁
အပိုင္း-၂
အပိုင္း-၃
အပိုင္း-၄
အပိုင္း-၅
အပိုင္း-၆
အပိုင္း-၇
အပိုင္း-၈
အပိုင္း-၉
အပိုင္း-၁၀
အပိုင္း-၁၁
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း-၁၈
အပိုင္း-၁၉
အပိုင္း-၂၀
အပိုင္း-၂၁
အပိုင္း-၂၂
အပိုင္း-၂၃
အပိုင္း-၂၄
အပိုင္း-၂၅
အပိုင္း-၂၆
အပိုင္း-၂၇
အပိုင္း-၂၈
အပိုင္း-၂၉
အပိုင္း-၃၀
အပိုင္း-၃၁
အပိုင္း-၃၂
အပိုင္း-၃၃
အပိုင်း_၃၄
အပိုင္း_၃၅
အပိုင္း_၃၆
အပိုင္း_၃၇
အပိုင္း-၃၈
အပိုင္း-၇
Unicode...

မုန့်စားကျောင်းဆင်းချိန်...

"‌ဟေ့ကောင် ကောင်းမြတ်....ဟိုမှာ စိုင်းမုန်းမာန်ဝင့်ထည် မို့လား..."

"ဟက် ဘယ်ကလာ စိုင်းမုန်းမာန်ဝင့်ထည်ရမှာလည်းကွ...သူ့နာမည်ရှေ့က စိုင်းကို မေမေကဖြုတ်ပစ်ခဲ့တာကြာပီကွ"

"ဟမ် ဘာလုပ်ဖို့လဲကွ"

"မေမေပြောတာတော့ သူ့ကို ငါတို့မိသားစုနဲ့ မပတ်သတ်စေချင်လို့တဲ့...."

"ဘာမှလည်းမဆိုင်ဘူး နာမည်ရှေ့စာလုံးဖြုတ်တာနဲ့ မပတ်သတ်လို့ရရောလား....."

"ဘာပဲဖြစ်ဖြစ်ကွာ ခုချိန်မှာတော့ သူ့ကိုတွေ့တုန်းလေး ပျော်စရာလေးဖန်တီးလိုက်ကြရအောင်..."

"ဟား ဟား ဟား လုပ်လိုက်လေကွာ ကြာသလားလို့...."

မုန်းမာန်တစ်ယောက် သူ့ရဲ့တစ်ယောက်ထဲသော သူငယ်ချင်းမလေး နန်းနွေနဲ့ စကားပြောနေစဥ် နောက်ကျောဘက်ဆီမှ လက်အားပြင်းထန်စွာဆောင့်ဆွဲခြင်းကို ခံလိုက်ရသည်နှင့်အတူ ထိုဆွဲခေါ်သွားသူ၏ နောက်သို့ ဒရောသောပါးပါသွားလေတော့သည်။

ထိုသူအား သူမော့ကြည့်လိုက်လေရာ......

"ဟင် အကိုလေး"

"ဟုတ်တယ် ငါမင်းရဲ့ အကိုလေး စိုင်းကောင်းမြတ်ထူးပဲ"

"ကောင်းမြတ်ထူး နင် မုန်းမာန်လက်ကို လွှတ်လိုက်စမ်း ဒါကျောင်းမှာဆိုတာရော နင်သိသေးရဲ့လား"

"နင့် ပါးစပ်ကို ပိတ်ထားစမ်း ငါလုပ်လိုက်ရရင်သေတော့မယ်" ဆိုသော အသံနဲ့အတူ နွေ့အားဝိုင်းချုပ်လိုက်ကြသော သူ့သူငယ်ချင်းများ....

"မလုပ် မလုပ်ပါနဲ့ အကိုလေးရယ်"

"ဘယ်လိုလဲ မင်းကောင်မလေးအသားကို အနာခံစေချင်လား မင်းငါနဲ့အေးဆေးလိုက်မလား နှစ်ခုထဲက တစ်ခုကိုရွေး"

"နွေ့ကို လွှတ်ပေးလိုက်ပါ ကျွန်တော် အကိုလေးနဲ့ လိုက်ခဲ့ပါ့မယ်"

"Good Choice My Son ‌ေဟ့ကောင်တွေ လွှတ်ပေးလိုက်တော့ "

"Ok"

ထို့နောက် မုန်းမာန်အား ကျောင်းအနောက်ဘက်သို့ ဆွဲခေါ်သွားကြလေတော့သည်။နွေ တစ်ယောက်ကတော့ နောက်မှာ အော်ဟစ်ကာ ကျန်ခဲ့လေရဲ့။

*ဘုန်း*

"အင့်...အကိုလေး"

မုန်းမာန်အား စိုင်းးကောင်းမြတ်ထူးမှ မြေပြင်ပေါ်သိူ့ တွန်းချလိုက်ခြင်း။

"ဟေ့ကောင် ကျက်သရေတုံုးအောင် ငါ့ကို ထပ်ခါထပ်ခါခေါ်မနေစမ်းနဲ့...မနေ့ကဘာနေ့လဲသိလား.."

"မနေ့က မနေ့က ကြာသပတေးနေ့ပါ အကိုလေး"

"ဪ ကြာသပတေးနေ့ ဟုတ်လား"

"ဟုတ် ဟုတ်ပါတယ် အကိုလေး"

"ဟက် ဘာ ကြာသပတေးနေ့ ဟုတ်လား စောက်တုံး ကောင် တစ်ရက်လောက် ကျောင်းပျက်လိုက်တာနဲ့ မေ့သွားတာလား မနေ့က ငါ့အသင်းနေ့ကွ သိလား... ပြောစမ်း မင်းမနေ့ကဘာလို့ ငါ့အသင်းကို လုပ်မပေးရတာလဲ နောက်ပြီး ဘာလို့ကျောင်းမလာရတာလဲ ပြောစမ်း.."

"မနေ့က ကျွန်တော် နေမကောင်းလို့ပါ အကိုလေး"

"နေမကောင်းလို့ ကျောင်းမလာတာဟုတ်လား အဲ့ဒါကြောင့် ငါ့အသင်းကို လုပ်မပေးတာပေါ့် ဟုတ်လား.."

"ဟုတ် ဟုတ်ပါတယ် အကိုလေး.."

"မလိုချင်ဘူး...နောက်တစ်ခါ မင်းဟာမင်း နေမကောင်းလို့ပဲ ကျောင်းမလာ လာ ဘာအကြောင်းကြောင့်နဲ့ပဲ မလာ လာ မလိုချင်ဘူး...မင်းကျောင်းကို နေ့တိုင်းလာရမယ် အထူးသဖြင့် ငါ့အသင်းနေ့မှာ နားလည်လား.."

"ဟုတ်ကဲ့ အကိုလေး"

ထိုစဥ်....

"ဟိုမှာ အကိုတို့ သူတို့တွေ မုန်းမာန်ကို ဝိုင်းအနိုင်ကျင့်နေကြတာ.."

"ဟင် နန်းနွေ"

နန်းနွေနှင့်အတူ သူတို့အနားသို့ ရောက်လာသော ၁၀တန်းအကိုကြီး သုံးယောက်..

"ဟိတ်ကောင်တွေ မင်းတို့ဘာလို့ ကိုယ်နဲ့ရွယ်တူသူငယ်ချင်းကို ဝိုင်းအနိုင်ကျင့်နေရတာလဲ.. အခုမှ လူလေးတွေက ၇တန်းရှိသေးတယ် လူမိုက်လာလုပ်ချင်နေကြတယ်... သွား ကိုယ့်အတန်းကိုယ် ပြန်ကြ နောက်တစ်ခါ ဒီလိုလုပ်ရင် ကျောင်းအုပ်ကြီးနဲ့ တိုင်ပစ်မယ် ကြားလား.."

"ဟုတ် ဟုတ်ကဲ့"

"တောက်စ် မုန်းမာန် မင်းနဲ့ငါနဲ့ ကိစ္စမပြီးသေးဘူး တွေ့ကြသေးတာပေါ့ကွာ.."

ကောင်းမြတ်တို့ထွက်သွားသည်နှင့် ၁၀တန်းအကိုကြီးတစ်ယောက်မှ မုန်းမာန်အား လှည့်၍

"ဘာမှစိတ်မပူနဲ့ ညီလေး... နောက်တစ်ခါ အဲ့လိုလုပ်ရင် ကိုကြီးတို့ကိုလာပြော ကြားလား ယောကျ်ားချင်းပဲကွာ ကြောက်မနေနဲ့ သူတစ်ချက်ထိုးရင် ကိုယ့်ဘက်ကလည်း တစ်ချက်ထိုးနိုင်အောင်ကြိုးစား ဘယ်သူ့မှကြောက်စရာမလိုဘူး ယောက်ျားဆိုတာ အရာရာတိုင်းမှာ ပျော့ညံ့နေလို့မဖြစ်ဘူးကွ နားလည်လား.."

"ဟုတ်ကဲ့ အကို"

"ကဲ သွားတော့ ကျောင်းလဲတက်နေပီ အတန်းကို ပြန်ကြတော့..."

"ဟုတ်"

မုန်းမာန်တို့ နှစ်ယောက် စာသင်ခန်းသို့ရောက်သောအခါ ဆရာမမှ ရှေ့သို့လှည့်ကာ စာရေးနေသောကြောင့် နှစ်ယောက်သား အနောက်မှ တိတ်တိတ်လေးခိုးဝင်လာခဲ့ကြလေတော့သည်။

ဆရာမသင်ထားသော စာအားကူးရန် စာအုပ်အထုတ်...

ထွက်ကျလာသော စာတစ်စောင်...

မုန်းမာန်သူ့လွယ်အိတ်ထဲက ထွက်ကျလာသော စာအား အလျင်အမြန် ဖွင့်ဖတ်လိုက်လေရာ...

Tbc

-------------*----------

Zawgyi...

မုန႔္စားေက်ာင္းဆင္းခ်ိန္...

"‌ေဟ့ေကာင္ ေကာင္းျမတ္....ဟိုမွာ စိုင္းမုန္းမာန္ဝင့္ထည္ မို႔လား..."

"ဟက္ ဘယ္ကလာ စိုင္းမုန္းမာန္ဝင့္ထည္ရမွာလည္းကြ...သူ႔နာမည္ေရ႔ွက စိုင္းကို ေမေမကျဖဳတ္ပစ္ခဲ့တာၾကာပီကြ"

"ဟမ္ ဘာလုပ္ဖို႔လဲကြ"

"ေမေမေျပာတာေတာ့ သူ႔ကို ငါတို႔မိသားစုနဲ႔ မပတ္သတ္ေစခ်င္လို႔တဲ့...."

"ဘာမွလည္းမဆိုင္ဘူး နာမည္ေရ႔ွစာလံုးျဖဳတ္တာနဲ႔ မပတ္သတ္လို႔ရေရာလား....."

"ဘာပဲျဖစ္ျဖစ္ကြာ ခုခ်ိန္မွာေတာ့ သူ႔ကိုေတြ့တုန္းေလး ေပ်ာ္စရာေလးဖန္တီးလိုက္ၾကရေအာင္..."

"ဟား ဟား ဟား လုပ္လိုက္ေလကြာ ၾကာသလားလို႔...."

မုန္းမာန္တစ္ေယာက္ သူ႔ရဲ့တစ္ေယာက္ထဲေသာ သူငယ္ခ်င္းမေလး နန္းေနြနဲ႔ စကားေျပာေနစဥ္ ေနာက္ေက်ာဘက္ဆီမွ လက္အားျပင္းထန္စြာေဆာင့္ဆြဲျခင္းကို ခံလိုက္ရသည္ႏွင့္အတူ ထိုဆြဲေခၚသြားသူ၏ ေနာက္သို႔ ဒေရာေသာပါးပါသြားေလေတာ့သည္။

ထိုသူအား သူေမာ့ၾကၫ့္လိုက္ေလရာ......

"ဟင္ အကိုေလး"

"ဟုတ္တယ္ ငါမင္းရဲ့ အကိုေလး စိုင္းေကာင္းျမတ္ထူးပဲ"

"ေကာင္းျမတ္ထူး နင္ မုန္းမာန္လက္ကို လႊတ္လိုက္စမ္း ဒါေက်ာင္းမွာဆိုတာေရာ နင္သိေသးရဲ့လား"

"နင့္ ပါးစပ္ကို ပိတ္ထားစမ္း ငါလုပ္လိုက္ရရင္ေသေတာ့မယ္" ဆိုေသာ အသံနဲ႔အတူ ေနြ့အားဝိုင္းခ်ဳပ္လိုက္ၾကေသာ သူ႔သူငယ္ခ်င္းမ်ား....

"မလုပ္ မလုပ္ပါနဲ႔ အကိုေလးရယ္"

"ဘယ္လိုလဲ မင္းေကာင္မေလးအသားကို အနာခံေစခ်င္လား မင္းငါနဲ႔ေအးေဆးလိုက္မလား ႏွစ္ခုထဲက တစ္ခုကိုေရြး"

"ေနြ့ကို လႊတ္ေပးလိုက္ပါ ကြၽန္ေတာ္ အကိုေလးနဲ႔ လိုက္ခဲ့ပါ့မယ္"

"Good Choice My Son ‌ေဟ့ေကာင္ေတြ လႊတ္ေပးလိုက္ေတာ့ "

"Ok"

ထို႔ေနာက္ မုန္းမာန္အား ေက်ာင္းအေနာက္ဘက္သို႔ ဆြဲေခၚသြားၾကေလေတာ့သည္။ေနြ တစ္ေယာက္ကေတာ့ ေနာက္မွာ ေအာ္ဟစ္ကာ က်န္ခဲ့ေလရဲ့။

*ဘုန္း*

"အင့္...အကိုေလး"

မုန္းမာန္အား စိုင္းးေကာင္းျမတ္ထူးမွ ေျမျပင္ေပၚသို႔ တြန္းခ်လိုက္ျခင္း။

"ေဟ့ေကာင္ က်က္သေရတုံးေအာင္ ငါ့ကို ထပ္ခါထပ္ခါေခၚမေနစမ္းနဲ႔...မေန့ကဘာေန့လဲသိလား.."

"မေန့က မေန့က ၾကာသပေတးေန့ပါ အကိုေလး"

"ဪ ၾကာသပေတးေန့ ဟုတ္လား"

"ဟုတ္ ဟုတ္ပါတယ္ အကိုေလး"

"ဟက္ ဘာ ၾကာသပေတးေန့ ဟုတ္လား ေစာက္တံုးေကာင္ တစ္ရက္ေလာက္ ေက်ာင္းပ်က္လိုက္တာနဲ႔ ေမ့သြားတာလား မေန့က ငါ့အသင္းေန့ကြ သိလား... ေျပာစမ္း မင္းမေန့ကဘာလို႔ ငါ့အသင္းကို လုပ္မေပးရတာလဲ ေနာက္ၿပီး ဘာလို႔ေက်ာင္းမလာရတာလဲ ေျပာစမ္း.."

"မေန့က ကြၽန္ေတာ္ ေနမေကာင္းလို႔ပါ အကိုေလး"

"ေနမေကာင္းလို႔ ေက်ာင္းမလာတာဟုတ္လား အဲ့ဒါေၾကာင့္ ငါ့အသင္းကို လုပ္မေပးတာေပါ့္ ဟုတ္လား.."

"ဟုတ္ ဟုတ္ပါတယ္ အကိုေလး.."

"မလိုခ်င္ဘူး...ေနာက္တစ္ခါ မင္းဟာမင္း ေနမေကာင္းလို႔ပဲ ေက်ာင္းမလာ လာ ဘာအေၾကာင္းေၾကာင့္နဲ႔ပဲ မလာ လာ မလိုခ်င္ဘူး...မင္းေက်ာင္းကို ေန့တိုင္းလာရမယ္ အထူးသျဖင့္ ငါ့အသင္းေန့မွာ နားလည္လား.."

"ဟုတ္ကဲ့ အကိုေလး"

ထိုစဥ္....

"ဟိုမွာ အကိုတို႔ သူတို႔ေတြ မုန္းမာန္ကို ဝိုင္းအႏိုင္က်င့္ေနၾကတာ.."

"ဟင္ နန္းေနြ"

နန္းေနြႏွင့္အတူ သူတို႔အနားသို႔ ေရာက္လာေသာ ၁၀တန္းအကိုႀကီး သံုးေယာက္..

"ဟိတ္ေကာင္ေတြ မင္းတို႔ဘာလို႔ ကိုယ္နဲ႔ရြယ္တူသူငယ္ခ်င္းကို ဝိုင္းအႏိုင္က်င့္ေနရတာလဲ.. အခုမွ လူေလးေတြက ၇တန္းရိွေသးတယ္ လူမိုက္လာလုပ္ခ်င္ေနၾကတယ္... သြား ကိုယ့္အတန္းကိုယ္ ျပန္ၾက ေနာက္တစ္ခါ ဒီလိုလုပ္ရင္ ေက်ာင္းအုပ္ႀကီးနဲ႔ တိုင္ပစ္မယ္ ၾကားလား.."

"ဟုတ္ ဟုတ္ကဲ့"

"ေတာက္စ္ မုန္းမာန္ မင္းနဲ႔ငါနဲ႔ ကိစၥမၿပီးေသးဘူး ေတြ့ၾကေသးတာေပါ့ကြာ.."

ေကာင္းျမတ္တို႔ထြက္သြားသည္ႏွင့္ ၁၀တန္းအကိုႀကီးတစ္ေယာက္မွ မုန္းမာန္အား လွၫ့္၍

"ဘာမွစိတ္မပူနဲ႔ ညီေလး... ေနာက္တစ္ခါ အဲ့လိုလုပ္ရင္ ကိုႀကီးတို႔ကိုလာေျပာ ၾကားလား ေယာက်္ားခ်င္းပဲကြာ ေၾကာက္မေနနဲ႔ သူတစ္ခ်က္ထိုးရင္ ကိုယ့္ဘက္ကလည္း တစ္ခ်က္ထိုးႏိုင္ေအာင္ႀကိဳးစား ဘယ္သူ႔မွေၾကာက္စရာမလိုဘူး ေယာက္်ားဆိုတာ အရာရာတိုင္းမွာ ေပ်ာ့ညံ့ေနလို႔မျဖစ္ဘူးကြ နားလည္လား.."

"ဟုတ္ကဲ့ အကို"

"ကဲ သြားေတာ့ ေက်ာင္းလဲတက္ေနပီ အတန္းကို ျပန္ၾကေတာ့..."

"ဟုတ္"

မုန္းမာန္တို႔ ႏွစ္ေယာက္ စာသင္ခန္းသို႔ေရာက္ေသာအခါ ဆရာမမွ ေရ႔ွသို႔လွၫ့္ကာ စာေရးေနေသာေၾကာင့္ ႏွစ္ေယာက္သား အေနာက္မွ တိတ္တိတ္ေလးခိုးဝင္လာခဲ့ၾကေလေတာ့သည္။

ဆရာမသင္ထားေသာ စာအားကူးရန္ စာအုပ္အထုတ္...

ထြက္က်လာေသာ စာတစ္ေစာင္...

မုန္းမာန္သူ႔လြယ္အိတ္ထဲက ထြက္က်လာေသာ စာအား အလ်င္အျမန္ ဖြင့္ဖတ္လိုက္ေလရာ...

Tbc

-------------*----------

© Kout Tay,
книга «My Heart For You».
အပိုင္း-၈
Коментарі