အပိုင္း-၁
အပိုင္း-၂
အပိုင္း-၃
အပိုင္း-၄
အပိုင္း-၅
အပိုင္း-၆
အပိုင္း-၇
အပိုင္း-၈
အပိုင္း-၉
အပိုင္း-၁၀
အပိုင္း-၁၁
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း-၁၈
အပိုင္း-၁၉
အပိုင္း-၂၀
အပိုင္း-၂၁
အပိုင္း-၂၂
အပိုင္း-၂၃
အပိုင္း-၂၄
အပိုင္း-၂၅
အပိုင္း-၂၆
အပိုင္း-၂၇
အပိုင္း-၂၈
အပိုင္း-၂၉
အပိုင္း-၃၀
အပိုင္း-၃၁
အပိုင္း-၃၂
အပိုင္း-၃၃
အပိုင်း_၃၄
အပိုင္း_၃၅
အပိုင္း_၃၆
အပိုင္း_၃၇
အပိုင္း-၃၈
အပိုင္း-၃
Unicode...

"မုန်းမာန်... ဟဲ့ မုန်းမာန်... ဟဲ့အကောင် နင် ခုချိန်ထိမထသေးဘူးလား ဟမ်...ဘယ်နှနာရီရှိနေပီလဲဆိုတာ‌ေကာသိရဲ့လား ...နေတောင်ဖင်ထိုးတော့မယ်ဟဲ့ အကောင်ရဲ့... နင့်ကိုယ်နင်များ သူဌေးသားမှတ်နေလားဟမ်... ဟဲ့ငါနှိုးနေတာကို ခုထိမထသေးဘူးလား အေး တွေ့မယ်နင်တော့......"

ခဏအကြာတွင် ဗွမ်းဟူသော အသံနှင့်အတူ အိပ်ယာခင်းစောင်ပါးလေးပေါ်သို့ ရွှဲစိုသွားသောရေများ...

~အား... အေးလိုက်တာ.. ဘာတွေလဲ ငါ့ကိုယ်ပေါ်ရောက်လာတာတွေက...မျက်ခွံတွေကလည်း ဘယ်လိုမှဖွင့်မရဘူး လေးနေသလိုလို...နောက်ပီး ချမ်းလည်းချမ်းလာသလိုပဲ....~

ထိုစဥ်

"ဟဲ့အကောင် ထစမ်း... "

~ဟင် အန်တီနန်း...~

ထို့နောက် ကျွန်တော်လည်း လေးပင်နေသော ခန္ဓာကိုယ်ကို မျက်ကွယ်ပြု၍ ကပျာကယာထလိုက်ရတော့သည်။

"ဟဲ့အကောင် ဘယ်အချိန်ရှိနေပီလဲ အပြင်ကိုကြည့်လိုက်စမ်း... နေ့လည်တောင်ရောက်တော့မယ်ဟဲ့..ဘယ်အလုပ်သမားကဒီအချိန်ထလဲဟမ်.. အမလေးဟဲ့ ငါနော် လုပ်လိုက်ပြန်ရင်လဲ ငါ့အပြစ်လို့မြင်ကြဦးမယ်... အေး ဒါပေမယ့် အပြစ်မပေးလို့လဲမရဘူး... ခုချိန်မှ အပြစ်မပေးရင် ဒီ့ထက် ကန်းတက်လာလိမ့်မယ်...ဒီတော့ နင် ဒီနေ့တစ်နေကုန် ထမင်းစားရမယ်မထင်နဲ့...."

"ဗျာ..အန်တီရယ် ကျွန်တော့်ကို ဒီလိုတော့မလုပ်ပါနဲ့ဗျာ..ထမင်းလေးတော့ ကျွေးပါနော်..."

"အို မကျွေးနိုင်ဘူး...နင်ဒီနေ့ ထမင်းစားရင် ငါနင့်ကို ဒီအိမ်က မောင်းထုတ်ပစ်မယ် နင့်ဟာနင် လမ်းဘေးမှာ ခွေးစားလို့သေသေ ကျီးထိုးလို့သေသေ ငါလှည့်ကြည့်မှာမဟုတ်ဘူး..."

"ကျွန်တော်တောင်းပန်ပါတယ် အန်တီရယ်..... ကျွန်တော့်ကိုထမင်းလေးတော့ ကျွေး.."

"အို မကျွေးနိုင်ပါဘူးဆို..ဘာလဲ နင်က ငါ့ကိုအာခံတာလား ဟမ်..."ဟု ဆိုကာ ရိုက်ရန်ပြင်လိုက်စဥ်

"မလုပ်ပါနဲ့ မမနန်းရယ်...ကလေးကလေ ညကတစ်ညလုံး အဖျားတွေကြီးနေလို့ပါဒီနေ့မနက်တောင် ကျွန်မကသနားလို့ မနှိုးမိတာပါရှင်...."

"ဘာ မနှိုးမိတာ ဟုတ်လား... ဒီကောင့်ကို သနားလို့ပေါ့ ဟမ်.."

"ဟုတ် ဟုတ်ပါတယ် မမနန်း..."

"အေး ကြပ်ကြပ်သနားနေ နောက်တစ်ခါ အလုပ်ထွက်ရမယ့်သူက နင်ဖြစ်နေမယ်... သတိထားနေ ဟွန်း..."ဟုဆိုကာ အပြင်ထွက်သွားလေတော့သည်။

"ကျေး ကျေးဇူးတင်ပါတယ် ကြီးမေရယ်...ကျွန်တော်တကယ်ကို ကျေးဇူးတင်ပါတယ်...."

"မလိုပါဘူး သားရယ်... လာ မျက်နှာသစ်ပြီးထွက်လာခဲ့...ထမင်းစားရအောင် ပြီးရင် ဆေးသောက်ရမယ်နော်....."

"ဟင့်အင်း ကျွန်တော်ထမင်းမစားတော့ပါဘူး ကြီးမေရယ်.."

"ဘာလို့လဲ သားရဲ့...."

"တော်ကြာကျွန်တော် ဒီစံအိမ်ကြီးထဲက ထွက်သွားရမှာစိုးလို့ပါ...နောက်ပြီး ကျွန်တော် ဒီစံအိမ်ကနေ လုံးဝထွက်မသွားနိုင်ဘူး ကြီးမေ..အဘိုး|အဘွား အမွေအနှစ်ဖြစ်တဲ့အပြင် ဖေဖေ|မေမေတို့ ခေါင်းချသွားတဲ့အိမ်|နောက်ပြီး ကျွန်တော့်ပိုင်ဆိုင်မှုအမွေအနှစ်တွေကို မရမခြင်းဒီအိမ်ကနေ လုံးဝထွက်မသွားနိုင်ဘူး...ပြီးတော့ ကြီးမေကိုလည်း အားနာပါတယ် ကျွန်တော့်ကြောင့် ကြီးမေ အလုပ်ပြုတ်သွားမှာကို မလိုလားဘူး...ဒါကြောင့် ကျွန်တော် ဆေးလေးပဲ သောက်ပါရစေ...."

"သြော်...သားရယ်.. ကြီးမေအတွက်ဘာမှအားနာစရာလည်းမလိုသလို စိတ်ပူစရာလည်းမလိုပါဘူးကွယ်...ပြီးတော့ သားနေကောင်းပျောက်ပီး အားအင်တွေရှိလာမှ သားလိုချင်တာတွေ|သားလုပ်ချင်တာတွေ|သားဖြစ်ချင်တာတွေဖြစ်ခွင့်ရမှာပေါ့ကွယ်.....လာပါ သားရယ် ကြီးမေက မမနန်းမသိအောင် ကျွေးပါ့မယ်ကွယ် ဘာမှစိတ်မပူနဲ့နော်....."

"ဟုတ်ကဲ့ပါ ကြီးမေ..."

~ကလေးရယ်ကြီးမေ ကလေးအတွက် ဘာမှလုပ်မပေးနိုင်တဲ့အတွက် တောင်းပန်ပါတယ် တကယ်ကို တောင်းပန်ပါတယ်ကွယ် သြော် သွားလေသူတွေကတော့ ဘာမှမသိရှာဘဲ အေးငြိမ်းချမ်းသာစွာ ထွက်သွားကြပီ...ကျန်ရစ်ခဲ့တဲ့သူမှာတော့ ဒုက္ခတွေကြားမှာ အလဲလဲအပြိုပြိုပါလားကွယ်....~

Tbc~~~

---------------------------*----------------------

Zawgyi...

"မုန္းမာန္... ဟဲ့ မုန္းမာန္... ဟဲ့အေကာင္ နင္ ခုခ်ိန္ထိမထေသးဘူးလား ဟမ္...ဘယ္ႏွနာရီရိွေနပီလဲဆိုတာ‌ေကာသိရဲ့လား ...ေနေတာင္ဖင္ထိုးေတာ့မယ္ဟဲ့ အေကာင္ရဲ့... နင့္ကိုယ္နင္မ်ား သူေဌးသားမွတ္ေနလားဟမ္... ဟဲ့ငါႏိႈးေနတာကို ခုထိမထေသးဘူးလား ေအး ေတြ့မယ္နင္ေတာ့......"

ခဏအၾကာတြင္ ဗြမ္းဟူေသာ အသံႏွင့္အတူ အိပ္ယာခင္းေစာင္ပါးေလးေပၚသို႔ ရႊဲစိုသြားေသာေရမ်ား...

~အား... ေအးလိုက္တာ.. ဘာေတြလဲ ငါ့ကိုယ္ေပၚေရာက္လာတာေတြက...မ်က္ခြံေတြကလည္း ဘယ္လိုမွဖြင့္မရဘူး ေလးေနသလိုလို...ေနာက္ပီး ခ်မ္းလည္းခ်မ္းလာသလိုပဲ....~

ထိုစဥ္

"ဟဲ့အေကာင္ ထစမ္း... "

~ဟင္ အန္တီနန္း...~

ထို႔ေနာက္ ကြၽန္ေတာ္လည္း ေလးပင္ေနေသာ ခႏၶာကိုယ္ကို မ်က္ကြယ္ျပဳ၍ ကပ်ာကယာထလိုက္ရေတာ့သည္။

"ဟဲ့အေကာင္ ဘယ္အခ်ိန္ရိွေနပီလဲ အျပင္ကိုၾကၫ့္လိုက္စမ္း... ေန့လည္ေတာင္ေရာက္ေတာ့မယ္ဟဲ့..ဘယ္အလုပ္သမားကဒီအခ်ိန္ထလဲဟမ္.. အမေလးဟဲ့ ငါေနာ္ လုပ္လိုက္ျပန္ရင္လဲ ငါ့အျပစ္လို႔ျမင္ၾကဦးမယ္... ေအး ဒါေပမယ့္ အျပစ္မေပးလို႔လဲမရဘူး... ခုခ်ိန္မွ အျပစ္မေပးရင္ ဒီ့ထက္ ကန္းတက္လာလိမ့္မယ္...ဒီေတာ့ နင္ ဒီေန့တစ္ေနကုန္ ထမင္းစားရမယ္မထင္နဲ႔...."

"ဗ်ာ..အန္တီရယ္ ကြၽန္ေတာ့္ကို ဒီလိုေတာ့မလုပ္ပါနဲ႔ဗ်ာ..ထမင္းေလးေတာ့ ေကြၽးပါေနာ္..."

"အို မေကြၽးႏိုင္ဘူး...နင္ဒီေန့ ထမင္းစားရင္ ငါနင့္ကို ဒီအိမ္က ေမာင္းထုတ္ပစ္မယ္ နင့္ဟာနင္ လမ္းေဘးမွာ ေခြးစားလို႔ေသေသ က်ီးထိုးလို႔ေသေသ ငါလွၫ့္ၾကၫ့္မွာမဟုတ္ဘူး..."

"ကြၽန္ေတာ္ေတာင္းပန္ပါတယ္ အန္တီရယ္..... ကြၽန္ေတာ့္ကိုထမင္းေလးေတာ့ ေကြၽး.."

"အို မေကြၽးႏိုင္ပါဘူးဆို..ဘာလဲ နင္က ငါ့ကိုအာခံတာလား ဟမ္..."ဟု ဆိုကာ ရိုက္ရန္ျပင္လိုက္စဥ္

"မလုပ္ပါနဲ႔ မမနန္းရယ္...ကေလးကေလ ညကတစ္ညလံုး အဖ်ားေတြႀကီးေနလို႔ပါဒီေန့မနက္ေတာင္ ကြၽန္မကသနားလို႔ မႏိႈးမိတာပါရွင္...."

"ဘာ မႏိႈးမိတာ ဟုတ္လား... ဒီေကာင့္ကို သနားလို႔ေပါ့ ဟမ္.."

"ဟုတ္ ဟုတ္ပါတယ္ မမနန္း..."

"ေအး ၾကပ္ၾကပ္သနားေန ေနာက္တစ္ခါ အလုပ္ထြက္ရမယ့္သူက နင္ျဖစ္ေနမယ္... သတိထားေန ဟြန္း..."ဟုဆိုကာ အျပင္ထြက္သြားေလေတာ့သည္။

"ေက်း ေက်းဇူးတင္ပါတယ္ ႀကီးေမရယ္...ကြၽန္ေတာ္တကယ္ကို ေက်းဇူးတင္ပါတယ္...."

"မလိုပါဘူး သားရယ္... လာ မ်က္ႏွာသစ္ၿပီးထြက္လာခဲ့...ထမင္းစားရေအာင္ ၿပီးရင္ ေဆးေသာက္ရမယ္ေနာ္....."

"ဟင့္အင္း ကြၽန္ေတာ္ထမင္းမစားေတာ့ပါဘူး ႀကီးေမရယ္.."

"ဘာလို႔လဲ သားရဲ့...."

"ေတာ္ၾကာကြၽန္ေတာ္ ဒီစံအိမ္ႀကီးထဲက ထြက္သြားရမွာစိုးလို႔ပါ...ေနာက္ၿပီး ကြၽန္ေတာ္ ဒီစံအိမ္ကေန လံုးဝထြက္မသြားႏိုင္ဘူး ႀကီးေမ..အဘိုး|အဘြား အေမြအႏွစ္ျဖစ္တဲ့အျပင္ ေဖေဖ|ေမေမတို႔ ေခါင္းခ်သြားတဲ့အိမ္|ေနာက္ၿပီး ကြၽန္ေတာ့္ပိုင္ဆိုင္မႈအေမြအႏွစ္ေတြကို မရမျခင္းဒီအိမ္ကေန လံုးဝထြက္မသြားႏိုင္ဘူး...ၿပီးေတာ့ ႀကီးေမကိုလည္း အားနာပါတယ္ ကြၽန္ေတာ့္ေၾကာင့္ ႀကီးေမ အလုပ္ျပဳတ္သြားမွာကို မလိုလားဘူး...ဒါေၾကာင့္ ကြၽန္ေတာ္ ေဆးေလးပဲ ေသာက္ပါရေစ...."

"ေၾသာ္...သားရယ္.. ႀကီးေမအတြက္ဘာမွအားနာစရာလည္းမလိုသလို စိတ္ပူစရာလည္းမလိုပါဘူးကြယ္...ၿပီးေတာ့ သားေနေကာင္းေပ်ာက္ပီး အားအင္ေတြရိွလာမွ သားလိုခ်င္တာေတြ|သားလုပ္ခ်င္တာေတြ|သားျဖစ္ခ်င္တာေတျြဖစ္ခြင့္ရမွာေပါ့ကြယ္.....လာပါ သားရယ္ ႀကီးေမက မမနန္းမသိေအာင္ ေကြၽးပါ့မယ္ကြယ္ ဘာမွစိတ္မပူနဲ႔ေနာ္....."

"ဟုတ္ကဲ့ပါ ႀကီးေမ..."

~ကေလးရယ္ႀကီးေမ ကေလးအတြက္ ဘာမွလုပ္မေပးႏိုင္တဲ့အတြက္ ေတာင္းပန္ပါတယ္ တကယ္ကို ေတာင္းပန္ပါတယ္ကြယ္ ေၾသာ္ သြားေလသူေတြကေတာ့ ဘာမွမသိရွာဘဲ ေအးၿငိမ္းခ်မ္းသာစြာ ထြက္သြားၾကပီ...က်န္ရစ္ခဲ့တဲ့သူမွာေတာ့ ဒုကၡေတြၾကားမွာ အလဲလဲအၿပိဳၿပိဳပါလားကြယ္....~

Tbc~~~

---------------------------*----------------------

© Kout Tay,
книга «My Heart For You».
အပိုင္း-၄
Коментарі