အပိုင္း-၁
အပိုင္း-၂
အပိုင္း-၃
အပိုင္း-၄
အပိုင္း-၅
အပိုင္း-၆
အပိုင္း-၇
အပိုင္း-၈
အပိုင္း-၉
အပိုင္း-၁၀
အပိုင္း-၁၁
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း-၁၈
အပိုင္း-၁၉
အပိုင္း-၂၀
အပိုင္း-၂၁
အပိုင္း-၂၂
အပိုင္း-၂၃
အပိုင္း-၂၄
အပိုင္း-၂၅
အပိုင္း-၂၆
အပိုင္း-၂၇
အပိုင္း-၂၈
အပိုင္း-၂၉
အပိုင္း-၃၀
အပိုင္း-၃၁
အပိုင္း-၃၂
အပိုင္း-၃၃
အပိုင်း_၃၄
အပိုင္း_၃၅
အပိုင္း_၃၆
အပိုင္း_၃၇
အပိုင္း-၃၈
အပိုင္း-၁၃
Zawgyi...

"ဟား.. ပ်င္းလိုက္တာ..ဘာမွလုပ္စရာလည္း မရိွဘူး..."

"‌ေဟ့ေကာင္ ကႀကိဳး...ငါ ရိႈးေလ်ွာက္တာ သြားၾကၫ့္မလို႔ လိုက္ဦးမလား..."

"အမ္ ရိႈးေလ်ွာက္တာ ဟုတ္လား Tine .."

"ေအး ဟုတ္တယ္..ငါတို႔ေရေအာက္က မဒီေလးေတြကို တစ္ေနရာထဲမွာ ေတြ့ရမွာကြ ၾကၫ့္ရခ်ည္ေသးရဲ့ကြာ..."

"ဟာ ဟုတ္လား.. ငါတို႔ဆီလဲ လူသားေတြလို အထူးအဆန္းလုပ္လို႔ .. ေအး လိုက္မယ္ကြာ.. ပ်င္းေနတာနဲ႔ အေတာ္ပဲ အဝကို မ်က္စိအစာေကြၽးပစ္ရမယ္ ဟား ဟား..."

"ေအး အဲ့တာဆို သြားမယ္ကြာ ျမန္ျမန္လုပ္ ေနာက္က်ေနလိမ့္မယ္..."

"ေအးပါဟ လာပါပီ မင္းကလဲ..."

ေရေအာက္တစ္ေနရာ၌

ေက်ာက္သားျပင္ႀကီးေပၚတြင္ တစ္ေယာက္ပီး တစ္ေယာက္ ရိႈးေလ်ွာက္ေနၾကေသာ ေရသူမေလးမ်ားအျပင္ အမ်ိဳးအစားစံုလင္လွေသာ ေဝလငါးမေလးမ်ား\ေရဘဝဲမေလးမ်ားစသၫ့္ ေရေနသတၲဝါမ်ိဳးစိတ္ေပါင္းမ်ားစြာသည္ အလျွခင္းၿပိဳင္ကာ ရိႈးေလ်ွာက္လ်က္ ရိွၾကသည္။

"ဟယ္..ဟိုမယ္ ၾကၫ့္ပါဦး.. မင္းသားေလးလည္းလာၾကၫ့္တယ္ေတာ့...."

"အယ္ ဟုတ္သားပဲ ဟဲ့ အဲ့တစ္ေယာက္ၿပီးရင္ ငါ့အလွၫ့္မို႔လား...ဟြန႔္ မင္းသားေလးကို ငါ့ကလြဲၿပီးအၾကၫ့္မလြဲႏိုင္ေအာင္ ပဲေပးၿပီး စြဲေဆာင္ရမယ္....ေစာင့္ၾကၫ့္ေနလိုက္ မင္းသားေလး ငါ့ဆီကေန မ်က္လံုးမခြာႏိုင္ေစရဘူး..."

ကႀကိဳးတစ္ေယာက္မွာေတာ့ သူ႔အားျမင္ကတည္းက ဝိုင္း၍လက္ျပႏႈတ္ဆက္ေနၾက ပ်ိဳမဒီမ်ားအား ၿပံဳးျပလ်က္ၾကၫ့္ရင္းျဖင့္ အၿမႇီးက်ိန္းေနရသည္။သူမ်ားေတြလို ကိုယ္ကေခါင္းႀကိမ္းလို႔မရဘူး အၿမွီးကိုလာရန္ရွာမွာစိုးလို႔ အျမႇီးပဲ ႀကိမ္းရတာ။

ၾကာလာေတာ့ ဝိုင္းၿပီး မ်က္စိစက္ေသနတ္ပစ္သလိုၾကည့္ေနၾကသည့္ ေရသူထီးမ်ားေၾကာင့္ သူလည္း ၾကာၾကာမေနရဲေတာ့သျဖင့္

"Tine ငါတို႔သြားၾကရေအာင္"
"မင္းကလဲ ဒီမယ္ ေနာက္ထပ္အလွေလးေတြ လာဦးမွာကြ ငမ္းေကာင္းေနပါတယ္ဆိုေနမွကြာ"
"ေဟ့ေကာင္ ငမ္းခ်င္ရင္ ေနာက္မွငမ္း ခုခ်ိန္ငမ္းေနရင္ကေတာ့ မင္းအသက္ကို ဖက္နဲ႔ထုပ္ဖို႔ရာသာ အရင္ျပင္ထားလိုက္ေတာ့ ဟိုဘက္က မင္းဘိုးေအေတြကိုလည္း ၾကည့္လုိက္ဦး"
"ဟာ စူးရဲေနခ်က္ကေတာ့ အေမွာင္ထဲမွာ ေရာက္လာတဲ့ အလင္းေရာင္ထက္ ပိုစိုးတယ္ဟ"
"ဟာသလုပ္မေနနဲ႔ သြားၾကစို႔"
"ေအးပါကြာ"

Tine မွာေတာ့ အၿပီးထိမငမ္းလိုက္ရေသာ မဒီေလးမ်ားအား လွည့္ၾကည့္ လွည့္ၾကည့္ျဖင့္ ကႀကိဳးျပန္ေခၚရာေနာက္သို႔ လိုက္ခဲ့ရေလေတာ့သည္။

ေရေအာက္နန္းေတာ္၌..

ဘုရင္ႀကီးသည္ အနီးအနားရွိ အေစာင့္တစ္ေယာက္အား ေခၚလိုက္ၿပီးေနာက္...

"ခဏေနရင္ အႀကီးအကဲေတြကို အစည္းအေဝးခန္းထဲလာဖို႔ရာ ဆင့္ေခၚလိုက္ ေနာက္ၿပီး သားေတာ္နဲ႔ သမီးေတာ္ကိုပါ လာဖို႔ေခၚခဲ့လိုက္"
"အမိန္႔ေတာ္အတိုင္းပါ"

အေစာင့္ေလးထြက္သြားသည္နွင့္ သူသည္လည္း အစည္းအေဝးလုပ္သည့္ ခန္းမဆီသို႔ ဦးတည္လိုက္ေလသည္။

ခဏအၾကာ...

အစည္းအေဝးခန္းထဲ၌ အႀကီးအကဲေတြစံုစံုလင္လင္ေရာက္သည္နွင့္

"ကဲ စံုသေလာက္ရွိၿပီဆိုေတာ့ အစည္းအေဝး စၾကရေအာင္"

အားလံုးက ေခါင္းၿငိမ့္လိုက္သည္နွင့္ တစ္ၿပိဳင္နက္...

"အားလံုးသိၾကတဲ့အတိုင္းပဲ ငါတို႔ေနထိုင္ၾကတဲ့ ျမစ္ျပင္က်ယ္ဟာ က်ဥ္းေျမာင္းလွတယ္။ ေနာက္ၿပီး တိုးတက္လာတဲ့ ေခတ္နဲ႔အညီ ဒီနိုင္ငံရဲ႕ စီးပြားေရးကလည္း ပိုအားေကာင္းလာတယ္။ငါးဖမ္းေလွေတြကလည္း အရင္ကထက္ပိုမ်ားလာၿပီး ေရငုပ္သေဘၤာေတြပါ ရွိလာေတာ့ တျဖည္းျဖည္းနဲ႔ ငါတို႔ကို ေတြနိုင္ေခ်ရွိလာၿပီ။ဒါေၾကာင့္ ငါ့မိဘေတြ ေနထိုင္တဲ့ သမုဒၵရာႀကီးမွာ ေျပာင္းေ႐ြ႕ေနထိုင္မွ ျဖစ္ေတာ့မယ္။အကယ္၍ ဒီမွာဆက္ေနခ်င္ၾကတဲ့သူေတြက ေနခဲ့နိုင္တယ္။ငါတို႔ကေတာ့ လူေတြမေတြ႕ခင္ ေျပာင္းမွရလိမ့္မယ္။မင္းတို႔ရဲ႕ သေဘာကေရာ။"

ဘုရင္ႀကီး၏ စကားၾကားသည္နွင့္ အားလံုးေခါင္းခ်င္းဆိုင္ တိုင္ပင္ၾကေလသည္။ၿပီးေနာက္ အႀကီးအကဲတစ္ေယာက္မွ..

"သင့္ျမတ္လွပါတယ္ အရွင္မင္းႀကီး ကြၽန္ေတာ္မ်ိဳးတို႔လည္း အရွင္မင္းႀကီးစကားကို လိုက္နာၿပီး ေျပာင္းေ႐ြ႕ဖို႔ရာ စီစဥ္လိုက္ပါ့မယ္"
"ေကာင္းၿပီ"

Tbc...

------------*-------------

Unicode...

"ဟား.. ပျင်းလိုက်တာ..ဘာမှလုပ်စရာလည်း မရှိဘူး..."

"‌ဟေ့ကောင် ကကြိုး...ငါ ရှိုးလျှောက်တာ သွားကြည့်မလို့ လိုက်ဦးမလား..."

"အမ် ရှိုးလျှောက်တာ ဟုတ်လား Tine .."

"အေး ဟုတ်တယ်..ငါတို့ရေအောက်က မဒီလေးတွေကို တစ်နေရာထဲမှာ တွေ့ရမှာကွ ကြည့်ရချည်သေးရဲ့ကွာ..."

"ဟာ ဟုတ်လား.. ငါတို့ဆီလဲ လူသားတွေလို အထူးအဆန်းလုပ်လို့ .. အေး လိုက်မယ်ကွာ.. ပျင်းနေတာနဲ့ အတော်ပဲ အဝကို မျက်စိအစာကျွေးပစ်ရမယ် ဟား ဟား..."

"အေး အဲ့တာဆို သွားမယ်ကွာ မြန်မြန်လုပ် နောက်ကျနေလိမ့်မယ်..."

"အေးပါဟ လာပါပီ မင်းကလဲ..."

ရေအောက်တစ်နေရာ၌

ကျောက်သားပြင်ကြီးပေါ်တွင် တစ်ယောက်ပီး တစ်ယောက် ရှိုးလျှောက်နေကြသော ရေသူမလေးများအပြင် အမျိုးအစားစုံလင်လှသော ဝေလငါးမလေးများ\ရေဘဝဲမလေးများစသည့် ရေနေသတ္တဝါမျိုးစိတ်ပေါင်းများစွာသည် အလြှခင်းပြိုင်ကာ ရှိုးလျှောက်လျက် ရှိကြသည်။

"ဟယ်..ဟိုမယ် ကြည့်ပါဦး.. မင်းသားလေးလည်းလာကြည့်တယ်တော့...."

"အယ် ဟုတ်သားပဲ ဟဲ့ အဲ့တစ်ယောက်ပြီးရင် ငါ့အလှည့်မို့လား...ဟွန့် မင်းသားလေးကို ငါ့ကလွဲပြီးအကြည့်မလွဲနိုင်အောင် ပဲပေးပြီး စွဲဆောင်ရမယ်....စောင့်ကြည့်နေလိုက် မင်းသားလေး ငါ့ဆီကနေ မျက်လုံးမခွာနိုင်စေရဘူး..."

ကကြိုးတစ်ယောက်မှာတော့ သူ့အားမြင်ကတည်းက ဝိုင်း၍လက်ပြနှုတ်ဆက်နေကြ ပျိုမဒီများအား ပြုံးပြလျက်ကြည့်ရင်းဖြင့် အမြှီးကျိန်းနေရသည်။သူများတွေလို ကိုယ်ကခေါင်းကြိမ်းလို့မရဘူး အမြှီးကိုလာရန်ရှာမှာစိုးလို့ အမြှီးပဲ ကြိမ်းရတာ။

ကြာလာတော့ ဝိုင်းပြီး မျက်စိစက်သေနတ်ပစ်သလိုကြည့်နေကြသည့် ရေသူထီးများကြောင့် သူလည်း ကြာကြာမနေရဲတော့သဖြင့်

"Tine ငါတို့သွားကြရအောင်"
"မင်းကလဲ ဒီမယ် နောက်ထပ်အလှလေးတွေ လာဦးမှာကွ ငမ်းကောင်းနေပါတယ်ဆိုနေမှကွာ"
"ဟေ့ကောင် ငမ်းချင်ရင် နောက်မှငမ်း ခုချိန်ငမ်းနေရင်ကတော့ မင်းအသက်ကို ဖက်နဲ့ထုပ်ဖို့ရာသာ အရင်ပြင်ထားလိုက်တော့ ဟိုဘက်က မင်းဘိုးအေတွေကိုလည်း ကြည့်လိုက်ဦး"
"ဟာ စူးရဲနေချက်ကတော့ အမှောင်ထဲမှာ ရောက်လာတဲ့ အလင်းရောင်ထက် ပိုစိုးတယ်ဟ"
"ဟာသလုပ်မနေနဲ့ သွားကြစို့"
"အေးပါကွာ"

Tine မှာတော့ အပြီးထိမငမ်းလိုက်ရသော မဒီလေးများအား လှည့်ကြည့် လှည့်ကြည့်ဖြင့် ကကြိုးပြန်ခေါ်ရာနောက်သို့ လိုက်ခဲ့ရလေတော့သည်။

ရေအောက်နန်းတော်၌..

ဘုရင်ကြီးသည် အနီးအနားရှိ အစောင့်တစ်ယောက်အား ခေါ်လိုက်ပြီးနောက်...

"ခဏနေရင် အကြီးအကဲတွေကို အစည်းအဝေးခန်းထဲလာဖို့ရာ ဆင့်ခေါ်လိုက် နောက်ပြီး သားတော်နဲ့ သမီးတော်ကိုပါ လာဖို့ခေါ်ခဲ့လိုက်"
"အမိန့်တော်အတိုင်းပါ"

အစောင့်လေးထွက်သွားသည်နှင့် သူသည်လည်း အစည်းအဝေးလုပ်သည့် ခန်းမဆီသို့ ဦးတည်လိုက်လေသည်။

ခဏအကြာ...

အစည်းအဝေးခန်းထဲ၌ အကြီးအကဲတွေစုံစုံလင်လင်ရောက်သည်နှင့်

"ကဲ စုံသလောက်ရှိပြီဆိုတော့ အစည်းအဝေး စကြရအောင်"

အားလုံးက ခေါင်းငြိမ့်လိုက်သည်နှင့် တစ်ပြိုင်နက်...

"အားလုံးသိကြတဲ့အတိုင်းပဲ ငါတို့နေထိုင်ကြတဲ့ မြစ်ပြင်ကျယ်ဟာ ကျဉ်းမြောင်းလှတယ်။ နောက်ပြီး တိုးတက်လာတဲ့ ခေတ်နဲ့အညီ ဒီနိုင်ငံရဲ့ စီးပွားရေးကလည်း ပိုအားကောင်းလာတယ်။ငါးဖမ်းလှေတွေကလည်း အရင်ကထက်ပိုများလာပြီး ရေငုပ်သင်္ဘောတွေပါ ရှိလာတော့ တဖြည်းဖြည်းနဲ့ ငါတို့ကို တွေနိုင်ချေရှိလာပြီ။ဒါကြောင့် ငါ့မိဘတွေ နေထိုင်တဲ့ သမုဒ္ဒရာကြီးမှာ ပြောင်းရွေ့နေထိုင်မှ ဖြစ်တော့မယ်။အကယ်၍ ဒီမှာဆက်နေချင်ကြတဲ့သူတွေက နေခဲ့နိုင်တယ်။ငါတို့ကတော့ လူတွေမတွေ့ခင် ပြောင်းမှရလိမ့်မယ်။မင်းတို့ရဲ့ သဘောကရော။"

ဘုရင်ကြီး၏ စကားကြားသည်နှင့် အားလုံးခေါင်းချင်းဆိုင် တိုင်ပင်ကြလေသည်။ပြီးနောက် အကြီးအကဲတစ်ယောက်မှ..

"သင့်မြတ်လှပါတယ် အရှင်မင်းကြီး ကျွန်တော်မျိုးတို့လည်း အရှင်မင်းကြီးစကားကို လိုက်နာပြီး ပြောင်းရွေ့ဖို့ရာ စီစဉ်လိုက်ပါ့မယ်"
"ကောင်းပြီ"

Tbc...

------------*-------------



© Kout Tay,
книга «My Heart For You».
အပိုင္း-၁၄
Коментарі