အပိုင္း-၁
အပိုင္း-၂
အပိုင္း-၃
အပိုင္း-၄
အပိုင္း-၅
အပိုင္း-၆
အပိုင္း-၇
အပိုင္း-၈
အပိုင္း-၉
အပိုင္း-၁၀
အပိုင္း-၁၁
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း-၁၈
အပိုင္း-၁၉
အပိုင္း-၂၀
အပိုင္း-၂၁
အပိုင္း-၂၂
အပိုင္း-၂၃
အပိုင္း-၂၄
အပိုင္း-၂၅
အပိုင္း-၂၆
အပိုင္း-၂၇
အပိုင္း-၂၈
အပိုင္း-၂၉
အပိုင္း-၃၀
အပိုင္း-၃၁
အပိုင္း-၃၂
အပိုင္း-၃၃
အပိုင်း_၃၄
အပိုင္း_၃၅
အပိုင္း_၃၆
အပိုင္း_၃၇
အပိုင္း-၃၈
အပိုင္း-၂၄
Zawgyi...

တိတ္ဆိတ္ေနေသာ ဧည့္ခန္းအတြင္း၌ စတင္ထြက္ေပၚလာသည့္ စကားသံ။

"ေဟ့ တစ္ေယာက္ေလာက္ လာခဲ့ဦး အေပၚထပ္က ကႀကိဳးကို သြားနွိုးေခ်.. အဝတ္အစားလဲၿပီး တရားရံုးသြားမယ္လို႔ေျပာလိုက္"
"ဟုတ္ကဲ့ အကိုေလး"

အိမ္အကူေကာင္မေလး ထြက္သြားရာေနာက္ လိုက္ၾကည့္မိရင္း သက္ျပင္းတစ္ခ်က္အား ေလးေလးပင္ပင္ခ်လိုက္မိသည္။

ေလွကားေပၚမွ ျဖည္းျဖည္းခ်င္းဆင္းလာေသာ ကႀကိဳး။အခုထိ အဝတ္အစားလဲ မလဲရေသး။

"မင္း ဒီပံုစံအတိုင္း တရားရံုးသြားမလို႔လား ဘာလဲ ငါ့ကို သက္သက္မဲ့အရွက္ခြဲေနတာလား မင္းအခ်ိဳးေတြကို အခုထဲက ျပင္ထားလိုက္ေနာ္ ကႀကိဳး"
"မ မဟုတ္ပါဘူး ကိုမုန္းမာန္ ကြၽန္ ကြၽန္ေတာ့္မွာ နွစ္စံုပဲပါလာတာ တစ္စံုက မနက္ကလဲထားေတာ့ အခုဝတ္စရာက ဒါပဲရွိလို႔ပါ..."

ကႀကိဳး သူ႔အား မ်က္နွာထားတည္တည္ျဖင့္ စူးစိုက္ၾကည့္ေနသူကို ၾကားနိုင္ရံုမ်ွ တိုးတိုးေလးေျပာလိုက္မိသည္။

အခုအေျခအေနက ဘာကိုမွ အားသံုးၿပီးမလုပ္ခ်င္တာလဲပါမည္။အိမ္ေပၚကေန မနည္းဆင္းလာရတာ ကိုယ့္ကိုကိုယ္အသိပင္။အိမ္အကူေကာင္မေလးအား တြဲခိုင္းျပန္ရင္လဲ သူ ထပ္အထင္လြဲသြားမွာကို မလိုလားေသာေၾကာင့္။

မုန္းမာန္ သူ႔အား တိုးတိုးေလးေျပာလာသူကို ဘာစကားမွဆက္မေျပာခ်င္ေသာေၾကာင့္ ကားဆီသာ အရင္ထြက္လာခဲ့လိုက္သည္။

သူ႔ရဲ႕အျပဳအမူေၾကာင့္ အေနာက္ကေကာင္ေလးရဲ႕ မ်က္ရည္ၾကည္ရစ္သိုင္းေနတဲ့ မ်က္ဝန္းေတြကိုေတာ့ မျမင္ခဲ့။

'လမ္းေလ်ွာက္ဖို႔ေတာင္ ခက္ခဲေနတဲ့သူကို တြဲေတာင္မေခၚေတာ့ဘူးလား ခင္ဗ်ားရယ္'

ကႀကိဳး ကိုယ့္နႈတ္ခမ္းေအာက္နားေလးအား မသိမသာဖိကိုက္ရင္း နာက်င္ေနသည့္ ခနၶာကိုယ္အား လစ္လ်ွဴရႈလ်က္ ကားဆီသို႔ အားျပဳကာ သြားလိုက္သည္။
___________________

အသိသက္ေသအျဖစ္ လိုက္လာၾကသည့္ ဦးငယ္တို႔က တရားရံုးသို႔အရင္သြားကာ လိုအပ္သည္မ်ား စီစဥ္ေပးထားၾကေလေသာေၾကာင့္ သူတို႔က ေရာက္တာနဲ႔ လက္မွတ္ထိုးကာ ျပန္ၾကရံုပင္။

တရားရံုးထဲက ထြက္လာၾကသည္နွင့္ တစ္ၿပိဳင္နက္ သူ႔အားမေခၚဘဲ ကားေမာင္းထြက္သြားသူအား ၾကည့္လ်က္ ကႀကိဳး ဝမ္းနည္းမိသည္။

မ်က္နွာငယ္ေလးနဲ႔ ေမာင္းထြက္သြားေသာ ကားအား ရပ္ၾကည့္ေနသည့္ ကႀကိဳးအား ခန္႔ညား သနားလာမိသည္။

'ငါတို႔လုပ္ရက္ေၾကာင့္ ဒီကေလး ဘယ္ေလာက္ေတာင္နာက်င္ေနလိုက္မလဲ'

"Boss ကုမၸဏီကိုပဲ သြားမွာမို႔လား"
"အင္းးး သြားမွဆိုေပမယ့္ အခုေတာ့မဟုတ္ေသးဘူး အရင္ဆံုး ငါ့တူအသစ္စက္စက္ေလးကို ေခၚၿပီး shopping ထြက္ရေအာင္'
"ဗ်ာ!!!"

အံ့ၾသရသူက ခန္႔ညားပင္။ကႀကိဳးကေတာ့ နားမလည္သလိုျပဴးေၾကာင္ေၾကာင္ ၾကည့္လ်က္ျဖင့္။

"ဟုတ္ ဒါဆို သြားၾကတာေပါ့ မင္းေရာ အဆင္ေျပတယ္မို႔လား"
"ဟုတ္ နည္းနည္ူေတာ့ေျပပါတယ္"

ကႀကိဳး အနည္းငယ္မ်ွ ၿပံဳးကာ ေျပာလိုက္ေလသည္။

ခန္႔ညား ကႀကိဳးအား ကားထဲအရင္ဝင္ေစၿပီး ေနာက္မွ ေမာင္းသူေနရာဝင္ထိုင္ကာ နီးစပ္ရာ shopping center သို႔ေမာင္းလိုက္ေလသည္။
____________________

"ဝါး!!!!"

ကႀကိဳးတစ္ေယာက္ shopping center ထဲေရာက္ကတည္းက ပါးစပ္ပင္မပိတ္နိုင္ဘဲ တစ္ဝါးဝါးျဖစ္ေနသည္ကို ၾကည့္ၿပီး ခန္႔ညား ၿပံဳးမိသည္။Boss ကေတာ့ နံေဘးက ျဖတ္ေလ်ွာက္သြားသည့္ မိန္းမပိ်ဳမ်ားအား ငမ္းေနသည္မွာ သြားေရက်မတတ္ပင္။

ခန္႔ညား Boss အားမသိမသာ မ်က္ေစာင္းထိုးလိုက္ၿပီး သူ႔ေရွ႕က ေကာင္ငယ္ေလးကိုသာ အာရံုစိုက္လိုက္ေတာ့သည္။

"ကႀကိဳး လာ အရင္ဆံုး မင္း hairstyle ကိုအရင္ျပင္ရေအာင္ "
"ဟုတ္ ဒါနဲ႔ hairstyle က ဘာကိုေျပာတာလဲ ဟင္"
"ေၾသာ္ ဆံပင္ပံုစံကိုေျပာတာ မင္းဆံပင္က မိန္းကေလးေတြထားတဲ့ ပံုစံနဲ႔တူေနလို႔"
"အဲ့လိုလား အဟီး"

သူ႔အား ၿပံဳးျပလာသည့္ ေကာင္ေလးအား ခန္႔ညားေသခ်ာၾကည့္မိမွ ပါးနွစ္ဖက္တြင္ ေရးေရးေလးေပၚလာသည့္ ပါးခ်ိဳင့္ခြက္ေလးနွစ္ခုကို ေတြ႕လိုက္ရသည္။

'ဒီေကာင္ေလးက ႁပံဳးရယ္ေနရင္ အေတာ္ခ်စ္ဖို႔ေကာင္းတာပဲ'

စိတ္ထဲကလဲ တစ္ဆက္တည္း ေတြးလိုက္မိေလသည္။
________________

သူ႔ရဲ႕ အသစ္စက္စက္ hairstyle ေလးနဲ႔ အလြန္ပင္ ခ်စ္ဖို႔ေကာင္းေနေသာ ေကာင္ေလးအားၾကည့္ရင္း အာကာၿပံဳးမိသည္။

နဖူးေပၚတြင္ ဝဲျဖာက်ေနသည့္ ေ႐ႊအိုေရာင္ ဆံပင္အုပ္အုပ္ေလးနဲ႔လို္က္ဖက္ေနသည့္ ေကာင္ငယ္ေလးကို center ထဲက လူအေတာ္မ်ားမ်ားက လွည့္ၾကည့္သြားၾကေလသည္။

အဝတ္အစားအခ်ိဳ႕ ဝယ္ယူၿပီး ဗိုက္ဆာလာေသာေၾကာင့္ တစ္ခုခုဝင္စားရန္ ျပင္လိုက္ၾကေလသည္။ဆိုင္တစ္ဆိုင္မွာ ထိုင္ေနရင္း စကားစလာသူက အာကာပင္။

"ေကာင္ေလး မင္းက တကယ္ပဲ မုန္းမာန္ခ်စ္သူကို သတ္လိုက္တာလား"
"ဟင္ မဟုတ္ပါဘူးဗ်ာ မမကို ကြၽန္ေတာ္မသတ္ပါဘူး မမက သူ႔ဘာသူသတ္တာ ကြၽန္ေတာ္က လန္႔ၿပီး မမဗိုက္ထဲက ဓားကိုဆြဲထုတ္ၿပီးကိုင္ထားခ်ိန္ ကိုမုန္းမာန္ကေရာက္လာၿပီး အထင္လြဲသြားတာ တကယ္ ကြၽန္ေတာ္ မသတ္ရပါဘူးဗ်ာ"
"ကဲပါ ဒါဆိုလဲ ထားလိုက္ေတာ့ ဗိုက္ဆာေနမွာပဲ စား စား ညအတြက္လဲ အားေမြးရဦးမွာဆိုေတာ့"

ၿပံဳးစစျဖင့္ ေျပာလာသည့္ အာကာ့စကားေၾကာင့္ ဘာမဆိုင္ညာမဆိုင္ျဖင့္ ခန္႔ညားမွာပါးေတြပင္ နီသြားရေလသည္။
ေဘးက ေကာင္ငယ္ေလးကေတာ့ ဘာမွမသိသလိုပံုစံျဖင့္ ေမးခြန္းပင္ ျပန္ထုတ္ေနေသးသည္။

"ညက်ဘာျဖစ္မွာမို႔လိုလဲ ဟင္ ဦးငယ္"
"အဲ အဲ့တာက "

ခုမွေျပးေပါက္ပိတ္ေနသည့္ အာကာအား ခန္႔ညားႀကိတ္ရယ္လိုက္ၿပီး

"ညက်ရင္ မဂၤလာဦးက်ျဖစ္မွာ ကႀကိဳးရဲ႕"
"မဂၤလာဦးညက ဘာလဲဟင္"

'ဟိုက္ ဒီေကာင္ေလး မသိလို႔ေမးေနတာလား သိသိရက္နဲ႔ေမးေနတာလား ဒီကလူပ်ိဳႀကီးကို'

အခုမွ နွစ္ေယာက္လံုး ရယ္ရမလို ငိုရမလိုျဖစ္ေနၾကသည္။

"အဲ့တာက ဟိုဟာ ညက်ရင္ မင္းကို မုန္းမာန္က ခ်စ္တယ္လို႔ေျပာမွာ"
"အာ ဟုတ္တယ္ အဲ့အတိုင္း"
"တ တကယ္လား ဟင္ ကိုမုန္းမာန္က ကြၽန္ေတာ့္ကို ခ်စ္တယ္လို႔ေျပာမွာ တကယ္လား ဟင္"
"အင္းးးး"

ခ်စ္တယ္လို႔ေျပာမွာ ဆိုသည့္စကားတစ္ခြန္းေၾကာင့္ မ်က္ဝန္းမ်ား ခ်က္ခ်င္းအေရာင္လက္လာကာ ေပ်ာ္ေနပံုေပၚသည့္ ေကာင္ေလးအားၾကည့္ရင္း ခန္႔ညား ပို၍ပင္ သနားလာရသည္။

'တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္မွာေတာ့ မင္းလဲ တစ္စံုတစ္ေယာက္ရဲ႕အခ်စ္ကိုခံရမွာပါ ေကာင္ေလး မုန္းမာန္ပါလို႔ တပ္အပ္မေျပာနိုုင္ေပမယ့္လည္းေပါ့'
_____________________

*ဒင္းးးး ေဒါင္*

ဧည့္ခန္းအတြင္းရွိ ေရွးေဟာင္းနာရီႀကီး၏ ၁၂နာရီထိုးၿပီျဖစ္ေၾကာင္း သိေစရန္အလို႔ငွာ အခ်က္ေပးသည့္အသံ။

ထိုအသံေၾကာင့္ ဆိုဖာေပၚတြင္ အိပ္ေမာက်ေနသည့္ ေကာင္ေလးမွာ လန္႔နိုးလာခဲ့ၿပီး အိမ္ေရွ႕ၿခံတံခါးေပါက္ကိုသာ ျပတင္းမ်ားၾကားမွ လွမ္းေမ်ွာ္ၾကည့္ေနေလသည္။

အခ်ိန္ေတြသာ တစ္ေ႐ြ႕ေ႐ြ႕ကုန္ဆံုးသြားေပမယ့္ ေမ်ွာ္ေနသူကေတာ့ ေပၚမလာေသး။

'သူ ငါ့ကို ခ်စ္တယ္လို႔မေျပာခ်င္လို႔မ်ားလား'

ကႀကိဳး သူေတြးလိုက္မိသည့္ အေတြးကို ေခါင္းတစ္ခ်က္ခါရင္းျဖင့္ ေဖ်ာက္လိုက္ေလသည္။

ေနာက္ဆံုးေတာ့ သူ မဂၤလာဦးညကို ေမ့ေနတာ ေနမွာပါ ဟု ျဖည့္ေတြးလ်က္ အိမ္ေပၚသို႔ တက္သြားေလေတာ့သည္။

တစ္ဖက္မွာေတာ့ အိမ္မျပန္ခ်င္လို႔ club မွာ အမူးေသာက္ရင္း အခန္းတစ္ခုထဲ၌ မိန္းကေလးတစ္ေယာက္နဲ႔ တြဲဖက္ကာ အိပ္စက္ေနေသာ ေကာင္ေလးတစ္ေယာက္။

Tbc...
----------------*-----------------
ေမ်ွာ္ေနတယ္ဆိုလို႔ up လိုက္ၿပီေနာ္💜
____________________________


Unicode...

တိတ်ဆိတ်နေသော ဧည့်ခန်းအတွင်း၌ စတင်ထွက်ပေါ်လာသည့် စကားသံ။

"ဟေ့ တစ်ယောက်လောက် လာခဲ့ဦး အပေါ်ထပ်က ကကြိုးကို သွားနှိုးချေ.. အဝတ်အစားလဲပြီး တရားရုံးသွားမယ်လို့ပြောလိုက်"
"ဟုတ်ကဲ့ အကိုလေး"

အိမ်အကူကောင်မလေး ထွက်သွားရာနောက် လိုက်ကြည့်မိရင်း သက်ပြင်းတစ်ချက်အား လေးလေးပင်ပင်ချလိုက်မိသည်။

လှေကားပေါ်မှ ဖြည်းဖြည်းချင်းဆင်းလာသော ကကြိုး။အခုထိ အဝတ်အစားလဲ မလဲရသေး။

"မင်း ဒီပုံစံအတိုင်း တရားရုံးသွားမလို့လား ဘာလဲ ငါ့ကို သက်သက်မဲ့အရှက်ခွဲနေတာလား မင်းအချိုးတွေကို အခုထဲက ပြင်ထားလိုက်နော် ကကြိုး"
"မ မဟုတ်ပါဘူး ကိုမုန်းမာန် ကျွန် ကျွန်တော့်မှာ နှစ်စုံပဲပါလာတာ တစ်စုံက မနက်ကလဲထားတော့ အခုဝတ်စရာက ဒါပဲရှိလို့ပါ..."

ကကြိုး သူ့အား မျက်နှာထားတည်တည်ဖြင့် စူးစိုက်ကြည့်နေသူကို ကြားနိုင်ရုံမျှ တိုးတိုးလေးပြောလိုက်မိသည်။

အခုအခြေအနေက ဘာကိုမှ အားသုံးပြီးမလုပ်ချင်တာလဲပါမည်။အိမ်ပေါ်ကနေ မနည်းဆင်းလာရတာ ကိုယ့်ကိုကိုယ်အသိပင်။အိမ်အကူကောင်မလေးအား တွဲခိုင်းပြန်ရင်လဲ သူ ထပ်အထင်လွဲသွားမှာကို မလိုလားသောကြောင့်။

မုန်းမာန် သူ့အား တိုးတိုးလေးပြောလာသူကို ဘာစကားမှဆက်မပြောချင်သောကြောင့် ကားဆီသာ အရင်ထွက်လာခဲ့လိုက်သည်။

သူ့ရဲ့အပြုအမူကြောင့် အနောက်ကကောင်လေးရဲ့ မျက်ရည်ကြည်ရစ်သိုင်းနေတဲ့ မျက်ဝန်းတွေကိုတော့ မမြင်ခဲ့။

'လမ်းလျှောက်ဖို့တောင် ခက်ခဲနေတဲ့သူကို တွဲတောင်မခေါ်တော့ဘူးလား ခင်ဗျားရယ်'

ကကြိုး ကိုယ့်နှုတ်ခမ်းအောက်နားလေးအား မသိမသာဖိကိုက်ရင်း နာကျင်နေသည့် ခန္ဓာကိုယ်အား လစ်လျှူရှုလျက် ကားဆီသို့ အားပြုကာ သွားလိုက်သည်။
___________________

အသိသက်သေအဖြစ် လိုက်လာကြသည့် ဦးငယ်တို့က တရားရုံးသို့အရင်သွားကာ လိုအပ်သည်များ စီစဉ်ပေးထားကြလေသောကြောင့် သူတို့က ရောက်တာနဲ့ လက်မှတ်ထိုးကာ ပြန်ကြရုံပင်။

တရားရုံးထဲက ထွက်လာကြသည်နှင့် တစ်ပြိုင်နက် သူ့အားမခေါ်ဘဲ ကားမောင်းထွက်သွားသူအား ကြည့်လျက် ကကြိုး ဝမ်းနည်းမိသည်။

မျက်နှာငယ်လေးနဲ့ မောင်းထွက်သွားသော ကားအား ရပ်ကြည့်နေသည့် ကကြိုးအား ခန့်ညား သနားလာမိသည်။

'ငါတို့လုပ်ရက်ကြောင့် ဒီကလေး ဘယ်လောက်တောင်နာကျင်နေလိုက်မလဲ'

"Boss ကုမ္ပဏီကိုပဲ သွားမှာမို့လား"
"အင်းးး သွားမှဆိုပေမယ့် အခုတော့မဟုတ်သေးဘူး အရင်ဆုံး ငါ့တူအသစ်စက်စက်လေးကို ခေါ်ပြီး shopping ထွက်ရအောင်'
"ဗျာ!!!"

အံ့သြရသူက ခန့်ညားပင်။ကကြိုးကတော့ နားမလည်သလိုပြူးကြောင်ကြောင် ကြည့်လျက်ဖြင့်။

"ဟုတ် ဒါဆို သွားကြတာပေါ့ မင်းရော အဆင်ပြေတယ်မို့လား"
"ဟုတ် နည်းနည်ူတော့ပြေပါတယ်"

ကကြိုး အနည်းငယ်မျှ ပြုံးကာ ပြောလိုက်လေသည်။

ခန့်ညား ကကြိုးအား ကားထဲအရင်ဝင်စေပြီး နောက်မှ မောင်းသူနေရာဝင်ထိုင်ကာ နီးစပ်ရာ shopping center သို့မောင်းလိုက်လေသည်။
____________________

"ဝါး!!!!"

ကကြိုးတစ်ယောက် shopping center ထဲရောက်ကတည်းက ပါးစပ်ပင်မပိတ်နိုင်ဘဲ တစ်ဝါးဝါးဖြစ်နေသည်ကို ကြည့်ပြီး ခန့်ညား ပြုံးမိသည်။Boss ကတော့ နံဘေးက ဖြတ်လျှောက်သွားသည့် မိန်းမပျိုများအား ငမ်းနေသည်မှာ သွားရေကျမတတ်ပင်။

ခန့်ညား Boss အားမသိမသာ မျက်စောင်းထိုးလိုက်ပြီး သူ့ရှေ့က ကောင်ငယ်လေးကိုသာ အာရုံစိုက်လိုက်တော့သည်။

"ကကြိုး လာ အရင်ဆုံး မင်း hairstyle ကိုအရင်ပြင်ရအောင် "
"ဟုတ် ဒါနဲ့ hairstyle က ဘာကိုပြောတာလဲ ဟင်"
"သြော် ဆံပင်ပုံစံကိုပြောတာ မင်းဆံပင်က မိန်းကလေးတွေထားတဲ့ ပုံစံနဲ့တူနေလို့"
"အဲ့လိုလား အဟီး"

သူ့အား ပြုံးပြလာသည့် ကောင်လေးအား ခန့်ညားသေချာကြည့်မိမှ ပါးနှစ်ဖက်တွင် ရေးရေးလေးပေါ်လာသည့် ပါးချိုင့်ခွက်လေးနှစ်ခုကို တွေ့လိုက်ရသည်။

'ဒီကောင်လေးက ပြုံးရယ်နေရင် အတော်ချစ်ဖို့ကောင်းတာပဲ'

စိတ်ထဲကလဲ တစ်ဆက်တည်း တွေးလိုက်မိလေသည်။
________________

သူ့ရဲ့ အသစ်စက်စက် hairstyle လေးနဲ့ အလွန်ပင် ချစ်ဖို့ကောင်းနေသော ကောင်လေးအားကြည့်ရင်း အာကာပြုံးမိသည်။

နဖူးပေါ်တွင် ဝဲဖြာကျနေသည့် ရွှေအိုရောင် ဆံပင်အုပ်အုပ်လေးနဲ့လိုက်ဖက်နေသည့် ကောင်ငယ်လေးကို center ထဲက လူအတော်များများက လှည့်ကြည့်သွားကြလေသည်။

အဝတ်အစားအချို့ ဝယ်ယူပြီး ဗိုက်ဆာလာသောကြောင့် တစ်ခုခုဝင်စားရန် ပြင်လိုက်ကြလေသည်။ဆိုင်တစ်ဆိုင်မှာ ထိုင်နေရင်း စကားစလာသူက အာကာပင်။

"ကောင်လေး မင်းက တကယ်ပဲ မုန်းမာန်ချစ်သူကို သတ်လိုက်တာလား"
"ဟင် မဟုတ်ပါဘူးဗျာ မမကို ကျွန်တော်မသတ်ပါဘူး မမက သူ့ဘာသူသတ်တာ ကျွန်တော်က လန့်ပြီး မမဗိုက်ထဲက ဓားကိုဆွဲထုတ်ပြီးကိုင်ထားချိန် ကိုမုန်းမာန်ကရောက်လာပြီး အထင်လွဲသွားတာ တကယ် ကျွန်တော် မသတ်ရပါဘူးဗျာ"
"ကဲပါ ဒါဆိုလဲ ထားလိုက်တော့ ဗိုက်ဆာနေမှာပဲ စား စား ညအတွက်လဲ အားမွေးရဦးမှာဆိုတော့"

ပြုံးစစဖြင့် ပြောလာသည့် အာကာ့စကားကြောင့် ဘာမဆိုင်ညာမဆိုင်ဖြင့် ခန့်ညားမှာပါးတွေပင် နီသွားရလေသည်။
ဘေးက ကောင်ငယ်လေးကတော့ ဘာမှမသိသလိုပုံစံဖြင့် မေးခွန်းပင် ပြန်ထုတ်နေသေးသည်။

"ညကျဘာဖြစ်မှာမို့လိုလဲ ဟင် ဦးငယ်"
"အဲ အဲ့တာက "

ခုမှပြေးပေါက်ပိတ်နေသည့် အာကာအား ခန့်ညားကြိတ်ရယ်လိုက်ပြီး

"ညကျရင် မင်္ဂလာဦးကျဖြစ်မှာ ကကြိုးရဲ့"
"မင်္ဂလာဦးညက ဘာလဲဟင်"

'ဟိုက် ဒီကောင်လေး မသိလို့မေးနေတာလား သိသိရက်နဲ့မေးနေတာလား ဒီကလူပျိုကြီးကို'

အခုမှ နှစ်ယောက်လုံး ရယ်ရမလို ငိုရမလိုဖြစ်နေကြသည်။

"အဲ့တာက ဟိုဟာ ညကျရင် မင်းကို မုန်းမာန်က ချစ်တယ်လို့ပြောမှာ"
"အာ ဟုတ်တယ် အဲ့အတိုင်း"
"တ တကယ်လား ဟင် ကိုမုန်းမာန်က ကျွန်တော့်ကို ချစ်တယ်လို့ပြောမှာ တကယ်လား ဟင်"
"အင်းးးး"

ချစ်တယ်လို့ပြောမှာ ဆိုသည့်စကားတစ်ခွန်းကြောင့် မျက်ဝန်းများ ချက်ချင်းအရောင်လက်လာကာ ပျော်နေပုံပေါ်သည့် ကောင်လေးအားကြည့်ရင်း ခန့်ညား ပို၍ပင် သနားလာရသည်။

'တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ မင်းလဲ တစ်စုံတစ်ယောက်ရဲ့အချစ်ကိုခံရမှာပါ ကောင်လေး မုန်းမာန်ပါလို့ တပ်အပ်မပြောနိုင်ပေမယ့်လည်းပေါ့'
_____________________

*ဒင်းးးး ဒေါင်*

ဧည့်ခန်းအတွင်းရှိ ရှေးဟောင်းနာရီကြီး၏ ၁၂နာရီထိုးပြီဖြစ်ကြောင်း သိစေရန်အလို့ငှာ အချက်ပေးသည့်အသံ။

ထိုအသံကြောင့် ဆိုဖာပေါ်တွင် အိပ်မောကျနေသည့် ကောင်လေးမှာ လန့်နိုးလာခဲ့ပြီး အိမ်ရှေ့ခြံတံခါးပေါက်ကိုသာ ပြတင်းများကြားမှ လှမ်းမျှော်ကြည့်နေလေသည်။

အချိန်တွေသာ တစ်ရွေ့ရွေ့ကုန်ဆုံးသွားပေမယ့် မျှော်နေသူကတော့ ပေါ်မလာသေး။

'သူ ငါ့ကို ချစ်တယ်လို့မပြောချင်လို့များလား'

ကကြိုး သူတွေးလိုက်မိသည့် အတွေးကို ခေါင်းတစ်ချက်ခါရင်းဖြင့် ဖျောက်လိုက်လေသည်။

နောက်ဆုံးတော့ သူ မင်္ဂလာဦးညကို မေ့နေတာ နေမှာပါ ဟု ဖြည့်တွေးလျက် အိမ်ပေါ်သို့ တက်သွားလေတော့သည်။

တစ်ဖက်မှာတော့ အိမ်မပြန်ချင်လို့ club မှာ အမူးသောက်ရင်း အခန်းတစ်ခုထဲ၌ မိန်းကလေးတစ်ယောက်နဲ့ တွဲဖက်ကာ အိပ်စက်နေသော ကောင်လေးတစ်ယောက်။

Tbc...
----------------*-----------------
မျှော်နေတယ်ဆိုလို့ up လိုက်ပြီနော်💜
____________________________
© Kout Tay,
книга «My Heart For You».
အပိုင္း-၂၅
Коментарі