အပိုင္း-၁
အပိုင္း-၂
အပိုင္း-၃
အပိုင္း-၄
အပိုင္း-၅
အပိုင္း-၆
အပိုင္း-၇
အပိုင္း-၈
အပိုင္း-၉
အပိုင္း-၁၀
အပိုင္း-၁၁
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း-၁၈
အပိုင္း-၁၉
အပိုင္း-၂၀
အပိုင္း-၂၁
အပိုင္း-၂၂
အပိုင္း-၂၃
အပိုင္း-၂၄
အပိုင္း-၂၅
အပိုင္း-၂၆
အပိုင္း-၂၇
အပိုင္း-၂၈
အပိုင္း-၂၉
အပိုင္း-၃၀
အပိုင္း-၃၁
အပိုင္း-၃၂
အပိုင္း-၃၃
အပိုင်း_၃၄
အပိုင္း_၃၅
အပိုင္း_၃၆
အပိုင္း_၃၇
အပိုင္း-၃၈
အပိုင္း-၁၁

Unicode...

"သားရေ သား မုန်းမာန် သားလေး မေ့သားလေး"

"မေမေ မေမေ တကယ်မေမေနော် .. ဟင် ဖေဖေ ဖေဖေရောလား "

"သား ဖေ့သားလေး.. ဖေဖေတောင်းပန်ပါတယ်ကွယ်..အားလုံးဖေဖေ့ရဲ့ အပြစ်တွေပါကွယ်.."

"ဟင့်အင်း အဲ့လိုမပြောပါနဲ့ ဖေဖေ.. ဒါတွေအားလုံးက သားရဲ့ ကံကြမ္မာကြောင့်ပါဖေဖေ... ခုဘာမှ စိုးရိမ်မနေနဲ့တော့နော် ... သားဖေဖေ မေမေတို့နဲ့ အတူတူလိုက်ခဲ့တော့မယ်လေနော်.."

"မရဘူးသားလေး... သားကမေမေတို့အတွက် လက်စားချေပေးရဦးမှာလေ... မေမေတို့ကို သတ်ခဲ့တဲ့သူတွေကို.."

"ဟုတ်တယ်သား ပြန်ပီးလက်စားချေပေးပါ... နောက်ပီး အသက်ဆက်ရှင်ပေးပါ..သားမှာ ဘယ်လိုအခက်အခဲတွေပဲကြုံပါစေ သားရဲ့ ဘေးမှာ ဖေဖေတို့ရှိနေတာကိုမမေ့ပါနဲ့.."

"ဒါပေမယ့်..အင့်..ဟင့်..."

"မငိုပါနဲ့ သားရယ်.. မငိုပါနဲ့.."

"မေမေ့ ဖေဖေ့ သားကိုမထားခဲ့ပါ်နဲ့ တရိပ်ရိပ်ပျောက်ကွယ်သွားသော ဖေဖေနဲ့ မေမေ့အားကြည့်ရင်း မုန်းမာန် အသံကုန်အော်ဟစ်နေပေမယ့် ဘာအသံမှထွက်မလာခဲ့..."

"မုန်းမာန် သားလေး မုန်းမာန်" ကြီးမေတစ်ယောက် "ဖေဖေ မေမေ" ဟုအော်ခေါ်ရင်း ယောင်နေသော မုန်းမာန်အား နှိုးလိုက်လေသည်။

"မုန်းမာန် သားလေး သတိရလာပီလား"

"ဟင် ဟုတ် မေမေ‌ေရာ မေမေရော ကြီးမေ.."

"သားမေမေက မရှိတော့ဘူးလေ သားရဲ့ သားအိပ်မက် မက်နေတာလေကွယ်"

"အဟင့်.. ဟင့်.. အီး..ဟီး... သား.. သား မေမေ့ကိုရော ဖေဖေ့ကိုရော လွမ်းတယ်ကြီးမေ.."

"အေးပါကွယ်.. မငိုပါနဲ့တော့သားရယ်.. သား အဖျားတွေကြီးပီး သတိလစ်သွားလို့ ခုပြန်သတိရတဲ့ဟာကို သားက ထပ်ငိုနေရင် ပြန်လဲသွားပါဦးမယ်ကွယ်.. တိတ်တော့သားလေး... သားဖေဖေနဲ့ မေမေကို လွမ်းရင် သားက သူတို့ဖြစ်ချင်သလို သန်မာနေမှရမှာပေါ့သားရဲ့ ဟုတ်ဘူးလား.."

"ဟုတ်တယ် ကြီးမေ သားသန်မာနေမှရမယ်.. ဒါမှ သားလက်စားပြန်ချေနိုင်မှာ.."

"ဟုတ်ပီ ဒါဆိုရင်ထ.. ဆန်ပြုတ်သောက် ပြီးရင် ဆေးသောက်ပြီး နေကောင်းအောင်နေတော့ နော် သားလေး"

"ဟုတ်ကဲ့ ကြီးမေ"

"သား သားကို ကြီးမေပြောစရာရှိတယ်... သားမိဘတွေအတွက် သားလက်စားချေမှာကိုတော့ ကြီးမေ မတားလိုပါဘူးသား...ဒါပေမယ့် သားရဲ့ လက်စားချေခြင်းကနေ အစွန်းရောက်သွားတာမျိုးမဖြစ်စေချင်ဘူး... လက်စားချေတိုင်းမကောင်းဘူးသား.. သူတို့ကိုယ့်အပေါ်မှာလုပ်ခဲ့တာတွေကို တတ်နိုင်သမျှ သားဘက်ကခွင့်လွှတ်စေချင်တယ်... သားဘက်က လုံးဝခွှင့်လွှတ်ပေးဖို့ပြောတာမဟုတ်ဘူးနော်... လက်စားချေသင့်သလောက်ချေပြီးသွားရင်ပြောတာပါ.. ကျန်တာကို ကံကြမ္မာက အဆုံးအဖြတ်ပေးသွားလိမ့်မယ်.. ဝဋ်ဆိုတာ လည်တတ်တယ်သား မကောင်းမှုလုပ်ထားတဲ့သူကို နောင်ဘဝထိစောင့်ဖို့ရာမပြောနဲ့ ဒီဘဝတင်ဝဋ်လည်တတ်တယ်သား... လက်စားချေပြီး ပူလောင်နေတာမျိုးသားကိုမမြင်ချင်ဘူး... သားကို စိတ်ချမ်းသာပြီး သာယာအေးချမ်းတဲ့ ဘဝလေးပိုင်ဆိုင်နေတာမျိုး ကြီးမေမြင်ချင်တယ်သား..."

"ဟုတ်ကဲ့ ကြီးမေ သားအတတ်နိုင်ဆုံးကြိုးစားပါ့မယ်.."

"အေး အေး သားနားလိုက်ဦး ကြီးမေ မီးဖိုခန်းဘက်ခဏသွားလိုက်ဦးမယ်နော်.."

"ဟုတ်"

အခန်းထဲမှထွက်သွားသော ကြီးမေ၏ နောက်ကျောပြင်အား ငေးကြည့်ရင်း "သားကြိုးစားပါ့မယ် ကြီးမေ" ဟု တိုးတိုးလေးရေရွတ်မိသည်။
---------------------

နောက်တစ်နေ့မနက်...

မုန်းမာန်တစ်ယောက် ကျောင်းသွားဖို့ရာအတွက် ပြင်ဆင်နေမိသည်။

ကြီးမေ မီးပူတိုက်ပေးထားသောကြောင့် ကော့ပြန့်နေသော ကျောင်းဝတ် အဖြူအစိမ်းလေးအား ဝတ်ထားရင်း မျက်နှာတစ်မျက်နှာစာပဲပေါ်သော နံရံကပ်မှန်လေးထဲမှ သူ့မျက်နှာအားကြည့်ပီး ပြုံးနေမိသည်။

"အံမယ် တယ်ချောတဲ့ ငါပါလား ဒီလိုမျက်နှာမျိုးရအောင် မွေးပေးတဲ့ ဖေဖေနဲ့ မေမေကို ကျေးဇူးတင်လိုက်တာ... အင်း ငါဒီမျက်နှာကို အရင်းပြုပြီး နွေ့ကို ရည်းစားစကားပြောရမယ်..ဟား ဟား.."

"ဟော ကြီးမေသားက ကျောင်းသွားတော့မလို့လား.."

"ဟုတ်တယ် ကြီးမေ"

"အခုလိုကျပြန်တော့လည်း ငါ့သားက သန့်ပြန့်ပီး ခန့်ချောကြီးပါလား.. အင်းးး ကျောင်းမှာ ကောင်မလေးတွေတော့ ဝိုင်းဝိုင်းလည်နေတော့မှာပဲ.."

ကြီးမေအပြောကြောင့် မုန်းမာန် သူ့လည်ဂုတ်အားပွတ်လိုက်၊ ဆံပင်တွေသပ်တင်လိုက်ရင်းဖြင့်

"ဟာ ကြီးမေကလည်း အဲ့လောက်ကြီးတော့မဟုတ်ပါဘူး.."

"အံမယ် အံမယ် ရှက်ရမ်းတွေရမ်းကုန်ပီ... ဟင်း ဟင်း.. ကြီးမေက စနေတာပါသားရယ်.. လာ ထမင်းစားတော့ တော်ကြာ ကျောင်းနောက်ကျနေလိမ့်မယ်.."

"ဟုတ် ကြီးမေ"

မုန်းမာန် ကြီးမေထွက်သွားရာနောက်သို့ လွယ်အိတ်လေးကောက်လွယ်ရင်း လိုက်ခဲ့လေသည်။

"သား ဒီမှာခဏထိုင်စောင့်ဦးနော်.. ကြီမေ ဟင်းချက်တာမကျက်သေးလို့.. ဒါမှမဟုတ် ရှိတာနဲ့စားသွားမလား.. ကြီးမေ ဒီဘက်ယူလာခဲ့ပေးမယ်လေ.."

မုန်းမာန် အသက်ကြီးပြီဖြစ်သောကြီးမေအား သူ့ကြောင့် ဟိုကူးဒီသန်းရင်း မပင်ပန်းစေလိုတာကြောင့်..

"သားလိုက်ယူမယ်လေ ကြီးမေသာ ချက်စရာရှိတာ ဆက်ချက်ပါ"

"အေး အေး သား"

မုန်းမာန်၊ ကြီးမေနဲ့ ဦးထူးက အိပ်လျှင်လည်း အစေခံတန်းလျားမှာ အိပ်ရပြီး စားလျှင်လည်း အစေခံတန်းလျားမှာသာ စားရသည်။ထမင်းဟင်းချက်လျှင်သာ စံအိမ်ကြီးထဲသို့သွားချက်ရပြီးမိမိတို့စားမှသာ ထမင်းဟင်းတွေယူပြီး အစေခံတန်းလျားမှာ လာစားရသည်။စံအိမ်ကြီးထဲသို႔ ကြီးမေမှ လွဲ၍ ကျန်သူများက အကြောင်းကိစ္စတစ်စုံတစ်ရာမရှိပါက ဝင်ရောက်ခွင့်မပြုပေ။

မုန်းမာန် ကြီးမေခူးခပ်ထည့်ပေးသော ထမင်းပန်းကန်အားယူနေစဥ် အန်တီနန်းဝင်လာပြီး..

"ဪ ဟိုကောင်လေး မင်းဒီနေ့ကျောင်းသွားစရာမလိုတော့ဘူး ငါတို့မင်းကိုကျောင်းထုတ်လိုက်ပြီ နောက်ပြီးဒီနေ့ည မင်း မင်းဦးငယ်နဲ့ အတူတူ သွားစရာရှိတယ် အဲ့ကိုသာ လိမ်လိမ်မာမာနဲ့လိုက်သွား"

"ဗျာ ဟို ကျွန်တော်"

"ငါ့ကို ဘာမှလာပြီးအရစ်ရှည်မနေနဲ့ ငါကလိုက်သွားဆိုလိုက်သွား"

"ဟိုလေ ကျောင်းမတတ်ရတော့ဘူးဆိုတော့ ကျွန်တော် နွေ့ကိုတော့ နှုတ်ဆက်လို့ရတယ်မို့လား"

အန်တီနန်းသည် ခေတ္တမျှတွေးနေပြီးသည့်‌ေနာက်..

"အိုကေ ရတယ်လေ သွားနှုတ်ဆက်လိုက်ပေါ့..."

ဟုပြောပြီးသည့်နောက်သူမ၏မျက်နှာအား တစ်ချက်မဲ့လိုက်ကာ "မဟုတ်လည်း နောက်တွေ့ရတော့မှာမှ မဟုတ်တာ ခွင့်ပြုလိုက်ပါ့မယ်" ဟူသော စကားအားတိုးတိုးလေးပြောကာ ထွက်သွားလေသည်။

အန်တီနန်းပြောသွားသော စကားအား ကြီးမေက ဟင်းချက်နေ၍ မကြားလိုက်ပေမယ့် မုန်းမာန်ကတော့ သေချာကြားလိုက်ရလေသည်။

မုန်းမာန်၏အတွေးထဲ၌ 'အန်တီနန်းက ဘာလို့ဒီလိုပြောသွားရတာပါလိမ့် နောက်ပြီး ဘာလို့ငါ့ကို ရုတ်တရက်ကြီး ကျောင်းထုတ်လိုက်ရတာလဲ... ဘာပဲဖြစ်ဖြစ် ကျောင်းထုတ်ရတဲ့အကြောင်းအရင်းကိုတော့ငါသိချင်တယ် ကြီးမေကို ဒီနေ့မေးခိုင်းဦးမှပါ.. ' ဟုတေွးပြီး ထမင်းစားရန်ထွက်လာခဲ့တော့သည်။

နွေ့ကိုနှုတ်ဆက်ဖို့ရန်ထွက်လာတဲ့လမ်းတစ်လျှောက်က ဒီနေ့မှ တိတ်ဆိတ်နေသယောင်...

နွေတို့အိမ်ရှေ့သို့အရောက် နွေ့နာမည်အား လှမ်းခေါ်ရန်အပြု...

"ကဲကွာ ဖြန်း "ဟူသော အသံကို ကြားလိုက်ရလေရာ မုန်းမာန်ရဲ့ခြေလှမ်းတွေဟာ လျင်မြန်စွာဖြင့် အသံကြားရာသို့ ‌ေရာက်ရှိသွားလေသည်။အိမ်ထဲသို့ဝင်ဝင်ချင်း ကြမ်းပြင်ပေါ်သို့လဲကျနေသော နွေ့ကို မြင်လိုက်ရသောကြောင့် ဆွဲထူရန်ပြင်လိုက်စဥ် ဆက်ပြောလာသောစကားများကြောင့် ခြေလှမ်းတွေဟာ နေရာမှာတင် ခဲဆွဲသလို မလှုပ်မယှက်ရပ်တန့်နေမိလျက်....

"ငါနင့်ကို အဲ့အကောင်နဲ့ မပတ်သတ်ဖို့ရာပြောမထားဘူးလား ဟမ်.. အခုကြည့်စမ်း ငါတို့ကို ပြောဆိုသွားလိုက်တာများရစရာကိုမရှိဘူး... နင်သာ အဲ့ဒီမုန်းမာန်ဆိုတဲ့အကောင် ထိုးခံရတာကိုသာ သွားမပြောရင် ငါတို့လည်း စိုင်းကောင်းမြတ်ထူးရဲ့ မိဘတွေပြောတာဆိုတာမခံရသလို ငါလည်းအလုပ်ပြုတ်မှာမဟုတ်ဘူး.. အခုတော့ နင့်ကြောင့် နင့်မိုက်လုံးကြောင့် ငါတို့တွေအထည်ကြီးပြတ်ဘဝကိုရောက်သွားကတည်းက ဘာမှမယ်မယ်ရရမလုပ်တတ်လို့ ငတ်တစ်လှည့် ပြတ်တစ်လှည့်အချိန်မှာ သူတို့မိသားဟုက ငါ့ကိုဒါရိုင်ဘာခန့်လို့ နင်တို့တွေအခုလို လူတႏ်းစေ့နေနိုင်နေတာ သူတို့ကျေးဇူးတွေရှိနေတာကို နင်သိရက်နဲ့ အခုတော့ အခုတော့ ဘယ်လိုလုပ်ကြမှာလဲ.. အဲ့အကောင်က ဘာတွေများရှိနေလို့ နင်က လိုက်ကာကွယ်ပေးနေရတာလဲ.. သူကိုယ်တိုင်တောင် သူများအိမ်မှာ ခိုကပ်ပြီးကျောင်းတက်နေရတဲ့ဟာ နင့်ကို ဘာတွေများထောက်ပံ့နိုင်လို့လဲ...တောက်ငါကွာ ထပ်လုပ်လိုက်ရ "ဟုဆိုကာ ရိုက်ရင်ပြင်လိုက်စဥ်..

မုန်းမာန်၏ "ဦးလေးရယ် နွေ့ကိုမရိုက်ပါနဲ့ "ဟူသော အသံနှင့်အတူ နွေ့အမေ၏ "ကလေးကို မရိုက်ပါနဲ့တော့ တော်ပါတော့' ဟူသော တားမြစ်သံကိုပါ ကြားလိုက်ရပြီးနောက် အားလုံးရဲ့ မျက်ဝန်းတွေဟာ သူ့ဆီမှာသာရှိလျက်...

"ဟား ဘာလဲဟိတ်ကောင် မင်းကဒီကို ဘာလာလုပ်တာလဲ မင်းကြောင့် ငါတို့မိသားစုသိက္ခာလည်း ကုန်းကောက်စရာမရှိအောင်ကို ဖြစ်နေပီကွ.."ဟုပြောသော နွေ့အဖေစကားအား နားစိုက်ထောင်ရင်း..လဲကျနေသောနွေ့အားဆွဲထူပေးလိုက်ရင်းဖြင့်...

"ဖြစ်ခဲ့သမျှအရာရာတိုင်းအတွက် ကျွန်တော်တောင်းပန်ပါတယ် ဦးလေးနဲ့ အန်တီ... နောက်ပြီး ကျွန်တော်အခုလာတာ နွေ့ကိုနှုတ်ဆက်ဖို့လာတာပါ.."

"ဘာကွ"

"ဟို နွေနဲ့ ခဏလောက်စကားပြောခွင့်ပြုပါခင်ဗျ.. ကျွန်တော်တောင်းဆိုတာပါ..."

"ကောင်းပြီလေ မင်းကလာနှုတ်ဆက်တ‌ာဆိုတော့လည်း ခွင့်ပြုရမှာပေါ့ ပြီးရင်တော့ ငါ့သမီးဘဝထဲကနေ အပြီးအပိုင်ထွက်သွားပေး.. စကားပြောတာ မကြာစေနဲ့.."

"ဟုတ်ကဲ့ပါ ဦးလေး"

ခွင့်တောင်းပြီးနောက် နွေ့လက်ကိုဆွဲကာ ထွက်လာသည့်နေရာက တိတ်ဆိတ်အေးချမ်းပြီး လူသူမရှိသောသစ်ပင်ကြီးဆီသို့...

အပင်အောက်သို့ရောက်ရောက်ခြင်း နွေ့ဆီက အားနှင့်လက်ကိုဆွဲဖြုတ်ခြင်းခံရပြီးနောက် စကားသံထွက်လာလေသည်။

"နင်ပြောတော့ ငါ့ဘေးမှာပဲ တစ်သက်လုံးနေသွားမှာဆို အခုကျဘာလို့ထွက်သွားဖို့ရာတွေပြောနေရတာလဲဟင် မုန်းမာန်.."စို့နစ်ဝမ်းနည်းနေသော နွေ့အသံအားနားတောင်ရင်းဖြင့်..

"ဘာကြောင့်ဆိုတာ ငါလဲမသိဘူးနွေ သူတို့က ငါ့ကို ရုတ်တစ်ရက်ကြီးကျောင်းထုတ်လိုက်ကြတယ်.. ပြီးတော့ ဒီနေ့ညတွင်းချင်း ခရီးတစ်ခုသွားရမယ်လို့ပြောတယ်.. အာ့ကြောင့် ငါကနင့်ကို လာနှုတ်ဆက်တာပါ.."

'ဘာပဲဖြစ်ဖြစ် နောက်တစ်ခါ နင်ငါ့ကို ထားသွားဖို့ရာအကြောင်း ထပ်မပြောနဲ့.. တကယ်လို့ မဖြစ်မနေ ထားသွားခဲ့ရင်တောင် နင် ငါ့ဆီကို ပြန်လာခဲ့.. ငါ နင့်ကို အမြဲစောင့်နေမှာ.."

"အေးပါ နွေရယ်... နောက်ပြီး ငါနင့်ကို မသွားခင် တစ်ခုပြောစရာရှိတယ်.."

"ဘာလဲ ပြောလေ"

"ဟို ဟို ငါ ငါ နင့်ကိုချစ်တယ်.."

"အမ် နင်ဘာပြောတာလဲ"

"ငါနင့်ကိုချစ်တယ်လို့ပြောတာ"

"ဒါပေမယ့် မုန်းမာန် ငါတို့ကငယ်သေးတယ်လေ နောက်ပြီး.."

"ငါသိပါတယ်နွေရယ် ငါကနင်သိအောင်ပြောပြတာပါ နင်ငါ့ကို ချက်ချင်းအဖြေပြန်ပေးစရာလည်းမလိုပါဘူး နောက်တစ်ခါတွေ့မှပေးပေါ့.."

"နောက်တစ်ခါတွေ့မှ"

"အင်းလေ ခုကငါသွားရမှာ စိတ်ထဲတစ်မျိုးကြီးဖြစ်နေလို့ နင့်ကိုကြိုပြောထားတာ.."

"နင်ပြန်မလာတော့ဘူးလို့တော့မပြောနဲ့နော်.. အဟင့် ဟင့်.. ငါ့မှာ အားကိုးစရာဆိုလို့ နင်ပဲရှိတဲ့ဟာကိုနင်ကထားသွားရင် ငါဘယ်လိုလုပ်ရမှာလဲ.. အင့်..ဟီး.." ပြောရင်းမျက်ရည်များကျလာသောနွေ့၏ ကျောပြင်အား ခပ်ဖွဖွပုတ်ပေးရင်း နှစ်သိမ့်ပေးနေမိသည်။

စံအိမ်သို့ပြန်ရောက်ရောက်ချင်း ပန်းမင်အခြေများအားရှင်းလင်းနေသော ကြီးမေဆီသို့ အပြေးသွားလိုက်သည်။

"ကြီးမေရယ် ဘာလို့ဒါတွေလုပ်နေတာလဲ ပင်ပန်းနေလိမ့်မယ်.. ဖယ် ဖယ် သားလုပ်ပေးမယ်.."

ထိုစဥ် ကားအားဖုန်သုတ်နေသော ဦးထူးမှ "ပြောဦးမုန်းမာန်ရေ ဦးလေးပြောတာကို မင်းကြီးမေက တစ်စက်မှနားမထောင်ဘူး.."

ထိုအခါ ကြီးမေက "ကြီးမေက အားနေတုန်းလေး နှုတ်ပေးတာပါ" ဟုဆိုလေရာ..

"ကဲ အာ့ဆိုလဲ ကြီးမေ အန်တီနန်းကိုသွားပြီး သားကို ဘာလို့ကျောင်းထုတ်တာလဲလို့ သွားမေးပေး.. သားဒါတွေ လုပ်ထားလိုက်မယ်.."

"ဟုတ်ကဲ့ပါ ကိုယ်တော်လေးရယ် ကျွန်တော်မျိုးမသွားမေးပေးပါ့မယ်" ဟုပြောကာ ထွက်သွားလေသည်။

အချိန်သည်ကား ကောင်းကင်၌ ဝင့်ကြွားစွာထွက်ပေါ်လျက်ရှိသော နေလုံးကြီးသည်ပင် အနောက်ဘက်ရပ်ဝန်းဆီလို့ ဝင်လုဆဲဖြစ်နေပြီး တိမ်များသည်ပင် လိမ္မော်‌ေရာင်သမ်းစပြုနေပြီ....

မုန်းမာန်လည်း ပန်းပင်အခြေများအားရှင်းလင်းပြီးနောက် ရေမိုးချိုး အဝတ်အစားလဲပြီး ဘယ်နှရက်ကြာမှန်းမသိသော ခရီးသွားရမည်ဖြစ်သောကြောင့် ပလက်စတစ်ခရီးဆောင်အိတ်လေးထဲသို့ အဝတ်အစား သုံးလေးစုံမျှထည့်ပြီး သွားရမည့်အချိန်ကိုစောင့်နေမိသည်။

'အင်းးး ဘာလို့ကျောင်းထုတ်တာလဲလို့ မေးခိုင်းလိုက်တဲ့ ကြီးမေလည်း ပေါ်ကိုမလာတော့ဘူး'

ထိုစဥ်..

အခန်းထဲသို အလန့်တကြား ဒရောသောပါးပြေးဝင်လာသော ကြီးမေ...

"မုန်းမာန် သား ပြေးတော့ သားလေး" မျက်ရည်ဥများရစ်ဝိုင်းလျက်ပြောလာသော ကြီးမေစကားက သူ့အား အထိတ်တလန့်ဖြစ်စေသည်။

"ဘာ ဘာဖြစ်လို့လဲ ကြီးမေ ဟင် သားကိုပြောပါဦး ဘာဖြစ်တာလဲလို့.."

"သူတို့ သူတို့က သားကို ရောင်းစားမလို့ လို့ ပြောတာကို ကြီးမေနားနဲ့ ဆက်ဆက်ကြားခဲ့တယ် သား.. အာ့ကြောင့် ခုအချိန်ရှိတုန်း မြန်မြန်ပြေးတော့သား သူတို့တွေ သားကိုခေါ်သွားလိမ့်မယ်"

"ဟုတ် ဟုတ်ကဲ့ ကြီးမေ"

မုန်းမာန်လည်း အယောင်ယောင် အမှားမှားဖြင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေစဥ်....

"ပြေးတော့သား လွတ်အောင်သာပြေးတော့ "ဟုဆိုကာ အခန်းအပြင်ဘက်သို့ တွန်းလွှတ်လိုက်သောကြီးမေ။

'ဟုတ်တယ် ငါ လွတ်အောင်ပြေးရမယ်' ဟုတွေးကာ ခြံပြင်သို့ထွက်ရန်ပြင်လိုက်စဥ်... အနောက်မှနေ၍ ဂုတ်ကအင်္ကျီစအားဆောင့်ဆွဲလိုက်ခြင်းနှင့်အတူ "မင်းက အဲ့တာဘယ်ပြေးမလို့လဲ ဟမ်.. လာခဲ့စမ်း.." ဟု ဆိုကာ ဦးငယ်၏ ဒရွတ်တိုက်ဆွဲခေါ်မှုနောက်သို့ ပါသွားလေသည်။

"ဝင်စမ်း "ဟုဆိုကာ ကားထဲသို့ အတင်းထိုးထည့်နေသော ဦးငယ်..

"ဟင့်အင်း မလုပ်ပါနဲ့ ဦးငယ်ရယ် ကျွန်တော့်ကို ကျႇန်တော့်ကို သနားပါနော်"

"အပိုတွေမပြောစမ်းနဲ့ ငါကဝင်ဆိုဝင်လိုက်"

"ဟင့်အင်း မလုပ်ပါနဲ့ဦးငယ်"

"ဟာဒီကောင် ပြောလေကဲလေပါလား ကြာတယ် ကဲကွာ"ဟုဆိုကာ လက်ပြန်ရိုက်ချလိုက်ခြင်းနောက် မှောင်မိုက်သွားသော ကျွန်တော့ရဲ့ ကမ္ဘာ...
-------------------------

လေးလံနေသော မျက်ဝန်းများအား အားယူ၍ ဖွင့်လိုက်ရင်း ဘေးဘီဝဲယာသို့ ကြည့်လိုက်လေရာ... ကားရှေ့ခန်းက မောင်းသူနေရာတွင်ထိုင်ကာ ကားမောင်းနေသောဦးငယ်..

'ငါ ငါတတ်နိုင်သလောက် ထွက်ပြေးရမယ်.. 'ဟုဆိုကာ ကြိုစားလှုပ်ကြည့်ပါသော်လည်း လှုပ်လို့မရ... ထိုအခါမှ သူသတိထားမိသည်က လက်နှစ်ဖက်အား နောက်ပြန်ထား၍ တစ်ကိုယ်လုံးကို ရစ်ပတ်ထားသော ကြိုးများ.. တစ်ချက်တစ်ချက်လှုပ်မိသည့်အခါတိုင်း အသားများအား ပွန်းတိုက်သွားမှုကြောင့် နာကျင်လှသည်။

"ဦး ဦးငယ် "မုန်းမာန်၏ တိုးဖွဖွခေါ်သံအဆုံး မျက်မှောင်ကျုံ့လျက် လှည့်ကြည့်လာသော ဦးငယ်..

"ဟို သားကိုလေ ကြိုးလေ ဖြည်ပေးပါ့လားဟင်.. သား အရမ်းနာလို့ပါ.. သားထွက်မပြေးပါဘူး ဦးငယ်ရယ် သားကို ယုံပါနော် "ဟုပြောလာသော မုန်းမာန်၏စကားအား ဦးငယ်သည် ခေတ္တခဏစဥ်းစားပြီးသည့်နောက်..

"ကောင်းပြီလေ ငါဖြည်ပေးမယ်"ဆိုသော စကားကြောင့် မုန်းမာန်ပျော်သွားမိလေသည်။

"ဒါပေမယ့် ငါမင်းလက်တွေကိုတော့ ကြိုးတုပ်ထားရလိမ့်မယ်"

"ဟုတ်ကဲ့ပါ ဦးငယ်"

ထို့နောက် ဦးငယ်သည် ကားနောက်ခန်းသို့ ဆင်းလာကာ ကြိုးဖြည်ပေးလေသည်။

"ဦးငယ် ကျွန်တော် ဗိုက်ဆာတယ်"

"ကောင်းပြီလေ ဟို‌ေရှ့နားကဆိုင်မှာ ငါဆင်းဝယ်ပေးမယ်.."ဟု ဆိုကာ ပြန်လှည့်သွားလေသည်။

ခဏအကြာ ဦးငယ် ဆိုင်ထဲသို့ဝင်သွားသည်နှင့် တစ်ပြိုင်နက် မုန်းမာန် ကားပေါ်မှဆင်းကာ ထိုနေရာမှဝေးရာသို့ အမြန်ပြေးမိသည်။သို့ပေမယ့် မှောင်ရိပ်ကျနေသည်ကတစ်ကြောင်း ခန္ဓာကိုယ်၏ နာကျင်မှုကြောငင့်တစ်ကြောင်း လိုရာခရီးကို မရောက်နိုင်။ထိုစဥ် ဆိုင်ထဲမှထွက်လာသော ဦးငယ်မှ သူ့အားမြင်သွားလေရာ..

"ဟာ ဟိတ်ကောင် မင်း.."ဒေါသတကြီးလိုက်လာသော ဦးငယ်ဟာ တစ်ဖြည်းဖြည်းနှင့် သူနဲ့နီးကပ်လာသည်နှင့်အမျှ ထိတ်လန့်မှုတွေက ပို၍ ကြီးစိုးလာသည်။

ပို၍နီးကပ်လာသော ဦးငယ်၏ခြေသံနှင့်အတူ မျက်စိရှေ့တွင် မြင်နေရသော တုတ်အား ကြိဳးတုတ်ထားေသာလက်ဖြင်႕ ေကာက်ယူပီး ရိုက်ချလိုက်လေရာ..

"အ"ဟူသော အသံနှင့်အတူ လဲကျသွားသော ဦးငယ်...

ဦးငယ်လဲကျသွားသည်နှင့် မုန်းမာန်တစ်ယောက် ကြောက်အားလန့်အားဖြင့် ခြေဦးတည့်ရာသို့ ပြေးခဲ့လေတော့သည်။

တစ်နေရာအရောက် မမြင်မစမ်း ပြေးလာသောအရှိန်ဖြင့် တစ်စုံတစ်ခုအား ဝင်တိုက်လိုက်ပြီးနောက် ကျောက်တုံးနဲ့ နဖူး ရိုက်ခတ်မှုကြောင့် နာကျင်သွားသော ခေါင်းနှင့်အတူ မှိတ်ကျသွားသော မျက်ဝန်းတစ်စုံ...

"ကျွန်တော် မင်ပန်းနေပြီ မေမေ... ကျွန်တော်လိုက်လာခဲ့တော့မယ်နော်"

Tbc..

-------------*-----------------

Zawgyi...

"သားေရ သား မုန္းမာန္ သားေလး ေမ့သားေလး"

"ေမေမ ေမေမ တကယ္ေမေမေနာ္ .. ဟင္ ေဖေဖ ေဖေဖေရာလား "

"သား ေဖ့သားေလး.. ေဖေဖေတာင္းပန္ပါတယ္ကြယ္..အားလံုးေဖေဖ့ရဲ့ အျပစ္ေတြပါကြယ္.."

"ဟင့္အင္း အဲ့လိုမေျပာပါနဲ႔ ေဖေဖ.. ဒါေတြအားလံုးက သားရဲ့ ကံၾကမၼာေၾကာင့္ပါေဖေဖ... ခုဘာမွ စိုးရိမ္မေနနဲ႔ေတာ့ေနာ္ ... သားေဖေဖ ေမေမတို႔နဲ႔ အတူတူလိုက္ခဲ့ေတာ့မယ္ေလေနာ္.."

"မရဘူးသားေလး... သားကေမေမတို႔အတြက္ လက္စားေခ်ေပးရၪီးမွာေလ... ေမေမတို႔ကို သတ္ခဲ့တဲ့သူေတြကို.."

"ဟုတ္တယ္သား ျပန္ပီးလက္စားေခ်ေပးပါ... ေနာက္ပီး အသက္ဆက္ရွင္ေပးပါ..သားမွာ ဘယ္လိုအခက္အခဲေတြပဲႀကံဳပါေစ သားရဲ့ ေဘးမွာ ေဖေဖတို႔ရိွေနတာကိုမေမ့ပါနဲ႔.."

"ဒါေပမယ့္..အင့္..ဟင့္..."

"မငိုပါနဲ႔ သားရယ္.. မငိုပါနဲ႔.."

"ေမေမ့ ေဖေဖ့ သားကိုမထားခဲ့ပၚနဲ႔ တရိပ္ရိပ္ေပ်ာက္ကြယ္သြားေသာ ေဖေဖနဲ႔ ေမေမ့အားၾကၫ့္ရင္း မုန္းမာန္ အသံကုန္ေအာ္ဟစ္ေနေပမယ့္ ဘာအသံမွထြက္မလာခဲ့..."

"မုန္းမာန္ သားေလး မုန္းမာန္" ႀကီးေမတစ္ေယာက္ "ေဖေဖ ေမေမ" ဟုေအာ္ေခၚရင္း ေယာင္ေနေသာ မုန္းမာန္အား ႏိႈးလိုက္ေလသည္။

"မုန္းမာန္ သားေလး သတိရလာပီလား"

"ဟင္ ဟုတ္ ေမေမ‌ေရာ ေမေမေရာ ႀကီးေမ.."

"သားေမေမက မရိွေတာ့ဘူးေလ သားရဲ့ သားအိပ္မက္ မက္ေနတာေလကြယ္"

"အဟင့္.. ဟင့္.. အီး..ဟီး... သား.. သား ေမေမ့ကိုေရာ ေဖေဖ့ကိုေရာ လြမ္းတယ္ႀကီးေမ.."

"ေအးပါကြယ္.. မငိုပါနဲ႔ေတာ့သားရယ္.. သား အဖ်ားေတြႀကီးပီး သတိလစ္သြားလို႔ ခုျပန္သတိရတဲ့ဟာကို သားက ထပ္ငိုေနရင္ ျပန္လဲသြားပါၪီးမယ္ကြယ္.. တိတ္ေတာ့သားေလး... သားေဖေဖနဲ႔ ေမေမကို လြမ္းရင္ သားက သူတို႔ျဖစ္ခ်င္သလို သန္မာေနမွရမွာေပါ့သားရဲ့ ဟုတ္ဘူးလား.."

"ဟုတ္တယ္ ႀကီးေမ သားသန္မာေနမွရမယ္.. ဒါမွ သားလက္စားျပန္ေခ်ႏိုင္မွာ.."

"ဟုတ္ပီ ဒါဆိုရင္ထ.. ဆန္ျပဳတ္ေသာက္ ၿပီးရင္ ေဆးေသာက္ၿပီး ေနေကာင္းေအာင္ေနေတာ့ ေနာ္ သားေလး"

"ဟုတ္ကဲ့ ႀကီးေမ"

"သား သားကို ႀကီးေမေျပာစရာရိွတယ္... သားမိဘေတြအတြက္ သားလက္စားေခ်မွာကိုေတာ့ ႀကီးေမ မတားလိုပါဘူးသား...ဒါေပမယ့္ သားရဲ့ လက္စားေခ်ျခင္းကေန အစြန္းေရာက္သြားတာမ်ိဳးမျဖစ္ေစခ်င္ဘူး... လက္စားေခ်တိုင္းမေကာင္းဘူးသား.. သူတို႔ကိုယ့္အေပၚမွာလုပ္ခဲ့တာေတြကို တတ္ႏိုင္သမ်ွ သားဘက္ကခြင့္လႊတ္ေစခ်င္တယ္... သားဘက္က လံုးဝခႊင့္လႊတ္ေပးဖို႔ေျပာတာမဟုတ္ဘူးေနာ္... လက္စားေခ်သင့္သေလာက္ေခ်ၿပီးသြားရင္ေျပာတာပါ.. က်န္တာကို ကံၾကမၼာက အဆံုးအျဖတ္ေပးသြားလိမ့္မယ္.. ဝဋ္ဆိုတာ လည္တတ္တယ္သား မေကာင္းမႈလုပ္ထားတဲ့သူကို ေနာင္ဘဝထိေစာင့္ဖို႔ရာမေျပာနဲ႔ ဒီဘဝတင္ဝဋ္လည္တတ္တယ္သား... လက္စားေခ်ၿပီး ပူေလာင္ေနတာမ်ိဳးသားကိုမျမင္ခ်င္ဘူး... သားကို စိတ္ခ်မ္းသာၿပီး သာယာေအးခ်မ္းတဲ့ ဘဝေလးပိုင္ဆိုင္ေနတာမ်ိဳး ႀကီးေမျမင္ခ်င္တယ္သား..."

"ဟုတ္ကဲ့ ႀကီးေမ သားအတတ္ႏိုင္ဆံုးႀကိဳးစားပါ့မယ္.."

"ေအး ေအး သားနားလိုက္ၪီး ႀကီးေမ မီးဖိုခန္းဘက္ခဏသြားလိုက္ၪီးမယ္ေနာ္.."

"ဟုတ္"

အခန္းထဲမွထြက္သြားေသာ ႀကီးေမ၏ ေနာက္ေက်ာျပင္အား ေငးၾကၫ့္ရင္း "သားႀကိဳးစားပါ့မယ္ ႀကီးေမ" ဟု တိုးတိုးေလးေရရြတ္မိသည္။
---------------------

ေနာက္တစ္ေန့မနက္...

မုန္းမာန္တစ္ေယာက္ ေက်ာင္းသြားဖို႔ရာအတြက္ ျပင္ဆင္ေနမိသည္။

ႀကီးေမ မီးပူတိုက္ေပးထားေသာေၾကာင့္ ေကာ့ျပန႔္ေနေသာ ေက်ာင္းဝတ္ အျဖဴအစိမ္းေလးအား ဝတ္ထားရင္း မ်က္ႏွာတစ္မ်က္ႏွာစာပဲေပၚေသာ နံရံကပ္မွန္ေလးထဲမွ သူ႔မ်က္ႏွာအားၾကၫ့္ပီး ၿပံဳးေနမိသည္။

"အံမယ္ တယ္ေခ်ာတဲ့ ငါပါလား ဒီလိုမ်က္ႏွာမ်ိဳးရေအာင္ ေမြးေပးတဲ့ ေဖေဖနဲ႔ ေမေမကို ေက်းဇူးတင္လိုက္တာ... အင္း ငါဒီမ်က္ႏွာကို အရင္းျပဳျပီး ေနြ့ကို ရည္းစားစကားေျပာရမယ္..ဟား ဟား.."

"ေဟာ ႀကီးေမသားက ေက်ာင္းသြားေတာ့မလို႔လား.."

"ဟုတ္တယ္ ႀကီးေမ"

"အခုလိုက်ျပန္ေတာ့လည္း ငါ့သားက သန႔္ျပန႔္ပီး ခန႔္ေခ်ာႀကီးပါလား.. အင္းးး ေက်ာင္းမွာ ေကာင္မေလးေတြေတာ့ ဝိုင္းဝိုင္းလည္ေနေတာ့မွာပဲ.."

ႀကီးေမအေျပာေၾကာင့္ မုန္းမာန္ သူ႔လည္ဂုတ္အားပြတ္လိုက္၊ ဆံပင္ေတြသပ္တင္လိုက္ရင္းျဖင့္

"ဟာ ႀကီးေမကလည္း အဲ့ေလာက္ႀကီးေတာ့မဟုတ္ပါဘူး.."

"အံမယ္ အံမယ္ ရွက္ရမ္းေတြရမ္းကုန္ပီ... ဟင္း ဟင္း.. ႀကီးေမက စေနတာပါသားရယ္.. လာ ထမင္းစားေတာ့ ေတာ္ၾကာ ေက်ာင္းေနာက္က်ေနလိမ့္မယ္.."

"ဟုတ္ ႀကီးေမ"

မုန္းမာန္ ႀကီးေမထြက္သြားရာေနာက္သို႔ လြယ္အိတ္ေလးေကာက္လြယ္ရင္း လိုက္ခဲ့ေလသည္။

"သား ဒီမွာခဏထိုင္ေစာင့္ၪီးေနာ္.. ႀကီေမ ဟင္းခ်က္တာမက်က္ေသးလို႔.. ဒါမွမဟုတ္ ရိွတာနဲ႔စားသြားမလား.. ႀကီးေမ ဒီဘက္ယူလာခဲ့ေပးမယ္ေလ.."

မုန္းမာန္ အသက္ႀကီးၿပီျဖစ္ေသာႀကီးေမအား သူ႔ေၾကာင့္ ဟိုကူးဒီသန္းရင္း မပင္ပန္းေစလိုတာေၾကာင့္..

"သားလိုက္ယူမယ္ေလ ႀကီးေမသာ ခ်က္စရာရိွတာ ဆက္ခ်က္ပါ"

"ေအး ေအး သား"

မုန္းမာန္၊ ႀကီးေမနဲ႔ ၪီးထူးက အိပ္လ်ွင္လည္း အေစခံတန္းလ်ားမွာ အိပ္ရၿပီး စားလ်ွင္လည္း အေစခံတန္းလ်ားမွာသာ စားရသည္။ထမင္းဟင္းခ်က္လ်ွင္သာ စံအိမ္ႀကီးထဲသို႔သြားခ်က္ရၿပီးမိမိတို႔စားမွသာ ထမင္းဟင္းေတြယူၿပီး အေစခံတန္းလ်ားမွာ လာစားရသည္။စံအိမ္ႀကီးထဲသို႔ ႀကီးေမမွ လြဲ၍ က်န္သူမ်ားက အေၾကာင္းကိစၥတစ္စံုတစ္ရာမရိွပါက ဝင္ေရာက္ခြင့္မျပဳေပ။

မုန္းမာန္ ႀကီးေမခူးခပ္ထၫ့္ေပးေသာ ထမင္းပန္းကန္အားယူေနစဥ္ အန္တီနန္းဝင္လာၿပီး..

"ဪ ဟိုေကာင္ေလး မင္းဒီေန့ေက်ာင္းသြားစရာမလိုေတာ့ဘူး ငါတို႔မင္းကိုေက်ာင္းထုတ္လိုက္ၿပီ ေနာက္ၿပီးဒီေန့ည မင္း မင္းၪီးငယ္နဲ႔ အတူတူ သြားစရာရိွတယ္ အဲ့ကိုသာ လိမ္လိမ္မာမာနဲ႔လိုက္သြား"

"ဗ်ာ ဟို ကြၽန္ေတာ္"

"ငါ့ကို ဘာမွလာၿပီးအရစ္ရွည္မေနနဲ႔ ငါကလိုက္သြားဆိုလိုက္သြား"

"ဟိုေလ ေက်ာင္းမတတ္ရေတာ့ဘူးဆိုေတာ့ ကြၽန္ေတာ္ ေနြ့ကိုေတာ့ ႏႈတ္ဆက္လို႔ရတယ္မို႔လား"

အန္တီနန္းသည္ ေခတၲမ်ွေတြးေနၿပီးသၫ့္‌ေနာက္..

"အိုေက ရတယ္ေလ သြားႏႈတ္ဆက္လိုက္ေပါ့..."

ဟုေျပာၿပီးသၫ့္ေနာက္သူမ၏မ်က္ႏွာအား တစ္ခ်က္မဲ့လိုက္ကာ "မဟုတ္လည္း ေနာက္ေတြ့ရေတာ့မွာမွ မဟုတ္တာ ခြင့္ျပဳလိုက္ပါ့မယ္" ဟူေသာ စကားအားတိုးတိုးေလးေျပာကာ ထြက္သြားေလသည္။

အန္တီနန္းေျပာသြားေသာ စကားအား ႀကီးေမက ဟင္းခ်က္ေန၍ မၾကားလိုက္ေပမယ့္ မုန္းမာန္ကေတာ့ ေသခ်ာၾကားလိုက္ရေလသည္။

မုန္းမာန္၏အေတြးထဲ၌ 'အန္တီနန္းက ဘာလို႔ဒီလိုေျပာသြားရတာပါလိမ့္ ေနာက္ၿပီး ဘာလို႔ငါ့ကို ရုတ္တရက္ႀကီး ေက်ာင္းထုတ္လိုက္ရတာလဲ... ဘာပဲျဖစ္ျဖစ္ ေက်ာင္းထုတ္ရတဲ့အေၾကာင္းအရင္းကိုေတာ့ငါသိခ်င္တယ္ ႀကီးေမကို ဒီေန့ေမးခိုင္းၪီးမွပါ.. ' ဟုေတြးၿပီး ထမင္းစားရန္ထြက္လာခဲ့ေတာ့သည္။

ေနြ့ကိုႏႈတ္ဆက္ဖို႔ရန္ထြက္လာတဲ့လမ္းတစ္ေလ်ွာက္က ဒီေန့မွ တိတ္ဆိတ္ေနသေယာင္...

ေနြတို႔အိမ္ေရ႔ွသို႔အေရာက္ ေနြ့နာမည္အား လွမ္းေခၚရန္အျပဳ...

"ကဲကြာ ျဖန္း "ဟူေသာ အသံကို ၾကားလိုက္ရေလရာ မုန္းမာန္ရဲ့ေျခလွမ္းေတြဟာ လ်င္ျမန္စြာျဖင့္ အသံၾကားရာသို႔ ‌ေရာက္ရိွသြားေလသည္။အိမ္ထဲသို႔ဝင္ဝင္ခ်င္း ၾကမ္းျပင္ေပၚသို႔လဲက်ေနေသာ ေနြ့ကို ျမင္လိုက္ရေသာေၾကာင့္ ဆြဲထူရန္ျပင္လိုက္စဥ္ ဆက္ေျပာလာေသာစကားမ်ားေၾကာင့္ ေျခလွမ္းေတြဟာ ေနရာမွာတင္ ခဲဆြဲသလို မလႈပ္မယွက္ရပ္တန႔္ေနမိလ်က္....

"ငါနင့္ကို အဲ့အေကာင္နဲ႔ မပတ္သတ္ဖို႔ရာေျပာမထားဘူးလား ဟမ္.. အခုၾကၫ့္စမ္း ငါတို႔ကို ေျပာဆိုသြားလိုက္တာမ်ားရစရာကိုမရိွဘူး... နင္သာ အဲ့ဒီမုန္းမာန္ဆိုတဲ့အေကာင္ ထိုးခံရတာကိုသာ သြားမေျပာရင္ ငါတို႔လည္း စိုင္းေကာင္းျမတ္ထူးရဲ့ မိဘေတြေျပာတာဆိုတာမခံရသလို ငါလည္းအလုပ္ျပဳတ္မွာမဟုတ္ဘူး.. အခုေတာ့ နင့္ေၾကာင့္ နင့္မိုက္လံုးေၾကာင့္ ငါတို႔ေတြအထည္ႀကီးျပတ္ဘဝကိုေရာက္သြားကတည္းက ဘာမွမယ္မယ္ရရမလုပ္တတ္လို႔ ငတ္တစ္လွၫ့္ ျပတ္တစ္လွၫ့္အခ်ိန္မွာ သူတို႔မိသားဟုက ငါ့ကိုဒါရိုင္ဘာခန႔္လို႔ နင္တို႔ေတြအခုလို လူတန္းေစ့ေနႏိုင္ေနတာ သူတို႔ေက်းဇူးေတြရိွေနတာကို နင္သိရက္နဲ႔ အခုေတာ့ အခုေတာ့ ဘယ္လိုလုပ္ၾကမွာလဲ.. အဲ့အေကာင္က ဘာေတြမ်ားရိွေနလို႔ နင္က လိုက္ကာကြယ္ေပးေနရတာလဲ.. သူကိုယ္တိုင္ေတာင္ သူမ်ားအိမ္မွာ ခိုကပ္ၿပီးေက်ာင္းတက္ေနရတဲ့ဟာ နင့္ကို ဘာေတြမ်ားေထာက္ပံ့ႏိုင္လို႔လဲ...ေတာက္ငါကြာ ထပ္လုပ္လိုက္ရ "ဟုဆိုကာ ရိုက္ရင္ျပင္လိုက္စဥ္..

မုန္းမာန္၏ "ၪီးေလးရယ္ ေနြ့ကိုမရိုက္ပါနဲ႔ "ဟူေသာ အသံႏွင့္အတူ ေနြ့အေမ၏ "ကေလးကို မရိုက္ပါနဲ႔ေတာ့ ေတာ္ပါေတာ့' ဟူေသာ တားျမစ္သံကိုပါ ၾကားလိုက္ရၿပီးေနာက္ အားလံုးရဲ့ မ်က္ဝန္းေတြဟာ သူ႔ဆီမွာသာရိွလ်က္...

"ဟား ဘာလဲဟိတ္ေကာင္ မင္းကဒီကို ဘာလာလုပ္တာလဲ မင္းေၾကာင့္ ငါတို႔မိသားစုသိကၡာလည္း ကုန္းေကာက္စရာမရိွေအာင္ကို ျဖစ္ေနပီကြ.."ဟုေျပာေသာ ေနြ့အေဖစကားအား နားစိုက္ေထာင္ရင္း..လဲက်ေနေသာေနြ့အားဆြဲထူေပးလိုက္ရင္းျဖင့္...

"ျဖစ္ခဲ့သမ်ွအရာရာတိုင္းအတြက္ ကြၽန္ေတာ္ေတာင္းပန္ပါတယ္ ၪီးေလးနဲ႔ အန္တီ... ေနာက္ၿပီး ကြၽန္ေတာ္အခုလာတာ ေနြ့ကိုႏႈတ္ဆက္ဖို႔လာတာပါ.."

"ဘာကြ"

"ဟို ေနြနဲ႔ ခဏေလာက္စကားေျပာခြင့္ျပဳပါခင္ဗ်.. ကြၽန္ေတာ္ေတာင္းဆိုတာပါ..."

"ေကာင္းၿပီေလ မင္းကလာႏႈတ္ဆက္တ‌ာဆိုေတာ့လည္း ခြင့္ျပဳရမွာေပါ့ ၿပီးရင္ေတာ့ ငါ့သမီးဘဝထဲကေန အၿပီးအပိုင္ထြက္သြားေပး.. စကားေျပာတာ မၾကာေစနဲ႔.."

"ဟုတ္ကဲ့ပါ ၪီးေလး"

ခြင့္ေတာင္းၿပီးေနာက္ ေနြ့လက္ကိုဆြဲကာ ထြက္လာသၫ့္ေနရာက တိတ္ဆိတ္ေအးခ်မ္းၿပီး လူသူမရိွေသာသစ္ပင္ႀကီးဆီသို႔...

အပင္ေအာက္သို႔ေရာက္ေရာက္ျခင္း ေနြ့ဆီက အားႏွင့္လက္ကိုဆြဲျဖဳတ္ျခင္းခံရၿပီးေနာက္ စကားသံထြက္လာေလသည္။

"နင္ေျပာေတာ့ ငါ့ေဘးမွာပဲ တစ္သက္လံုးေနသြားမွာဆို အခုက်ဘာလို႔ထြက္သြားဖို႔ရာေတြေျပာေနရတာလဲဟင္ မုန္းမာန္.."စို႔နစ္ဝမ္းနည္းေနေသာ ေနြ့အသံအားနားေတာင္ရင္းျဖင့္..

"ဘာေၾကာင့္ဆိုတာ ငါလဲမသိဘူးေနြ သူတို႔က ငါ့ကို ရုတ္တစ္ရက္ႀကီးေက်ာင္းထုတ္လိုက္ၾကတယ္.. ၿပီးေတာ့ ဒီေန့ညတြင္းခ်င္း ခရီးတစ္ခုသြားရမယ္လို႔ေျပာတယ္.. အာ့ေၾကာင့္ ငါကနင့္ကို လာႏႈတ္ဆက္တာပါ.."

'ဘာပဲျဖစ္ျဖစ္ ေနာက္တစ္ခါ နင္ငါ့ကို ထားသြားဖို႔ရာအေၾကာင္း ထပ္မေျပာနဲ႔.. တကယ္လို႔ မျဖစ္မေန ထားသြားခဲ့ရင္ေတာင္ နင္ ငါ့ဆီကို ျပန္လာခဲ့.. ငါ နင့္ကို အၿမဲေစာင့္ေနမွာ.."

"ေအးပါ ေနြရယ္... ေနာက္ၿပီး ငါနင့္ကို မသြားခင္ တစ္ခုေျပာစရာရိွတယ္.."

"ဘာလဲ ေျပာေလ"

"ဟို ဟို ငါ ငါ နင့္ကိုခ်စ္တယ္.."

"အမ္ နင္ဘာေျပာတာလဲ"

"ငါနင့္ကိုခ်စ္တယ္လို႔ေျပာတာ"

"ဒါေပမယ့္ မုန္းမာန္ ငါတို႔ကငယ္ေသးတယ္ေလ ေနာက္ၿပီး.."

"ငါသိပါတယ္ေနြရယ္ ငါကနင္သိေအာင္ေျပာျပတာပါ နင္ငါ့ကို ခ်က္ခ်င္းအေျဖျပန္ေပးစရာလည္းမလိုပါဘူး ေနာက္တစ္ခါေတြ့မွေပးေပါ့.."

"ေနာက္တစ္ခါေတြ့မွ"

"အင္းေလ ခုကငါသြားရမွာ စိတ္ထဲတစ္မ်ိဳးႀကီးျဖစ္ေနလို႔ နင့္ကိုႀကိဳေျပာထားတာ.."

"နင္ျပန္မလာေတာ့ဘူးလို႔ေတာ့မေျပာနဲ႔ေနာ္.. အဟင့္ ဟင့္.. ငါ့မွာ အားကိုးစရာဆိုလို႔ နင္ပဲရိွတဲ့ဟာကိုနင္ကထားသြားရင္ ငါဘယ္လိုလုပ္ရမွာလဲ.. အင့္..ဟီး.." ေျပာရင္းမ်က္ရည္မ်ားက်လာေသာေနြ့၏ ေက်ာျပင္အား ခပ္ဖြဖြပုတ္ေပးရင္း ႏွစ္သိမ့္ေပးေနမိသည္။

စံအိမ္သို႔ျပန္ေရာက္ေရာက္ခ်င္း ပန္းမင္အေျခမ်ားအားရွင္းလင္းေနေသာ ႀကီးေမဆီသို႔ အေျပးသြားလိုက္သည္။

"ႀကီးေမရယ္ ဘာလို႔ဒါေတြလုပ္ေနတာလဲ ပင္ပန္းေနလိမ့္မယ္.. ဖယ္ ဖယ္ သားလုပ္ေပးမယ္.."

ထိုစဥ္ ကားအားဖုန္သုတ္ေနေသာ ၪီးထူးမွ "ေျပာၪီးမုန္းမာန္ေရ ၪီးေလးေျပာတာကို မင္းႀကီးေမက တစ္စက္မွနားမေထာင္ဘူး.."

ထိုအခါ ႀကီးေမက "ႀကီးေမက အားေနတုန္းေလး ႏႈတ္ေပးတာပါ" ဟုဆိုေလရာ..

"ကဲ အာ့ဆိုလဲ ႀကီးေမ အန္တီနန္းကိုသြားၿပီး သားကို ဘာလို႔ေက်ာင္းထုတ္တာလဲလို႔ သြားေမးေပး.. သားဒါေတြ လုပ္ထားလိုက္မယ္.."

"ဟုတ္ကဲ့ပါ ကိုယ္ေတာ္ေလးရယ္ ကြၽန္ေတာ္မ်ိဳးမသြားေမးေပးပါ့မယ္" ဟုေျပာကာ ထြက္သြားေလသည္။

အခ်ိန္သည္ကား ေကာင္းကင္၌ ဝင့္ႂကြားစြာထြက္ေပၚလ်က္ရိွေသာ ေနလံုးႀကီးသည္ပင္ အေနာက္ဘက္ရပ္ဝန္းဆီလို႔ ဝင္လုဆဲျဖစ္ေနၿပီး တိမ္မ်ားသည္ပင္ လိမၼော္‌ေရာင္သမ္းစျပဳေနၿပီ....

မုန္းမာန္လည္း ပန္းပင္အေျခမ်ားအားရွင္းလင္းၿပီးေနာက္ ေရမိုးခ်ိဳး အဝတ္အစားလဲၿပီး ဘယ္ႏွရက္ၾကာမွန္းမသိေသာ ခရီးသြားရမည္ျဖစ္ေသာေၾကာင့္ ပလက္စတစ္ခရီးေဆာင္အိတ္ေလးထဲသို႔ အဝတ္အစား သံုးေလးစံုမ်ွထၫ့္ၿပီး သြားရမၫ့္အခ်ိန္ကိုေစာင့္ေနမိသည္။

'အင္းးး ဘာလို႔ေက်ာင္းထုတ္တာလဲလို႔ ေမးခိုင္းလိုက္တဲ့ ႀကီးေမလည္း ေပၚကိုမလာေတာ့ဘူး'

ထိုစဥ္..

အခန္းထဲသို အလန႔္တၾကား ဒေရာေသာပါးေျပးဝင္လာေသာ ႀကီးေမ...

"မုန္းမာန္ သား ေျပးေတာ့ သားေလး" မ်က္ရည္ဥမ်ားရစ္ဝိုင္းလ်က္ေျပာလာေသာ ႀကီးေမစကားက သူ႔အား အထိတ္တလန႔္ျဖစ္ေစသည္။

"ဘာ ဘာျဖစ္လို႔လဲ ႀကီးေမ ဟင္ သားကိုေျပာပါၪီး ဘာျဖစ္တာလဲလို႔.."

"သူတို႔ သူတို႔က သားကို ေရာင္းစားမလို႔ လို႔ ေျပာတာကို ႀကီးေမနားနဲ႔ ဆက္ဆက္ၾကားခဲ့တယ္ သား.. အာ့ေၾကာင့္ ခုအခ်ိန္ရိွတုန္း ျမန္ျမန္ေျပးေတာ့သား သူတို႔ေတြ သားကိုေခၚသြားလိမ့္မယ္"

"ဟုတ္ ဟုတ္ကဲ့ ႀကီးေမ"

မုန္းမာန္လည္း အေယာင္ေယာင္ အမွားမွားျဖင့္ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိျဖစ္ေနစဥ္....

"ေျပးေတာ့သား လြတ္ေအာင္သာေျပးေတာ့ "ဟုဆိုကာ အခန္းအျပင္ဘက္သို႔ တြန္းလႊတ္လိုက္ေသာႀကီးေမ။

'ဟုတ္တယ္ ငါ လြတ္ေအာင္ေျပးရမယ္' ဟုေတြးကာ ၿခံျပင္သို႔ထြက္ရန္ျပင္လိုက္စဥ္... အေနာက္မွေန၍ ဂုတ္ကအက်ႌစအားေဆာင့္ဆြဲလိုက္ျခင္းႏွင့္အတူ "မင္းက အဲ့တာဘယ္ေျပးမလို႔လဲ ဟမ္.. လာခဲ့စမ္း.." ဟု ဆိုကာ ၪီးငယ္၏ ဒရြတ္တိုက္ဆြဲေခၚမႈေနာက္သို႔ ပါသြားေလသည္။

"ဝင္စမ္း "ဟုဆိုကာ ကားထဲသို႔ အတင္းထိုးထၫ့္ေနေသာ ၪီးငယ္..

"ဟင့္အင္း မလုပ္ပါနဲ႔ ၪီးငယ္ရယ္ ကြၽန္ေတာ့္ကို ကြၽန္ေတာ့္ကို သနားပါေနာ္"

"အပိုေတြမေျပာစမ္းနဲ႔ ငါကဝင္ဆိုဝင္လိုက္"

"ဟင့္အင္း မလုပ္ပါနဲ႔ၪီးငယ္"

"ဟာဒီေကာင္ ေျပာေလကဲေလပါလား ၾကာတယ္ ကဲကြာ"ဟုဆိုကာ လက္ျပန္ရိုက္ခ်လိုက္ျခင္းေနာက္ ေမွာင္မိုက္သြားေသာ ကြၽန္ေတာ့ရဲ့ ကမ႓ာ...
-------------------------

ေလးလံေနေသာ မ်က္ဝန္းမ်ားအား အားယူ၍ ဖြင့္လိုက္ရင္း ေဘးဘီဝဲယာသို႔ ၾကၫ့္လိုက္ေလရာ... ကားေရ႔ွခန္းက ေမာင္းသူေနရာတြင္ထိုင္ကာ ကားေမာင္းေနေသာၪီးငယ္..

'ငါ ငါတတ္ႏိုင္သေလာက္ ထြက္ေျပးရမယ္.. 'ဟုဆိုကာ ႀကိဳစားလႈပ္ၾကၫ့္ပါေသာ္လည္း လႈပ္လို႔မရ... ထိုအခါမွ သူသတိထားမိသည္က လက္ႏွစ္ဖက္အား ေနာက္ျပန္ထား၍ တစ္ကိုယ္လံုးကို ရစ္ပတ္ထားေသာ ႀကိဳးမ်ား.. တစ္ခ်က္တစ္ခ်က္လႈပ္မိသၫ့္အခါတိုင္း အသားမ်ားအား ပြန္းတိုက္သြားမႈေၾကာင့္ နာက်င္လွသည္။

"ၪီး ၪီးငယ္ "မုန္းမာန္၏ တိုးဖြဖြေခၚသံအဆံုး မ်က္ေမွာင္က်ံဳ႔လ်က္ လွၫ့္ၾကၫ့္လာေသာ ၪီးငယ္..

"ဟို သားကိုေလ ႀကိဳးေလ ျဖည္ေပးပါ့လားဟင္.. သား အရမ္းနာလို႔ပါ.. သားထြက္မေျပးပါဘူး ၪီးငယ္ရယ္ သားကို ယံုပါေနာ္ "ဟုေျပာလာေသာ မုန္းမာန္၏စကားအား ၪီးငယ္သည္ ေခတၲခဏစဥ္းစားၿပီးသၫ့္ေနာက္..

"ေကာင္းၿပီေလ ငါျဖည္ေပးမယ္"ဆိုေသာ စကားေၾကာင့္ မုန္းမာန္ေပ်ာ္သြားမိေလသည္။

"ဒါေပမယ့္ ငါမင္းလက္ေတြကိုေတာ့ ႀကိဳးတုပ္ထားရလိမ့္မယ္"

"ဟုတ္ကဲ့ပါ ၪီးငယ္"

ထို႔ေနာက္ ၪီးငယ္သည္ ကားေနာက္ခန္းသို႔ ဆင္းလာကာ ႀကိဳးျဖည္ေပးေလသည္။

"ၪီးငယ္ ကြၽန္ေတာ္ ဗိုက္ဆာတယ္"

"ေကာင္းၿပီေလ ဟို‌ေရွ႔နားကဆိုင္မွာ ငါဆင္းဝယ္ေပးမယ္.."ဟု ဆိုကာ ျပန္လွၫ့္သြားေလသည္။

ခဏအၾကာ ၪီးငယ္ ဆိုင္ထဲသို႔ဝင္သြားသည္ႏွင့္ တစ္ၿပိဳင္နက္ မုန္းမာန္ ကားေပၚမွဆင္းကာ ထိုေနရာမွေဝးရာသို႔ အျမန္ေျပးမိသည္။သို႔ေပမယ့္ ေမွာင္ရိပ္က်ေနသည္ကတစ္ေၾကာင္း ခႏၶာကိုယ္၏ နာက်င္မႈေၾကာငင့္တစ္ေၾကာင္း လိုရာခရီးကို မေရာက္ႏိုင္။ထိုစဥ္ ဆိုင္ထဲမွထြက္လာေသာ ၪီးငယ္မွ သူ႔အားျမင္သြားေလရာ..

"ဟာ ဟိတ္ေကာင္ မင္း.."ေဒါသတႀကီးလိုက္လာေသာ ၪီးငယ္ဟာ တစ္ျဖည္းျဖည္းႏွင့္ သူနဲ႔နီးကပ္လာသည္ႏွင့္အမ်ွ ထိတ္လန႔္မႈေတြက ပို၍ ႀကီးစိုးလာသည္။

ပို၍နီးကပ္လာေသာ ၪီးငယ္၏ေျခသံႏွင့္အတူ မ်က္စိေရ႔ွတြင္ ျမင္ေနရေသာ တုတ္အား ႀကိဳးတုတ္ထားေသာလက္ျဖင္႕ ေကာက္ယူပီး ရိုက္ခ်လိုက္ေလရာ..

"အ"ဟူေသာ အသံႏွင့္အတူ လဲက်သြားေသာ ၪီးငယ္...

ၪီးငယ္လဲက်သြားသည္ႏွင့္ မုန္းမာန္တစ္ေယာက္ ေၾကာက္အားလန႔္အားျဖင့္ ေျခၪီးတၫ့္ရာသို႔ ေျပးခဲ့ေလေတာ့သည္။

တစ္ေနရာအေရာက္ မျမင္မစမ္း ေျပးလာေသာအရိွန္ျဖင့္ တစ္စံုတစ္ခုအား ဝင္တိုက္လိုက္ၿပီးေနာက္ ေက်ာက္တံုးနဲ႔ နဖူး ရိုက္ခတ္မႈေၾကာင့္ နာက်င္သြားေသာ ေခါင္းႏွင့္အတူ မိွတ္က်သြားေသာ မ်က္ဝန္းတစ္စံု...

"ကြၽန္ေတာ္ ပင္ပန္းေနၿပီ ေမေမ... ကြၽန္ေတာ္လိုက္လာခဲ့ေတာ့မယ္ေနာ္"

Tbc..

-------------*-----------------

© Kout Tay,
книга «My Heart For You».
အပိုင္း-၁၂
Коментарі