အပိုင်း-၁
အပိုင်း-၂
အပိုင်း-၃
အပိုင်း-၎
အပိုင်း-၅
အပိုင်း-၆
အပိုင်း-၇
အပိုင်း-၈
အပိုင်း-၉
အပိုင်း-၁၀
အပိုင်း-၁၁
အပိုင်း-၁၂
အပိုင်း-၁၃
အပိုင်း-၁၄
အပိုင်း-၁၅
အပိုင်း-၁၆
အပိုင်း-၁၇
အပိုင်း-၁၈
အပိုင်း-၁၉
အပိုင်း-၂၀
အပိုင်း-၂၁
အပိုင်း-၂၂
အပိုင်း-၂၃
အပိုင်း-၂၄
အပိုင်း-၂၅
အပိုင်း-၂၆
အပိုင်း-၂၇
အပိုင်း-၂၈
အပိုင်း-၂၉
အပိုင်း-၃၀
အပိုင်း-၃၁
အပိုင်း-၃၂
အပိုင်း-၃၃
အပိုငျး_၃၄
အပိုင်း_၃၅
အပိုင်း_၃၆
အပိုင်း_၃၇
အပိုင်း-၃၈
အပိုင်း-၁၀
Unicode...

မုန်းမာန်တစ်ယောက် ကျောင်းမှအိမ်သို့ စိတ်ညစ်လက်ညစ်ဖြင့် ပြန်လာလေသည်။သူ၏ ခေါင်းထဲ၌ ငါဘယ်လိုလုပ်ရမလဲ ဟူသော အတွေးများကသာ စိုးမိုးလျက်ရှိ၏။

"မုန်းမာန်~ဟဲ့ မုန်းမာန်"

"ဟင်~အမ်~ ဪ ~ နွေ ~ပြောလေ~ ဘာလဲ"

"နင့်စိတ်တွေ ဘယ်ရောက်နေတာလဲ ဟမ်... ငါခေါ်နေတာကြာလှပီ"

"ဪ ဘာမှမဟုတ်ပါဘူးဟာ... ဒီလိုပါပဲ ဟိုတွေး ဒီတွေး"

"မှန်မှန်လိမ်စမ်း... မုန်းမာန်"

"အာ... ငါတစ်ကယ်ပြောတာပါဟ"

"အေးနော် ငါမေးနေတုန်းပြောထား... နောက်မှ ငါ့ဖာသာ သိသွားရင်တော့ နင်မလွယ်ဘူးမှတ်"

"ဟား ဟား ဟား အေးပါဟာ ‌ေအးပါ"

ကျွန်တော်ပြောတော့ သွားတက်ကလေးတွေပေါ်အောင် ရယ်ပြသော သူမ။ဖြူဖွေးနေသော အသားအရေနဲ့ လိုက်ဖက်စွာ ပြုံးရယ်လိုက်တိုင်း ပါးမို့လေးဟာ နီရဲလျက်။ပိုးသားလို နူးညံ့သော သူမရဲ့ ဆံနွယ်ရှည်လေးတွေဟာ လေတစ်ချက်အဝေ့မှာ လွင့်မျောသွားပုံက ကဗျာဆန်လှသည်။

'အဟက် ဘာလိုလိုနဲ့ ငါလဲ စာတွေပေတွေနဲ့တောင် ပြောတတ်တေွးတတ်နေပီပဲ'

တိတ်တခိုး ချစ်ရပါသော နွေရေ မင်းသည်သာ ငါ့ဘဝ | မင်းသည်သာ ငါ့အသက်ဆိုတာ မင်းသိပါလေရော့လား

"ဟဲ့ မုန်းမာန်... နင်ဘာတွေတွေးနေပြန်ပီလဲ... နင့်အိမ်တောင်ကျော်တော့မှန်းမသိအောင် အဲ့လောက် အတွေးများနေရသလား... စိတ်နဲ့လူနဲ့လည်းကပ်ပါဦးဟဲ့... တကယ်ပါပဲ.."

"ဟာ ဟုတ်သားပဲ... ဟီး.. ငါမေ့သွားတယ်"

"ဟွန့် ငါမပြောချင်တော့ဘူးနော်"

"တော်ပါတော့ အမရယ် မပြောပါနဲ့တော့ ကျွန်တော်မျိုးလဲ နားတွေငြီးနေပါပီ... အိမ်သာကောင်းကောင်းပြန်ပါတော့နော်...."

"အံမယ် ခုတော့ ငါ့ကို အတင်းနှင်ထုတ်နေပီပေါ့လေ.... ပြန်မှာပါဟဲ့ ကောင်စုတ်ရဲ့...သွားပီ"

"အေး အေး"

မုန်းမာန်တစ်ယောက် ထွက်ခွာသွားသော နွေ့နောက်ကျောပြင်လေးအား ကြည့်ရင်း "ချစ်တယ်" နွေ ဟူသော စကားလေးအား တစ်ကိုယ်တည်းကြားယုံမျှ တိုးဖွဖွလေး ပြောလိုက်လေသည်။

ခြံဝန်းထဲသို့ ခြေချလိုက်သည်နှင့် တိတ်ဆိတ်မှုက ကြီးစိုးလျက်ရှိကြောင်း စိတ်အစဥ်ကခံစားလိုက်ရ၏။

"ဟော ဟိုမှာ ပြန်လာပါပီ... ရှင့်ရဲ့ တူတော်မောင်"

အသံကြားရာသို့ လှမ်းကြည့်လိုက်လေရာ စံအိမ်ကြီး၏ ဧည့်ခန်းထဲ၌ ထိုင်နေကြသော ဦးငယ် အန်တီနန်း အကိုလေးနှင့်အတူ ဘေးတွင် မတ်တပ်ရပ်လျက် ကြည့်နေကြသော ကြီးမေနဲ့ ဦးထူးကိုပါ တွေ့လိုက်ရလေသည်။

"ဟေ့ကောင် မုန်းမာန် မင်းဒီကို လာစမ်းပါဦး...."

ဦးငယ်၏ ခေါ်ဆိုမှုကြောင့် ဧည့်ခန်းထဲသို့ သွားလိုက်လေသည်။

"မင်းကြောင့် ငါ့သား ရုံးခန်းရောက်ရတယ်ဆို ပြောစမ်းပါဦး မင်းက ဘာတွေ တော်နေ၊ တတ်နေ၊ ကောင်းနေလို့ ငါ့သားကို ရုံးခန်းထိ ပို့ရတာလဲကွ"

"အမလေး အကိုရယ် သူ့မေးလည်း အပိုပဲ သူ့အပြစ်လွတ်အောင် လိမ်ညာပီးဖြေနေမှာပေါ့..."

"ကဲ သားပြောစမ်းပါဦး ဒီအကောင်က သားကို ဘာလို့ ရုံးခန်းရောက်အောင်လုပ်တာလဲ"

"သူ့ကို သားက လက်သီးနဲ့ထိုးတယ်ဆိုပီး ကျောင်းအုပ်ကြီးကို တိုင်လို့မေမေ"

"မင်းကို ငါ့သားက လက်သီးနဲ့ထိုးတယ်လို့ပြောရအောင် မင်းမှာ ဘာသက်သေရှိလို့လဲ ဟမ်"

"ဟာ ဦးငယ် ဒီမယ်ကျွန်တော့်မျက်နှာကိုလည်းကြည့်ပါဦးဗျ ဒီလောက်စုတ်ပျက်သတ်နေအောင် အထိုးခံထားရတာတောင် သက်သေလိုသေးတာလား"

"ဘာကွ မင်းက ငါ့ကို အာခံပီးပြောနေတာလား.. အေး..အာ့ဆို ငါကလည်း ရှင်းရှင်းပဲပြောမယ်.. မင်းဆိုတာ အခုချိန်မှာ ငါတို့အိမ်က ကျွန်ပဲ စေတနာနဲ့‌ေ ကျာင်းထားပေးတာကို ကျေးဇူးမတင်တဲ့ အပြင် ပြန်ပြောနေတယ်.. "

"အဲ့တာပဲတော်ရေ့ ကိုယ်မွေးတဲ့ခွေးက ကိုယ့်ကို ပြန်ကိုက်တယ်ဆိုတာ.. အောင်မလေး အရပ်ကတို့ရဲ့ ကြားလို့မှကောင်းကြသေးရဲ့လားတော် ဒီလောက်ရိုင်းစိုင်းမယ်မှန်း သိခဲ့ရင် အစကတည်းက သေသေကြေကြေဆိုပီး ပစ်ထားခဲ့ရမှာ မမွေးခဲ့ပါဘူး.."

"ဟာကွာ တောက်..." ဟူသော အသံနှင့်အတူ ဦးငယ်သည် ထိုင်နေရာမှ ထကာ မုန်းမာန်ရဲ့ လည်ပင်းမှ အင်္ကျီစအား အားဖြင့် ဆောင့်ဆွဲလိုက်ပြီးနောက်..

"အေး မင်းသိထားရမှာက မင်းကို ငါ့သားက ထိုးထိုး၊ ကြိတ်ကြိတ်၊ ‌ေသအောင်ပဲသတ်သတ် မင်းဘာမှ ပြန်ခံပီး လုပ်စရာမလိုဘူး..ဒါပေမယ့် အခုတော့ ငါ့လက်သီးအရသာကို အရင်မြည်းစမ်းကြည့်လိုက်ပေါ့ကွာ"ဟုဆိုကာ..

"ကဲကွာ ခွပ်.. ခွပ်.. ဒါက ငါ့သားကို ရုံးခန်းရောက်အောင်လုပ်လို့.... ခွပ်..ဒါက ငါ့ကိုပြန်ခံပြောလို့... ခွပ်.. ခွပ်.. ဒါက ကျွေးတဲ့ လက်ကို ပြန်ကိုက်လို့.. ခွပ်..ခွပ်.."

"အောင်မလေး မမနန်းရဲ့ အကိုကြီးကို တားပါဦး.. ကြာရင် မုန်းမာန်လေးသေတော့မယ်.." ကြီးမေ၏ အော်ပြောသံ..

"အို သေသေ ဒီလိုကောင်မျိုးက အစကတည်းက သေရမှာ နင်တို့တွေ တစ်ယောက်မှ ဝင်တားစရာမလိုဘူး"

'နာကျင်ရတယ်... ကျောင်းမှာအထိုးခံရတဲ့အပြင် အိမ်မှပါ ထပ်အထိုးခံရလို့ အပြင်ပိုင်းနာကျင်ရတာထက် ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အသည်းက ပိုနာကျင်ရတယ်... ဦးငယ် ကျွန်တော့်မှာ သွေးသားအရင်းထဲကဆိုလို့ ဦးငယ်ပဲရှိတာလေ.. ဦးငယ်ကပါ အခုလိုလုပ်ရက်တယ်... ငယ်သံယောဇဥ်လေးတောင် မရှိတော့ဘူးလား ဦးငယ်ရယ်...'

*မျက်ဝန်းတွေ အမှောင်မဖုံးခင် လောကကြီးနဲ့ အဆက်အသွယ် မပြတ်သွားခင် နားထဲမှာကြားနေရသည် ကြီးမေရဲ့အော်သံ ဦးထူးရဲ့ တားမြစ်သံ အန်တီနန်းရဲ့ ကျေနပ်နေတဲ့ အသံ အကိုလေးရဲ့ အောင်နိုင်သူအပြုံးတွေ...*

ထို့နောက်မှာတော့ အမှောင်ကမ္ဘာတစ်ဖက်ခြမ်းဆီသို့....

Tbc.....

-----------*-----------

Zawgyi...







"အာ... ငါတစ်ကယ်ပြောတာပါဟ"


"ဟား ဟား ဟား အေးပါဟာ ‌အေးပါ"


'အဟက် ဘာလိုလိုနဲ့ ငါလဲ စာတွေပေတွေနဲ့တောင် ပြောတတ်တွေးတတ်နေပီပဲ'


"ဟဲ့ မုန်းမာန်... နင်ဘာတွေတွေးနေပြန်ပီလဲ... နင့်အိမ်တောင်ကျော်တော့မှန်းမသိအောင် အဲ့လောက် အတွေးများနေရသလား... စိတ်နဲ့လူနဲ့လည်းကပ်ပါဉီးဟဲ့... တကယ်ပါပဲ.."





"အေး အေး"




အသံကြားရာသို့ လှမ်းကြည့်လိုက်လေရာ စံအိမ်ကြီး၏ ဧည့်ခန်းထဲ၌ ထိုင်နေကြသော ဉီးငယ် အန်တီနန်း အကိုလေးနှင့်အတူ ဘေးတွင် မတ်တပ်ရပ်လျက် ကြည့်နေကြသော ကြီးမေနဲ့ ဉီးထူးကိုပါ တွေ့လိုက်ရလေသည်။

"ဟေ့ကောင် မုန်းမာန် မင်းဒီကို လာစမ်းပါဉီး...."

ဉီးငယ်၏ ခေါ်ဆိုမှုကြောင့် ဧည့်ခန်းထဲသို့ သွားလိုက်လေသည်။

"မင်းကြောင့် ငါ့သား ရုံးခန်းရောက်ရတယ်ဆို ပြောစမ်းပါဉီး မင်းက ဘာတွေ တော်နေ၊ တတ်နေ၊ ကောင်းနေလို့ ငါ့သားကို ရုံးခန်းထိ ပို့ရတာလဲကွ"


"ကဲ သားပြောစမ်းပါဉီး ဒီအကောင်က သားကို ဘာလို့ ရုံးခန်းရောက်အောင်လုပ်တာလဲ"



"ဟာ ဉီးငယ် ဒီမယ်ကျွန်တော့်မျက်နှာကိုလည်းကြည့်ပါဉီးဗျ ဒီလောက်စုတ်ပျက်သတ်နေအောင် အထိုးခံထားရတာတောင် သက်သေလိုသေးတာလား"


"အဲ့တာပဲတော်ရေ့ ကိုယ်မွေးတဲ့ခွေးက ကိုယ့်ကို ပြန်ကိုက်တယ်ဆိုတာ.. အောင်မလေး အရပ်ကတို့ရဲ့ ကြားလို့မှကောင်းကြသေးရဲ့လားတော် ဒီလောက်ရိုင်းစိုင်းမယ်မှန်း သိခဲ့ရင် အစကတည်းက သေသေကြေကြဆိုပီး ပစ်ထားခဲ့ရမှာ မမွေးခဲ့ပါဘူး.."

"ဟာကွာ တောက်..." ဟူသော အသံနှင့်အတူ ဉီးငယ်သည် ထိုင်နေရာမှ ထကာ မုန်းမာန်ရဲ့ လည်ပင်းမှ အင်္ကျီစအား အားဖြင့် ဆောင့်ဆွဲလိုက်ပြီးနောက်..

"အေး မင်းသိထားရမှာက မင်းကို ငါ့သားက ထိုးထိုး၊ ကြိတ်ကြိတ်၊ ‌သေအောင်ပဲသတ်သတ် မင်းဘာမှ ပြန်ခံပီး လုပ်စရာမလိုဘူး..ဒါပေမယ့် အခုတော့ ငါ့လက်သီးအရသာကို အရင်မြည်းစမ်းကြည့်လိုက်ပေါ့ကွာ"ဟုဆိုကာ..


"အောင်မလေး မမနန်းရဲ့ အကိုကြီးကို တားပါဉီး.. ကြာရင် မုန်းမာန်လေးသေတော့မယ်.." ကြီးမေ၏ အော်ပြောသံ..


'နာကျင်ရတယ်... ကျောင်းမှာအထိုးခံရတဲ့အပြင် အိမ်မှပါ ထပ်အထိုးခံရလို့ အပြင်ပိုင်းနာကျင်ရတာထက် ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အသည်းက ပိုနာကျင်ရတယ်... ဉီးငယ် ကျွန်တော့်မှာ သွေးသားအရင်းထဲကဆိုလို့ ဉီးငယ်ပဲရှိတာလေ.. ဉီးငယ်ကပါ အခုလိုလုပ်ရက်တယ်... ငယ်သံယောဇဉ်လေးတောင် မရှိတော့ဘူးလား ဉီးငယ်ရယ်...'

*မျက်ဝန်းတွေ အမှောင်မဖုံးခင် လောကကြီးနဲ့ အဆက်အသွယ် မပြတ်သွားခင် နားထဲမှာကြားနေရသည် ကြီးမေရဲ့အော်သံ ဉီးထူးရဲ့ တားမြစ်သံ အန်တီနန်းရဲ့ ကျေနပ်နေတဲ့ အသံ အကိုလေးရဲ့ အောင်နိုင်သူအပြုံးတွေ...*


Tbc.....

-----------*-----------

© Kout Tay,
книга «My Heart For You».
အပိုင်း-၁၁
Коментарі