အပိုင်း-၁
အပိုင်း-၂
အပိုင်း-၃
အပိုင်း-၎
အပိုင်း-၅
အပိုင်း-၆
အပိုင်း-၇
အပိုင်း-၈
အပိုင်း-၉
အပိုင်း-၁၀
အပိုင်း-၁၁
အပိုင်း-၁၂
အပိုင်း-၁၃
အပိုင်း-၁၄
အပိုင်း-၁၅
အပိုင်း-၁၆
အပိုင်း-၁၇
အပိုင်း-၁၈
အပိုင်း-၁၉
အပိုင်း-၂၀
အပိုင်း-၂၁
အပိုင်း-၂၂
အပိုင်း-၂၃
အပိုင်း-၂၄
အပိုင်း-၂၅
အပိုင်း-၂၆
အပိုင်း-၂၇
အပိုင်း-၂၈
အပိုင်း-၂၉
အပိုင်း-၃၀
အပိုင်း-၃၁
အပိုင်း-၃၂
အပိုင်း-၃၃
အပိုငျး_၃၄
အပိုင်း_၃၅
အပိုင်း_၃၆
အပိုင်း_၃၇
အပိုင်း-၃၈
အပိုင်း-၂၂
Zawgyi...
"အားးး မွှေးလိုက်တာ"
"အဲ့အိုးကို မကိုင်နဲ့"
"အ ဟင့်"
____________________
"ကျွီ "
"ဟုတ် အကိုလေး"
"ပြော ဘာလုပ်ပေးရမှာလဲ"
____________________
____________________
"ဘာတဲ့လဲ"
"ငယ်ရည်းစား"
"ဟုတ်ပါတယ် Boss"
______________________
Club တစ်ခု၌..
"နွေ"ဟု ခေါ်လိုက်လေသည်။
___________________
"တီ!!!!!"
"အေး အေး"
"ကို ကိုမုန်းမာန်"
အချဉ်းနှီးပင်။
Tbc...
-----------------*---------------
Unicode...
ခြံကျယ်ကြီးတစ်ခြံ။ပန်းရနံ့တွေသင်းနေတဲ့ခြံကြီး။
"အားးး မွှေးလိုက်တာ"
ပန်းရနံ့တွေသင်းပျံ့နေသည့်ခြံကြီးထဲ ရောက်နေသောကြောင့် ကကြိုး အရမ်းပျော်နေသည်မှာတော့ အမှန်ပင်။
မုန်းမာန် သူ့ရှေ့ရှိကောင်လေးအားကြည့်ပြီး မျက်မှောင်ကျုံ့မိသည်။
'မင်း အခုတော့ ပျော်ထားဦးပေါ့ကွာ '
တွေးရင်း အိမ်ထဲသို့အရင်ဝင်လာခဲ့လေသည်။
ကကြိုးလည်း မုန်းမာန်ဝင်သွားသည့်နောက်သို့လိုက်ရင်း သူမြင်သမျှအရာတိုင်းအား တအံ့တသြကြည့်နေမိသည်။
"ဝါးးး တကယ်ကိုကောင်းလိုက်တာ အယ် ဒါလေးက ဘာလေးလဲမသိဘူး"
ကကြိုး  အနီးရှိ စားပွဲပေါ်တွင်တင်ထားသော အိုးသေးသေးလေးအား ကိုင်ကြည့်လိုက်လေသည်။
"အဲ့အိုးကို မကိုင်နဲ့"
အနောက်မှအော်သံကြောင့် အလန့်တကြားလှည့်ကြည့်မိချိန် လက်ထဲက အိုးလေး အောက်သို့လွတ်ကျကာ ကွဲသွားလေသည်။
ကျကွဲသွားသည့်အိုးလေးအား မုန်းမာန်နှမြောတသဖြစ်ကာကြည့်ရင်း ကကြိုးအား ပို၍ဒေါသထွက်လာမိသောကြောင့်
"မင်းးးး ကဲကွာ ဖြန်းးးး"
"အ ဟင့်"
မုန်းမာန်ရိုက်လိုက်သည့်အရှိန်က အရမ်းပြင်းသောကြောင့် ကကြိုးပင် လဲကျသွားလေသည်။
"တောက် မင်းသိလား ဒီအိုးက မေမေအရမ်းလိုချင်လို့ သေချာ တရုတ်ကနေ မှာပေးထားရတာ သေသေချာချာ အနုစိတ်ဒီဇိုင်းဖော်ထားတာမို့ မေမေက အရမ်းတန်ဖိုးထားတာကွ ဒါကိုမင်းက ဟာကွာ သွား မင်းသွားလိုက်တော့ မင်းမျက်နှာကိုငါမမြင်ချင်တော့ဘူး အခုချက်ချင်း ငါ့ရှေ့ကနေမင်းထွက်သွားလိုက်တော့"
ပြောပြီး ဒေါသတကြီးထွက်သွားသူအားကြည့်ရင်း ကကြိုးငိုရှိုက်နေမိသည်။
"အဟင့် မကောင်းတဲ့လူကြီး မမြင်ချင်ရင် မှိတ်ထားပါ့လား သူ့လဲကြည့်ပါလို့ ပြောမိလို့လား ဟင့် ရွှတ်"
တစ်ယောက်ထဲပြောပြီး ခပ်တည်တည်ဖြင့် အပေါ်ထပ်သို့ တက်လာခဲ့လိုက်သည်။
ဘယ်အခန်းဝင်နေရမှန်းမသိသောကြောင့် စိတ်ညစ်နေချိန် အနီးရှိအခန်းအား ဖွင့်ကြည့်မိတော့ အိပ်ယာပါပြင်ပေးထားသောကြောင့် တစ်ခါတည်းဝင်အိပ်လိုက်လေသည်။
____________________
"ကျွီ "
ကားအား အိမ်ရှေ့ဆင်ဝင်အောက်၌ရပ်ကာ ဧည့်ခန်းထဲရှိ ဆိုဖာပေါ်သို့ ဝင်လှဲလိုက်လေသည်။
ညက အိမ်မပြန်ဘဲ club သွားပြီး အမူးသောက်ခဲ့တာမို့ အခုထိ ခေါင်းတွေကိုက်နေတုန်းပင်။
"ဟေ့ တစ်ယောက်လောက် ဘယ်သူရှိလဲ ငါ့အတွက် သံပုရာရည် တစ်ခွက်ဖျော်ပေးစမ်း"
အတန်ငယ်ကြာသည်အထိ စောင့်နေပါသော်လည်း တစ်ယောက်မှပေါ်မလာသောကြောင့်
"ဟာ ငါပြောနေတာမကြားဘူးလား သံပုရာရည်ဖျော်လာခဲ့စမ်းလို့ပြောနေ"
မုန်းမာန်အော်လိုက်မှ ကောင်မလေးတစ်ယောက်ပြေးထွက်လာကာ အမြန် သံပုရာရည်ဖျော်ပေးရလေသည်။
"အကိုလေး သံပုရာရည်ရပါပြီ"
လှဲနေရာမှ ထထိုင်လိုက်ပြီး သုံပါရာရည်ခွက်အား ယူသောက်ကာ
"နင်တို့တွေ ဘယ်သွားနေကြလို့ အခုမှပေါ်လာရတာလဲ ဟမ် နောက်ပြီး ဟိုကောင်လေးရော ခုထိမထသေးဘူးလား သွားနှိုးချေစမ်း"
"ဟုတ် အကိုလေး"
"တောက် တစ်ယောက်မှကို စောက်သုံးမကျဘူး"
ကကြိုး အိပ်နေရာမှ အောက်ထပ်ကအော်သံကြောင့် နိုးလာလေသည်။အိပ်ချင်မူးတူးဖြစ်နေစဉ် သူ့ကို ရှာနေသည်မှန်း သိလိုက်ရသောကြောင့် အိပ်ယာမှ အမြန်ထလိုက်လေသည်။
သွားတိုက်၊ မျက်နှာသစ်ပြီး အခန်းပြင်ထွက်ရန်ပြင်ပြီးကာမှ အိပ်ယာမခေါက်ရသေးသောကြောင့် ပြန်လှည့်ခေါက်ရသေးသည်။အကို့ရဲ့ အိပ်ယာထရင် တစ်ခါတည်းအိပ်ယာသိမ်းခဲ့ရတယ် ဆိုသောစကားကြောင့်ပင်။နို့မို့ဆိုခေါက်ပေးမနေဘူး ခုက သူများအိမ်မို့လို့။
အိမ်ပေါ်မှမြန်မြန်ဆင်းလာကာ
"ဒီမှာ ကျွန်တော့်နာမည်က ဟိုအကောင်မဟုတ်ဘူး ကကြိုးဗျ ကကြိုး "
"မင်းဟာမင်း ကကြိုးမကလို့ နွားချည်တဲ့ကြိုးဖြစ်နေနေ စိတ်မဝင်စားဘူး"
"ဒါနဲ့ ကျွန်တော်ကို ဘာလုပ်ဖို့ရှာနေတာလဲ"
"ဟ ဘာလို့ရှာရမှာလဲ မင်း သူများအိမ်မှာလည်းလာနေသေး အိမ်ရှင်မထခင်အရင်ထပြီး ကူလုပ်ပေးစရာရှိတာလုပ်လေ ငါ့အိမ်မှာနေရင်တော့အလကားမနေရဘူးမှတ်"
"ပြော ဘာလုပ်ပေးရမှာလဲ"
သူ့အား မှုန်ကုတ်ကုတ်ဖြင့်မေးလာသူအား
"ဟိုမယ် ကြက်မွှေး ဧည့်ခန်းထဲကို သန့်ရှင်းရေးလုပ်"
ပြောပြီး ထလိုက်ကာမှ တစ်ခုခုအားသတိရပုံဖြင့် နောက်လှည့်လာသူကြောင့်
"ပြော ဘာကျန်သေးလို့လဲ ဘာလဲ"
သူ့အား ဘောက်ဆတ်ဆတ်မေးလာသူအားကြည့်ရင်း တွေးလိုက်မိသည်က 'အကြောတင်းလေး'ဟုပင်။
"ဘာမှကျမကွဲစေနဲ့လို့ ပြောမလို့"
"စိတ်ချ ခင်ဗျားပစ္စည်းတွေဘာမှထပ်မဖြစ်စေရဘူး"
သူ့ပါးလေးအား လှမ်းကိုင်ရင်းပြောလာသူကြောင့် မုန်းမာန် စိတ်မကောင်းတော့ဖြစ်မိသည်။
ကောင်ငယ်လေးအား မျက်နှာလွှဲပြီး သူလဲ မနက်ဖြန်အတွက် စီစဉ်စရာတွေရှိတာကြောင့် အိမ်ပေါ်ထပ်သာ တက်လာခဲ့လိုက်သည်။
____________________
ဒီနေ့ဟာ နွေ့ရဲ့ရက်လည်နေ့။
ဘုန်းကြီးကျောင်း၌ပင် အကျဉ်းချုံးပြုလုပ်ကာ သူလဲ ကုမ္ပဏီမှာအစည်းအဝေးရှိသောကြောင့် ထွက်လာခဲ့လေသည်။
"Ceo ကြီးကို အရင်ရက်တွေတုန်းက မတွေ့မိဘူး ဘယ်ပျောက်နေတာလဲ အင်းးးး ဒီလိုသာအမြဲတမ်းဆို ကုမ္ပဏီရဲ့ အခြေအနေမကောင်းတော့မှာတောင် စိုးရိမ်မိတယ်"
အစည်းအဝေးခန်းထဲကအထွက် စကားစလာသူကြောင့်
"အဲ့အတွက် ဦးငယ် စိတ်ပူပေးစရာမလိုပါဘူး ဦးငယ်သာ ဦးငယ်နေရာကို သေချာဂရုစိုက်ပါ အချိန်မှာ ကုမ္ပဏီအတွက် လုပ်ပိုင်ခွင့်တွေအကုန်လုံး ကျွန်တော့်မှာရှိတယ်ဆိုတာ မမေ့ပါနဲ့ ကျွန်တော်က တစ်ချက်လောက် လှုပ်ရှားလိုက်တာနဲ့ ဦးငယ်နေရာပျောက်ကိန်းရှိတယ်နော် ဟင်း ဟင်း"
မုန်းမာန် ဦးငယ်အား လှောင်ပြုံးပြုံးပြကာ အရင်ထွက်လာခဲ့လိုက်သည်။အနောက်မှာကျန်ခဲ့တဲ့သူကတော့ လက်သီးအား ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီးနောက်
"ဟယ်လို မင်းအခု ဘယ်မှာလဲ ငါ့ကို ခုတလော မုန်းမာန်ဘယ်တွေသွားတယ် ဘာတွေလုပ်တယ်ဆိုတာ အကုန်စုံစမ်းပေး"
ပြောပြီး ဖုန်းအား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် ထိုနေရာမှ ထွက်ခွာသွားလေသည်။
____________________
တိုက်ငယ်လေးအတွင်းရှိ ဆက်တီခုံပေါ်တွင် ခြေချိတ်ထိုင်နေသော လူတစ်ဦး။ဘေးတွင်လည်း မတ်တပ်ရပ်နေသော လူတစ်ဦး
"ဘာတဲ့လဲ"
"မုန်းမာန်ရဲ့ ကောင်မလေးသေသွားလို့ပါ Boss"
"မုန်းမာန်ရဲ့ကောင်မလေး ဘယ်သူလဲ ငါသိသလောက် သူ့မှာကောင်မလေးမရှိပါဘူး"
"ငယ်ရည်းစားလို့ပြောတယ် Boss"
"ငယ်ရည်းစား"
"ဟုတ်ပါတယ် Boss.. အဲ့ကောင်မလေးက မုဒိမ်းကျင့်ပြီး အသတ်ခံရတာလို့လဲပြောပါတယ် နောက်ပြီး သူ့အိမ်မှာလဲ ကောင်လေးတစ်ယောက် ရောက်နေပါတယ် Boss"
"မုဒိမ်းကျင့်ပြီး အသတ်ခံရတာ ဟုတ်လား "
"ဟုတ်ပါတယ် Boss"
"ဟား ဟား ဒါပဲလေ မုန်းမာန်ဆိုတဲ့ကောင်ကို အရှက်ခွဲပြီး နောက်တစ်ခါ နလံပြန်မထူနိုင်အောင်ထိ လုပ်ပစ်ရမယ် ဟား ဟား"
အကြံဉာဏ်တစ်ခုရပြီး ပျော်နေသော Boss အားကြည့်ပြီး ခန့်ညား အကောင်အထည်မဖော်ဖို့ တားချင်မိသည်။ သို့သော်လည်း Boss ဖြစ်နေသည့်အပြင် တိတ်တခိုးချစ်ရသူဖြစ်နေသောကြောင့် ကိုယ်ပြောလိုက်လို့ သူ့အနားကထွက်သွားရတာမျိုးတော့ အဖြစ်မခံနိုင်ပေ။
______________________
Club တစ်ခု၌..
"မုန်းမာန် မင်းတော်သင့်နေပြီနော် ထပ်မသောက်နဲ့တော့"
"မတော်သေးဘူး ဟေ့ကောင် ငါဒီနေ့အမူးသောက်မှာ"
"မင်း အမူးမသောက်တဲ့နေ့ ဘယ်နေ့ရှိလို့လဲ"
"ဟာကွာ မင်းစကားပေါလိုက်တာ"
"ကဲ တားမရလဲသောက်ကွာ ငါ သန့်စင်ခန်း ခဏသွားလိုက်ဦးမယ်"
လင်းနေထွက်သွားသည်နှင့် မုန်းမာန်လဲ သောက်မြဲအတိုင်းသာ ဆက်သောက်နေလိုက်သည်။
"ဟေး အဖော်မရှိဘူးလား တို့လဲအတူတူသောက်ပေးမယ်လေ"
ပြောရင်း အရက်နှစ်ခွက်ငှဲ့ကာ မုန်းမာန်ကို တစ်ခွက်ပေးပြီး သူလဲတစ်ခွက်သောက်လိုက်လေသည်။
မုန်းမာန် သူ့အနားကပ်လာသည့် အမျိုးသမီးအားကြည့်ရင်း
"နွေ"ဟု ခေါ်လိုက်လေသည်။
"နွေ ကိုယ့်ရဲ့နွေ မင်းဘယ်တွေရောက်နေတာလဲ ကျေးဇူးပြုပြီး ကိုယ့်ဆီပြန်လာပါ ကိုယ့်မှာ မင်းတစ်ယောက်ပဲ ရှိတော့တဲ့ဟာ မင်းကပါ ထပ်ထွက်သွားလို့မဖြစ်ဘူးလေ"
ပြောရင်း ငိုနေသူအား ထိုမိန်းကလေးမှ
"လာပါ မင်းရဲ့ခံစားချက်တွေကို တို့နားထောင်ပေးဖို့ အခန်းထဲအရင်သွားရအောင်နော် "
ထိုမိန်းမမှ မုန်းမာန်အားတွဲကာ ထလိုက်စဉ် အနားသို့ရောက်လာပါသော လင်းနေ။
"ဟေ့ မိန်းကလေး ကိုယ့်သူငယ်ချင်းကို ဘယ်ခေါ်သွားမလို့လဲ"
"သြော် ဟိုဟာ အရမ်းမူးနေတယ်ထင်လို့ ကားထဲလိုက်ပို့မလို့ပါ သူငယ်ချင်းလာပြီးဆိုရင်လဲ ခွင့်ပြုပါဦး"
ပြောပြီး မြန်မြန်ထွက်သွားသော မိန်းကလေးအားကြည့်နေရာမှ ထိုင်ရင်းနဲ့တောင် ယိမ်းထိုးကာ အလဲလဲအပြိုပြိုဖြစ်နေသည့် မုန်းမာန်အား ကြည့်ပြီး
"ဒီကောင် ဘယ်လောက်တောင် သောက်ထားရတာပါလိမ့်"
ဟုဆိုကာ တွဲထူလိုက်ပြီး ကားရှိရာဆီ ခေါ်သွားရတော့သည်။
___________________
"တီ!!!!!"
ကျယ်လောင်လှသော ကားဟွန်းတီးသံကြောင့် လန့်နိုးလာသော ကကြိုး။
"ဟာ အိပ်နေတဲ့ဟာကို နားညီးလိုက်တာ"
ပြောပြီး ပြန်လည် အိပ်ပျော်သွားလေသည်။
လင်းနေ မုန်းမာန်ကို တွဲခေါ်မယ်လုပ်တော့
"ရတယ် ရတယ် ငါအဲ့လောက်မမူးသေးပါဘူးကွ မင်းကလည်း အိမ်ပေါ်ထိတော့ သွားနိုင်ပါသေးတယ်"
အာလေးလျှာလေးအသံကြီးဖြင့် ပြောလာသောမုန်းမာန်အား
"ပြောတာပဲ အခုတောင် ယိမ်းထိုးနေတဲ့ဟာ ဖြစ်ပါမလားကွာ"
"သြော် ခက်ပြီ ဖြစ်ပါတယ်ဆို မင်းသာ ပြန်တော့ အတော်လဲညဉ့်နက်နေပြီပဲဟာ"
"အေးပါ မင်းအိုကေရင်လဲ ပြီးရော ဒါဆို ငါပြန်ပြီ"
"အေး အေး"
မုန်းမာန် လင်းနေအားပြောပြီး အိမ်ပေါ်ထပ်သို့ တက်လာခဲ့လိုက်လေသည်။
ညဉ့်အချိန်ဖြစ်သည့်အပြင် တစ်အိမ်လုံးလဲတိတ်ဆိတ်နေသောကြောင့် မီးတွေမဖွင့်တော့ဘဲ အပေါ်ထပ်က သူ့အခန်းရှိရာဆီသာတက်လာခဲ့လိုက်သည်။
အခန်းထဲရောက်လာမှ သိသိသာသာ ပူထူလာသောခန္ဓာကိုယ်။ထို့ကြောင့် အဲကွန်းအား အမြင့်ဆုံးထိဖွင့်လိုက်ကာ ဝတ်ထားသော အကျီင်္အား ချွတ်လိုက်လေသည်။သို့သော်လည်း ပူထူနေသော ခန္ဓာကိုယ်က ပို၍ပင်ဆိုးလာကာ စိတ်ဆန္ဒကလည်း တစ်စုံတစ်ခုအား ပြင်းပြင်းထန်ထန် လိုချင်လာတော့သည်။
ဦးနှောက်ကို တစ်ခဏအလုပ်ပေးလိုက်တော့ ဟိုမိန်းမက ခေါင်းထဲပေါ်လာသည်။ထို့ပြင် သူသောက်လိုက်မိသည့် အရက်ခွက်။အဲ့ဒီနောက် အရက်ခွက်ထဲကို ထည့်လိုက်သည့် အမှုန့်တွေ။သေချာပါသည်။သူ ထိုတစ်စုံတစ်ခုကို အရမ်းပဲလိုချင်နေပြီ။
ထိုစဉ် မီးအလင်းရောင် ကင်းမဲ့နေသောအခန်းတွင်းရှိ အိပ်ယာပေါ်မှ ညည်းသံသဲ့သဲ့ကိုကြားပြီးနောက် လူးလွန့်လာသော ခန္ဓာကိုယ်တစ်ခု။သူ့စိတ်အစဉ်သည် ဘာကိုမှမသိနိုင်တော့သလို လွတ်ထွက်သွားပြီးနောက် အိပ်ယာပေါ်မှ လှုပ်နေသော အရာဆီသို့။
ကကြိုး ပုံမှန်ထက် အရမ်းအေးလာသောကြောင့် ဘေးဘက်သို့ လက်ဖြင့်စမ်းကာ နွေးသောအရာတစ်ခုခုအား တွေ့လိုတွေ့ညား ရှာဖွေနေမိစဉ် ခန္ဓာကိုယ်ပေါ်သို့ တစ်စုံတစ်ခုမှ တက်ဖိထားသလို လေးလံလာသောကြောင့် မျက်လုံးဖွင့်ကြည့်မိတော့
"ကို ကိုမုန်းမာန်"
မုန်းမာန် သူ့နာမည်အား တစ်စုံတစ်ယောက်မှ ရေရွတ်လိုက်သံကိုကြားသော်လည်း မျက်ကွယ်ပြုလျက် သူလိုအပ်နေသောအရာဆီသို့သာ ဦးတည်လိုက်လေသည်။
"ဘာ ဘာလုပ်တာလဲ ကိုမုန်းမာန် ဟင့်အင်း မလုပ်ပါနဲ့"
ကကြိုး သူ့ဘောင်းဘီအား အတင်းဆွဲချွတ်နေသော မုန်းမာန်အား တားမိလေသည်။သို့သော်လည်း မုန်းမာန်၏လက်တွေက ရပ်တန့်မသွားဘဲ ရှေ့သို့သာ ဆက်တိုးနေသောကြောင့် ကကြိုး သူ့လက်တို့ဖြင့် အတင်းထုရိုက်ကာ တားပါသော်လည်း
အချဉ်းနှီးပင်။
ထိုစဉ် ခန္ဓာကိုယ်အောက်ပိုင်းမှ နာကျင်မှုဒဏ်ကိုခံစားလိုက်ရသောကြောင့် မျက်ရည်များပင် ဝဲလာရလေသည်။
"အားးး ဟင့်အင်း မလုပ်ပါနဲ့ နာလို့ပါ"
မျက်ရည်တစ်သွင်သွင်စီးကျကာ ငိုရှိုက်နေသော ကောင်လေး၏အသံတို့ကိုမကြားနိုင်လောက်အောင်ပင် သူ လိုအပ်နေပေပြီ။
"တော် တော်ပါတော့ ကျွန်တော်အရမ်းနာနေပြီ တောင်းပန်ပါတယ် ရပ်တန့်ပေးပါတော့ အဟင့်"
"အားး ဟာ့ ဟင်းးး အင့် ကောင်းလိုက်တာ နွေရယ်"
ပြောပြီး သူ့အပေါ်လဲကျလာသော ခန္ဓာကိုယ်ကြီး။ကကြိုးရင်ထဲ ပို၍ပင်ဝမ်းနည်းလာမိသည်က နွေ ဟူသော စကားတစ်ခွန်းကြောင့်ပင်။
'ငါ ငါက လူမှားသွားတာလား'
သူ့အောက်နှုတ်ခမ်းအား သွားဖြင့် ဖိကိုက်ကာ တွေးလိုက်မိသည်။ထို့အတူ မျက်ရည်စတစ်ချို့သည်လည်း လွင့်စင်သွားလေသည်။
သူ့အပေါ်မှောက်လျက်လဲကျနေသော ခန္ဓာကိုယ်ကြီးအား ဘေးသို့တွန်းဖယ်လိုက်ကာ နာကျင်နေသော ခန္ဓာကိုယ်အောက်ပိုင်းကြောင့် မလှုပ်မယှက်ဖြင့် ကြိတ်၍သာ ငိုမိတော့သည်။
အိပ်ယာခင်းတွင်လည်း သွေးများစွန်းထင်းနေသည်မှာ မြင်၍ပင်မကောင်း။
Tbc...
-----------------*---------------
© Kout Tay,
книга «My Heart For You».
အပိုင္း-၂၃
Коментарі